ဆာလံ 57
Judson Burmese Bible (1840)Translation
Judson Burmese Bible (1840)
Modern Hebrew Bible
1အိုဘုရား သခင်၊ အကျွန်ုပ် ကို သနား တော်မူပါ။ သနား တော်မူပါ။ ဘေး မ လွန် မှီတိုင်အောင်အကျွန်ုပ် ၏ ဝိညာဉ် သည် ကိုယ်တော် ကို ခိုလှုံ ပါ၏။ အတောင် တော် အရိပ် ၌ ခိုလှုံ ပါ၏။
1למנצח אל תשחת לדוד מכתם בברחו מפני שאול במערה חנני אלהים חנני כי בך חסיה נפשי ובצל כנפיך אחסה עד יעבר הוות׃
2ငါသည်အမြင့်ဆုံး သော ဘုရား သခင်၊ ငါ့ အမှုကို ပြီးစီး စေတော်မူသောဘုရား သခင်ကို အော်ဟစ် မည်။
2אקרא לאלהים עליון לאל גמר עלי׃
3ကောင်းကင် က လက်တော်ကို ဆန့် တော်မူမည်။ ငါ့ ကို ကိုက်စား အံ့သောသူကို အရှက်ခွဲ သဖြင့် ၊ ငါ့ ကို ကယ်တင် တော်မူမည်။ ကရုဏာ တော်နှင့် သစ္စာ တော်ကို ဘုရား သခင်စေလွှတ် တော်မူမည်။
3ישלח משמים ויושיעני חרף שאפי סלה ישלח אלהים חסדו ואמתו׃
4ငါ့ ဝိညာဉ် သည် ခြင်္သေ့ စုထဲ မှာ နေရ၏။ ဒေါသ မီးလောင်လျက်ရှိသောလူ သား တို့တွင် ငါအိပ် ရ၏။ သူ တို့ သွား တို့သည် လှံ နှင့် မြှား ဖြစ်ကြ၏။ သူ တို့လျှာ သည်လည်း ထက် သောသန်လျှက် ဖြစ်၏။
4נפשי בתוך לבאם אשכבה להטים בני אדם שניהם חנית וחצים ולשונם חרב חדה׃
5အိုဘုရား သခင်၊ ကောင်းကင် မြင့်သည်ထက် ကိုယ်တော် ကြီး မြင့်တော်မူစေသတည်း။ မြေကြီး တပြင်လုံး ကို ဘုန်း တော်လွှမ်းမိုး ပါစေသတည်း။
5רומה על השמים אלהים על כל הארץ כבודך׃
6သူတို့သည် ငါ သွား ရာလမ်း၌ ကျော့ကွင်း ကို ပြင်ဆင် ကြပြီ။ ငါ့ ဝိညာဉ် သည် နှိမ့်ချ လျက်ရှိ၏။ ငါ့ ရှေ့ ၌ တွင်း ကို တူး ကြပြီးမှကိုယ် တူးသော တွင်းထဲ သို့ ကိုယ်ကျ ကြပြီ။
6רשת הכינו לפעמי כפף נפשי כרו לפני שיחה נפלו בתוכה סלה׃
7အိုဘုရား သခင်၊ အကျွန်ုပ် နှလုံး သည် တည်ကြည် ပါ၏။ အကျွန်ုပ် နှလုံး သည် တည်ကြည် ပါ၏။ သီချင်း ဆိုပါမည်။ ချီးမွမ်း ထောမနာပြုပါမည်။
7נכון לבי אלהים נכון לבי אשירה ואזמרה׃
8အိုငါ့ ဝိညာဉ် ၊ နိုး လော့။ တယော နှင့် စောင်း တို့ နိုး ကြလော့။ ငါလည်း စောစော နိုး မည်။
8עורה כבודי עורה הנבל וכנור אעירה שחר׃
9အိုထာဝရ ဘုရား၊ ပရိသတ် အလယ် ၌ ကိုယ်တော် ကို ချီးမွမ်း ပါမည်။ လူမျိုး တို့တွင် ကိုယ်တော် အား ထောမနာသီချင်း ဆိုပါမည်။
9אודך בעמים אדני אזמרך בל אמים׃
10အကြောင်း မူကား၊ ကရုဏာ တော်သည် ကောင်းကင် သို့ ၎င်း၊ သစ္စာ တော်သည် မိုဃ်းတိမ် သို့ ၎င်း မှီ ပါ၏။
10כי גדל עד שמים חסדך ועד שחקים אמתך׃
11အိုဘုရား သခင်၊ ကောင်းကင် မြင့်သည်ထက် ကိုယ်တော် ကြီး မြင့်တော်မူစေသတည်း။ မြေကြီး တပြင်လုံး ကို ဘုန်း တော်လွှမ်းမိုးပါစေသတည်း။
11רומה על שמים אלהים על כל הארץ כבודך׃
Tip: use the ← and → keys to turn chapters.