ရှင်မဿဲ 22
Judson Burmese Bible (1840)Translation
Judson Burmese Bible (1840)
Clementine Vulgate, 1598
1တစ်ဖန် ယေရှု သည် ဥပမာ ကိုဆောင်၍ ပရိသတ် တို့အား မိန့်မြွက် တော်မူသည်ကား၊
1Et respondens Jesus, dixit iterum in parabolis eis, dicens:
2ကောင်းကင် နိုင်ငံ တော်သည် မိမိ သား အဘို့ ထိမ်းမြား မင်္ဂလာဆောင်ပွဲကို စီရင် သောမင်းကြီး နှင့်တူ ၏။
2Simile factum est regnum cælorum homini regi, qui fecit nuptias filio suo.
3ထိုမင်းကြီးသည် ဘိတ် ပြီးသောသူ တို့ကို ခေါ် စေခြင်းငှာလုလင် တို့ကိုစေလွှတ် သောအခါ ထိုသူတို့သည် မ လာ ဘဲနေကြ၏။
3Et misit servos suos vocare invitatos ad nuptias, et nolebant venire.
4တစ်ဖန် အခြား သောလုလင် တို့ကို စေလွှတ် ၍ ငါ့ ပွဲ ကို ငါပြင်ဆင် ပြီ။ နွား မှစသောဆူဖြိုး သော တိရစ္ဆာန် များကို သတ် ၍ပြီးပြီ။ အလုံးစုံ တို့သည် အသင့် ရှိပြီ။ မင်္ဂလာဆောင်ပွဲ သို့ လာ ကြပါဟု ဘိတ် ပြီးသောသူ တို့အား ပြော ကြဟု မှာ လိုက်ပြန်၏။
4Iterum misit alios servos, dicens: Dicite invitatis: Ecce prandium meum paravi, tauri mei et altilia occisa sunt, et omnia parata: venite ad nuptias.
5သို့သော်လည်း ထိုသူ တို့သည် နားမထောင် ဘဲ အချို့ တို့သည် မိမိ လယ် သို့ သွား ကြ၏။ အချို့ တို့သည် ကုန်သွယ် ရာသို့ သွားကြ၏။
5Illi autem neglexerunt: et abierunt, alius in villam suam, alius vero ad negotiationem suam:
6ကြွင်း သောသူ တို့သည်လည်း လုလင် တို့ကိုဘမ်းဆီး ၍ ညှဉ်းဆဲ ခြင်း၊ အသေ သတ်ခြင်းကို ပြုကြ၏။
6reliqui vero tenuerunt servos ejus, et contumeliis affectos occiderunt.
7ထိုမင်းကြီး သည်ကြားလျှင် အမျက်ထွက် ၍ စစ် ချီ စေသဖြင့် ၊ လူ အသက်ကိုသတ်သော ထို သူတို့ကို အပြီးလုပ်ကြံ ၍ သူ တို့၏မြို့ ကို မီးရှို့ လေ၏။
7Rex autem cum audisset, iratus est: et missis exercitibus suis, perdidit homicidas illos, et civitatem illorum succendit.
8ထိုနောက်မှ မင်းကြီးသည်လုလင် တို့ကိုခေါ်၍ ငါ၏မင်္ဂလာဆောင် ပွဲသည် အသင့် ရှိ ၏။ ခေါ်ဘိတ် သောသူ တို့သည် မ ထိုက် မတန်သောကြောင့် ၊
8Tunc ait servis suis: Nuptiæ quidem paratæ sunt, sed qui invitati erant, non fuerunt digni:
9လမ်းမ လမ်းကြား သို့ သွား ၍ တွေ့ သမျှ သောသူတို့ကို ပွဲ သို့ ခေါ်ဘိတ် ကြဟု အမိန့် တော်ရှိသည်အတိုင်း၊
9ite ergo ad exitus viarum, et quoscumque inveneritis, vocate ad nuptias.
10လုလင် တို့သည် လမ်း များသို့ ထွက်သွား ၍ ကောင်း မကောင်း တွေ့ သမျှ သော လူအပေါင်း တို့ကို စုဝေး စေ၍ ပွဲ တော်၌ အပြည့် ရှိလေ၏။
10Et egressi servi ejus in vias, congregaverunt omnes quos invenerunt, malos et bonos: et impletæ sunt nuptiæ discumbentium.
11မင်းကြီး သည် ပွဲ ၌ လျောင်း သောသူ တို့ကို ကြည့်ရှု ခြင်းငှာဝင် တော်မူသောအခါ ၊ မင်္ဂလာဆောင် ပွဲ၏ အဝတ် ကိုမ ဝတ် သောသူ တစ်ယောက်ကိုမြင် လျှင် ၊
11Intravit autem rex ut videret discumbentes, et vidit ibi hominem non vestitum veste nuptiali.
12အဆွေ ၊ မင်္ဂလာဆောင် ပွဲ၏ အဝတ် မ ရှိ ဘဲ အဘယ်ကြောင့် ဝင် သနည်းဟု မေး တော်မူသည်ကို ထိုသူ သည် မ ပြောနိုင်ဘဲနေ၏။
12Et ait illi: Amice, quomodo huc intrasti non habens vestem nuptialem? At ille obmutuit.
13ထိုအခါ မင်းကြီး သည် အခြံအရံ တို့အား ထိုသူ ၏လက် ခြေ ကိုတုပ်နှောင် လော့။ ငိုကြွေး ခြင်းအံသွား ခဲကြိတ် ခြင်းရှိ ရာ၊ ပြင် အရပ် မှောင်မိုက် ထဲသို့ ယူသွားချ လိုက်ကြဟု အမိန့် တော်ရှိ၏။
13Tunc dicit rex ministris: Ligatis manibus et pedibus ejus, mittite eum in tenebras exteriores: ibi erit fletus et stridor dentium.
14ထိုသို့ ခေါ် တော်မူသောသူအများ ရှိ သော်လည်း ၊ ရွေးကောက် တော်မူသောသူနည်း သည် ဟု မိန့်တော်မူ၏။
14Multi enim sunt vocati, pauci vero electi.
15ထိုအခါ ဖာရိရှဲ တို့သည် ထွက်သွား ပြီးလျှင်၊ ငါတို့သည်သူ ၏စကား ကို ချောင်းမြောင်း၍ အပြစ် ပြုခွင့်ကို အဘယ်သို့ရ နိုင်သနည်းဟု မေးမြန်း တိုင်ပင်ပြီးမှ၊
15Tunc abeuntes pharisæi, consilium inierunt ut caperent eum in sermone.
16မိမိ တပည့် တို့နှင့် ဟေရုဒ် တပည့်တို့ကို အထံ တော်သို့စေလွှတ် ၍ အရှင် ဘုရား၊ ကိုယ်တော်သည် သစ္စာ ရှိပါ၏။ အဘယ်သူ ကိုမျှမ ကြောက် ၊ လူ မျက်နှာ ကိုမ ထောက် ဘဲ ဘုရားသခင် ၏တရားလမ်း ကို ဟုတ်မှန် စွာ ပြ တော်မူသည်ကို အကျွန်ုပ်တို့သိ ကြပါ၏။
16Et mittunt ei discipulos suos cum Herodianis, dicentes: Magister, scimus quia verax es, et viam Dei in veritate doces, et non est tibi cura de aliquo: non enim respicis personam hominum:
17သို့ဖြစ်၍ ကိုယ်တော် သည် အဘယ်သို့ ထင် တော်မူသနည်း။ ကဲသာ ဘုရင်အားအခွန် ကို ဆက် အပ် သလော။ မ ဆက်အပ်သလော အကျွန်ုပ် တို့အား မိန့် တော်မူပါဟု မေးလျှောက် ကြ၏။1”
17dic ergo nobis quid tibi videtur, licet censum dare Cæsari, an non?
18ယေရှု သည် ထိုသူ တို့၏ဆိုးညစ် သောသဘောကို သိ တော်မူလျှင် ၊ လျှို့ဝှက် သောသူတို့၊ အဘယ်ကြောင့် ငါ့ ကို စုံစမ်း နှောင့်ရှက်ကြသနည်း။
18Cognita autem Jesus nequitia eorum, ait: Quid me tentatis, hypocritæ?
19အခွန် ငွေ တစ်ပြားကိုပြ ပါ ဟု မိန့် တော်မူ၍၊ ဒေနာရိ တစ်ပြားကို ယူခဲ့ ကြ၏။
19ostendite mihi numisma census. At illi obtulerunt ei denarium.
20ဤ ပုံ ဤလိပ်စာ ကား၊ အဘယ်သူ ၏ပုံ အဘယ်သူ၏လိပ်စာဖြစ်သနည်း ဟု မေး တော်မူလျှင် ၊
20Et ait illis Jesus: Cujus est imago hæc, et superscriptio?
21ကဲသာ ဘုရင်၏ပုံ၊ လိပ်စာဖြစ်ပါသည်ဟု လျှောက် ကြသော်၊ ယေရှုကလည်း၊ ကဲသာ ဘုရင်၏ဥစ္စာ ကို ကဲသာ ဘုရင်အား ဆက်ပေး ကြလော့။ ဘုရားသခင် ၏ ဥစ္စာ ကိုကား ဘုရားသခင် အားဆက်ပေးကြလော့ ဟု မိန့် တော်မူ၏။
21Dicunt ei: Cæsaris. Tunc ait illis: Reddite ergo quæ sunt Cæsaris, Cæsari: et quæ sunt Dei, Deo.
22ထိုသူတို့သည် ကြား ရလျှင် အံ့ဩ ၍ အထံ တော်မှ ထွက် သွား ကြ၏။
22Et audientes mirati sunt, et relicto eo abierunt.
23ထမြောက် ရှင်ပြန်ခြင်းမ ရှိ ဟူ၍အယူရှိသော ဇဒ္ဒုကဲ တို့သည် ထို နေ့ ၌ အထံ တော်သို့ချဉ်းကပ် ၍၊
23In illo die accesserunt ad eum sadducæi, qui dicunt non esse resurrectionem: et interrogaverunt eum,
24အရှင် ဘုရား၊ လူ မည်သည်ကားသား မ ရှိ ဘဲသေ လျှင် ၊ သူ ၏မယား ကို သူ့ ညီ သိမ်းယူ ၍ အစ်ကို အမျိုး မပြတ်ဆက်နွယ် စေဟု မောရှေ စီရင်ပါပြီ။
24dicentes: Magister, Moyses dixit: Si quis mortuus fuerit non habens filium, ut ducat frater ejus uxorem illius, et suscitet semen fratri suo.
25ကျွန်ုပ် တို့တွင် ညီအစ်ကို ခုနစ် ယောက်ရှိ ပါ၏။ အစ်ကိုအကြီး သည် မိန်းမနှင့် စုံဘက် ၍ သား မ ရှိ ဘဲ သေ သဖြင့် မိမိ မယား ကို မိမိ ညီ နှင့် ကျန်ရစ် စေ၏။
25Erant autem apud nos septem fratres: et primus, uxore ducta, defunctus est: et non habens semen, reliquit uxorem suam fratri suo.
26ထိုအတူ တစ်ယောက်နောက်တစ်ယောက် ခုနစ် ယောက်သောညီအစ်ကိုတို့သည် ထိုမိန်းမနှင့် စုံဘက်ပြီးမှသေကြ၏။
26Similiter secundus, et tertius usque ad septimum.
27နောက်ဆုံး ၌ မိန်းမ သည်လည်း သေ လေ၏။
27Novissime autem omnium et mulier defuncta est.
28သို့ဖြစ်၍ ထမြောက် ရာကာလ၌ ထိုမိန်းမသည်ခုနစ် ယောက်သောညီအစ်ကိုတို့တွင် အဘယ်သူ ၏ မယား ဖြစ် ရပါမည်နည်း။ ထိုသူအပေါင်း တို့သည် ထိုမိန်းမ နှင့်စုံဘက် ခြင်းကို ပြုကြပြီဟု မေးလျှောက် ကြ၏။
28In resurrectione ergo cujus erit de septem uxor? omnes enim habuerunt eam.
29ယေရှု ကလည်း ၊ သင်တို့သည် ကျမ်းစာ ကိုနား မ လည်၊ ဘုရားသခင် ၏တန်ခိုး တော်ကို မ သိသောကြောင့်မှား သောအယူကိုယူကြ၏။
29Respondens autem Jesus, ait illis: Erratis nescientes Scripturas, neque virtutem Dei.
30ထမြောက် ရာကာလ၌ စုံဘက် ခြင်းကို မ ပြု၊ ထိမ်းမြား ပေးစားခြင်းကို မ ပြု။
30In resurrectione enim neque nubent, neque nubentur: sed erunt sicut angeli Dei in cælo.
31ကောင်းကင် သားဘုရားသခင်၏ တမန်တော် ကဲ့သို့ ဖြစ် ကြ၏။
31De resurrectione autem mortuorum non legistis quod dictum est a Deo dicente vobis:
32ထိုမှတပါးသေ လွန်သောသူ တို့သည် ထမြောက် ခြင်းအရာမှာ၊ ဘုရားသခင် က၊ ငါ သည် အာဗြဟံ ၏ ဘုရား ၊ ဣဇာက် ၏ဘုရား ၊ ယာကုပ် ၏ဘုရား ဖြစ် သည်ဟု သင် တို့အား မိန့်မြွက် တော်မူကြောင်းကို သင်တို့သည် မ ဘတ် ဘူးသလော။ ဘုရားသခင်သည် သေ နေသောသူတို့၏ ဘုရား မ ဟုတ် ၊ အသက် ရှင်သောသူတို့၏ ဘုရားဖြစ်တော်မူသည် ဟု မိန့် တော်မူ၏။
32Ego sum Deus Abraham, et Deus Isaac, et Deus Jacob? Non est Deus mortuorum, sed viventium.
33ပရိသတ် များတို့သည် ကြား ရလျှင် ဆုံးမ ဩဝါဒပေးတော်မူသည်ကို အံ့ဩ ခြင်းရှိကြ၏။
33Et audientes turbæ, mirabantur in doctrina ejus.
34ဇဒ္ဒုကဲ တို့၏ စကား ကို ချေတော်မူကြောင်း ကို ဖာရိရှဲ တို့သည်ကြား လျှင် စုဝေး ကြ၍ ၊
34Pharisæi autem audientes quod silentium imposuisset sadducæis, convenerunt in unum:
35သူ တို့အဝင် အပါဖြစ်သော ကျမ်းတတ် တစ် ယောက်သည် ကိုယ်တော် ကို စုံစမ်း နှောင့်ရှက်ခြင်းငှာ၊
35et interrogavit eum unus ex eis legis doctor, tentans eum:
36အရှင် ဘုရား၊ ပညတ္တိ ကျမ်း၌ အဘယ် မည်သော ပညတ် သည်သာ၍ ကြီးသနည်းဟု မေးလျှောက် သော်၊
36Magister, quod est mandatum magnum in lege?
37ယေရှု က၊ သင် ၏ဘုရားသခင် ထာဝရ ဘုရားကို စိတ် နှလုံးအကြွင်းမဲ့ ဉာဏ် ရှိသမျှ နှင့် ချစ် လော့၊
37Ait illi Jesus: Diliges Dominum Deum tuum ex toto corde tuo, et in tota anima tua, et in tota mente tua.
38ဟူသော ပညတ်သည် ပဌမ ပညတ် ဖြစ် ၏။ ကြီးမြတ် သော ပညတ်လည်း ဖြစ်၏။
38Hoc est maximum, et primum mandatum.
39ထိုမှတပါးကိုယ် နှင့်စပ်ဆိုင် သောသူကို ကိုယ် နှင့်အမျှ ချစ် လော့ဟူသောဒုတိယ ပညတ်သည် ပဌမ ပညတ်နှင့် သဘောတူ ၏။
39Secundum autem simile est huic: Diliges proximum tuum, sicut teipsum.
40ဤ ပညတ် နှစ် ပါးတို့ကား ပညတ္တိ ကျမ်းနှင့် အနာဂတ္တိ ကျမ်း ရှိသမျှ တို့၏ အချုပ်အခြာ ပင်ဖြစ်သတည်း ဟု မိန့် တော်မူ၏။
40In his duobus mandatis universa lex pendet, et prophetæ.
41ဖာရိရှဲ တို့သည် စုဝေး ၍ နေကြစဉ်တွင်ယေရှု က၊ သင် တို့သည် ခရစ်တော် ကို အဘယ်သို့ ထင်မှတ် ကြ သနည်း။
41Congregatis autem pharisæis, interrogavit eos Jesus,
42အဘယ်သူ ၏ သား ဖြစ် သနည်း ဟု မေး တော်မူလျှင်၊ ဒါဝိဒ် ၏သား ဖြစ်သည်ဟု လျှောက် ကြသော်၊
42dicens: Quid vobis videtur de Christo? cujus filius est? Dicunt ei: David.
43သို့ဖြစ်လျှင် ဒါဝိဒ် သည် ခရစ်တော် ကို သခင် ဟူ၍ဝိညာဉ် တော်အားဖြင့် အဘယ်ကြောင့် ခေါ် သနည်း။
43Ait illis: Quomodo ergo David in spiritu vocat eum Dominum, dicens:
44ဒါဝိဒ်၏စကားမှာ ထာဝရ ဘုရားက၊ သင် ၏ ရန်သူ တို့ကို သင် ၏ခြေ တင်ရာငါမ ချ မထားမှီတိုင်အောင်ငါ့ လက်ျာ ဘက်၌ ထိုင် နေလော့ဟု ငါ ၏သခင် အား မိန့် တော်မူသည်ဟု ဒါဝိဒ်ဆိုသတည်း။
44Dixit Dominus Domino meo: Sede a dextris meis, donec ponam inimicos tuos scabellum pedum tuorum?
45ထိုသို့ ဒါဝိဒ် သည် ခရစ်တော် ကိုသခင် ဟူ၍ခေါ် လျှင် ၊ အဘယ်သို့ သူ ၏သား ဖြစ် သနည်း ဟု မေး တော်မူသည်ရှိသော်၊
45Si ergo David vocat eum Dominum, quomodo filius ejus est?
46အဘယ်သူ မျှစကား တစ်ခွန်းကိုပြန် လျှောက်ခြင်းငှာမတတ်နိုင် ကြ။ ထို နေ့ မှစ၍ နောက်တစ်ဖန် အဘယ်သူ မျှမ မေး မလျှောက်ဝံ့ ကြ။
46Et nemo poterat ei respondere verbum: neque ausus fuit quisquam ex illa die eum amplius interrogare.
Tip: use the ← and → keys to turn chapters.