ဆာလံ 84
Greek New Testament: Textus Receptus has no text for this chapter yet.
1ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား ၊ ကိုယ်တော် ကျိန်းဝပ် တော်မူရာ အရပ် ဌာနတို့သည် အလွန်နှစ်သက် ဘွယ် ဖြစ်ပါသည်တကား၊
2ထာဝရဘုရား ၏ တန်တိုင်း တော်တို့ကို အကျွန်ုပ် ၏ဝိညာဉ် သည် တသ ၍ အားလျော့ လျက်ရှိပါ၏။ အကျွန်ုပ် နှလုံး နှင့် ကိုယ် ခန္ဓါသည် အသက် ရှင်တော်မူသော ဘုရား သခင်ကို အလိုရှိ၍ ကြွေးကြော် ပါ၏။
3ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား ၊ အကျွန်ုပ် ၏ရှင် ဘုရင်၊ အကျွန်ုပ် ၏ ဘုရား သခင်၊ အကယ် စင်စစ်ယဇ် ပလ္လင်တော်တို့ အနား မှာ စာငှက် သည် နေရာ အရပ်ကို၎င်း၊ ဇရက်သည်လည်း သားငယ်မွေးစရာ အသိုက် ကို ၎င်းတွေ့ ရပါ၏။
4အိမ် တော်၌ နေ သောသူတို့သည် မင်္ဂလာ ရှိပါ၏။ ကိုယ်တော် ကို အစဉ် ချီးမွမ်း ကြပါလိမ့်မည်။
5ကိုယ်တော် ကို အား ပြုသောသူ သည် မင်္ဂလာ ရှိပါ၏။ ထိုသို့သောသူ တို့ သည် လမ်းခရီး တော်တို့ကို နှလုံး သွင်းတတ်ကြပါ၏။
6သူတို့သည် ဗာကာ လွင်ပြင် ၌ ရှောက်သွား စဉ်၊ ထို လွင်ပြင်ကို စမ်းရေ ထွက်ရာအရပ် ဖြစ် စေကြပါ၏။ အရင် မိုဃ်းရေလည်း မင်္ဂလာ များနှင့် လွှမ်း စေပါ၏။
7သူတို့သည် အား တိုးတက်၍ ခရီးသွား လျက်၊ ဇိအုန် မြို့မှာ ဘုရား သခင့်ထံ တော်၌ မျက်နှာ ပြကြပါ၏။
8ကောင်းကင်ဗိုလ်ခြေ အရှင် ဘုရား သခင်ထာဝရဘုရား ၊ အကျွန်ုပ် ၏ပဌနာ စကားကို မှတ် တော်မူပါ။ ယာကုပ် အမျိုး၏ဘုရား သခင်၊ နားထောင် တော်မူပါ။
9အကျွန်ုပ် တို့ကို ကွယ်ကာ တော်မူသောဘုရား ၊ ကြည့်ရှု တော်မူပါ။ အထံ တော်၌ ဘိသိတ် ခံသောသူ၏ မျက်နှာ ကို ထောက်ရှု တော်မူပါ။
10တန်တိုင်း တော်တို့အတွင်း၌ နေသောတရက် သည် အခြားအရပ်၌နေသောအရက်တထောင် ထက် သာ၍ကောင်း ပါ၏။ မ တရားသောသူ ၏နေရာ ၌ နေ ရ သော အခွင့်ထက် ၊ အကျွန်ုပ် ၏ ဘုရား သခင့် အိမ် တော် ၌ တံခါး စောင့်အရာကို အကျွန်ုပ်သာ၍နှစ်သက် ပါ၏။
11ထာဝရ အရှင် ဘုရား သခင်သည် နေ လည်း ဖြစ်တော်မူ၏။ အကွယ် အကာလည်း ဖြစ်တော်မူ၏။ ထာဝရဘုရား သည် ကျေးဇူး တော်နှင့် ဘုန်း အသရေကို ပေး တော်မူ၏။ ဖြောင့်မတ် စွာကျင့် သောသူတို့အား ကောင်း သောအရာကို ငြင်း တော်မ မူ။
12ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား ၊ ကိုယ်တော် ၌ ခိုလှုံ သောသူ သည် မင်္ဂလာ ရှိပါ၏။
Tip: use the ← and → keys to turn chapters.