ဆာလံ

Old Testament

Chapter 73
Judson Burmese Bible (18…
vs Modern Hebrew Bible
Aa
Text size
Line width
Verse numbers

ဆာလံ 73

Judson Burmese Bible (1840)
Modern Hebrew Bible
1အကယ် စင်စစ်ဘုရား သခင်သည် နှလုံး သန့်ရှင်း သော သူတည်းဟူသောဣသရေလ အမျိုး၌ ကျေးဇူး ကြီး တော်မူ၏။
1מזמור לאסף אך טוב לישראל אלהים לברי לבב׃
2ငါ မူကား ၊ ခြေ ချော် လု လျက် ၊ ခြေရာ လွဲ လု လျက် ရှိမိပြီ။
2ואני כמעט נטוי רגלי כאין שפכה אשרי׃
3အကြောင်း မူကား၊ မတရား သောသူတို့၏ စည်းစိမ် ကို မြင် သောအခါ၊ မိုက် သောသူတို့ကို ပင် ငါငြူစူ မိပြီ။
3כי קנאתי בהוללים שלום רשעים אראה׃
4ထိုသူ တို့သည် မသေ မှီတိုင်အောင် နာကြင်ခြင်း ဝေဒနာ မ ရှိ။ ခိုင်မာ သောအစွမ်း သတ္တိရှိကြ၏။
4כי אין חרצבות למותם ובריא אולם׃
5သူ တို့သည် လောကဓံ ဒုက္ခမ ရှိ။ လူ များကဲ့သို့အနှောင့် အရှက်ကိုမ ခံရကြ။
5בעמל אנוש אינמו ועם אדם לא ינגעו׃
6ထိုကြောင့်မာန ကို လည်ဆွဲ တန်ဆာကဲ့သို့ဆင်၍၊ ညှဉ်းဆဲ ခြင်းအဝတ် ကိုလည်း ဝတ် တတ်ကြ၏။
6לכן ענקתמו גאוה יעטף שית חמס למו׃
7ဆူဝ သောကြောင့် မျက်နှာ မော် လျက်ရှိကြ၏။ စိတ် နှလုံးကြံစည် ခြင်းအားဖြင့်လွန်ကျူး တတ်ကြ၏။
7יצא מחלב עינמו עברו משכיות לבב׃
8ဆိုး သောညှဉ်းဆဲ ခြင်းကို ပင် ပြက်ယယ် ပြု၍ ပြော တတ်ကြ၏။ ထောင်လွှား သော စကား ကိုလည်း သုံးတတ် ကြ၏။
8ימיקו וידברו ברע עשק ממרום ידברו׃
9သူ တို့နှုတ် သည် ကောင်းကင် နှင့် ဆန့်ကျင် ဘက် ပြု၍ ၊ လျှာ သည်လည်း မြေကြီး ကို လှည့် လည်တတ်၏။
9שתו בשמים פיהם ולשונם תהלך בארץ׃
10ထိုကြောင့် ဘုရား သခင်၏ လူ တို့သည် သူ တို့ ထံသို့ ပြန် သွား၍ များစွာ သော ရေ ကိုမျို ရကြ၏။
10לכן ישיב עמו הלם ומי מלא ימצו למו׃
11ဘုရား သခင်သည် အဘယ်သို့ သိ တော်မူမည်နည်း။ အမြင့်ဆုံး သော ဘုရား၌ ဉာဏ် ရှိ ပါလိမ့်မည်လော ဟု ဆို တတ်ကြ၏။
11ואמרו איכה ידע אל ויש דעה בעליון׃
12ထို မတရား သောသူတို့ သည် အစဉ် ကောင်းစား ၍ ဥစ္စာ ပွား များကြ၏။
12הנה אלה רשעים ושלוי עולם השגו חיל׃
13အကယ် စင်စစ်ငါ့ နှလုံး ကို ငါသန့်ရှင်း စေသော်လည်း အကျိုး မရှိ။ အပြစ် ကင်းခြင်းနှင့် ငါ့ လက် ကို ဆေးကြော သော်လည်း အကျိုးမရှိ။
13אך ריק זכיתי לבבי וארחץ בנקיון כפי׃
14နေ့တိုင်း နှောင့်ရှက် ခြင်းနှင့် နံနက် တိုင်းဆုံးမ ခြင်းကို ငါ ခံရ၏။
14ואהי נגוע כל היום ותוכחתי לבקרים׃
15ထိုသို့ သဘောကျမည်ဟု အကျွန်ုပ်ဆို လျှင် ၊ ကိုယ်တော် ၏ အမျိုးသား တို့ကို ပြစ်မှား ရာသို့ ရောက်ပါ လိမ့်မည်။
15אם אמרתי אספרה כמו הנה דור בניך בגדתי׃
16ထို အမှုကိုနားလည် ရ အောင် ဆင်ခြင် သောအခါ အလွန် ခက်သည်ဟု ထင် ပါ၏။
16ואחשבה לדעת זאת עמל היא בעיני׃
17နောက် မှဘုရား သခင်၏ သန့်ရှင်း ရာ ဌာနထဲသို့ ဝင် ၍၊ သူ တို့၏ အဆုံး ကို နားလည် ရပါ၏။
17עד אבוא אל מקדשי אל אבינה לאחריתם׃
18အကယ် စင်စစ်ကိုယ်တော်သည် သူ တို့ကို ချော သောအရပ်၌ ထား တော်မူပြီ။ ဖျက်ဆီး ရာအရပ်သို့ ချ တော်မူ၏။
18אך בחלקות תשית למו הפלתם למשואות׃
19တခဏ ခြင်းတွင် အကျိုး နည်းကြပါပြီတကား။ ဘေး ဥပဒ်များအားဖြင့် ရှင်းရှင်း ပယ် ပျောက်လျက် ရှိကြပါ ပြီတကား။
19איך היו לשמה כרגע ספו תמו מן בלהות׃
20အိုထာဝရ ဘုရား၊ လူသည် နိုး သောအခါ အိပ်မက် ကိုမှတ်သကဲ့သို့ သူတို့ကို နှိုး တော်မူသောအခါ ၊ သူ တို့ အကြံ အစည်ကို မထီမဲ့မြင် ပြုတော်မူမည်။
20כחלום מהקיץ אדני בעיר צלמם תבזה׃
21ထိုသို့ အကျွန်ုပ် သည် နှလုံး နာ လျက် ၊ ကျောက်ကပ် မွှေနှောက် လျက်ရှိ၍၊
21כי יתחמץ לבבי וכליותי אשתונן׃
22မိုက် သောသူ၊ ပညာမဲ့ သောသူဖြစ်ပါ၏။ ရှေ့ တော်၌ တိရစ္ဆာန် ကဲ့သို့ဖြစ် ပါ၏။
22ואני בער ולא אדע בהמות הייתי עמך׃
23သို့သော်လည်း အကျွန်ုပ် သည် ကိုယ်တော် ထံမှာ အစဉ် ရှိ၍၊ အကျွန်ုပ် ၏လက်ျာ လက် ကို ဆွဲကိုင် တော်မူ၏။
23ואני תמיד עמך אחזת ביד ימיני׃
24အကျွန်ုပ် ကို ဉာဏ် ပေး၍ ပဲ့ပြင် တော်မူမည်။ နောက် တဖန် ဘုန်း အသရေ၌ သိမ်းယူ တော်မူမည်။
24בעצתך תנחני ואחר כבוד תקחני׃
25ကိုယ်တော်မှတပါး၊ ကောင်းကင် ဘုံမှာ အကျွန်ုပ် ၌ အဘယ် သူရှိပါသနည်း။ ကိုယ်တော် ကိုအလိုရှိသည်နှင့်အမျှ မြေကြီး ပေါ်မှာ အကျွန်ုပ်သည် အဘယ်အလိုရှိ ပါသနည်း။
25מי לי בשמים ועמך לא חפצתי בארץ׃
26အကျွန်ုပ် ၏အသား နှင့် နှလုံး သည် ပျက် ကြပါ ၏။ သို့သော်လည်း၊ ဘုရား သခင်သည် အကျွန်ုပ် နှလုံး ၏ အစွမ်း သတ္တိ၊ အကျွန်ုပ် အစဉ် အမြဲခံစားရာအဘို့ ဖြစ်တော်မူ၏။
26כלה שארי ולבבי צור לבבי וחלקי אלהים לעולם׃
27အကယ် စင်စစ်ကိုယ်တော် နှင့် ဝေးဝေး နေသောသူတို့ သည် ပျက်စီး ခြင်းသို့ ရောက်ရကြပါ၏။ ကိုယ်တော် နှင့် ကွာ၍မှားယွင်း သော သူအပေါင်း တို့ကို ပယ်ရှင်း တော်မူ ၏။
27כי הנה רחקיך יאבדו הצמתה כל זונה ממך׃
28အကျွန်ုပ် မူကား ၊ ဘုရား သခင့်ထံ တော်သို့ ချဉ်းကပ် ၍ အကျိုး ရှိပါ၏။ အမှုတော် ရှိသမျှ တို့ကို ကြား ပြောခြင်းအလိုငှါ ၊ အရှင် ထာဝရဘုရား ၌ ခိုလှုံ လျက်နေပါ၏။
28ואני קרבת אלהים לי טוב שתי באדני יהוה מחסי לספר כל מלאכותיך׃

Tip: use the ← and → keys to turn chapters.