ဆာလံ 137
Judson Burmese Bible (1840)Translation
Judson Burmese Bible (1840)
Modern Hebrew Bible
1ဗာဗုလုန် မြစ် တို့အနား မှာ ငါတို့သည်ထိုင် ၍ ၊ ဇိအုန် မြို့ကို အောက်မေ့ လျက် ငိုကြွေး ကြ၏။
1על נהרות בבל שם ישבנו גם בכינו בזכרנו את ציון׃
2ငါ တို့စောင်း များကိုလည်း ထို အရပ်တွင် မိုဃ်းမခ ပင်တို့၌ ဆွဲထား ကြ၏။
2על ערבים בתוכה תלינו כנרותינו׃
3အကြောင်း မူကား၊ ထို အရပ်၌ ငါ တို့ကို ဘမ်း သွားချုပ်ထားသော သူနှင့် ၊ ငါ တို့ကိုညှဉ်းဆဲ သောသူတို့က၊ ဇိအုန် သီချင်း ကို ငါ တို့အား ဆို ကြလော့ဟု၊ သီချင်း ဆိုသံ ကို၎င်း၊ ရွှင်လန်း သော အသံကို၎င်း၊ ငါ တို့၌ တောင်း ကြပါ သည်တကား။
3כי שם שאלונו שובינו דברי שיר ותוללינו שמחה שירו לנו משיר ציון׃
4တကျွန်း တနိုင်ငံ၌ ထာဝရဘုရား ၏ သီချင်း ကို အဘယ်သို့ ဆို ရပါမည်နည်း။
4איך נשיר את שיר יהוה על אדמת נכר׃
5အိုယေရုရှလင် မြို့၊ သင့် ကို ငါမေ့ လျှင် ငါ့ လက်ျာ လက်သည် မိမိအတတ်ကိုမေ့ ပါစေ။
5אם אשכחך ירושלם תשכח ימיני׃
6သင့် ကိုငါမ အောက်မေ့ ၊ အမြတ် ဆုံးသော ဝမ်းမြောက် ခြင်းအကြောင်း ထက်၊ ယေရုရှလင် မြို့ကို အမြတ် မ ထားလျှင် ၊ ငါ့ လျှာ သည် အာခေါင် ၌ ထပ် ပါစေ။
6תדבק לשוני לחכי אם לא אזכרכי אם לא אעלה את ירושלם על ראש שמחתי׃
7အိုထာဝရဘုရား ၊ ယေရုရှလင် မြို့၏ နေ့ရက်အချိန်ရောက်သောအခါ၊ မြို့ရိုး ကို အမြစ် တိုင်အောင် ရှင်း လိုက်ကြ၊ ရှင်း လိုက်ကြဟု ဆို ကြသော ဧဒုံ အမျိုးသား တို့ကို အောက်မေ့ တော်မူပါ။
7זכר יהוה לבני אדום את יום ירושלם האמרים ערו ערו עד היסוד בה׃
8ဖျက်ဆီး တတ်သော ဗာဗုလုန် မင်းသမီး ၊ သင် သည် ငါ တို့၌ ပြု သည်အတိုင်း ၊ သင် ၌ အပြစ် ကိုဆပ်ပေး သောသူ သည် မင်္ဂလာ ရှိ၏။
8בת בבל השדודה אשרי שישלם לך את גמולך שגמלת לנו׃
9သင် ၏သူငယ် တို့ကိုကိုင်ယူ ၍ ၊ ကျောက် ပေါ် မှာ ဆောင့် သောသူသည် မင်္ဂလာ ရှိ၏။
9אשרי שיאחז ונפץ את עלליך אל הסלע׃
Tip: use the ← and → keys to turn chapters.