ဆာလံ 38
Judson Burmese Bible (1840)Translation
Judson Burmese Bible (1840)
Modern Hebrew Bible
1အိုထာဝရဘုရား ၊ အမျက် တော်ထွက်၍ အကျွန်ုပ် ကို အပြစ် တင်တော်မ မူပါနှင့်။ ပြင်းစွာ သောစိတ် တော်ရှိ၍ ဆုံးမ တော်မမူပါနှင့်။
1מזמור לדוד להזכיר יהוה אל בקצפך תוכיחני ובחמתך תיסרני׃
2မြှား တော်တို့သည် အကျွန်ုပ် ၌ စုဝေး ၍ ၊ လက် တော်သည် အကျွန်ုပ် ကို နှိပ် လျက်ရှိပါ၏။
2כי חציך נחתו בי ותנחת עלי ידך׃
3အမျက် တော်ထွက်သောကြောင့် ၊ အကျွန်ုပ် အသား သည် ကျန်းမာ ခြင်းမ ရှိပါ။ ဒုစရိုက် အပြစ်ကြောင့် အရိုး များထဲ မှာ သက်သာ ခြင်းမ ရှိပါ။
3אין מתם בבשרי מפני זעמך אין שלום בעצמי מפני חטאתי׃
4အကျွန်ုပ် ပြုမိသော ဒုစရိုက် တို့သည် အကျွန်ုပ် ခေါင်း ကို လွှမ်းမိုး ၍ ၊ လေး သောဝန် ကဲ့သို့ အကျွန်ုပ် မထမ်း နိုင်အောင် လေး ကြပါ၏။
4כי עונתי עברו ראשי כמשא כבד יכבדו ממני׃
5အကျွန်ုပ် မိုက် သောအမှုကြောင့် အနာ တို့သည် နံ စော်၍ ရိယွဲ့လျက်ရှိကြပါ၏။
5הבאישו נמקו חבורתי מפני אולתי׃
6အကျွန်ုပ်သည် ပြင်းထန် စွာခံရ၍၊ အလွန် နှိမ့်ချ လျက်၊ ကြမ်းတမ်းသောအဝတ်ကိုဝတ်လျက် တနေ့လုံး သွား ရပါ၏။
6נעויתי שחתי עד מאד כל היום קדר הלכתי׃
7အကျွန်ုပ် ခါး သည် ပူလောင် သောအနာစွဲ ၍ ၊ အသား သည်လည်း ကျန်းမာ ခြင်းမ ရှိပါ။
7כי כסלי מלאו נקלה ואין מתם בבשרי׃
8နုန်နဲ့ ခြင်း၊ ကြေကွဲ ခြင်းရှိ၍ ၊ စိတ် နှလုံးလှုပ်ရှား သဖြင့် အော်ဟစ် ရပါသည်။
8נפוגותי ונדכיתי עד מאד שאגתי מנהמת לבי׃
9အိုဘုရား ရှင်၊ အကျွန်ုပ် အလို ရှိသမျှ သည် ရှေ့ တော်၌ ထင်ရှားပါ၏။ အကျွန်ုပ် ညည်းတွား ခြင်း ကိုလည်း အကြွင်းမဲ့ သိတော်မူ၏။
9אדני נגדך כל תאותי ואנחתי ממך לא נסתרה׃
10အကျွန်ုပ် ၏ နှလုံး တုန်လှုပ် ၍၊ ခွန်အား လည်း ကုန် ပါပြီ။ မျက်စိ အလင်း သည် ကွယ် ပျောက်ပါပြီ။
10לבי סחרחר עזבני כחי ואור עיני גם הם אין אתי׃
11အကျွန်ုပ် ၏အဆွေ ခင်ပွန်း၊ အပေါင်း အဘော်တို့သည် အကျွန်ုပ် အနာ ရောဂါကြောင့် ၊ ဝေးဝေး ရပ် လျက် ၊ ပေါင်းဘော် တို့သည်လည်း ရှောင် လျက် နေကြ ပါ၏။
11אהבי ורעי מנגד נגעי יעמדו וקרובי מרחק עמדו׃
12အကျွန်ုပ် အသက် ကို ရှာ သောသူတို့သည် ကျော့ကွင်း များကို ထောင်ထားကြပါ၏။ အကျွန်ုပ် ၌ အပြစ် ပြုခြင်းအခွင့်ကို ရှာ သောသူတို့သည် တနေ့လုံး မနာလို သောစကားကိုပြော ၍ ၊ မကောင်းသောပရိယာယ် ကို ကြံစည် ကြပါ၏။
12וינקשו מבקשי נפשי ודרשי רעתי דברו הוות ומרמות כל היום יהגו׃
13အကျွန်ုပ် မူကား ၊ နားပင်း သောသူကဲ့ သို့ မ ကြား။ နှုတ် ကို မ ဖွင့် တတ်သောလူ ကဲ့ သို့ ဖြစ်ပါ၏။
13ואני כחרש לא אשמע וכאלם לא יפתח פיו׃
14နားမ ကြား ၊ ပြန် ၍မ ငြင်းနိုင်သော သူ ကဲ့ သို့ဖြစ် ပါ၏။
14ואהי כאיש אשר לא שמע ואין בפיו תוכחות׃
15အကြောင်း မူကား၊ အိုထာဝရဘုရား ၊ ကိုယ်တော် ကိုအကျွန်ုပ် ကိုးစား ပါ၏။ အကျွန်ုပ် ၏ အရှင် ဘုရား သခင်၊ ကိုယ်တော်သည် ပြန် ပြောတော်မူမည်။
15כי לך יהוה הוחלתי אתה תענה אדני אלהי׃
16သို့မဟုတ် ၊ သူတို့သည် အကျွန်ုပ်အမှုမှာ ဝမ်းမြောက် ကြပါလိမ့်မည်။ အကျွန်ုပ် သည် ခြေ ချော် သောအခါ အကျွန်ုပ် တဘက် ၌ ကိုယ် ကို ချီးမြှောက် ကြပါ လိမ့်မည်ဟု လျှောက် ပါပြီ။
16כי אמרתי פן ישמחו לי במוט רגלי עלי הגדילו׃
17အကျွန်ုပ် လဲ လု သည်ဖြစ်၍ ၊ ကိုယ် ဆင်းရဲ ခြင်းကို အစဉ် အောက်မေ့ လျက်နေရပါ၏။
17כי אני לצלע נכון ומכאובי נגדי תמיד׃
18ကိုယ် အပြစ် ကိုဘော် ပြပါ၏။ ပြစ်မှား မိသောကြောင့် စိတ် ပူပန်ခြင်းရှိပါ၏။
18כי עוני אגיד אדאג מחטאתי׃
19အကျွန်ုပ် ၏ ရန်သူ တို့ကား ၊ ကျန်းမာ လျက် ၊ ခွန်အား ကြီးလျက်ရှိ ကြပါ၏။ အကျွန်ုပ် ကို မ ဟုတ်မှန်ဘဲ မုန်း သောသူတို့ကား၊ များပြား ကြပါ၏။
19ואיבי חיים עצמו ורבו שנאי שקר׃
20အကျွန်ုပ် သည် ကျေးဇူး တရားကို ကြိုးစား၍ ကျင့် သောကြောင့် ၊ ကျေးဇူး အတွက် အပြစ် ပြု တတ်သောသူတို့ သည်အကျွန်ုပ် ကို ရန်ဘက် ပြုကြပါ၏။
20ומשלמי רעה תחת טובה ישטנוני תחת רדופי טוב׃
21အိုထာဝရဘုရား ၊ အကျွန်ုပ် ကို စွန့်ပစ် တော်မ မူ ပါနှင့်။ အကျွန်ုပ် ၏ ဘုရား ၊ အကျွန်ုပ် နှင့် ဝေးဝေးနေ တော် မ မူပါနှင့်။
21אל תעזבני יהוה אלהי אל תרחק ממני׃
22အကျွန်ုပ် ကို ကယ်တင် တော်မူသောဘုရား ရှင်၊ အကျွန်ုပ် ကိုမစ ခြင်းငှါ အလျင်အမြန်ကြွလာ တော်မူပါ။
22חושה לעזרתי אדני תשועתי׃
Tip: use the ← and → keys to turn chapters.