ဆာလံ

Old Testament

Chapter 74
Judson Burmese Bible (18…
Compare
Aa
Text size
Line width
Verse numbers

ဆာလံ 74

Greek New Testament: Textus Receptus has no text for this chapter yet.

1အို ဘုရား သခင်၊ အကျွန်ုပ်တို့ကို အဘယ်ကြောင့် အစဉ် စွန့်ပစ် တော်မူသနည်း။ ကိုယ်တော် ထံမှာကျက်စား သော သိုး တို့ကို အဘယ်ကြောင့်အမျက် ထွက်တော်မူသနည်း။

2ရှေးက အပိုင် ရတော်မူသောလူ အစည်းအဝေးကို၎င်း၊ ရွေး တော်မူသောအမွေ တော်အဘို့ကို၎င်း၊ ကျိန်းဝပ် တော်မူရာ ဇိအုန် တောင် ကို၎င်းအောက်မေ့ တော်မူပါ။

3သန့်ရှင်း ရာဌာန၌ ရန်သူ သည် မ တရားသဖြင့် ပြု၍၊ အမြဲ သုတ်သင် ပယ်ရှင်းရာအရပ်သို့ ကြွ တော်မူပါ။

4ကိုယ်တော် ၏ လူစည်းဝေး ရာအရပ် ၌ ရန်သူ တို့ သည် အော်ဟစ် ကြပါ၏။ လက္ခဏာ သက်သေတော်အရာ ၌ သူ တို့လက္ခဏာ သက်သေတို့ကို ထား ကြပါပြီ။

5လိမ္မာသောသူသည်ထူထပ် သော တော ကို ပုဆိန် နှင့် ခုတ်သကဲ့သို့၊

6ယခု တွင် ဗိမာန်တော် တန်ဆာ များကိုပုဆိန် ၊ သံတူ နှင့် တပြိုင်နက် ရိုက် ချိုးကြပါ၏။

7သန့်ရှင်း ရာဌာနတော်ကို မီး ရှို့ ကြပါ၏။ နာမတော် ကျိန်းဝပ်ရာ တဲ တော်ကို မြေ တိုင်အောင် ရှုတ်ချ ကြပါ၏။

8ဤအမျိုးသား အပေါင်းတို့ကို အတူ ဖျက်ဆီး ကြကုန်အံ့ဟုဆို ၍၊ မြေ တပြင်လုံး တွင် ဘုရား သခင်၏ တရားစရပ် တို့ကို မီးရှို့ ကြပါ၏။

9အကျွန်ုပ် တို့သည် ကိုယ်လက္ခဏာ သက်သေများ ကို မ မြင် ရပါ။ ပရောဖက် သည် တဖန် မ ပေါ်မရှိပါ။ အကျွန်ုပ် တို့တွင် ကာလ အပိုင်းအခြားကို သိ သောသူ မ ရှိပါ။

10အို ဘုရား သခင်၊ ရန်သူ သည် အဘယ် မျှကာလ ပတ်လုံးကဲ့ရဲ့ ပါလိမ့်မည်နည်း။ ရန်ဘက် ပြုသောသူသည် နာမတော် ကို အစဉ် မထီမဲ့မြင် ပြုရပါမည်လော။

11လက်ျာ လက် တော်ကို အဘယ်ကြောင့် ရုပ်သိမ်း တော်မူသနည်း။ ရင်ခွင် တော်ထဲက ထုတ် ၍ ဖျက်ဆီး တော်မူ ပါ။

12အကယ် စင်စစ်ဘုရား သခင်သည် ရှေး ကာလမှစ၍ ၊ ကယ်တင် တော်မူခြင်းကို မြေ အလယ် ၌ ပြု သောငါ တို့၏ ရှင် ဘုရင်ဖြစ်တော်မူ၏။

13ကိုယ်တော် သည် တန်ခိုး တော်အားဖြင့် ပင်လယ် ကို ခွဲ တော်မူပြီ။ ရေ ထဲမှာ မိကျောင်း တို့၏ ဦးခေါင်း တို့ကို ချိုး တော်မူပြီ။

14လဝိသန် ၏ ဦးခေါင်း တို့ကို နှိပ်စက် ၍ တောတွင်း သားတို့ စားစရာ ဘို့ အပ်ပေး တော်မူပြီ။

15စမ်းရေ နှင့် ချောင်းရေ ကို ပေါက် စေတော်မူပြီ။ ရေ မပြတ်သော မြစ် တို့ကိုလည်း ခန်းခြောက် စေတော်မူပြီ။

16နေ့ နှင့် ညဉ့် ကို ပိုင်တော်မူ၏။ နေ မှစ၍ အလင်း အိမ်တို့ကို ဖန်ဆင်း တော်မူပြီ။

17မြေကြီး ၏ အကန့် အကွက်ရှိသမျှ တို့ကို၎င်း၊ နွေ ကာလနှင့် ဆောင်း ကာလကို၎င်း စီရင် တော်မူပြီ။

18ရန်သူ တို့သည် ထာဝရဘုရား ကိုကဲ့ရဲ့ ၍ ၊ လူမိုက် တို့ သည် နာမတော် အား မထီမဲ့မြင် ပြုကြသည်ကို အောက်မေ့ တော်မူပါ။

19ကိုယ်တော် ၏ ချိုးငှက် အသက် ကို သားရဲ ၌ အပ် တော်မ မူပါနှင့်။ ကိုယ်တော် ၏ ဆင်းရဲသား တို့ အစည်းအဝေးကို အစဉ် မေ့လျော့ တော်မ မူပါနှင့်။

20ပဋိညာဉ် တော်ကိုထောက် တော်မူပါ။ အကြောင်း မူကား၊ မြေကြီး ပေါ်မှာ မှောင်မိုက် သော အရပ်တို့သည် လုယူ ညှဉ်းဆဲခြင်းနေရာ သက်သက်ဖြစ် ကြပါ၏။

21နှိပ်စက် ခြင်းကို ခံရသောသူတို့သည် စိတ်ပျက် ၍ မ သွား ကြ ပါစေနှင့်။ ဆင်းရဲ ငတ်မွတ် သောသူတို့သည် နာမတော် ကို ချီးမွမ်း ကြပါစေသော။

22အို ဘုရား သခင်၊ ထ တော်မူပါ။ ကိုယ် အမှု ကို စီရင် ဆုံးဖြတ်တော်မူပါ။ မိုက် သောသူသည် ကိုယ်တော် အား အစဉ် ကဲ့ရဲ့ သည်ကို အောက်မေ့ တော်မူပါ။

23ကိုယ်တော် ၏ရန်သူ တို့ အသံ ကို မေ့လျော့ တော် မ မူပါနှင့်။ ကိုယ်တော် ကို ပုန်ကန် သောသူတို့၏ ရုန်းရင်းခတ်ခြင်းအသံ သည် အစဉ် မပြတ်တိုး တက်လျက်ရှိပါ၏။

Tip: use the ← and → keys to turn chapters.