ယောန

Old Testament

Chapter 1

ယောန

Judson Burmese Bible (18…
vs Clementine Vulgate…
Aa
Text size
Line width
Verse numbers

ယောန 1

Judson Burmese Bible (1840)
Clementine Vulgate, 1598
1အမိတ္တဲ ၏သား ယောန သို့ ရောက် လာသောထာဝရဘုရား ၏ နှုတ်ကပတ် တော်ဟူမူကား၊
1Et factum est verbum Domini ad Jonam, filium Amathi, dicens:
2သင်ထ ၍ နိနေဝေ မြို့ ကြီး သို့ သွား ပြီးလျှင် ၊ ခြိမ်းချောက် သောစကားနှင့် ကြွေးကြော် လော့။ ထိုမြို့ပြုသောဒုစရိုက် အပြစ်သည် ငါ့ ရှေ့ သို့ တက် လာပြီဟု မိန့် တော်မူ၏။
2Surge, et vade in Niniven, civitatem grandem, et prædica in ea, quia ascendit malitia ejus coram me.
3သို့သော်လည်း ၊ ယောန သည် ထာဝရဘုရား ထံ တော်မှ တာရှု မြို့သို့ ပြေး မည့် အကြံရှိသည်နှင့် ထ လျက် ယုပ္ပေ မြို့သို့သွား ၍ ရောက်သဖြင့် ၊ တာရှု မြို့သို့သွား သော သင်္ဘော ကို တွေ့ကြုံ ၍ သင်္ဘော ခ ကို ပေး ပြီးလျှင် ၊ ထာဝရဘုရား ထံ တော်မှ သင်္ဘောသား တို့နှင့်အတူ တာရှု မြို့သို့ လိုက် ခြင်းငှါ သင်္ဘော ကို စီး လေ၏။
3Et surrexit Jonas, ut fugeret in Tharsis a facie Domini, et descendit in Joppen: et invenit navem euntem in Tharsis, et dedit naulum ejus, et descendit in eam ut iret cum eis in Tharsis a facie Domini.
4ထာဝရဘုရား သည်လည်း ပြင်းစွာ သောလေ ကို ပင်လယ် ပေါ် သို့ စေလွှတ် တော်မူသဖြင့် ၊ ပင်လယ် ၌ ကြီးစွာ သော မိုဃ်းသက်မုန်တိုင်း ဖြစ် ၍ ၊ သင်္ဘော သည် ပျက် လုသောလက္ခဏာ ရှိ၏။
4Dominus autem misit ventum magnum in mare: et facta est tempestas magna in mari, et navis periclitabatur conteri.
5ထိုအခါ သင်္ဘောသား တို့သည် ကြောက်ရွံ့ ၍ အသီးအသီး မိမိ တို့ဘုရား ကို အော်ဟစ် ကြ၏။ သင်္ဘော ပေါ့ စေခြင်းငှါ ဝန် များကိုလည်း ပင်လယ် ထဲ သို့ ပစ်ချ ကြ ၏။ ယောန မူကား ၊ သင်္ဘော ဝမ်း ထဲ သို့ ဆင်း ၍ အိပ်ပျော် လျက်နေ၏။
5Et timuerunt nautæ, et clamaverunt viri ad deum suum, et miserunt vasa quæ erant in navi, in mare, ut alleviaretur ab eis; et Jonas descendit ad interiora navis, et dormiebat sopore gravi.
6သင်္ဘော သူကြီးသည် လာ ၍ ၊ အိုအိပ်ပျော် သောသူ ၊ အဘယ်သို့ နည်း။ ထ လော့။ သင် ၏ဘုရား ကို ဆုတောင်း လော့။ ငါတို့အသက် လွတ်စေခြင်းငှါထိုဘုရား သည် ငါ တို့ ကို အောက်မေ့ ကောင်း အောက်မေ့လိမ့်မည်ဟု ဆို ၏။
6Et accessit ad eum gubernator, et dixit ei: Quid tu sopore deprimeris? surge, invoca Deum tuum, si forte recogitet Deus de nobis, et non pereamus.
7နောက် တဖန် သူတို့က၊ လာ ကြ။ အဘယ်သူ ၏ အပြစ် ကြောင့် ဤ အမှုရောက်သည်ကို ငါတို့သိ ရမည်အကြောင်း စာရေးတံ ချ ကြကုန်အံ့ဟု တိုင်ပင် ၍ ၊ စာရေးတံ ချ လျှင် ယောန ၌ စာရေးတံ ကျ ၏။
7Et dixit vir ad collegam suum: Venite et mittamus sortes, et sciamus quare hoc malum sit nobis. Et miserunt sortes, et cecidit sors super Jonam.
8တဖန် သူတို့က၊ အဘယ်အပြစ် ကြောင့် ဤ အမှု ရောက်သည် ကို ပြော ပါလော့။ သင် ဆောင်ရွက်သောအမှု ကား၊ အဘယ် အမှုနည်း။ သင်သည် အဘယ် အရပ်က လာ သနည်း။ အဘယ် ပြည် ၊ အဘယ် အမျိုးသား ဖြစ်သနည်း ဟု မေးမြန်း ကြသော်၊
8Et dixerunt ad eum: Indica nobis cujus causa malum istud sit nobis: quod est opus tuum? quæ terra tua, et quo vadis? vel ex quo populo es tu?
9ငါ သည် ဟေဗြဲ အမျိုးသားဖြစ်၏။ ရေ မြေ ကို ဖန်ဆင်း တော်မူ သောကောင်းကင် ဘုံ၏အရှင်ဘုရား သခင်ထာဝရဘုရား ကို ကိုးကွယ် သောသူဖြစ်၏ဟု ဆို လျှင် ၊
9Et dixit ad eos: Hebræus ego sum, et Dominum Deum cæli ego timeo, qui fecit mare et aridam.
10ထိုသူတို့သည် အလွန် ကြောက်ရွံ့ ၍ ၊ သင်သည် အဘယ်ကြောင့် ဤ သို့ပြု သနည်းဟုမေး ကြ၏။ ယောန သည် ထာဝရဘုရား ထံ တော်မှ မိမိ ပြေး ကြောင်းကို ဘော်ပြ သောကြောင့် သူတို့သိ ကြ၏။
10Et timuerunt viri timore magno, et dixerunt ad eum: Quid hoc fecisti? cognoverunt enim viri quod a facie Domini fugeret, quia indicaverat eis.
11ထိုအခါ ပင်လယ် ၌ လှိုင်းတံပိုးသည် တိုး ၍ ထ သောကြောင့် သူတို့က၊ ငါ တို့၌ လှိုင်းတံပိုးငြိမ်း စေခြင်းငှါ သင့် ကို အဘယ်သို့ ပြု ရပါမည်နည်းဟုမေး ကြသော် ၊
11Et dixerunt ad eum: Quid faciemus tibi, et cessabit mare a nobis? quia mare ibat, et intumescebat.
12ငါ့ ကိုချီ ၍ ပင်လယ် ထဲ သို့ ချ ပစ်ကြလော့။ သို့ပြုလျှင် ၊ လှိုင်းတံပိုးသည် သင် တို့၌ ငြိမ်း လိမ့်မည်။ ဤ ပြင်းစွာ သော မိုဃ်းသက်မုန်တိုင်း သည် ငါ့ ကြောင့် သာ သင် တို့အပေါ် သို့ ရောက်သည်ကို ငါ သိ ၏ဟု ပြန်ပြော သော်လည်း ၊
12Et dixit ad eos: Tollite me, et mittite in mare, et cessabit mare a vobis: scio enim ego quoniam propter me tempestas hæc grandis venit super vos.
13သင်္ဘောသား တို့သည် ကမ်း သို့ ရောက် အံ့သောငှါ ပင်ပန်းစွာ တက် ခတ်ကြ၏။ သို့ရာတွင် ၊ သူ တို့တဘက် ၌ လှိုင်းတံပိုးတိုး ၍ ထ သောကြောင့် ၊ သူတို့သည် မ တတ်နိုင် သောအခါ ၊
13Et remigabant viri ut reverterentur ad aridam, et non valebant, quia mare ibat, et intumescebat super eos.
14အို ထာဝရဘုရား ၊ အကျွန်ုပ်တို့သည် တောင်းပန် ပါ၏။ ဤ သူ ၏အသက် ကြောင့် အကျွန်ုပ်တို့သည် အကျိုး နည်း မ ဖြစ်ပါစေနှင့်။ အပြစ် မရှိသောသူ၏အသက် သတ် သောအပြစ်ကို အကျွန်ုပ် တို့၌ တင် တော်မ မူပါနှင့်။ အိုထာဝရဘုရား ၊ ကိုယ်တော်သည် အလို ရှိတော်မူသည် အတိုင်း ပြု တော်မူ၏ဟု ထာဝရဘုရား အား ကြွေးကြော် တောင်းပန် ပြီးမှ ၊
14Et clamaverunt ad Dominum, et dixerunt: Quæsumus, Domine, ne pereamus in anima viri istius, et ne des super nos sanguinem innocentem: quia tu, Domine, sicut voluisti, fecisti.
15ယောန ကိုချီ ၍ ပင်လယ် ထဲ သို့ ချ ပစ်ကြ၏။ ထိုအခါ ပင်လယ် လှိုင်းတံပိုးသည် ငြိမ်း လေ၏။
15Et tulerunt Jonam, et miserunt in mare: et stetit mare a fervore suo.
16သင်္ဘောသား တို့သည်လည်း ထာဝရဘုရား ကို အလွန် ကြောက်ရွံ့ သဖြင့် ယဇ် ပူဇော် ၍ သစ္စာ ဂတိထားကြ ၏။
16Et timuerunt viri timore magno Dominum: et immolaverunt hostias Domino, et voverunt vota.
17ယောန ကို မျို စေခြင်းငှါ ငါး ကြီး ကို ထာဝရဘုရား ခန့် ထားတော်မူသည်နှင့်အညီ ၊ ယောန သည် ငါး ၏ဝမ်း ထဲမှာ သုံး ရက် ပတ်လုံးနေ ရ၏။
no verse 17 in this text

Tip: use the ← and → keys to turn chapters.