ဆာလံ 119
Judson Burmese Bible (1840)Translation
Judson Burmese Bible (1840)
Douay-Rheims Bible, American Edition (1899)
1ထာဝရဘုရား ၏ တရား လမ်း ၌ မ လွဲမတိမ်း၊ လိုက်သွား သောသူတို့ သည် မင်္ဂလာ ရှိကြ၏။
1In my trouble I cried to the Lord: and he heard me.
2သက်သေခံ တော်မူချက်တို့ကို စောင့် ၍၊ ကိုယ်တော် ကို စိတ် နှလုံးအကြွင်းမဲ့ ရှာ သောသူတို့ သည် မင်္ဂလာ ရှိကြ၏။
2O Lord, deliver my soul from wicked lips, and a deceitful tongue.
3ထိုသူတို့သည် ဒုစရိုက် ကိုမ ပြု ၊ လမ်းခရီး တော်၌ လိုက်သွား တတ်ကြ၏။
3What shall be given to thee, or what shall be added to thee, to a deceitful tongue.
4အကျွန်ုပ်တို့သည် ကြိုးစား၍ ကျင့် ဘို့ရာ ၊ ကိုယ်တော် သည် ဩဝါဒ ပေး တော်မူပြီ။
4The sharp arrows of the mighty, with coals that lay waste.
5ကိုယ်တော် ၏ အထုံးအဖွဲ့ များကို စောင့် နိုင်မည် အကြောင်း ၊ အကျွန်ုပ် သည် လမ်း ဖြောင့် ပါစေသော။
5Woe is me, that my sojourning is prolonged! I have dwelt with the inhabitants of cedar:
6အကျွန်ုပ် သည် ပညတ် တော် အလုံးစုံ တို့ကို ထောက်ထား သောအခါ ၊ ရှက်ကြောက် ခြင်းနှင့် ကင်းလွတ် ရပါ၏။
6My soul hath been long a sojourner.
7ဖြောင့်မတ် စွာ စီရင် တော်မူချက်များကို အကျွန်ုပ် လေ့ကျက် ပြီးမှ ၊ ဂုဏ်တော်ကို ဖြောင့် သော သဘော နှင့် ချီးမွမ်း ပါမည်။
7With them that hate peace I was peaceable: when I spoke to them they fought against me without cause.
8ကိုယ်တော် ၏ အထုံးအဖွဲ့ များကို စောင့် ပါမည်။ အကျွန်ုပ် ကို ရှင်းရှင်း စွန့်ပစ် တော် မ မူပါနှင့်။
no verse 8 in this text
9လူပျို သည် မိမိ သွားသောလမ်း ကို အဘယ်သို့ သန့်ရှင်း စေနိုင်ပါမည်နည်းဟူမူကား၊ နှုတ်ကပတ် တော် အတိုင်း သတိ ပြုရမည်။
no verse 9 in this text
10အကျွန်ုပ် သည် ကိုယ်တော် ကို စိတ် နှလုံးအကြွင်းမဲ့ ရှာ ပါ၏။ ပညတ် တော်လမ်း မှ လွဲစေတော်မ မူပါနှင့်။
no verse 10 in this text
11ကိုယ်တော် ကို မ ပြစ်မှား ဘဲ နေနိုင်မည် အကြောင်း ၊ ဗျာဒိတ် တော်ကို နှလုံး ထဲ မှာ သိုထား ပါပြီ။
no verse 11 in this text
12အို ထာဝရဘုရား ၊ ကိုယ်တော် သည် မင်္ဂလာ ရှိတော်မူ ၏။ အထုံးအဖွဲ့ တော်တို့ကို အကျွန်ုပ် ၌ သွန်သင် တော်မူပါ။
no verse 12 in this text
13စီရင် တော်မူရာ နှုတ် တော်ထွက် အလုံးစုံ တို့ကို အကျွန်ုပ် သည် ကိုယ်နှုတ် နှင့် ဟောပြော ပါ၏။
no verse 13 in this text
14ခပ်သိမ်း သော စည်းစိမ် ဥစ္စာကို ရဘိသကဲ့သို့ ၊ သက်သေခံ တော်မူရာလမ်း ၌ ဝမ်းမြောက် ပါ၏။
no verse 14 in this text
15ပေးတော်မူသောဩဝါဒ ကို ဆင်ခြင် ၍ လမ်း ခရီး တော်တို့ကို ကြည့်ရှု ပါ၏။
no verse 15 in this text
16အထုံးအဖွဲ့ တော်တို့၌ မွေ့လျော် ပါ၏။ နှုတ် ကပတ် တော်ကို မ မှတ်ဘဲမ နေပါ။
no verse 16 in this text
17ကိုယ်တော် ၏ ကျွန် သည် အသက်ရှင် ၍ ၊ နှုတ်ကပတ် တော်ကို စောင့် နိုင်ပါမည်အကြောင်း ၊ ကျေးဇူး ပြုတော်မူပါ။
no verse 17 in this text
18တရား တော်၌ အံ့ဘွယ် သောအရာတို့ကို မြင် နိုင် ပါမည်အကြောင်း ၊ အကျွန်ုပ် ၏မျက်စိ တို့ကို ဖွင့် တော်မူပါ။
no verse 18 in this text
19အကျွန်ုပ် သည် မြေကြီး ပေါ် မှာ ဧည့်သည် ဖြစ်ပါ ၏။ ပညတ် တော်တို့ကို ဝှက်ထား တော်မ မူပါနှင့်။
no verse 19 in this text
20စီရင် တော်မူချက်တို့ကို အစဉ် မပြတ်တောင့်တ သောအားဖြင့် ၊ အကျွန်ုပ် ၏ စိတ် နှလုံးကြေကွဲ လျက် ရှိပါ၏။
no verse 20 in this text
21မာနကြီး သောသူနှင့် ပညတ် တော်တို့ကို လွန်ကျူး ၍၊ အကျိန် ခံရသောသူတို့ ကို ကိုယ်တော်ဆုံးမ တော်မူ၏။
no verse 21 in this text
22အကျွန်ုပ်သည် သက်သေခံ တော်မူချက်တို့ကို စောင့် ပါသည် ဖြစ်၍ ၊ ကဲ့ရဲ့ ခြင်း၊ မထီမဲ့မြင် ပြုခြင်းနှင့် ကင်းလွတ် စေတော်မူပါ။
no verse 22 in this text
23မင်း တို့သည် အကျွန်ုပ် တဘက် ၌ ထိုင် ၍ ပြော ကြ ပါ၏။ ကိုယ်တော် ၏ ကျွန် မူကား၊ အထုံးအဖွဲ့ တော်တို့ကို ဆင်ခြင် လျက်နေပါ၏။
no verse 23 in this text
24သက်သေခံ တော်မူချက်တို့သည် အကျွန်ုပ် မွေ့လျော် ရာ၊ အကျွန်ုပ် တိုင်ပင် ရာ ဖြစ်ကြပါ၏။
no verse 24 in this text
25အကျွန်ုပ် ၏ အသက် သည် မြေမှုန့် ၌ မှီဝဲ လျက် ရှိပါ၏။ နှုတ်ကပတ် တော်အတိုင်း အသက်ရှင် စေတော်မူပါ။
no verse 25 in this text
26အကျွန်ုပ်သည် ကိုယ် အကျင့် တို့ကိုဘော်ပြ ၍ ၊ ကိုယ်တော်သည် နားထောင် တော်မူပြီ။ အထုံးအဖွဲ့ တော် တို့ကို အကျွန်ုပ် ၌ သွန်သင် တော်မူပါ။
no verse 26 in this text
27ပေးတော်မူသောဩဝါဒ လမ်း ကို အကျွန်ုပ် နားလည် စေတော်မူပါ။ သို့ပြုလျှင် အံ့ဘွယ် သော အမှုတော် တို့ကို ဆင်ခြင် အောက်မေ့ပါမည်။
no verse 27 in this text
28အကျွန်ုပ် ဝမ်းနည်း ခြင်းအားဖြင့် စိတ် နှလုံးအရည် ယိုလျက် ရှိပါ၏။ နှုတ်ကပတ် တော်အတိုင်း တည်ကြည် စေတော်မူပါ။
no verse 28 in this text
29မုသာ လမ်း ကို အကျွန်ုပ် ရှောင် ပါမည် အကြောင်း ၊ ကယ်မ ၍တရား တော်ကိုပေး သနားတော်မူ ပါ။
no verse 29 in this text
30သစ္စာ လမ်း ကို အကျွန်ုပ်ရွေး ပါပြီ။ စီရင် တော်မူချက်တို့ကို အကျွန်ုပ်ရှေ့မှာထား ပါပြီ။
no verse 30 in this text
31သက်သေခံ တော်မူချက်တို့၌ မှီဝဲ ပါပြီ။ အို ထာဝရဘုရား ၊ အရှက်ကွဲ စေတော်မ မူပါနှင့်။
no verse 31 in this text
32အကျွန်ုပ် ဉာဏ် ကို ပွင့် စေတော်မူသည်ဖြစ်၍ ၊ ပညတ် တော်လမ်း သို့ အလျင် အမြန်လိုက်ပါမည်။
no verse 32 in this text
33အို ထာဝရဘုရား ၊ အထုံးအဖွဲ့ တော်လမ်း ကို အကျွန်ုပ် အား သွန်သင် တော်မူပါ။ အဆုံး တိုင်အောင်လိုက် သွားပါမည်။
no verse 33 in this text
34ဉာဏ် ကိုပေး တော်မူပါ။ တရား တော်ကို စောင့် ပါမည်။ စိတ် နှလုံးအကြွင်းမဲ့ စောင့် ပါမည်။
no verse 34 in this text
35ပညတ် တော်လမ်း ၌ အကျွန်ုပ် ကို ပို့ဆောင် တော်မူ ပါ။ ထို လမ်း ကို နှစ်သက် ပါ၏။
no verse 35 in this text
36အကျွန်ုပ် စိတ် နှလုံးကို လောဘ ဘက် သို့မဟုတ် ၊ သက်သေခံ တော်မူချက်တို့ ဘက်သို့ ဆွဲ တော်မူပါ။
no verse 36 in this text
37အနတ္တ ကို ပမာဏ မပြုစေခြင်းငှါ အကျွန်ုပ် မျက်စိ ကို အခြားသို့ လွှဲ တော်မူပါ။ လမ်းခရီး တော်၌ အကျွန်ုပ် အသက်ရှင် စေတော်မူပါ။
no verse 37 in this text
38ကိုယ်တော် ကို ကြောက်ရွံ့ သော ကိုယ်တော် ၏ ကျွန် ၌ ဗျာဒိတ် တော်ကို တည် စေတော်မူပါ။
no verse 38 in this text
39အကျွန်ုပ် ကြောက် သော ကဲ့ရဲ့ ခြင်းကို ပယ် ပျောက်စေတော်မူပါ။ စီရင် တော်မူချက်တို့သည် ကောင်းမွန် ကြပါ၏။
no verse 39 in this text
40ပေးတော်မူသောဩဝါဒ များကို တောင့်တ ပါ၏။ ဖြောင့်မတ် ခြင်းတရားတော်အားဖြင့် အကျွန်ုပ် ကို အသက်ရှင် စေတော်မူပါ။
no verse 40 in this text
41အို ထာဝရဘုရား ၊ ဗျာဒိတ် တော်အတိုင်း ကရုဏာ တော်တည်းဟူသောကယ်တင် တော်မူခြင်း ကျေးဇူးတော်သည် အကျွန်ုပ် ၌ ရောက် ပါစေသော။
no verse 41 in this text
42ထိုသို့ အကျွန်ုပ်သည် နှုတ်ကပတ် တော်ကို ကိုးစား သည်ဖြစ်၍ ၊ ကဲ့ရဲ့ သောသူ ၏စကား ကို ချေ စရာ အကြောင်းရှိရပါလိမ့်မည်။
no verse 42 in this text
43စီရင် တော်မူချက်တို့ကို အကျွန်ုပ် မြော်လင့် သည် ဖြစ်၍ ၊ အကျွန်ုပ် ၏ နှုတ် ထဲက သစ္စာ စကား ကို အလျှင်း ရုပ်သိမ်း တော်မ မူပါနှင့်။
no verse 43 in this text
44ကိုယ်တော် ၏တရား ကို မ ခြားမလပ် အစဉ်အမြဲ ကျင့်စောင့် ပါမည်။
no verse 44 in this text
45ပေးတော်မူသောဩဝါဒ များကို အကျွန်ုပ်ရှာဖွေ မေးမြန်းသည်ဖြစ်၍ ၊ အဆီးအတား မရှိဘဲ သွား လာရ ပါ၏။
no verse 45 in this text
46သက်သေခံ တော်မူချက်တို့ကို မင်း များထံမှာ ပြန်ပြော ၍ ၊ ရှက်ကြောက် ခြင်းနှင့်ကင်းလွတ် ပါလိမ့်မည်။
no verse 46 in this text
47အကျွန်ုပ်သည် နှစ်သက် သော ပညတ် တော်တို့၌ မွေ့လျော် ပါမည်။
no verse 47 in this text
48နှစ်သက် သော ပညတ် တော် တို့အား လက် တို့ကို ချီ ၍ ၊ အထုံးအဖွဲ့ တော်တို့ကို ဆင်ခြင် အောက်မေ့ပါမည်။
no verse 48 in this text
49အကျွန်ုပ် မြော်လင့် စရာအကြောင်း ၊ ကိုယ်တော် ၏ကျွန် ၌ ထားတော်မူသောနှုတ်ကပတ် တော်ကို အောက်မေ့ တော်မူပါ။
no verse 49 in this text
50ဗျာဒိတ် တော်အားဖြင့် အကျွန်ုပ် အသက်ရှင် သည် ဖြစ်၍၊ ဆင်းရဲ ကိုခံရစဉ်တွင် ၊ ထို နှုတ်ကပတ်တော်သည် အကျွန်ုပ် သက်သာ စရာအကြောင်းဖြစ်ပါ၏။
no verse 50 in this text
51မာနကြီး သောသူတို့သည် အကျွန်ုပ် ကို အလွန် ကဲ့ရဲ့ သော်လည်း၊ ကိုယ်တော် ၏ တရား လမ်းကို အကျွန်ုပ် မ ရှောင် ပါ။
no verse 51 in this text
52အို ထာဝရဘုရား ၊ ရှေး ကာလ၌ စီရင် တော်မူချက်တို့ကို အကျွန်ုပ် အောက်မေ့ ၍ ၊ ကိုယ်ကိုကိုယ်နှစ်သိမ့် စေပါ၏။
no verse 52 in this text
53တရား တော်ကို စွန့်ပယ် သော အဓမ္မ လူတို့ ကြောင့် ၊ အကျွန်ုပ် ၌ ပူလောင် သောစိတ် စွဲလန်း လျက် ရှိပါ၏။
no verse 53 in this text
54အကျွန်ုပ် ဧည့်သည် နေရာအိမ် တွင် အထုံးအဖွဲ့ တော်တို့သည် အကျွန်ုပ် သီချင်း ဆိုရာအကြောင်း ဖြစ် ကြပါ၏။
no verse 54 in this text
55အို ထာဝရဘုရား ၊ ညဉ့် အချိန်၌ နာမတော် ကို အကျွန်ုပ် အောက်မေ့ ၍ တရား တော်ကို စောင့် ပါ၏။
no verse 55 in this text
56ပေးတော်မူသောဩဝါဒ များကို နားထောင် သောအားဖြင့် အား ရပါ၏။
no verse 56 in this text
57အို ထာဝရဘုရား ၊ ကိုယ်တော်သည် အကျွန်ုပ် ၏ အဘို့ ဖြစ်တော်မူ၏။ နှုတ်ကပတ် စကားတော်တို့ကို နားထောင် ပါမည်ဟု အကျွန်ုပ်ပြော ထားပါပြီ။
no verse 57 in this text
58ကျေးဇူးတော်ကိုခံရပါမည်အကြောင်း၊ ကိုယ်တော်ကို စိတ် နှလုံးအကြွင်းမဲ့ တောင်းပန် ပါ၏။ ဗျာဒိတ် တော်အတိုင်း အကျွန်ုပ် ကို သနား တော်မူပါ။
no verse 58 in this text
59ကိုယ် လိုက်ရာလမ်း ကို ဆင်ခြင် သောအခါ ၊ သက်သေခံ တော်မူချက်တို့သို့ လှည့် ၍လိုက် ပါ၏။
no verse 59 in this text
60ပညတ် တော်တို့ကို စောင့် ခြင်းငှါ မ ဖင့် မနွှဲ အလျင် အမြန်ပြုပါ၏။
no verse 60 in this text
61မ တရားသောသူ အစည်း အဝေးတို့သည် အကျွန်ုပ် ကိုဝိုင်း ကြသော်လည်း၊ အကျွန်ုပ်သည် တရား တော်ကို မ မေ့ မလျော့ပါ။
no verse 61 in this text
62တရား သဖြင့် စီရင် တော်မူချက်တို့ကိုထောက် ၍ ၊ ဂုဏ်တော်ကို ချီးမွမ်း ခြင်းငှါ ၊ သန်းခေါင် အချိန်၌ အကျွန်ုပ် ထ တတ်ပါ၏။
no verse 62 in this text
63ကိုယ်တော် ကို ကြောက်ရွံ့ သောသူ၊ ပေးတော်မူသော ဩဝါဒ ကို နားထောင် သောသူရှိသမျှ တို့နှင့် အကျွန်ုပ် ပေါင်းဘော် တတ်ပါ၏။
no verse 63 in this text
64အိုထာဝရဘုရား ၊ မြေကြီး သည် ကရုဏာ တော် နှင့်ပြည့်ဝ ပါ၏။ အထုံးအဖွဲ့ တော်တို့ကို အကျွန်ုပ် ၌ သွန်သင် တော်မူပါ။
no verse 64 in this text
65အိုထာဝရဘုရား ၊ နှုတ်ကပတ် တော်အတိုင်း ကိုယ်တော် ၏ကျွန် ၌ ကျေးဇူး ပြု တော်မူ၏။
no verse 65 in this text
66ပညတ် တော်တို့ကို အကျွန်ုပ် ယုံကြည် သည် ဖြစ်၍ ၊ ကောင်း သော ဉာဏ် နှင့် ပညာ တော်အတတ်ကို သွင်း ပေးတော်မူပါ။
no verse 66 in this text
67အကျွန်ုပ် သည် ဆင်းရဲ မ ခံမှီလမ်း လွဲပါ၏။ ယခု မူကား ၊ ဗျာဒိတ် တော်အတိုင်း ကျင့်စောင့် ပါ၏။
no verse 67 in this text
68ကိုယ်တော် သည် ကောင်း သောသဘော၊ ကျေးဇူး ပြုတတ်သော သဘောရှိတော်မူ၏။ အထုံးအဖွဲ့ တော်တို့ကို အကျွန်ုပ် ၌ သွန်သင် တော်မူပါ။
no verse 68 in this text
69မာနကြီး သောသူတို့ သည် အကျွန်ုပ် တဘက် ၌ မုသာ စကားကို ကြံစည်သော်လည်း၊ ကိုယ်တော်၏ ဥပဒေသ များကို စိတ် နှလုံးအကြွင်းမဲ့ ကျင့် ပါ၏။
no verse 69 in this text
70သူ တို့နှလုံး သည် ဆီဥ ကဲ့သို့ ခဲ လျက်ရှိ၏။ အကျွန်ုပ် မူကား၊ ကိုယ်တော် ၏တရား ၌ မွေ့လျော် ပါ၏။
no verse 70 in this text
71အထုံးအဖွဲ့ တော်တို့ကို သွန်သင် စေခြင်းငှါ ၊ အကျွန်ုပ် ဆင်းရဲ ခံရသော ကျေးဇူး သည် ကြီးပါ၏။
no verse 71 in this text
72နှုတ် တော်ထွက် တရား တော်သည် ရွှေ ငွေ အထောင် အသောင်းထက်မက ၊ အကျွန်ုပ် ၌ သာ၍ကောင်း ပါ၏။
no verse 72 in this text
73ကိုယ်တော် ၏ လက် တို့သည် အကျွန်ုပ် ကို ဖန်ဆင်း ၍ ၊ ပုံ သဏ္ဍာန်ကိုပေးတော်မူပြီ။ ပညတ် တော် တို့ကို အကျွန်ုပ်သင် နိုင်သော ဉာဏ် နှင့် ပြည့်စုံစေတော်မူပါ။
no verse 73 in this text
74နှုတ်ကပတ် တော်ကို အကျွန်ုပ် မြော်လင့် သောကြောင့် ၊ ကိုယ်တော် ကို ကြောက်ရွံ့ သောသူတို့သည် အကျွန်ုပ် ကို မြင် ၍ ဝမ်းမြောက် ကြပါလိမ့်မည်။
no verse 74 in this text
75အို ထာဝရဘုရား ၊ စီရင် တော်မူချက်တို့သည် ဟုတ်မှန် ကြောင်း ကို၎င်း ၊ သစ္စာ တော်နှင့်အညီအကျွန်ုပ် ကို ဆင်းရဲ စေတော်မူကြောင်းကို၎င်းအကျွန်ုပ်သိ ပါ၏။
no verse 75 in this text
76ကိုယ်တော် ၏ ကျွန် ၌ မိန့် တော်မူချက်အတိုင်း ၊ ကရုဏာ တော်သည် အကျွန်ုပ် ကို ချမ်းသာ ပေးပါ စေသော ဟု ဆုတောင်းပါ၏။
no verse 76 in this text
77ကိုယ်တော် ၏ တရား သည် အကျွန်ုပ် မွေ့လျော် ရာဖြစ်ပါ၏။ ထိုကြောင့် အကျွန်ုပ်အသက်ရှင် မည် အကြောင်း ၊ သနား စုံမက်တော်မူခြင်းသည် သက်ရောက် ပါစေသော။
no verse 77 in this text
78မာနကြီး သောသူတို့ သည် ရှက်ကြောက် ကြ ပါစေသော။ အကြောင်း မရှိဘဲ အကျွန်ုပ် ၌ မ တရားသဖြင့် ပြုကြပါပြီ။ အကျွန်ုပ် မူကား ကိုယ်တော် ၏ ဥပဒေသ များကို ဆင်ခြင် အောက်မေ့ပါမည်။
no verse 78 in this text
79ကိုယ်တော် ကို ကြောက်ရွံ့ သောသူ၊ သက်သေ ခံ တော်မူချက်တို့ကို သိ သောသူတို့သည် အကျွန်ုပ် ထံသို့ လှည့် ကြပါစေသော။
no verse 79 in this text
80ရှက်ကြောက် ခြင်းနှင့် ကင်းလွတ် မည် အကြောင်း ၊ အကျွန်ုပ် နှလုံး သည် အထုံးအဖွဲ့ တော်တို့၌ စုံလင် ပါစေသော။
no verse 80 in this text
81အကျွန်ုပ် ၏ ဝိညာဉ် သည် ကယ်တင် တော်မူခြင်း ကျေးဇူးကို တောင့်တလျက်နှင့် ခွန်အား လျော့ပါ၏။ သို့သော်လည်း၊ နှုတ်ကပတ် တော် ကိုမြော်လင့် ပါ၏။
no verse 81 in this text
82အကျွန်ုပ် ကို အဘယ် ကာလမှ ချမ်းသာ ပေး တော်မူပါမည်နည်းဟူ၍၊ အကျွန်ုပ် မျက်စိ တို့သည် ဗျာဒိတ် တော်ကို မြော်လင့်လျက်အား ကုန်ပါ၏။
no verse 82 in this text
83မီးခိုး ၌ ရှိသောသားရေ ဘူးကဲ့သို့ အကျွန်ုပ်ဖြစ် ပါ ၏။ သို့သော်လည်း၊ အထုံးအဖွဲ့ တော်တို့ကို မ မေ့ မလျော့ပါ။
no verse 83 in this text
84ကိုယ်တော် ၏ ကျွန် နေရသော နေ့ရက် ကာလ အဘယ် မျှလောက်ကြာရပါမည်နည်း။ အကျွန်ုပ် ကို ညှဉ်းဆဲ သောသူတို့အား ၊ အဘယ် ကာလမှ တရား ဆုံးဖြတ် တော်မူမည်နည်း။
no verse 84 in this text
85မာနကြီး သောသူ၊ ကိုယ်တော် ၏ တရား ကို လွန်ကျူးသောသူတို့ သည် အကျွန်ုပ် အဘို့ တွင်း များကို တူး ကြပါပြီ။
no verse 85 in this text
86အလုံးစုံ သော ပညတ် တော်တို့သည် သစ္စာ နှင့် ပြည့်စုံကြပါ၏။ သူတပါးတို့သည် အကြောင်း မရှိဘဲ အကျွန်ုပ် ကိုညှဉ်းဆဲ ကြသည် ဖြစ်၍၊ မစ တော်မူပါ။
no verse 86 in this text
87သူတို့သည် အကျွန်ုပ် ကို မြေကြီး ပေါ် က သုတ်သင် ပယ်ရှင်းလု ပါပြီ။ သို့သော်လည်း ၊ ကိုယ်တော် ၏ ဥပဒေသ များကို အကျွန်ုပ် မ စွန့် ပါ။
no verse 87 in this text
88ကရုဏာ တော်ရှိသည်အတိုင်း အကျွန်ုပ် ကို အသက်ရှင် စေတော်မူပါ။ နှုတ် တော်ထွက် ဗျာဒိတ် တော် ကို စောင့် ပါမည်။
no verse 88 in this text
89အိုထာဝရဘုရား ၊ နှုတ်ကပတ် တော်သည် ကောင်းကင် ဘုံ၌ အစဉ် အမြဲတည် ပါ၏။
no verse 89 in this text
90သစ္စာ တော်သည် လူမျိုး အဆက်ဆက်မြဲမြံပါ၏။ မြေကြီး ကို တည် စေတော်မူသဖြင့် ၊ သူသည်အမြဲ နေပါ၏။
no verse 90 in this text
91ခပ်သိမ်း သောအရာတို့သည် ကိုယ်တော် ၏ ကျွန် ဖြစ်၍ စီရင် တော်မူသည်နှင့်အညီ ၊ ယနေ့ တိုင်အောင်အမြဲ နေကြပါ၏။
no verse 91 in this text
92အကျွန်ုပ် သည် ကိုယ်တော် ၏ တရား ၌မွေ့လျော် ခြင်းမ ရှိလျှင်၊ အထက်က ဆင်းရဲ ခံစဉ် ပျက်စီး ပါပြီ။
no verse 92 in this text
93ကိုယ်တော် ၏ ဥပဒေ များကို အစဉ် မ မေ့ မလျော့နိုင်ပါ။ အကြောင်း မူကား၊ ထို ဥပဒေသများအားဖြင့် ၊ အကျွန်ုပ် ကို အသက်ရှင် စေ တော်မူ၏။
no verse 93 in this text
94အကျွန်ုပ် သည် ကိုယ်တော် ၏ ကျွန်ဖြစ်ပါ၏။ ကိုယ်တော် ၏ ဥပဒေသ များကို ရှာဖွေ လိုက်စစ်သောကြောင့် အကျွန်ုပ် ကို ကယ်တင် တော်မူပါ။
no verse 94 in this text
95အကျွန်ုပ် ကို ဖျက်ဆီး ခြင်းငှါ ၊ မ တရားသောသူတို့ သည် စောင့် လျက်နေကြပါ၏။ သို့သော်လည်း ၊ သက်သေခံ တော်မူချက်တို့ကို အကျွန်ုပ်ဆင်ခြင် အောက်မေ့ ပါမည်။
no verse 95 in this text
96ခပ်သိမ်း သော စုံလင် ခြင်း၏ အဆုံး ကို အကျွန်ုပ် မြင် ပါပြီ။ ပညတ် တရားတော်မူကား၊ အလွန် ကျယ်ဝန်း ပါ၏။
no verse 96 in this text
97ကိုယ်တော် ၏တရား ကို အကျွန်ုပ်သည် အလွန် နှစ်သက် ပါ၏။ တနေ့လုံး ဆင်ခြင် အောက်မေ့လျက် နေပါ၏။
no verse 97 in this text
98ပညတ် တရားတော်သည် အကျွန်ုပ် ၏ ရန်သူ တို့ ထက် ၊ အကျွန်ုပ် ကိုသာ၍ ပညာရှိစေပါ၏။ ပညတ် တရား တော်သည် အကျွန်ုပ် ၌ အစဉ် တည်ပါ၏။
no verse 98 in this text
99သက်သေခံ တော်မူချက်တို့ကို အကျွန်ုပ် သည် ဆင်ခြင် အောက်မေ့သောကြောင့် ၊ အကျွန်ုပ် ၏ ဆရာ အပေါင်း တို့ထက် သာ၍နားလည် ပါ၏။
no verse 99 in this text
100ကိုယ်တော် ၏ ဥပဒေသ များကို စောင့် သောကြောင့် ၊ အသက်ကြီး သူတို့ထက် သာ၍ဉာဏ် ကောင်း ပါ၏။
no verse 100 in this text
101နှုတ်ကပတ် တော်ကို စောင့် လိုသောငှါ ၊ မကောင်း သောလမ်း ရှိသမျှ တို့ကို လွှဲ ရှောင်ပါ၏။
no verse 101 in this text
102ကိုယ်တော် သည် သွန်သင် တော်မူသောကြောင့် ၊ စီရင် တော်မူချက်တို့မှ အကျွန်ုပ်လွှဲ ၍ မ သွားပါ။
no verse 102 in this text
103မိန့် တော်မူချက်တို့သည် အကျွန်ုပ် အာခေါင် ၌ အလွန် ချိုကြပါ၏။ ခံတွင်း ထဲမှာ ပျားရည် ထက် သာ၍ချိုကြပါ၏။
no verse 103 in this text
104ကိုယ်တော် ၏ ဥပဒေသ များအားဖြင့် ၊ အကျွန်ုပ် သည် ဉာဏ် တိုးပွား ၍ ၊ မိစ္ဆာ လမ်း ရှိသမျှ တို့ကို မုန်း ပါ၏။
no verse 104 in this text
105နှုတ်ကပတ် တော်သည် အကျွန်ုပ် ခြေ ရှေ့ မှာ မီးခွက် ဖြစ်၍ ၊ အကျွန်ုပ် လမ်း ခရီးကို လင်း စေပါ၏။
no verse 105 in this text
106ဖြောင့်မတ် စွာ စီရင်တော်မူချက်တို့ကို စောင့် ပါမည် ဟု အကျွန်ုပ်ကျိန်ဆို သည် အတိုင်း ပြု ပါမည်။
no verse 106 in this text
107အို ထာဝရဘုရား ၊ အကျွန်ုပ် သည် အလွန် ဆင်းရဲ ခြင်းကို ခံရပါ၏။ နှုတ်ကပတ် တော်အတိုင်း အသက်ရှင် စေတော်မူပါ။
no verse 107 in this text
108အိုထာဝရဘုရား ၊ အကျွန်ုပ်သည် စေတနာ စိတ် ရှိ၍၊ ကိုယ် နှုတ် နှင့်ဆက်သော ပူဇော်သက္ကာတို့ကို နှစ်သက် တော်မူပါ၏။ စီရင် တော်မူချက်တို့ကိုလည်း ၊ အကျွန်ုပ် ၌ သွန်သင် တော်မူပါဟု တောင်းပန်ပါ၏။
no verse 108 in this text
109အကျွန်ုပ် အသက် သည် ကိုယ် လက် ၌ အစဉ် ရှိပါ ၏။ သို့သော်လည်း ၊ တရား တော်ကို မ မေ့ မလျော့ပါ။
no verse 109 in this text
110မ တရားသောသူတို့ သည် အကျွန်ုပ် ဘို့ ကျော့ကွင်း ကို ထောင် ထားကြပါ၏။ သို့သော်လည်း ၊ ကိုယ်တော် ၏ ဥပဒေသ များမှ လွှဲ ၍ မ သွားပါ။
no verse 110 in this text
111သက်သေခံ တော်မူချက်တို့သည် အကျွန်ုပ် နှလုံး ရွှင်လန်း ရာ ဖြစ်၍ ၊ ကိုယ်အမွေ ဥစ္စာဘို့ အစဉ် အမြဲခံယူပါ၏။
no verse 111 in this text
112အထုံးအဖွဲ့ တော်တို့ကို အဆုံး တိုင်အောင် အစဉ် လိုက် ခြင်းအလိုငှါ ၊ ကိုယ် စိတ်နှလုံး ကို တိုက်တွန်း ပါ၏။
no verse 112 in this text
113အကျွန်ုပ်သည် အဓမ္မ လူတို့ကို မုန်း ၍ ၊ ကိုယ်တော် ၏တရား ကို နှစ်သက် ပါ၏။
no verse 113 in this text
114ကိုယ်တော် သည် အကျွန်ုပ် ၏ အကွယ် အကာ၊ အကျွန်ုပ် ၏ ဒိုင်း လွှားဖြစ်တော်မူ၏။ နှုတ်ကပတ် တော်ကို မြော်လင့် လျက်နေပါ၏။
no verse 114 in this text
115ဒုစရိုက် ကို ပြုသောသူတို့၊ ငါ့ ထံ မှ ဖယ်သွား ကြ။ ငါ သည် ဘုရား သခင်၏ ပညတ် တော်တို့ကို ကျင့် စောင် မည်။
no verse 115 in this text
116အကျွန်ုပ်သည် အသက်ရှင် ပါမည် အကြောင်း ၊ မိန့် တော်မူချက်အတိုင်း ထောက်မ တော်မူပါ။ အကျွန်ုပ် မြော်လင့် ခြင်းအကြောင်းမှ မ ရှက် မကြောက်ပါစေနှင့်။
no verse 116 in this text
117အကျွန်ုပ်သည် ချမ်းသာ ရပါမည်အကြောင်းမစ တော်မူပါ။ အထုံးအဖွဲ့ တော်တို့ကို အစဉ် အမြဲထောက်ရှု ပါမည်။
no verse 117 in this text
118အထုံးအဖွဲ့ တော်တို့မှ လွှဲ သွားသမျှ သောသူတို့ ကို ပယ် တော်မူ၏။ သူ တို့ပရိယာယ် သည် မုသာ ဖြစ်ပါ၏။
no verse 118 in this text
119မ တရားသော မြေသားအပေါင်း တို့ကို ချော် ကဲ့သို့ မှတ်တော်မူ၏။ ထိုကြောင့် သက်သေ ခံတော်မူချက် တို့ကို အကျွန်ုပ်နှစ်သက် ပါ၏။
no verse 119 in this text
120ကိုယ်တော် ကို ထိတ်လန့် သဖြင့် ၊ အကျွန်ုပ် သည် ကြက်သီး မွေးညှင်းထ၍ ၊ စီရင် တော်မူချက်တို့မှ ကြောက် ပါ၏။
no verse 120 in this text
121အကျွန်ုပ်သည် တရား ဆုံးဖြတ်ခြင်း၊ ဖြောင့်မတ် စွာ စီရင်ခြင်းကို ပြု ပါပြီ။ ညှဉ်းဆဲ သောသူတို့ လက်၌ အကျွန်ုပ် ကို ပစ် ထားတော်မ မူပါနှင့်။
no verse 121 in this text
122ကိုယ်တော် ၏ ကျွန် အဘို့ အလိုငှါ အာမခံ တော်မူပါ။ မာနကြီး သောသူတို့သည် အကျွန်ုပ် ကို မ နှိပ်စက် ကြ ပါစေနှင့်။
no verse 122 in this text
123ကယ်တင် တော်မူခြင်းကျေးဇူးကို၎င်း ၊ ဖြောင့်မတ် ခြင်းတရားတော်နှင့်ယှဉ်သော ဗျာဒိတ် တော်ကို၎င်း၊ အကျွန်ုပ် မျက်စိ သည် မျှော်၍ အား ကုန်ပါပြီ။
no verse 123 in this text
124ကရုဏာ တော်ရှိသည်အတိုင်း ၊ ကိုယ်တော် ၏ ကျွန် ၌ ပြု ၍ ၊ အထုံးအဖွဲ့ တော်တို့ကို သွန်သင် တော်မူပါ။
no verse 124 in this text
125အကျွန်ုပ် သည် ကိုယ်တော် ၏ ကျွန် ဖြစ်ပါ၏။ သက်သေခံ တော်မူချက်တို့ကိုနားလည် နိုင်သော ဉာဏ် ကိုပေး သနားတော်မူပါ။
no verse 125 in this text
126အို ထာဝရ ဘုရား၊ စီရင် တော်မူချိန်ရောက်ပါပြီ။ သူတပါးများတို့သည် တရား တော်ကို ပယ် ကြပါ၏။
no verse 126 in this text
127အကျွန်ုပ်မူကား၊ ပညတ် တော်တို့ကို ရွှေ ထက်မက ၊ ရွှေစင် ထက် သာ၍နှစ်သက် ပါ၏။
no verse 127 in this text
128သို့ဖြစ်လျှင် ၊ ကိုယ်တော်၏ ဥပဒေသ အလုံးစုံ တို့ သည် ဖြောင့် ကြသည်ဟုထင်မှတ်လျက်၊ မိစ္ဆာ လမ်း ရှိသမျှ တို့ ကို မုန်း ပါ၏။
no verse 128 in this text
129သက်သေခံ တော်မူချက်တို့သည် အံ့ဩ ဘွယ် ဖြစ်၍ ၊ အကျွန်ုပ် ဝိညာဉ် သည် စောင့်ရှောက် တတ်ပါ၏။
no verse 129 in this text
130နှုတ်ကပတ် တော်ကို ဖွင့် ပြခြင်းသည် အလင်း ကိုပေး ၍၊ မ လိမ္မာသောသူတို့ကို လိမ္မာ စေတတ်ပါ၏။
no verse 130 in this text
131ပညတ် တော်တို့ကို အကျွန်ုပ် တောင့်တ အားကြီးသဖြင့် ၊ နှုတ် ကို ဖွင့် ၍ ပန်း တိုက်ပါ၏။
no verse 131 in this text
132နာမတော် ကို ချစ် သောသူတို့ ၌ ပြု တော်မူတတ် သည်အတိုင်း ၊ အကျွန်ုပ် ကို ကြည့်ရှု ၍ ကယ် မသနား တော်မူပါ။
no verse 132 in this text
133မိန့် တော်မူချက် အစဉ်အတိုင်း ၊ အကျွန်ုပ် ခြေ လှမ်းတို့ကို ဖြောင့် စေတော်မူပါ။ အကျွန်ုပ် ကို အဘယ် မည် သော ဒုစရိုက် မျှအစိုး မ ရပါစေနှင့်။
no verse 133 in this text
134လူ တို့၏ ညှဉ်းဆဲ ခြင်းထဲက အကျွန်ုပ် ကို ရွေးနှုတ် တော်မူပါ။ ကိုယ်တော် ၏ဥပဒေသ များကို စောင့် ပါမည်။
no verse 134 in this text
135မျက်နှာ တော်၏အလင်းကို ကိုယ်တော် ၏ ကျွန် အပေါ် မှာ ထွန်းလင်း စေ၍ ၊ အထုံးအဖွဲ့ တော်တို့ကို သွန်သင် တော်မူပါ။
no verse 135 in this text
136သူတပါးများတို့သည် တရား တော်ကို မ စောင့် သောကြောင့် ၊ အကျွန်ုပ် မျက်စိ တို့မှ မျက်ရည် သည် မြစ် ရေ ကဲ့သို့စီး ပါ၏။
no verse 136 in this text
137အို ထာဝရဘုရား ၊ ကိုယ်တော် သည် ဖြောင့်မတ် တော်မူ၏။ စီရင် တော်မူချက်တို့သည် ဖြောင့်မတ် ကြပါ ၏။
no verse 137 in this text
138ထား တော်မူသောသက်သေခံ တော်မူချက်တို့ သည်လည်း တရား နှင့်ညီ၍ သစ္စာ မြဲကြပါ၏။
no verse 138 in this text
139ရန်သူ တို့သည် စကား တော်တို့ကို မေ့လျော့ သောကြောင့် ၊ စွဲလန်း ပူပန်ခြင်းစိတ်သည် အကျွန်ုပ် ကို ညှဉ်းဆဲ ပါ၏။
no verse 139 in this text
140နှုတ်ကပတ် တော်သည် အလွန် စင်ကြယ် သည် ဖြစ်၍ ၊ ကိုယ်တော် ၏ကျွန် သည် နှစ်သက် ပါ၏။
no verse 140 in this text
141အကျွန်ုပ် သည် ငယ် သောသူ၊ မထီမဲ့မြင် ပြုခြင်း ကို ခံရသောသူဖြစ် ပါ၏။ သို့သော်လည်း ၊ ကိုယ်တော် ၏ ဥပဒေသ များကို မ မေ့ မလျော့ပါ။
no verse 141 in this text
142ဖြောင့်မတ် တော်မူခြင်းသည် နိစ္စ ထာဝရ ဖြောင့်မတ် ခြင်းဖြစ်ပါ၏။ ကိုယ်တော် ၏တရား သည် သစ္စာ တရားဖြစ်ပါ၏။
no verse 142 in this text
143ဆင်းရဲ ညှိုးငယ် ခြင်းသို့ရောက် သော်လည်း ၊ ပညတ် တော်တို့သည် အကျွန်ုပ် မွေ့လျော် ရာဖြစ်ပါ၏။
no verse 143 in this text
144သက်သေခံ တော်မူချက်တို့သည် အစဉ် အမြဲဖြောင့် ကြပါ၏။ အကျွန်ုပ်သည် အသက်ရှင် ပါမည် အကြောင်း ၊ ဉာဏ် ကိုပေးသနားတော်မူပါ။
no verse 144 in this text
145အကျွန်ုပ်သည် စိတ် နှလုံးအကြွင်းမဲ့ အော်ဟစ် ပါ၏။ အိုထာဝရဘုရား နားထောင် တော်မူပါ။ အထုံးအဖွဲ့ တော်တို့ကို စောင့် ပါမည်။
no verse 145 in this text
146ကိုယ်တော် ကို အော်ဟစ် ပါ၏။ ကယ်တင် တော်မူ ပါ။ သက်သေခံ တော်မူချက်တို့ကို စောင့် ပါမည်။
no verse 146 in this text
147မိုဃ်း မလင်းမှီ အကျွန်ုပ် အော်ဟစ် တတ်ပါ၏။ နှုတ်ကပတ် တော်ကို မြော်လင့် လျက်နေပါ၏။
no verse 147 in this text
148ဗျာဒိတ် တော်တို့ကို ဆင်ခြင် အောက်မေ့လိုသောငှါ ၊ ညဉ့်ယံ မလွန်မှီ အကျွန်ုပ် နိုး တတ်ပါ၏။
no verse 148 in this text
149အို ထာဝရဘုရား ၊ ကရုဏာ တော်ရှိသည် အတိုင်း အကျွန်ုပ် စကား ကို နားထောင် တော်မူပါ။ စီရင် တော်မူချက်နှင့်အညီ အကျွန်ုပ် ကို အသက်ရှင် စေတော်မူပါ။
no verse 149 in this text
150မ ကောင်းသောအကြံအစည်၌ ကျင်လည် သောသူတို့ သည် အနီးသို့ချဉ်း ကြပါ၏။ သူတို့သည် ကိုယ်တော် ၏တရား နှင့် ဝေး ကြပါ၏။
no verse 150 in this text
151အို ထာဝရဘုရား ၊ ကိုယ်တော် သည် နီး တော်မူ၏။ အလုံးစုံ သော ပညတ် တော်တို့သည် သစ္စာ ဖြစ်ကြပါ ၏။
no verse 151 in this text
152သက်သေခံ တော်မူချက်တို့ကို အစဉ် အမြဲထား တော်မူကြောင်း ကို၊ ရှေ့ဦးစွာ မှစ၍ အကျွန်ုပ်သိ ပါ၏။
no verse 152 in this text
153အကျွန်ုပ် ခံရ သောဆင်းရဲခြင်းကို ကြည့်ရှု ၍ ၊ ကယ်နှုတ် တော်မူပါ။ ကိုယ်တော် ၏တရား ကို မ မေ့ မလျော့ပါ။
no verse 153 in this text
154အကျွန်ုပ် အမှု ကို စောင့် ၍ အကျွန်ုပ် ကိုရွေးနှုတ် တော်မူပါ။ ဗျာဒိတ် တော်အားဖြင့် အသက်ရှင် စေတော်မူပါ။
no verse 154 in this text
155မ တရားသောသူတို့သည် အထုံးအဖွဲ့ တော်တို့ကို မ ရှာ သောကြောင့် ၊ ကယ်တင် ခြင်းနှင့် ဝေး ကြပါ၏။
no verse 155 in this text
156အိုထာဝရဘုရား ၊ သနား စုံမက်တော်မူခြင်း သဘောသည် ကြွယ်ဝ ပါ၏။ စီရင် တော်မူချက်နှင့်အညီ ၊ အကျွန်ုပ် ကို အသက်ရှင် စေတော်မူပါ။
no verse 156 in this text
157အကျွန်ုပ် ကို ညှဉ်းဆဲ သောသူနှင့် ရန်ဘက် ပြု သောသူတို့ သည် များ ကြပါ၏။ သို့သော်လည်း၊ အကျွန်ုပ် သည် သက်သေခံ တော်မူချက်တို့မှ လွှဲ ၍မ သွားပါ။
no verse 157 in this text
158သစ္စာ မရှိသောသူတို့ကို အကျွန်ုပ်သည်မြင် ၍ စိတ်နာ ပါ၏။ အကြောင်း မူကား၊ သူတို့သည် ဗျာဒိတ် တော် စကားကို နား မ ထောင်ဘဲ နေကြပါ၏။
no verse 158 in this text
159ကိုယ်တော် ၏ ဥပဒသ များကို အကျွန်ုပ် နှစ်သက် ကြောင်း ကို မှတ် တော်မူပါ။ အိုထာဝရဘုရား ၊ ကရုဏာ တော်ရှိသည်အတိုင်း ၊ အကျွန်ုပ် ကို အသက်ရှင် စေတော်မူပါ။
no verse 159 in this text
160နှုတ်ကပတ် တော်အလုံးစုံ တို့သည် ဟုတ်မှန် ပါ ၏။ တရား သဖြင့် စီရင် တော်မူချက်ရှိသမျှ တို့သည် အစဉ် အမြဲတည် ကြပါ၏။
no verse 160 in this text
161အစိုး ရသောသူတို့ သည် အကြောင်း မရှိဘဲ အကျွန်ုပ် ကို ညှဉ်းဆဲ ကြသော်လည်း ၊ အကျွန်ုပ် စိတ် နှလုံးသည် စကား တော်ကို ကြောက်ရွံ့ ပါ၏။
no verse 161 in this text
162လက် ရဥစ္စာများ ကို တွေ့ သကဲ့သို့ ဗျာဒိတ် တော် စကားကြောင့် အကျွန်ုပ် ဝမ်းမြောက် ပါ၏။
no verse 162 in this text
163မုသာ စကားကို ကြား ပျင်းရွံရှာ ပါ၏။ တရား တော်ကိုကား နှစ်သက် ပါ၏။
no verse 163 in this text
164ဖြောင့်မတ် စွာ စီရင် တော်မူချက်များကြောင့် ကိုယ်တော် ကို တရက် လျှင် ခုနစ် ကြိမ် ချီးမွမ်း တတ်ပါ၏။
no verse 164 in this text
165တရား တော်ကို နှစ်သက် သောသူတို့ ၌ ကြီးစွာ သော ငြိမ်ဝပ် ခြင်း ရှိပါ၏။ သူ တို့စိတ်ပျက် စရာအကြောင်းမ ရှိပါ။
no verse 165 in this text
166အိုထာဝရဘုရား ၊ ကယ်တင် တော်မူခြင်းကျေးဇူးကို အကျွန်ုပ်မြော်လင့် ၍ ၊ ပညတ် တော်တို့ကို ကျင့် ပါ၏။
no verse 166 in this text
167သက်သေခံ တော်မူချက်တို့ကို အကျွန်ုပ် ဝိညာဉ် သည် စောင့် ပါ၏။ အလွန် နှစ်သက် ပါ၏။
no verse 167 in this text
168ကိုယ်တော် ၏ ဥပဒေသ တို့နှင့် သက်သေခံ တော်မူချက်တို့ကို စောင့် ပါ၏။ အကျွန်ုပ် အကျင့် ရှိသမျှ တို့သည် ရှေ့ တော်၌ရှိကြပါ၏။
no verse 168 in this text
169အို ထာဝရဘုရား ၊ အကျွန်ုပ် အော်ဟစ် သံသည် ရှေ့ တော်သို့ ရောက် ပါစေသော။ နှုတ်ကပတ် တော် အတိုင်း ဉာဏ် ကိုပေး သနားတော်မူပါ။
no verse 169 in this text
170အသနား ခံသောစကားသည် ရှေ့ တော်သို့ ရောက် ပါစေသော။ ဗျာဒိတ် တော်အတိုင်း အကျွန်ုပ် ကို ကယ်နှုတ် တော်မူပါ။
no verse 170 in this text
171အထုံးအဖွဲ့ တော်တို့ကို သွန်သင် တော်မူသောအခါ ၊ အကျွန်ုပ် ၏နှုတ် သည် ချီးမွမ်း ခြင်းကို မြွက်ဆို ပါမည်။
no verse 171 in this text
172အလုံးစုံ သော ပညတ် တော်တို့သည် ဖြောင့်မတ် ပါသည်ဖြစ်၍ ၊ အကျွန်ုပ် လျှာ သည် ဗျာဒိတ် တော်ကို သီချင်း ဆိုရပါမည်။
no verse 172 in this text
173ကိုယ်တော် ၏ ဥပဒေသ များကို နှစ်သက် ပါသည် ဖြစ်၍ ၊ လက် တော်သည် အကျွန်ုပ် ကို မစ ပါစေ သော။
no verse 173 in this text
174အို ထာဝရဘုရား ၊ ကယ်တင် တော်မူခြင်း ကျေးဇူးကို အကျွန်ုပ် တောင့်တ ပါ၏။ တရား တော်သည် လည်း အကျွန်ုပ် မွေ့လျော် ရာ ဖြစ်ပါ၏။
no verse 174 in this text
175အကျွန်ုပ် သည် အသက် ရှင် ၍ ၊ ကိုယ်တော် ကို ချီးမွမ်း ပါစေသော။ စီရင် တော်မူချက်တို့သည် အကျွန်ုပ် ကို မစ ကြပါစေသော။
no verse 175 in this text
176ပျောက် သော သိုး ကဲ့သို့ အကျွန်ုပ်သည် လမ်းလွဲ ပါပြီ။ ကိုယ်တော် ၏ ကျွန် ကိုရှာ တော်မူပါ။ အကျွန်ုပ်သည် ပညတ် တော်တို့ကို မ မေ့ မလျော့ပါ။
no verse 176 in this text
Tip: use the ← and → keys to turn chapters.