ဆာလံ 84
Judson Burmese Bible (1840)Translation
Judson Burmese Bible (1840)
Chinese Union Version, punctuated (Traditional)
1ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား ၊ ကိုယ်တော် ကျိန်းဝပ် တော်မူရာ အရပ် ဌာနတို့သည် အလွန်နှစ်သက် ဘွယ် ဖြစ်ပါသည်တကား၊
1萬軍之耶和華啊, 你的居所何等可愛!
2ထာဝရဘုရား ၏ တန်တိုင်း တော်တို့ကို အကျွန်ုပ် ၏ဝိညာဉ် သည် တသ ၍ အားလျော့ လျက်ရှိပါ၏။ အကျွန်ုပ် နှလုံး နှင့် ကိုယ် ခန္ဓါသည် အသက် ရှင်တော်မူသော ဘုရား သခင်ကို အလိုရှိ၍ ကြွေးကြော် ပါ၏။
2我羨慕渴想耶和華的院宇; 我的心腸,我的肉體向永生上帝呼籲。
3ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား ၊ အကျွန်ုပ် ၏ရှင် ဘုရင်၊ အကျွန်ုပ် ၏ ဘုရား သခင်၊ အကယ် စင်စစ်ယဇ် ပလ္လင်တော်တို့ အနား မှာ စာငှက် သည် နေရာ အရပ်ကို၎င်း၊ ဇရက်သည်လည်း သားငယ်မွေးစရာ အသိုက် ကို ၎င်းတွေ့ ရပါ၏။
3萬軍之耶和華-我的王,我的上帝啊, 在你祭壇那裏,麻雀為自己找着房屋, 燕子為自己找着菢雛之窩。
4အိမ် တော်၌ နေ သောသူတို့သည် မင်္ဂလာ ရှိပါ၏။ ကိုယ်တော် ကို အစဉ် ချီးမွမ်း ကြပါလိမ့်မည်။
4如此住在你殿中的便為有福! 他們仍要讚美你。 (細拉)
5ကိုယ်တော် ကို အား ပြုသောသူ သည် မင်္ဂလာ ရှိပါ၏။ ထိုသို့သောသူ တို့ သည် လမ်းခရီး တော်တို့ကို နှလုံး သွင်းတတ်ကြပါ၏။
5靠你有力量、心中想往 錫安 大道的, 這人便為有福!
6သူတို့သည် ဗာကာ လွင်ပြင် ၌ ရှောက်သွား စဉ်၊ ထို လွင်ပြင်ကို စမ်းရေ ထွက်ရာအရပ် ဖြစ် စေကြပါ၏။ အရင် မိုဃ်းရေလည်း မင်္ဂလာ များနှင့် လွှမ်း စေပါ၏။
6他們經過「流淚谷」,叫這谷變為泉源之地; 並有秋雨之福蓋滿了全谷。
7သူတို့သည် အား တိုးတက်၍ ခရီးသွား လျက်၊ ဇိအုန် မြို့မှာ ဘုရား သခင့်ထံ တော်၌ မျက်နှာ ပြကြပါ၏။
7他們行走,力上加力, 各人到 錫安 朝見上帝。
8ကောင်းကင်ဗိုလ်ခြေ အရှင် ဘုရား သခင်ထာဝရဘုရား ၊ အကျွန်ုပ် ၏ပဌနာ စကားကို မှတ် တော်မူပါ။ ယာကုပ် အမျိုး၏ဘုရား သခင်၊ နားထောင် တော်မူပါ။
8耶和華-萬軍之上帝啊,求你聽我的禱告! 雅各 的上帝啊,求你留心聽! (細拉)
9အကျွန်ုပ် တို့ကို ကွယ်ကာ တော်မူသောဘုရား ၊ ကြည့်ရှု တော်မူပါ။ အထံ တော်၌ ဘိသိတ် ခံသောသူ၏ မျက်နှာ ကို ထောက်ရှု တော်မူပါ။
9上帝啊,你是我們的盾牌; 求你垂顧觀看你受膏者的面!
10တန်တိုင်း တော်တို့အတွင်း၌ နေသောတရက် သည် အခြားအရပ်၌နေသောအရက်တထောင် ထက် သာ၍ကောင်း ပါ၏။ မ တရားသောသူ ၏နေရာ ၌ နေ ရ သော အခွင့်ထက် ၊ အကျွန်ုပ် ၏ ဘုရား သခင့် အိမ် တော် ၌ တံခါး စောင့်အရာကို အကျွန်ုပ်သာ၍နှစ်သက် ပါ၏။
10在你的院宇住一日, 勝似 在別處住 千日; 寧可在我上帝殿中看門, 不願住在惡人的帳棚裏。
11ထာဝရ အရှင် ဘုရား သခင်သည် နေ လည်း ဖြစ်တော်မူ၏။ အကွယ် အကာလည်း ဖြစ်တော်မူ၏။ ထာဝရဘုရား သည် ကျေးဇူး တော်နှင့် ဘုန်း အသရေကို ပေး တော်မူ၏။ ဖြောင့်မတ် စွာကျင့် သောသူတို့အား ကောင်း သောအရာကို ငြင်း တော်မ မူ။
11因為耶和華-上帝是日頭,是盾牌, 要賜下恩惠和榮耀。 他未嘗留下一樣好處不給那些行動正直的人。
12ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား ၊ ကိုယ်တော် ၌ ခိုလှုံ သောသူ သည် မင်္ဂလာ ရှိပါ၏။
12萬軍之耶和華啊, 倚靠你的人便為有福!
Tip: use the ← and → keys to turn chapters.