ဆာလံ 54
Judson Burmese Bible (1840)Translation
Judson Burmese Bible (1840)
Freedom Bible (Thai)
1အိုဘုရား သခင်၊ နာမ တော်အားဖြင့် အကျွန်ုပ် ကို ကယ်တင် တော်မူပါ။ တန်ခိုး တော်အားဖြင့် အကျွန်ုပ် ဘက် ၌ တရား စီရင်တော်မူပါ။
1พระเจ้า โปรดช่วยฉันให้รอดด้วยพระนามของพระองค์ และด้วยฤทธิ์ของพระองค์ โปรดตัดสินให้ฉันเป็นฝ่ายถูก
2အကျွန်ုပ် ပြုသောပဌနာ နှင့် အကျွန်ုပ် မြွက် သောစကား ကို နားထောင် နား ညောင်းတော်မူပါဘုရား။
2พระเจ้า โปรดฟังคำอธิษฐานของฉัน โปรดรับฟังถ้อยคำจากปากฉัน
3အကြောင်း မူကား၊ တကျွန်း တနိုင်ငံသားတို့သည် အကျွန်ုပ် ကို ရန်ဘက် ပြု၍ထကြပါပြီ။ ကြမ်းတမ်း သောသူတို့ သည် အကျွန်ုပ် အသက် ကို ရှာ ကြပါ၏။ ဘုရား သခင်၏ မျက်နှာတော်ကို မ ထောက် ကြပါ။
3เพราะคนแปลกหน้าลุกขึ้นสู้ฉัน คนโหดร้ายหมายเอาชีวิตฉัน พวกเขาไม่คำนึงถึงพระเจ้าเลย เซลาห์
4ကြည့်ရှု လော့။ ဘုရား သခင်သည် ငါ့ ကို ကူမ တော်မူ၏။ ငါ့ အသက် ကိုထောက် ပင့်သောသူတို့တွင် ထာဝရ ဘုရားရှိတော်မူ၏။
4พระเจ้าทรงเป็นผู้ช่วยของฉัน องค์เจ้านายทรงค้ำจุนชีวิตฉัน
5ငါ ၏ရန်သူ တို့အား မ ကောင်းသောအကျိုးကို ဆပ် ပေးတော်မူမည်။ သစ္စာ တော်ရှိသည်အတိုင်း သူ တို့ကို ပယ်ရှင်း တော်မူပါ။
5พระองค์จะทรงตอบแทนความชั่วแก่ศัตรูของฉัน ด้วยความสัตย์จริงของพระองค์ โปรดทำลายพวกเขา
6အကျွန်ုပ်သည်လည်း၊ စေတနာ စိတ်နှင့် ကိုယ်တော် အား ယဇ် ပူဇော်ပါမည်။ အိုထာဝရဘုရား ၊ နာမတော် ကို ချီးမွမ်း ပါမည်။ အကြောင်း မူကား၊ ကောင်းမြတ် တော်မူ၏။
6ฉันจะถวายเครื่องบูชาด้วยความสมัครใจแด่พระองค์ พระยาห์เวห์ ฉันจะขอบคุณพระนามของพระองค์ เพราะพระนามนั้นดีงาม
7အကျွန်ုပ် ကို ခပ်သိမ်း သော ဒုက္ခ ထဲက ကယ်နှုတ် တော်မူသဖြင့် ၊ အကျွန်ုပ် သည် ရန်သူ တို့ကို ကိုယ် မျက်စိ နှင့် မြင် ၍အားရပါ၏။
7เพราะพระองค์ทรงช่วยฉันให้พ้นจากความทุกข์ยากทุกอย่าง ฉันได้เห็นศัตรูพ่ายแพ้กับตา
Tip: use the ← and → keys to turn chapters.