ရှင်မဿဲ 28
Judson Burmese Bible (1840)Translation
Judson Burmese Bible (1840)
Clementine Vulgate, 1598
1ဥပုသ်နေ့ လွန် ခုနစ် ရက်တွင် ပဌမ နေ့ရက်မိုဃ်းလင်း အံ့ဆဲဆဲအချိန်၌၊ မာဂဒလ မာရိ နှင့် အခြား သော မာရိ သည် သင်္ချိုင်း တော်ကို အကြည့်အရှု သွား ကြ၏။
1Vespere autem sabbati, quæ lucescit in prima sabbati, venit Maria Magdalene, et altera Maria, videre sepulchrum.
2ထိုအခါ မြေကြီး သည် ပြင်းစွာ လှုပ်လေ၏။ အကြောင်းမူကား ၊ ထာဝရ ဘုရား၏ ကောင်းကင်တမန် သည် ကောင်းကင် ဘုံမှ ဆင်းလာ ၍၊ တွင်းဝ၌ပိတ်သောကျောက် ကို လှိမ့်လှန် ပြီးလျှင် ၊ ထိုကျောက် ပေါ်မှာ ထိုင် နေ၏။
2Et ecce terræmotus factus est magnus. Angelus enim Domini descendit de cælo: et accedens revolvit lapidem, et sedebat super eum:
3သူ ၏မျက်နှာ သည် လျှပ်စစ် ကဲ့သို့ ထင် ၏။ အဝတ် သည်လည်း မိုဃ်းပွင့် ကဲ့သို့ ဖြူ ၏။
3erat autem aspectus ejus sicut fulgur: et vestimentum ejus sicut nix.
4လူစောင့် တို့သည် ကောင်းကင် တမန်ကို ကြောက်ရွံ့ သဖြင့် တုန်လှုပ် ၍ သေ မတတ်ဖြစ် ကြ၏။
4Præ timore autem ejus exterriti sunt custodes, et facti sunt velut mortui.
5ကောင်းကင် တမန်ကလည်း ၊ ကြောက်ရွံ့ ခြင်းမ ရှိကြနှင့်။ လက်ဝါးကပ်တိုင် မှာသတ်သောယေရှု ကို သင် တို့ရှာ ကြသည်ကို ငါသိ ၏။
5Respondens autem angelus dixit mulieribus: Nolite timere vos: scio enim, quod Jesum, qui crucifixus est, quæritis.
6ဤ အရပ်၌မ ရှိ ။ မိန့် တော်မူသည်အတိုင်း ထမြောက် တော်မူပြီ။ လာ ကြ၊ သခင်လျောင်း တော်မူရာ အရပ် ကို ကြည့် ကြလော့။
6Non est hic: surrexit enim, sicut dixit: venite, et videte locum ubi positus erat Dominus.
7အလျင်အမြန် ပြန်သွား ၍ သေ ခြင်းမှ ထမြောက် တော်မူကြောင်းကို တပည့် တော်တို့အားပြော ကြလော့။ သင် တို့ ရှေ့ ဂါလိလဲ ပြည်သို့ ကြွတော်မူမည်။ ထို ပြည်၌ သင်တို့သည်ကိုယ်တော် ကို တွေ့မြင် ရကြလိမ့်မည်။ ငါပြော ပြီဟုထိုမိန်းမ တို့အား ကောင်းကင်တမန်ဆို ၏။
7Et cito euntes, dicite discipulis ejus quia surrexit: et ecce præcedit vos in Galilæam: ibi eum videbitis: ecce prædixi vobis.
8ထိုမိန်းမတို့သည်လည်း ကြောက်ရွံ့ သဖြင့် ၎င်း၊ အလွန် ဝမ်းမြောက် သဖြင့်၎င်း၊ သင်္ချိုင်း တော်မှ အလျင်အမြန် သွား ၍ တပည့် တော်တို့အား ထိုသိတင်းစကားကို ကြားပြော ခြင်းငှာပြေး ကြ၏။
8Et exierunt cito de monumento cum timore et gaudio magno, currentes nuntiare discipulis ejus.
9လမ်းမှာသွားကြစဉ် ယေရှု သည် ကြိုဆို တော်မူ၍ ၊ သင်တို့အား မင်္ဂလာ ဖြစ်စေသတည်း ဟု မိန့် တော်မူ၏။ ထို မိန်းမတို့သည် ချဉ်းကပ် ၍ ခြေ တော်ကိုဘက်ယမ်း လျက် ပြပ်ဝပ် ကိုးကွယ်ကြ၏။
9Et ecce Jesus occurrit illis, dicens: Avete. Illæ autem accesserunt, et tenuerunt pedes ejus, et adoraverunt eum.
10ယေရှု ကလည်း ကြောက်ရွံ့ ခြင်းမ ရှိကြနှင့်။ သွား ကြလော့။ ငါ့ ညီ တို့သည် ဂါလိလဲ ပြည်သို့ သွား စေခြင်းငှာဤသိတင်းစကားကို ကြားပြော ကြလော့။ ထို ပြည်၌ သူတို့သည် ငါ့ ကိုတွေ့မြင် ရကြလိမ့်မည် ဟု မိန့် တော်မူ၏။
10Tunc ait illis Jesus: Nolite timere: ite, nuntiare fratribus meis ut eant in Galilæam; ibi me videbunt.
11ထိုမိန်းမ တို့သည် သွား ကြစဉ်အခါလူစောင့် အချို့ တို့သည် မြို့ ထဲသို့ ဝင် ၍ ဖြစ် လေသမျှသောအခြင်းအရာ တို့ကို ယဇ်ပုရောဟိတ် အကြီးတို့အား ပြန်ကြား ကြ၏။
11Quæ cum abiissent, ecce quidam de custodibus venerunt in civitatem, et nuntiaverunt principibus sacerdotum omnia quæ facta fuerant.
12ယဇ်ပုရောဟိတ်အကြီးတို့နှင့် လူအကြီးအကဲ တို့သည် စုဝေး ၍ တိုင်ပင် ပြီးမှ စစ်သူရဲ တို့အား ငွေ အများ ကို ပေး ၍၊
12Et congregati cum senioribus consilio accepto, pecuniam copiosam dederunt militibus,
13ညဉ့် အခါငါ တို့အိပ်ပျော် စဉ်တွင် ထိုသူ ၏ တပည့် တို့သည်လာ၍ အလောင်းကို ခိုး သွား ကြသည်ဟု သင်တို့ပြော ကြလော့။
13dicentes: Dicite quia discipuli ejus nocte venerunt, et furati sunt eum, nobis dormientibus.
14ထို အကြောင်းကို မြို့ဝန်မင်း ကြား ပြန်လျှင် ၊ ငါ တို့သည် သူ့ ကိုဖျောင်းဖျ ၍ သင် တို့၌ အမှု မရှိစေခြင်းငှာပြု မည်ဟု၊
14Et si hoc auditum fuerit a præside, nos suadebimus ei, et securos vos faciemus.
15သွန်သင် သည်နှင့်အညီ စစ်သူရဲ တို့သည် ငွေ ကိုယူ ၍ ပြု ကြ၏။ ထို စကား ကို ယခု တိုင်အောင် ယုဒ လူတို့ သည် အနှံ့အပြား ပြောဆိုကြ၏။
15At illi, accepta pecunia, fecerunt sicut erant edocti. Et divulgatum est verbum istud apud Judæos, usque in hodiernum diem.
16တစ်ကျိပ် တစ်ပါးသော တပည့် တော်တို့သည် ဂါလိလဲ ပြည်သို့ သွား ၍ ယေရှု မှာထား တော်မူသော တောင် ပေါ်သို့ တက်ကြလျှင်၊ ကိုယ်တော် ကိုတွေ့မြင် ၍ ပြပ်ဝပ် ကိုးကွယ်ကြ၏။
16Undecim autem discipuli abierunt in Galilæam in montem ubi constituerat illis Jesus.
17အချို့ တို့သည် ယုံမှား ခြင်းရှိကြ၏။
17Et videntes eum adoraverunt: quidam autem dubitaverunt.
18ယေရှု သည် အနီးအပါးသို့ ချဉ်း တော်မူပြီးလျှင် ၊ ကောင်းကင် ဘုံ၌ ၎င်း ၊ မြေကြီး ပေါ်၌ ၎င်း၊ စီရင်ပိုင် သော အခွင့် တန်ခိုးရှိသမျှ တို့ကို ငါ ခံရ ပြီ။
18Et accedens Jesus locutus est eis, dicens: Data est mihi omnis potestas in cælo et in terra:
19သင်တို့သွား ၍ လူမျိုး တကာ တို့ကို ငါ့တပည့် ဖြစ်စေလျက်၊ ခမည်းတော် ၊ သား တော်၊ သန့်ရှင်း သော ဝိညာဉ် တော်၏နာမ ၌ ဗတ္တိဇံ ကို ပေးကြလော့။
19euntes ergo docete omnes gentes: baptizantes eos in nomine Patris, et Filii, et Spiritus Sancti:
20ငါသည် သင် တို့အား ပေးသမျှ သော ပညတ် တော်တို့ကို စောင့်ရှောက် စေခြင်းငှာဆုံးမ ဩဝါဒပေးကြ လော့။ ငါ သည်လည်း ကပ် ကမ္ဘာကုန် သည်တိုင်အောင် သင် တို့နှင့်အတူ အစဉ်မပြတ် ရှိ သည် ဟု တပည့် တော်တို့ အား မိန့် တော်မူ၏။
20docentes eos servare omnia quæcumque mandavi vobis: et ecce ego vobiscum sum omnibus diebus, usque ad consummationem sæculi.
Tip: use the ← and → keys to turn chapters.