ဟောရှေ 1
Judson Burmese Bible (1840)Translation
Judson Burmese Bible (1840)
Modern Hebrew Bible
1ယုဒ ရှင်ဘုရင် ဩဇိ မင်း၊ ယောသံ မင်း၊ အာခတ် မင်း၊ ဟေဇကိ မင်း၊ ဣသရေလ ရှင်ဘုရင် ယောရှ သား ယေရောဗောင် မင်းတို့လက်ထက် ၊ ဗေရိ ၏ သား ဟောရှေ သို့ ရောက် လာသော ထာဝရဘုရား ၏ နှုတ်ကပတ် တော် အစအဦးဟူမူကား၊
1דבר יהוה אשר היה אל הושע בן בארי בימי עזיה יותם אחז יחזקיה מלכי יהודה ובימי ירבעם בן יואש מלך ישראל׃
2သင် သွား ၍ ပြည်တန်ဆာ မိန်းမ နှင့်တကွ သူဘွားမြင်သော သားသမီး တို့ကို သိမ်းပိုက် လော့။ အကြောင်း မူကား၊ ပြည်သား တို့သည် ထာဝရဘုရား ကိုစွန့်ပစ် ၍ အထပ်ထပ်မှားယွင်း ကြပြီဟု ဟောရှေ အား မှာ ထားတော်မူသည် အတိုင်း ၊
2תחלת דבר יהוה בהושע ויאמר יהוה אל הושע לך קח לך אשת זנונים וילדי זנונים כי זנה תזנה הארץ מאחרי יהוה׃
3ဟောရှေသည်သွား ၍ ဒိဗလိမ် သမီး ဂေါမာ ကို သိမ်းပိုက် သဖြင့် ၊ သူသည် ပဋိသန္ဓေ ယူ၍ ဟောရှေ ၌ သား ယောက်ျားကို ဘွားမြင် လေ၏။
3וילך ויקח את גמר בת דבלים ותהר ותלד לו בן׃
4ထာဝရဘုရား ကလည်း ၊ ထို သားကို ယေဇရေလ အမည် ဖြင့် မှည့် လော့။ အကြောင်း မူကား၊ ခဏကြာ ပြီးမှ ယေဇရေလ အသက် ကိုသတ်သောအပြစ်ကြောင့်၊ ယေဟု အမျိုး ကို ငါသည် ဒဏ်ပေး ၍ ဣသရေလ အမျိုး ၏ နိုင်ငံ ကို ဆုံး စေမည်။
4ויאמר יהוה אליו קרא שמו יזרעאל כי עוד מעט ופקדתי את דמי יזרעאל על בית יהוא והשבתי ממלכות בית ישראל׃
5ဣသရေလ လေး ကို ယေဇရေလ ချိုင့် ၌ ငါချိုး သောနေ့ ခြင်းတွင် ထို အမှုပြည့်စုံ လိမ့်မည်ဟု မိန့် တော်မူ ၏။
5והיה ביום ההוא ושברתי את קשת ישראל בעמק יזרעאל׃
6တဖန် ပဋိသန္ဓေ ယူ၍ သမီး ကိုဘွားမြင် လေ၏။ ထို သမီးကို လောရုဟာမာ အမည် ဖြင့် မှည့် လော့။ အကြောင်း မူကား၊ ငါသည် ဣသရေလ အမျိုး ကို နောက် တဖန် မ သနား မစုံမက်ဘဲ ဧကန်အမှန်ပယ်ရှင်း မည်။
6ותהר עוד ותלד בת ויאמר לו קרא שמה לא רחמה כי לא אוסיף עוד ארחם את בית ישראל כי נשא אשא להם׃
7ယုဒ အမျိုး ကိုကား ၊ သနား စုံမက်ဦးမည်။ သို့ရာတွင် ၊ လေး ၊ ထား ၊ စစ်တိုက် လက်နက်၊ မြင်း ၊ မြင်း စီးသူရဲ အားဖြင့် မ ကယ်တင် ၊ သူ တို့၏ ဘုရား သခင်ထာဝရဘုရား အားဖြင့် ကယ်တင် မည်ဟု မိန့် တော်မူ၏။
7ואת בית יהודה ארחם והושעתים ביהוה אלהיהם ולא אושיעם בקשת ובחרב ובמלחמה בסוסים ובפרשים׃
8လောရုဟာမာ ကို နို့ ခွါသောအခါ ၊ အမိသည် ပဋိသန္ဓေ ယူပြန်၍ သား ယောက်ျားကို ဘွားမြင် လေ၏။
8ותגמל את לא רחמה ותהר ותלד בן׃
9ထို သားကိုလောအမ္မိ အမည် ဖြင့် မှည့် လော့။ အကြောင်း မူကား၊ သင် တို့သည် ငါ ၏လူ မ ဟုတ်။ ငါ သည် လည်း သင် တို့၏ ဘုရားသခင်မ ဟုတ် ။
9ויאמר קרא שמו לא עמי כי אתם לא עמי ואנכי לא אהיה לכם׃
10သို့ရာတွင် ၊ ဣသရေလ အမျိုးသား တို့သည် မ ခြင် နိုင်၊ မ ရေတွက် နိုင်သော သမုဒ္ဒရာ သဲလုံး နှင့်အမျှ များ ကြလိမ့်မည်။ သင် တို့သည် ငါ ၏ လူ မ ဟုတ်ဟု ထိုသူ တို့အား ပြောဆို ရာ အရပ် ၌ ပင်လျှင်၊ သူ တို့သည် အသက်ရှင် တော်မူသောဘုရား သခင်၏သား ဟု ခေါ်ဝေါ် ခြင်းကိုခံရကြလိမ့်မည်။
10והיה מספר בני ישראל כחול הים אשר לא ימד ולא יספר והיה במקום אשר יאמר להם לא עמי אתם יאמר להם בני אל חי׃
11ထိုအခါ ယုဒ အမျိုးသား တို့နှင့် ဣသရေလ အမျိုးသား တို့သည် စုဝေး ပေါင်းဘော်၍ ၊ မင်း တဦးတည်း ကို ချီးမြှောက် သဖြင့် ထိုပြည် ထဲက ထွက်လာ ကြ လိမ့်မည်။ ယေဇရေလ နေ့ သည် ကြီးမြတ် သောနေ့ဖြစ်ရလိမ့်မည်ဟု မိန့်တော်မူ၏။
11ונקבצו בני יהודה ובני ישראל יחדו ושמו להם ראש אחד ועלו מן הארץ כי גדול יום יזרעאל׃
Tip: use the ← and → keys to turn chapters.