ဆာလံ 40
Judson Burmese Bible (1840)Translation
Judson Burmese Bible (1840)
Modern Hebrew Bible
1ငါသည် ထာဝရဘုရား ကို စေ့စေ့မြော်လင့် သည် ကာလ၊ ငါ့ ကို မျက်နှာ ပြု၍ ငါ အော်ဟစ် သောအသံကို ကြား တော်မူ၏။
1למנצח לדוד מזמור קוה קויתי יהוה ויט אלי וישמע שועתי׃
2ပျက်စီး ရာတွင်း နှင့် အလွန် ဆိုးသောရွှံ့ ထဲ ကငါ့ ကို ဆယ် နှုတ်ပြီးလျှင် ငါ့ ခြေ တို့ကို ကျောက် ပေါ် မှာတင် ၍ ငါ ခြေ ရာတို့ကို တည် စေတော်မူ၏။
2ויעלני מבור שאון מטיט היון ויקם על סלע רגלי כונן אשרי׃
3ထိုသို့ငါ တို့ဘုရား သခင်ကို ချီးမွမ်း ရာသီချင်း သစ် ကို ငါ မြွက်ဆို စေ ခြင်းငှါ အခွင့်ပေး တော်မူ၏။ လူများ တို့သည် သိမြင် ၍ ကြောက်ရွံ့ သောစိတ် နှင့် ထာဝရဘုရား ကို ကိုးစား ကြလိမ့်မည်။
3ויתן בפי שיר חדש תהלה לאלהינו יראו רבים וייראו ויבטחו ביהוה׃
4မာန ထောင်လွှားသောသူနှင့် မိစ္ဆာတရား လမ်း သို့ လွှဲ သွားသောသူတို့ ကိုမ မှီ ဝဲ၊ ထာဝရဘုရား ကို ကိုးစား သောသူ သည် မင်္ဂလာ ရှိ၏။
4אשרי הגבר אשר שם יהוה מבטחו ולא פנה אל רהבים ושטי כזב׃
5အကျွန်ုပ် ၏ ဘုရား သခင်ထာဝရဘုရား ၊ အကျွန်ုပ် တို့အဘို့ ပြု တော်မူသောအံ့ဩ ဘွယ်အမှုတို့နှင့် ကြံစည်တော်မူသောအကြံ အစည်တို့သည် များ လှပါ၏။ ရှေ့ တော်၌ အစဉ်အတိုင်းလျှောက် ၍ မ ကုန်နိုင်ပါ။ အကျွန်ုပ်ထုတ်ဘော် ကြားပြောမည်ဟုဆိုသော် ၊ ရေတွက် ၍ မကုန်နိုင်အောင် များ လှပါ၏။
5רבות עשית אתה יהוה אלהי נפלאתיך ומחשבתיך אלינו אין ערך אליך אגידה ואדברה עצמו מספר׃
6ကိုယ်တော်သည် ယဇ် နှင့် ပူဇော် သက္ကာကို အလို တော် မ ရှိသည် ဖြစ်၍ ၊ အကျွန်ုပ် နား ကို ဖွင့် တော်မူပြီ။ မီးရှို့ ရာယဇ်နှင့် အပြစ် ဖြေရာယဇ်များကို တောင်း တော် မ မူသောအခါ၊
6זבח ומנחה לא חפצת אזנים כרית לי עולה וחטאה לא שאלת׃
7ကျမ်းစာ လိပ် ၌ အကျွန်ုပ် ကို အမှတ်ပြု၍ ရေး ထား သည်နှင့်အညီ ၊ အကျွန်ုပ်သည် သွား ပါမည်ဟု ဝန်ခံ ပါ၏။
7אז אמרתי הנה באתי במגלת ספר כתוב עלי׃
8အကျွန်ုပ် ၏ ဘုရား သခင်၊ ကိုယ်တော် ၏အလို ကို ဆောင် ရာ၌ အကျွန်ုပ်သည် အား ရဝမ်းမြောက်ပါ၏။ ကိုယ်တော် ၏တရား သည်လည်း အကျွန်ုပ် နှလုံး ထဲ မှာ ရှိပါ၏။
8לעשות רצונך אלהי חפצתי ותורתך בתוך מעי׃
9ဖြောင့်မတ် ခြင်းတရားကို ပရိသတ် ကြီး အလယ် မှာ အကျွန်ုပ် ဟော ပါပြီ။ အိုထာဝရဘုရား ၊ အကျွန်ုပ် သည် ကိုယ်နှုတ် ကိုပိတ် ၍ မ နေကြောင်းကို ကိုယ်တော် သိ တော်မူ ၏။
9בשרתי צדק בקהל רב הנה שפתי לא אכלא יהוה אתה ידעת׃
10ဖြောင့်မတ် စွာ စီရင်တော်မူခြင်းတရားကို အကျွန်ုပ် သည် ကိုယ်နှလုံး ထဲ မှာ ဝှက် ၍မ ထားပါနှင့်။ သစ္စာ စောင့်တော်မူခြင်းတရားနှင့် ကယ်တင် တော်မူခြင်းတရားကို ဟောပြော ပါပြီ။ ကရုဏာ တော်နှင့် သစ္စာ တော်ကို ပရိသတ် ကြီး အလယ်မှာ မ ထိမ် မဝှက်ပါ။
10צדקתך לא כסיתי בתוך לבי אמונתך ותשועתך אמרתי לא כחדתי חסדך ואמתך לקהל רב׃
11အိုထာဝရဘုရား ၊ အကျွန်ုပ် ၌ သနား စုံမက်တော်မူခြင်းစိတ်ကို မ ချုပ်တည်း ပါနှင့်။ ကရုဏာ တော်နှင့် သစ္စာ တော်သည် အကျွန်ုပ် ကို အစဉ် စောင့် မပါစေသော။
11אתה יהוה לא תכלא רחמיך ממני חסדך ואמתך תמיד יצרוני׃
12အကြောင်း မူကား၊ အတိုင်း မ သိများစွာသော ဘေး ဥပဒ်တို့သည် အကျွန်ုပ် ကို ဝိုင်း ကြပါပြီ။ အကျွန်ုပ်မျှော် ၍ မ ကြည့် နိုင် အောင်ခံရသောအပြစ် တို့သည် အကျွန်ုပ် ကို မှီ ကြပါပြီ။ အကျွန်ုပ် ဆံပင် ထက် များပြား သည် ဖြစ်၍၊ အကျွန်ုပ် နှလုံး သည် အားလျော့ ပါပြီ။
12כי אפפו עלי רעות עד אין מספר השיגוני עונתי ולא יכלתי לראות עצמו משערות ראשי ולבי עזבני׃
13အိုထာဝရဘုရား ၊ အကျွန်ုပ် ကို နှုတ်ယူ ခြင်းငှါ အလိုရှိ တော်မူပါ။ အိုထာဝရဘုရား ၊ အကျွန်ုပ် ကိုမစ ခြင်းငှါ အလျင် အမြန်ပြုတော်မူပါ။
13רצה יהוה להצילני יהוה לעזרתי חושה׃
14အကျွန်ုပ် အသက် ကို သတ် ခြင်းငှါ ရှာ ကြံသော သူအပေါင်း တို့သည် အရှက်ကွဲ ၍ မျက်နှာ ပျက်ကြပါစေ သော။ အကျွန်ုပ် ၌ အန္တရာယ် ပြု ချင်သောသူတို့သည် လှန် ခြင်းကိုခံရ၍ ရှက်ကြောက် ခြင်းသို့ရောက်ကြပါစေ သော။
14יבשו ויחפרו יחד מבקשי נפשי לספותה יסגו אחור ויכלמו חפצי רעתי׃
15အကျွန်ုပ် ကို အေ့ဟေ ၊ အေ့ဟေ ဟုဆို သောသူတို့ သည် အရှက်ကွဲ ခြင်းအားဖြင့် မှိုင် တွေကြပါစေ သော။
15ישמו על עקב בשתם האמרים לי האח האח׃
16ကိုယ်တော် ကိုရှာ သော သူအပေါင်း တို့သည် ကိုယ်တော် ၌ ဝမ်းမြောက် ရွင်လန်း ကြပါစေသော။ ကယ်တင် တော်မူခြင်းကျေးဇူးကို နှစ်သက် သောသူတို့ သည် ထာဝရဘုရား ဘုန်းကြီး တော်မူစေသတည်းဟု အစဉ် မပြတ်ပြော ကြပါစေသော။
16ישישו וישמחו בך כל מבקשיך יאמרו תמיד יגדל יהוה אהבי תשועתך׃
17အကျွန်ုပ် မူကား ၊ ဆင်းရဲ ငတ်မွတ် သော်လည်း ၊ ထာဝရ ဘုရား သည် အကျွန်ုပ် ကို အောက်မေ့ တော်မူ၏။ ကိုယ်တော် သည် အကျွန်ုပ် ကို မစ သောသူ၊ ကယ်တင် သောသူဖြစ်တော်မူ၏။ အကျွန်ုပ် ၏ ဘုရား သခင်၊ ဆိုင်းလင့် တော်မ မူပါနှင့်။
17ואני עני ואביון אדני יחשב לי עזרתי ומפלטי אתה אלהי אל תאחר׃
Tip: use the ← and → keys to turn chapters.