၂ပေတရု 1
Judson Burmese Bible (1840)Translation
Judson Burmese Bible (1840)
Kulish and Puluj Bible (1905)
1ယေရှု ခရစ် ၏ကျွန် တမန်တော် ငါရှိမုန် ပေတရု သည် ကယ်တင် တော်မူသောအရှင်၊ ငါ တို့ဘုရားသခင် ယေရှု ခရစ် ၏ ဖြောင့်မတ် ခြင်းတရားကို ငါ တို့ ယုံကြည် သည်နည်းတူ ၊ မြတ်စွာသော ယုံကြည်ခြင်း ကို ရသောသူ တို့အား ကြားလိုက်ပါ၏။
1Симон Петр, слуга і апостол Ісуса Христа, тим, що з нами однаку дорогу віру приняли по правдї Бога нашого і Спаса Ісуса Христа:
2ဘုရားသခင် ကို၎င်း ၊ ငါ တို့သခင် ယေရှု ကို၎င်း၊ သိသောဉာဏ် အားဖြင့် ၊ ကျေးဇူး တော်နှင့် ငြိမ်သက် ခြင်းသည် သင် တို့၌များပြား ပါစေသော။
2благодать вам і впокій нехай умножить ся в познанню Бога й Ісуса, Господа нашого.
3ထိုသို့နှင့်အညီ ငါ တို့ကိုဘုန်းတန်ခိုး တော်နှင့် ခေါ် တော်မူသော ဘုရား ကို သိသောဉာဏ် အားဖြင့် ၊ ငါ တို့အားအသက် ရှင်ခြင်း၊ ဘုရား ဝတ်၌ မွေ့လျော်ခြင်းနှင့်စပ်ဆိုင်သောအရာရှိသမျှ တို့ကို ဘုရား တန်ခိုး တော်သည် ပေး သနားတော်မူပြီ။
3Яко ж усе до життя і побожности дароване нам Божою силою Його, через познаннє Покликавшого нас славою і чеснотою (милостю),
4ထိုသို့သောအားဖြင့် လည်း အလွန်ကြီးမြတ် ၍ အဘိုး ထိုက်သော ဂတိ များကို ငါ တို့၌အပ်ပေး တော်မူပြီ။ အကြောင်းမူကား၊ ထို ဂတိတော် များ ကို အမှီပြု ၍ သင်တို့သည် လောကီ တပ်မက် ခြင်းအညစ်အကြေး နှင့် ကင်းလွတ် သဖြင့်၊ ဘုရား ပကတိ ကိုဆက်ဆံ ရသောသူ ဖြစ် ကြမည်အကြောင်း တည်း။
4чим найбільші і дорогі обітницї даровані нам, щоб через них були ви спільниками Божої природи, ухиляючись від тлїнного хотїння, що в сьвітї,
5ထိုသို့ အလိုငှာ၊ သင် တို့သည် ယုံကြည် ခြင်း၌ သီလ ကို၎င်း ၊ သီလ ၌ ပညာ ကို၎င်း၊
5то доложіть до сього усе ваше стараннє, і подайте у вірі вашій чесноту, а в чеснотї розум,
6ပညာ ၌ ကာမဂုဏ် ချုပ်တည်းခြင်းကို၎င်း ၊ ကာမဂုဏ် ချုပ်တည်းခြင်း၌ သည်းခံ ခြင်းကို၎င်း၊ သည်းခံ ခြင်း၌ ဘုရား ဝတ်ကိုပြု၍ မွေ့လျော်ခြင်းကို၎င်း၊
6а в розумі вдержаннє, а у вдержанню терпіннє, а в терпінню побожність,
7ထိုမွေ့လျော် ခြင်း၌ ညီအစ်ကို စုံမက်ခြင်းကို၎င်း ၊ ညီအစ်ကို စုံမက်ခြင်း၌ ချစ် ခြင်းမေတ္တာကို၎င်း၊ အလွန် ကြိုးစားအားထုတ်၍ ထပ်ဆင့်ကြလော့။
7а в побожностї братню любов, а в братній любові любов (для всїх).
8အကြောင်းမူကား ၊ ထိုပါရမီ တို့သည် သင် တို့၌ ရှိ ၍ ကြွယ်ဝ လျှင်၊ ငါ တို့သခင် ယေရှု ခရစ် ကို သိကျွမ်း ခြင်း၌ မ ပျင်းရိ စေခြင်းငှာ၎င်း၊ အကျိုးမဲ့ မ ဖြစ်စေခြင်းငှာ၎င်း၊ ပြုပြင်တတ်ကြ၏။
8Коли бо се буде у вас і умножить ся, то не оставить вас лїнивими, анї безплодними в познаннї Господа нашого Ісуса Христа.
9ထို ပါရမီနှင့် ကင်း သောသူ မူကား ၊ မျက်စိ ကန်း၏။ ကိုယ်မျက်စိကိုကိုယ်ပိတ် ၏။ မိမိ အပြစ် ဟောင်း ဆေးကြော ကြောင်းကို မေ့လျော့ ၏။
9У кого бо нема сього, той слїпий і коротко видющий, що забув на очищеннє давних своїх гріхів.
10ထိုကြောင့် ၊ ညီအစ်ကို တို့၊ သင် တို့ခံရ သော ခေါ် တော်မူခြင်းနှင့် ရွေးချယ် တော်မူခြင်းကို တည်မြဲ စေခြင်းငှာသာ၍ ကြိုးစား အားထုတ်ကြလော့။ သို့ပြုလျှင်၊ ရွေ့လျော့ခြင်းနှင့်အစဉ်ကင်းလွတ်သည်ဖြစ်၍၊
10Тим то, брати, старайтесь більше утвердити ваше покликаннє і вибраннє; се бо роблячи, нїколи не спотикнетесь.
11ငါ တို့ကို ကယ်တင် တော်မူသောအရှင်သခင် ယေရှု ခရစ် ၏ ထာဝရ နိုင်ငံ တော်ထဲသို့ ဝင်စား ခြင်းအခွင့် ကို သင် တို့အားကြွယ်ဝ စွာပေး သနားတော်မူလတံ့။
11Так бо щедро дозволить ся вам вхід у вічнє царство Господа нашого і Спаса Ісуса Христа.
12ထိုကြောင့် ၊ ယခု ဟောပြောသောသမ္မာတရား ကို သင်တို့သည် နားလည် ၍ တည်ကြည် ခြင်းရှိသော်လည်း ၊ ဤသို့သောစကားများနှင့် သင် တို့အား အစဉ်မပြတ် သတိပေး မည် အမှုကို ငါမမေ့မလျော့။
12Тим і не занехую завсїди пригадувати вам сї речи, хоч ви й знаєте, і утверджені у сїй правдї.
13ငါ တို့သခင် ယေရှု ခရစ် သည် ဗျာဒိတ် ပေးတော်မူသည်အတိုင်း ၊
13Видить ся ж менї право, доки я у сїй оселї, розбуджувати вас у наповіданню;
14ငါ တည်းခို ရာတဲကို မ ကြာမမြင့်မှီ ငါပစ် သွားရမည်အရာ ကို ငါသိမှတ် ၍၊ ဤ တဲ ၌ ရှိ နေစဉ်ကာလ ပတ်လုံး ၊ သင် တို့ကို သတိပေး ၍ နှိုးဆော် အပ်သည်ဟု ငါသဘော ရှိ၏။
14знаючи, що скоро оставлю оселю мою, яко ж і Господь наш Ісус Христос обявив менї.
15ထိုမှတစ်ပါး ၊ ငါ စုတေ့သည်နောက် ၊ သင် တို့သည် ဤ အရာများကို အစဉ် မှတ်မိ စေခြင်းငှာငါ ကြိုးစားအားထုတ်မည်။
15Старати му ся ж, щоб ви і всюди, по моєму розстанню, робили спомин сїх річей.
16ငါ တို့သခင် ယေရှု ခရစ် ၏ တန်ခိုး တော်ကို၎င်း ၊ ကြွလာ တော်မူခြင်းကို၎င်း၊ သင် တို့အား ကြားပြော သောအခါ၊ ငါတို့သည် ပရိယာယ် နှင့် ပြင်ဆင် သော ဒဏ္ဍာရီ စကားကိုမ လိုက် ၊ ဘုန်း အာနုဘော်တော်ကို ကိုယ်တိုင် မြင် သော သူ ဖြစ် ကြ၏။
16Не за байками бо, хитро придуманими, йдучи, обявили ми вам силу і прихід Господа нашого Ісуса Христа, а бувши самовидцями величчя Його.
17အဘယ်သို့ နည်းဟူမူကား၊ ဤသူ သည် ငါ နှစ်သက် မြတ်နိုးရာ၊ ငါ ၏ ချစ်သား ပေတည်းဟူသောအသံ တော်သည်၊ ထူးမြတ် သောအရောင်အဝါ တော်ထဲက၊ ထိုသခင် သို့ရောက် သောအခါ၊ ခမည်းတော် ဘုရားသခင့် အထံ တော်မှ ဂုဏ်သရေ ဘုန်း အာနုဘော်ကိုခံရ တော်မူ၏။
17Бо Він приняв від Бога Отця честь і славу, коли зійшов до Него од величньої слави такий голос: „Се Син мій любий, що я вподобав Його.‟
18ကောင်းကင် က ရောက်လာ သော ထို အသံ တော် ကို ငါ တို့သည် သန့်ရှင်း သောတောင် ပေါ်မှာ သခင် ဘုရား နှင့်အတူ ရှိ သောအခါကြား ရကြ၏။
18І сей голос чули ми, як сходив з неба, бувши з Ним на горі сьвятій.
19ထိုမှတစ်ပါး၊ သာ၍ မြဲမြံသော အနာဂတ္တိ စကား တော်သည် ငါတို့၌ ရှိသေး၏။ စိတ် နှလုံးထဲ၌ အာရုဏ်တက် ၍ ကြယ်နီပေါ်ထွက် သည် ကာလ တိုင်အောင် ၊ ထို အနာဂတ္တိ စကား တော်ကို မှောင်မိုက် အရပ် ၌ ထွန်းလင်း သောဆီမီး ကဲ့သို့ မှတ် ၍၊ သင်တို့သည် အမှီပြုသင့်ကြ၏။
19Ще ж маємо певнїще слово пророче, і ви добре робите, вважаючи на него, як на сьвітильника, що сьвітить в темному місцї, аж день засияє, і денниця зійде в серцях ваших;
20ကျမ်းစာ ၌ပါသော အနာဂတ္တိ စကားမည်သည်ကား ၊ ကိုယ် အလိုအလျောက်အနက် မ ပေါ်ဟု ရှေ့ဦးစွာ သိမှတ် ကြလော့။
20се найперш знаючи, що жадне книжне пророцтво не дїєть ся своїм розвязаннєм.
21အကြောင်းမူကား ၊ အနာဂတ္တိ စကားသည် လူ အလို အားဖြင့်ဖြစ် ဘူးသည်မ ဟုတ်၊ ဘုရားသခင် ၏ သန့်ရှင်း သောသူ တို့သည် သန့်ရှင်းသော ဝိညာဉ် တော်၏ တိုက်တွန်းတော်မူခြင်းကို ခံရ ၍ ဟောပြော ကြ၏။
21Бо нїколи із волї чоловіка не виповідано пророцтво, а від Духа сьвятого розбуджувані, промовляли сьвяті люде Божі.
Tip: use the ← and → keys to turn chapters.