ဆာလံ

Old Testament

Chapter 91
Judson Burmese Bible (18…
Compare
Aa
Text size
Line width
Verse numbers

ဆာလံ 91

Greek New Testament: Textus Receptus has no text for this chapter yet.

1အမြင့်ဆုံး သော ဘုရား၏ကွယ်ကာ ရာဌာန တော်၌ နေ သောသူသည် အနန္တ တန်ခိုးရှင်၏ အရိပ် ကို ခို ရလိမ့်မည်။

2ထာဝရဘုရား သည် ငါ ခိုလှုံ ရာ၊ ငါ ၏ရဲတိုက် ၊ ငါ ကိုးစား သော ဘုရား သခင်ဖြစ်တော်မူသည်ဟု ငါပြောဆို ၏။

3အကယ် စင်စစ်မုဆိုး ၏ ကျော့ကွင်း နှင့် ၎င်း၊ သေ တတ်သောအနာ နှင့်၎င်း ၊ သင့် ကို ကင်းလွတ် စေတော်မူမည်။

4အတောင် တော် အမွေး နှင့် ဖုံးအုပ် တော်မူ၍ ၊ အတောင် တော်အောက် ၌ သင် သည်လုံခြုံ စွာ နေရလိမ့်မည်။ သစ္စာ တော်သည် သင်၏ ဒိုင်း လွှားဖြစ်လိမ့်မည်။

5ညဉ့် အခါဖြစ်တတ်သော ဘေး ကို ၎င်း၊ နေ့ အချိန်၌ ပစ် သောမြှား ကို ၎င်း၊

6မှောင်မိုက် ထဲမှာ လည်တတ်သော ကာလနာ ကို၎င်း၊ မွန်းတည့် အချိန်၌ ဖျက်ဆီး တတ်သော ဥပဒ် ကို၎င်း၊ သင်သည်မ ကြောက် ရ။

7သင် ၏ အနား မှာ လူတထောင် ၊ သင် ၏လက်ျာ ဘက်မှာ လူတသောင်း လဲ သော်လည်း ၊ သင့် ကို မ ထိ မခိုက်ရ။

8သင်သည် ကိုယ် မျက်စိ နှင့် ကြည့် ၍ ၊ မ တရား သောသူတို့ ၌ ရောက်ရသောအပြစ် ကိုမြင် ရုံမျှသာရှိ လိမ့်မည်။

9ထာဝရဘုရား သည် ငါ ခိုလှုံ ရာဖြစ်တော်မူ၏ဟု သင်သည်ဆို၍၊ အမြင့်ဆုံး သော ဘုရား၌ နေရာ ကျသောကြောင့်၊

10သင် ၌ မကောင်း သော အနိဋ္ဌာရုံ မ ကပ် မရောက်။ သင့် နေရာ သို့ ဘေးဥပဒ် မ ချဉ်း ရ။

11သွား လေရာရာ၌ သင့် ကိုစောင့်ရှောက် စေခြင်းငှါ ၊ ကောင်းကင် တမန်တို့အား သင့် အဘို့ မှာ ထား တော်မူ သည်ဖြစ်၍၊

12သင် ၏ခြေ ကို ကျောက် နှင့် မ ထိ မခိုက်စေခြင်းငှါ၊ သူတို့သည် သင့် ကို လက် နှင့် မစ ချီပင့်ကြလိမ့်မည်။

13သင်သည် ခြင်္သေ့ နှင့် မြွေဆိုး အပေါ် မှာ ကျော် သွား၍၊ ခြင်္သေ့ ပျိုနှင့် နဂါး တို့ကို ခြေဖြင့်နင်း လိမ့်မည်။

14သူသည် ငါ့ ကို ချစ် သောကြောင့် ၊ သူ့ ကို ငါကယ်နှုတ် မည်။ ငါ ၏နာမ ကို သိ သောကြောင့် ၊ သူ့ ကို ငါချီးမြှောက် မည်။

15သူသည် ငါ့ ကိုခေါ် သောအခါ ငါထူး မည်။ ဒုက္ခ ခံရသောအခါ သူ့ ဘက် မှာ ငါ နေ၍ ချမ်းသာ ပေးမည်။ သူ ၏ဘုန်း ကိုလည်း ထင်ရှားစေမည်။

16ရှည် သောအသက်နှင့် သူ့ ကိုရောင့်ရဲ စေ၍ ၊ ငါ ၏ ကယ်တင် ခြင်းကျေးဇူးကို သူ့ အား ပြ မည်။

Tip: use the ← and → keys to turn chapters.