ယောဘဝတ္တု။ 19
Judson Burmese Bible (1840)Translation
Judson Burmese Bible (1840)
Kulish and Puluj Bible (1905)
1ယောဘ ပြန် ၍ မြွက်ဆိုသည်ကား၊
1І відказав Йов і рече:
2သင်တို့သည် ငါ့ စိတ်ဝိညာဉ် ကိုနှောင့်ရှက် ၍ အဘယ်မျှ ကာလပတ်လုံး သင်တို့စကား ဖြင့် ငါ့ ကိုချိုးဖဲ့ ကြလိမ့်မည်နည်း။
2Докіль мучити мете душу мою й торгати мене словами?
3ဆယ် ကြိမ် မြောက်အောင်ငါ့ ကို ကဲ့ရဲ့ ကြပြီ။ ငါ့ ကို မိန်းမော တွေဝေ စေခြင်းငှါ အရှက် မ ရှိဘဲပြုကြပြီ။
3Вже ж ви й так десять раз соромили мене; чи ж вам не стидно, так тїснити мене?
4ငါပြစ်မှား ပြီ မှန် စေတော့။ ငါ့ အပြစ် နှင့် ငါ သာဆိုင်၏။
4Коли я й справдї провинився, то провина моя на менї зостанесь.
5သင်တို့သည်ငါ့ အပေါ် ၌ ဝါကြွား ၍၊ ငါအရှက် ခံရသောကြောင့်၊ ငါ၌အပြစ်တင် ကြသော်လည်း၊
5А коли вам так любо, величатись надо мною й докоряти менї осоромленнєм моїм,
6ဘုရား သခင်သည်ငါ့ ကိုလှဲ ၍ မိမိ ကျော့ကွင်း ၌ ကျော့မိတော်မူကြောင်းကို သိမှတ် ကြလော့။
6То знайте, що се Бог поверг мене ʼд землї й обвів кругом мене сїть свою.
7ငါသည်ကိုယ်ခံရသောညှဉ်းဆဲ ခြင်းကိုအကြောင်းပြု၍ မြည်တမ်း သော်လည်း ၊ အဘယ်သူမျှနား မ ထောင်။ အော်ဟစ် သော်လည်း တရား သဖြင့် စီရင်သောသူမ ရှိ။
7Ось, я кричу: кривда! й нїхто не чує; я голошу, а нема суду (справедливого).
8ငါမ သွား နိုင်အောင် ငါ့ရှေ့မှာအဆီး အကာပြု၍၊ ငါ သွားရာလမ်း ၌ မှောင်မိုက် ကိုထားတော်မူပြီ။
8Він перегородив менї путь, і я не маю переходу, й розпростер темноту на стежки мої.
9ငါ့ ဂုဏ် အသရေကိုချွတ် ၍၊ ငါ့ ခေါင်း က ပေါင်းသရဖူ ကိုချ တော်မူပြီ။
9Зволїк із мене славу мою й зняв вінець із голови моєї.
10ငါ့ ကိုဝိုင်း ၍ ဖျက်ဆီး တော်မူသဖြင့် ငါပျောက် ကုန်ပြီ။ သစ်ပင် ကို နှုတ် သကဲ့သို့ ၊ ငါ မြော်လင့် ရသောအခွင့်ကို နှုတ်တော်မူပြီ။
10Навкруги опустошив мене, й я відходжу; й, неначе деревину, вирвав надїю мою.
11ငါ ၌ အမျက် တော်ကိုနှိုးဆော်၍၊ ငါ့ ကိုရန်သူ ကဲ့သို့မှတ် တော်မူ၏။
11Він запалав проти мене гнївом своїм, і в одно повернув мене з ворогами своїми.
12စစ်ချီလာ၍၊ စစ်သူရဲ တော်တို့သည် ငါ့ ရှေ့သို့ ရောက် ခြင်းငှါ၊ ကျုံးတူး၍ ငါ့ ပတ်လည် ၌ တပ်ချ ကြ၏။
12Полки його притягли купою й справили дорогу собі на мене, та обсїли кругом намет мій.
13ငါ့ ညီအစ်ကို တို့ကို ငါ နှင့် ကွာဝေး စေတော်မူ၏။ ငါ့အသိ အကျွမ်းတို့သည် ငါ့ကိုမသိ၊ ရိုင်း သောသူဖြစ် ကြ၏။
13Браттє моє оддалив від мене, а знакомі мої цураються мене.
14ငါ့ ပေါက်ဘော် တို့သည် ငါ့ကိုစွန့် ၍၊ ငါ့ သူငယ်ချင်း တို့သည် မေ့လျော့ ကြ၏။
14Рід мій покинув мене, й знакомі мої забули про мене.
15ငါ့ ကျွန် မများ၊ ငါ့ အိမ်သူ အိမ်သားများတို့သည် ငါ့ ကိုဧည့်သည် ကဲ့သို့ ၎င်း၊ တကျွန်း တနိုင်ငံသားကဲ့သို့၎င်း မှတ် ကြ၏။
15Домівники мої й служебки мої вважають усї за чужого мене; приходнем став я в очах їх.
16ငါ့ ကျွန် ကိုငါခေါ် သောအခါသူသည် မ ထူး ၊ သူ့ ကို နှုတ်ဆက်၍ တောင်းပန် ရ၏။
16Кличу раба мого, — він не озивається; мушу моїми його благати устами.
17ငါ့ မယား သည် ငါ့ အသက် လေကို၎င်း၊ ငါ့ သား သမီး တို့သည် ငါမြည်တမ်းခြင်းအသံကို၎င်းရွံ့ကြ၏။
17Жінка гидує диханнєм моїм, і менї треба вмоляти її згадкою на дїти від тїла мого.
18သူငယ် တို့သည်လည်း ငါ့ ကို မထီမဲ့မြင် ပြု၍ ငါထ သောအခါ ကဲ့ရဲ့ကြ၏။
18Ба й малі дїти мене за покидьку вважають: я підведусь, а вони збиткуються надо мною.
19ငါ့ မိတ်ဆွေ တို့သည် ငါ့ ကိုရွံ ၍၊ ငါချစ် သောသူတို့ သည် ငါ့ ရန်သူဖြစ်ကြ၏။
19Всї, що до грудї моєї тулились, гордують мною, а ті, кого я любив, проти мене встали.
20ငါ့ အရေ အသား သည်ငါ့ အရိုး တို့၌ ကပ် လျက်ရှိ၏။ သွားဖုံး တခုသာပါလျက်ငါပြေးလွတ် ရ၏။
20Поприсихали кістки до кожі й до тїла мого, зосталась тільки кожа около зубів моїх:
21အိုအဆွေ ခင်ပွန်းတို့၊ ငါ့ ကိုသနား ကြပါ။ ငါ့ ကိုသနား ကြပါ။ ဘုရား သခင်၏ လက် တော်သည် ငါ့ ကို ထိခိုက် ပါပြီ။
21О, змилосердьтесь, помилуйте мене хоч ви, мої друзї, бо рука Божа побила мене!
22ဘုရား သခင်ညှဉ်းဆဲတော်မူသည်နည်းတူ အဘယ်ကြောင့် သင်တို့သည် ညှဉ်းဆဲ ကြသနည်း။ အဘယ်ကြောင့်ငါ့ အသား ကို စား၍ မ ရောင့််ရဲ ဘဲနေကြသနည်း။
22За що й ви ще мене женете, так як Бог, наче б не могли насититись тїлом моїм?
23ငါ့ စကား ကိုယခုရေးမှတ် ပါစေသော။ စာရင်း ၌ သွင်းထားပါစေသော။
23О, коли б то слова мої написано! в книзї коли б можна їх начертати рильцем залїзним на олові, —
24ခဲပြား ပေါ်မှာကညစ် နှင့် အက္ခရာ တင်လျက်၊ ကျောက်စာ ထိုး လျက်မြဲ ပါစေသော။
24Про вічні часи на каменї видовбати!
25ငါ့ ကို ရွေးနှုတ် သောသခင်သည် အသက် ရှင်၍၊ နောင် ကာလ၌ မြေမှုန့် အပေါ် မှာ ပေါ် လာတော်မူမည် ဟူ၍၎င်း၊
25Я знаю — Відкупитель мій живе, й він у послїдний день підійме з пороху отсю розпадаючуся кожу мою,
26ငါ့ အရေ ကုန်ပြီးမှ ဤ ကိုယ်ကိုပင် ဖျက်ဆီး သော်လည်း၊ ငါသည်ကိုယ်ခန္ဓါ ၌ ဘုရား သခင်ကိုမြင် မည်ဟူ၍၎င်း ငါသိ ၏။
26І я в тїлї мойму побачу Бога.
27ငါ့ဘက်၌ နေတော်မူသောဘုရားသခင်ကို ငါမြင် မည်။ သူတပါး မြင် သည်သာမက၊ ငါ သည် ကိုယ် မျက်စိ နှင့်ဖူးမြင်မည်။ ထိုသို့မြော်လင့်၍ ငါ့ ကျောက်ကပ် သည် ပျက် လျက်ရှိ၏။
27Я самий вбачу його; мої очі, не очі когось другого, побачать його. Аж ниє серце в грудї моїй!
28ယခုမှာသင်တို့က၊ ငါတို့သည် သူ့ ကို အဘယ်သို့ ညှဉ်းဆဲ ရမည်နည်း။ သူ၌အပြစ်တင်သောအခွင့်ကို အဘယ်သို့တွေ့ရမည်နည်းဟု ဆိုကြသည်ဖြစ်၍၊
28Вам про мене сказати б: За що нам гнати його? Як коли б корінь злого знайдено в менї!
29ထား ဘေးကိုကြောက် ကြလော့။ အကြောင်း မူကား၊ အမျက် တော်သည်ထား ဘေးဖြင့် အပြစ် ပေးတတ် ၏။ အပြစ် စီရင်ရသောအချိန်ရှိကြောင်းကို သိမှတ် ကြလော့ဟု မြွက်ဆို ၏။
29О, бійтесь меча (Божого), бо меч той мстить неправду, й знайте, що є суд Божий!
Tip: use the ← and → keys to turn chapters.