ဆာလံ

Old Testament

Chapter 64
Judson Burmese Bible (18…
Compare
Aa
Text size
Line width
Verse numbers

ဆာလံ 64

Greek New Testament: Textus Receptus has no text for this chapter yet.

1အို ဘုရား သခင်၊ အကျွန်ုပ် ဆုတောင်း သော စကား သံကို နားထောင် ၍ အကျွန်ုပ် အသက် ကို ရန်သူ ဘေး မှ ကွယ်ကာ စောင့်မတော်မူပါ။

2လူဆိုး တို့၏ တိုင်ပင် ရာမှ ၎င်း၊ ဒုစရိုက် ကို ပြု လေ့ရှိသောသူတို့ ၏ စုဝေး ရာမှ ၎င်း၊ အကျွန်ုပ် ကို ကွယ်ကာ တော်မူပါ။

3ထိုသူ တို့သည် မိမိ တို့လျှာ ကို ထား ကဲ့ သို့သွေး တတ်ကြ၏။

4စုံလင် သောသူကို မ ထင်မရှားပစ် မည်အကြံနှင့် ၊ ခါး သောစကား တည်းဟူသောမိမိ တို့ မြှား ကို ရွယ် တတ်ကြ၏။ မ ကြောက် မရွံ့ဘဲ ချက်ခြင်း ပစ် တတ်ကြ၏။

5မကောင်း သောအမှု မှာ တယောက် ကိုတယောက်နှိုးဆော် တတ်ကြ၏။ ကျော့ကွင်း တို့ကို ထောင် ထား ခြင်းငှါ တိုင်ပင် ၍၊ အဘယ်သူ မြင် လိမ့်မည်နည်းဟု ဆို တတ်ကြ၏။

6မ တရားသော အမှု တို့ကို ကိုယ်အဘို့ စစ်ဆေး ရှာဖွေ တတ်ကြ၏။ အကုန်အစင် စစ်ဆေးရှာဖွေတတ်ကြ၏။ အသီးအသီး စိတ် နှလုံးထဲမှာ ကြံစည် သော အရာတို့သည် အလွန်နက်နဲ ကြ၏။

7သူ တို့၌ ဘုရား သခင်ပစ် တော်မူသောမြှား မှန်၍၊ သူ တို့သည် အမှတ်တမဲ့ နာ ကြ လိမ့်မည်။

8သို့ဖြစ်၍ မိမိ တို့ လျှာ သည် မိမိ တို့ကို တိုက် စေ၍၊ မြင် သောသူ အပေါင်း တို့သည် ပြေး သွားကြလိမ့်မည်။

9လူ အပေါင်း တို့သည်လည်း ကြောက်ရွံ့ ၍ ၊ ဘုရား သခင်စီရင် တော်မူကြောင်းကို နားလည် သဖြင့် အမှု တော်ကို ကြား ပြောကြလိမ့်မည်။

10ဖြောင့်မတ် သောသူသည် ထာဝရဘုရား ၌ ဝမ်းမြောက် ၍ ခိုလှုံ လိမ့်မည်။ သဘော ဖြောင့် သော သူအပေါင်း တို့သည် ဝါကြွား ကြလိမ့်မည်။

Tip: use the ← and → keys to turn chapters.