ဆာလံ 142
Judson Burmese Bible (1840)Translation
Judson Burmese Bible (1840)
Modern Hebrew Bible
1ငါ သည် ထာဝရဘုရား ထံသို့ အသံ ကိုလွှင့်၍ အော်ဟစ် ၏။ ငါ့ အသံ ကို ထာဝရဘုရား ထံသို့ လွှင့်၍ ဆုတောင်း ပဋ္ဌနာပြု၏။
1משכיל לדוד בהיותו במערה תפלה קולי אל יהוה אזעק קולי אל יהוה אתחנן׃
2ရှေ့ တော်၌ မြည်တမ်း သော စကားကို မြွက် ၍၊ ခံရသောဆင်းရဲ ဒုက္ခကို ကြား လျှောက်ရ၏။
2אשפך לפניו שיחי צרתי לפניו אגיד׃
3အကျွန်ုပ် သည် စိတ်ပျက် လျက် ရှိသောအခါ ၊ အကျွန်ုပ် သွားသောလမ်း ကို ကိုယ်တော် သိ တော်မူ၏။ အကျွန်ုပ် သွား သောလမ်း ၌ ကျော့ကွင်း ကို ဝှက်ထား ကြ ပါပြီ။
3בהתעטף עלי רוחי ואתה ידעת נתיבתי בארח זו אהלך טמנו פח לי׃
4လက်ျာ ဘက်သို့ အကျွန်ုပ်ကြည့်ရှု သောအခါ ၊ အကျွန်ုပ် သိကျွမ်း သောသူမ ရှိပါ။ ပြေး လွတ်ရာလမ်းလည်း ပိတ် ပါ၏။ အကျွန်ုပ် အသက် ကို နှမြော သောသူမ ရှိပါ။
4הביט ימין וראה ואין לי מכיר אבד מנוס ממני אין דורש לנפשי׃
5အိုထာဝရဘုရား ၊ ကိုယ်တော် ကို အော်ဟစ် ပါ၏။ အသက်ရှင် သောသူတို့၏ နေရာ ၌ ကိုယ်တော်သည် အကျွန်ုပ် ခိုလှုံရာ ၊ အကျွန်ုပ် ခံစားရာအဘို့ ဖြစ်တော်မူ၏။
5זעקתי אליך יהוה אמרתי אתה מחסי חלקי בארץ החיים׃
6အလွန် နှိမ့်ချ လျက်နေသောအကျွန်ုပ် ၏ ကြွေးကြော် သံကို နားထောင် တော်မူပါ။ အကျွန်ုပ် ကို ညှဉ်းဆဲ သောသူတို့လက်မှ ကယ်နှုတ် တော်မူပါ။ သူတို့သည် အကျွန်ုပ် ထက် သာ၍ခွန်အား ကြီးကြပါ၏။
6הקשיבה אל רנתי כי דלותי מאד הצילני מרדפי כי אמצו ממני׃
7နာမတော် ကို အကျွန်ုပ်ချီးမွမ်း ရမည်အကြောင်း ၊ အကျွန်ုပ် ကို ထောင် ထဲက နှုတ်ဆောင် တော်မူပါ။ ထိုသို့ ကျေးဇူး ပြုတော်မူသောအခါ၊ ဖြောင့်မတ် သောသူတို့သည် အကျွန်ုပ် ကို ဝန်းရံ လျက်နေရကြပါလိမ့်မည်။
7הוציאה ממסגר נפשי להודות את שמך בי יכתרו צדיקים כי תגמל עלי׃
Tip: use the ← and → keys to turn chapters.