တမန်တော် 1
Judson Burmese Bible (1840)Translation
Judson Burmese Bible (1840)
Clementine Vulgate, 1598
1အို သော်ဖိလု ၊ ယေရှု သည် ရွေးကောက် တော်မူသော တမန်တော် တို့ကို ဝိညာဉ် တော်အားဖြင့် မှာထား ပြီးမှ၊
1Primum quidem sermonem feci de omnibus, o Theophile, quæ cœpit Jesus facere et docere
2အထက် သို့ဆောင်ယူခြင်းကို ခံတော်မူသောနေ့ မ ရောက်မှီကာလတွင်၊ ပြုမူ သွန်သင် တော်မူသမျှ တို့ကိုထုတ်ဘော်၍၊ အထက် ကျမ်းစာ ကို ငါ စီရင်ရေးထားပါပြီ။
2usque in diem qua præcipiens Apostolis per Spiritum Sanctum, quos elegit, assumptus est:
3အသေခံ တော်မူပြီးလျှင် ၊ တမန်တော် တို့အား အရက် လေးဆယ် ပတ်လုံး ကိုယ်ကိုပြ ၍ ဘုရားသခင် ၏ နိုင်ငံ တော်နှင့်စပ်ဆိုင် သောအရာ တို့ကို မိန့်မြွက် တော်မူလျက် ၊ မိမိ အသက်ရှင် သည်အကြောင်းကို ခိုင်ခံ့ သော သက်သေအများ အားဖြင့် ပြ တော်မူ၏။
3quibus et præbuit seipsum vivum post passionem suam in multis argumentis, per dies quadraginta apparens eis, et loquens de regno Dei.
4ထိုတမန်တော် တို့ကို စုဝေး စေတော်မူပြီးလျှင် ၊ ယေရုရှလင် မြို့မှ မ ထွက် မသွားဘဲ ခမည်းတော် ၏ ဂတိ ကိုငံ့ နေမည်အကြောင်း မှာ တော်မူ၍၊ ထိုဂတိတော်ကို ငါ ဟောပြောသဖြင့် သင်တို့သည်ကြားသိ ရကြပြီ။
4Et convescens, præcepit eis ab Jerosolymis ne discederent, sed exspectarent promissionem Patris, quam audistis (inquit) per os meum:
5ဂတိတော်အချက်ဟူမူကား၊ ယောဟန် သည်ရေ ၌ဗတ္တိဇံ ကိုပေး၏။ သင် တို့သည် မ ကြာမမြင့်မှီ သန့်ရှင်း သောဝိညာဉ် တော်၌ ဗတ္တိဇံ ကိုခံရကြလိမ့်မည် ဟုမိန့်တော်မူ၏။
5quia Joannes quidem baptizavit aqua, vos autem baptizabimini Spiritu Sancto non post multos hos dies.
6ထိုတမန်တော် တို့သည်လည်းစုဝေး ၍ ၊ သခင် ဘုရား၊ ယခု အခါ ကိုယ်တော်သည် ဣသရေလ အမျိုးသားတို့အား နိုင်ငံ ကိုပြန်ပေး တော်မူမည်လောဟု မေး လျှောက် ကြလျှင်၊
6Igitur qui convenerant, interrogabant eum, dicentes: Domine, si in tempore hoc restitues regnum Israël?
7သခင်ဘုရားက၊ ခမည်းတော် ၏ တန်ခိုးအားဖြင့် စီရင် တော်မူသောအချိန် ကာလ ကို သိ ရသောအခွင့် သည် သင် တို့၌မ ရှိ ။
7Dixit autem eis: Non est vestrum nosse tempora vel momenta quæ Pater posuit in sua potestate:
8ထိုသို့မရှိသော်လည်း ၊ သင် တို့အပေါ်သို့ သန့်ရှင်း သောဝိညာဉ် တော်ဆင်းသက် သောအခါသင်တို့သည် တန်ခိုး ကိုခံရ ၍ ယေရုရှလင် မြို့မှစသော ယုဒ ပြည်၊ ရှမာရိ ပြည်၊ မြေကြီး စွန်း တိုင်အောင် ငါ ၏သက်သေ ဖြစ် ကြ လိမ့်မည် ဟု မိန့် တော်မူ၏။
8sed accipietis virtutem supervenientis Spiritus Sancti in vos, et eritis mihi testes in Jerusalem, et in omni Judæa, et Samaria, et usque ad ultimum terræ.
9တမန်တော် တို့သည် ကြည့်ရှု လျက်နေကြစဉ်၊ သခင်ဘုရားသည် အထက် သို့ဆောင်ယူခြင်းကို ခံတော်မူ၍၊ မိုဃ်းတိမ် သည် ကိုယ်တော် ကိုမျက်ကွယ်အောင် ခံယူ လေ၏။
9Et cum hæc dixisset, videntibus illis, elevatus est: et nubes suscepit eum ab oculis eorum.
10ထိုသို့ ကြွ တော်မူသည်ကို တမန်တော်တို့သည် ကောင်းကင် သို့ စေ့စေ့ ကြည့်မျှော်လျက် နေ ကြစဉ် တွင်၊ လူ နှစ် ယောက်တို့သည် ဖြူစင် သောအဝတ်ကို ဝတ်ဆင် လျက် တမန်တော် တို့အနားမှာပေါ်လာ ၍ ၊
10Cumque intuerentur in cælum euntem illum, ecce duo viri astiterunt juxta illos in vestibus albis,
11အိုဂါလိလဲ လူ တို့၊ အဘယ်ကြောင့် ကောင်းကင် သို့ ကြည့်မျှော် လျက်နေ ကြသနည်း။ သင် တို့နှင့်ခွာ၍ ကောင်းကင် သို့ ဆောင်ယူ ခြင်းကို ခံတော်မူသောထို ယေရှု သည် သင်တို့မျက်မှောက် ၌ ကောင်းကင် သို့ ကြွသွား တော်မူသည်နည်းတူ တဖန်ကြွလာ တော်မူလတံ့ ဟုပြောဆို ၏။
11qui et dixerunt: Viri Galilæi, quid statis aspicientes in cælum? Hic Jesus, qui assumptus est a vobis in cælum, sic veniet quemadmodum vidistis eum euntem in cælum.
12ထိုအခါ ယေရုရှလင် မြို့နှင့်ဥပုသ်နေ့ တစ်နေ့ခရီး သာကွာ ၍ သံလွင် အမည်ရှိသောတောင် မှ ယေရုရှလင် မြို့သို့ တမန်တော်တို့သည် ပြန် ကြ၏။
12Tunc reversi sunt Jerosolymam a monte qui vocatur Oliveti, qui est juxta Jerusalem, sabbati habens iter.
13ရောက် ကြလျှင် ၊ ပေတရု ၊ ယာကုပ် ၊ ယောဟန် ၊ အန္ဒြေ ၊ ဖိလိပ္ပု ၊ သောမ ၊ ဗာသောလမဲ ၊ မဿဲ ၊ အာလဖဲ ၏သားယာကုပ် ၊ ရှိမုန် ဇေလုတ် ၊ ယာကုပ် ညီ ယုဒ တို့သည် တည်း နေရာ အိမ်အထက် ခန်းသို့ တက် ကြ၏။
13Et cum introissent in cœnaculum, ascenderunt ubi manebant Petrus, et Joannes, Jacobus, et Andreas, Philippus, et Thomas, Bartholomæus, et Matthæus, Jacobus Alphæi, et Simon Zelotes, et Judas Jacobi.
14ထိုသူ အပေါင်း တို့သည် ယေရှု ၏မယ်တော် မာရိ မှစ၍ မိန်းမ တို့နှင့် ၎င်း ၊ ညီ တော်တို့နှင့်၎င်း၊ တစ် ညီတစ်ညွတ်တည်းကြိုးစား ၍ ဆုတောင်း ပဌနာပြုလျက် နေ ကြ၏။
14Hi omnes erant perseverantes unanimiter in oratione cum mulieribus, et Maria matre Jesu, et fratribus ejus.
15ထို အခါ အရေအတွက်အားဖြင့်တရာ နှစ်ဆယ် သောတပည့် တော်တို့၏အလယ် ၌ ပေတရု သည်ထ ၍၊
15In diebus illis, exsurgens Petrus in medio fratrum, dixit (erat autem turba hominum simul, fere centum viginti):
16ညီအစ်ကို တို့၊ ယေရှု ကိုဘမ်းဆီး သောသူ တို့အား လမ်းပြ သောယုဒ ရှကာရုတ်ကို ရည်မှတ် ၍ သန့်ရှင်း သောဝိညာဉ် တော်သည်ဒါဝိဒ် မင်း၏နှုတ် ဖြင့် ဗျာဒိတ် ထားတော်မူနှင့် သောကျမ်းစာ ချက်အတိုင်း မပြည့်စုံ ဘဲ မနေရ။
16Viri fratres, oportet impleri Scripturam quam prædixit Spiritus Sanctus per os David de Juda, qui fuit dux eorum qui comprehenderunt Jesum:
17ထိုသူ သည် ငါ တို့နှင့် ရေတွက် ဝင်ခြင်းသို့ရောက်၍ ဓမ္မဆရာ ၏အရာ ကိုခံရ ပြီ။
17qui connumeratus erat in nobis, et sortitus est sortem ministerii hujus.
18ထိုသူ သည် မတရား သောအမှုအတွက်ဖြင့်ရ သောအခ နှင့် မြေ တစ်ကွက်ကိုဝယ် ပြီးမှ၊ မှောက် လျက်ကျလဲ၍ ဝမ်း ကွဲ သဖြင့် အ အူများပေါက် လေပြီ။
18Et hic quidem possedit agrum de mercede iniquitatis, et suspensus crepuit medius: et diffusa sunt omnia viscera ejus.
19ထိုအကြောင်းအရာကို ယေရုရှလင် မြို့၌နေ သော သူ အပေါင်း တို့သည်သိ ၍ မိမိ တို့ဘာသာ အားဖြင့်ထို မြေ ကို အကေလဒ ဟုခေါ်တွင် ကြ၏။ အနက်ကားသွေး မြေ ဟု ဆိုလို သတည်း။
19Et notum factum est omnibus habitantibus Jerusalem, ita ut appellaretur ager ille, lingua eorum, Haceldama, hoc est, ager sanguinis.
20ဆာလံ ကျမ်းစာ ၌ လာ သည်ကား၊ သူ ၏နေရာ အရပ်သည် လူဆိတ်ညံ ရာအရပ်ဖြစ် ပါစေ။ နေ သောသူ မ ရှိ ပါစေနှင့်။ သူ ၏အရာ ကိုလည်းအခြား သူရ ပါစေဟု ရေးမှတ်သတည်း။
20Scriptum est enim in libro Psalmorum: Fiat commoratio eorum deserta, et non sit qui inhabitet in ea: et episcopatum ejus accipiat alter.
21ထိုကြောင့် ယောဟန် သည် ဗတ္တိဇံ ကို ပေးသည်ကာလ မှစ၍ ၊
21Oportet ergo ex his viris qui nobiscum sunt congregati in omni tempore quo intravit et exivit inter nos Dominus Jesus,
22သခင် ယေရှု သည် ငါ တို့နှင့်ခွာ၍အထက် သို့ဆောင်ယူခြင်းကို ခံတော်မူသည့်နေ့ရက် တိုင်အောင် ၊ တပည့် တော်တို့နှင့်အတူထွက် ဝင် သွားလာတော်မူသောကာလ ပတ်လုံး ငါ တို့နှင့်ပေါင်းဖော် ၍နေသောသူ တစ်စုံတစ်ယောက် သည်၊ ထိုသခင် ထမြောက် တော်မူသည် အကြောင်းကိုဟောပြော၍ ငါ တို့နှင့်အတူ သက်သေခံ ဖြစ် ရမည် ဟု ပေတရုပြောဆို၏။
22incipiens a baptismate Joannis usque in diem qua assumptus est a nobis, testem resurrectionis ejus nobiscum fieri unum ex istis.
23ဗာရှဗ ဟု ခေါ်ဝေါ် ၍ ယုတ္တု အမည် သစ်ကိုရသော ယောသပ် နှင့် မဿိ ကိုခန့်ထား၍ ၊
23Et statuerunt duos, Joseph, qui vocabatur Barsabas, qui cognominatus est Justus, et Mathiam.
24ဤသို့ဆုတောင်း ကြ၏။
24Et orantes dixerunt: Tu Domine, qui corda nosti omnium, ostende quem elegeris ex his duobus unum,
25လူအပေါင်း တို့၏ စိတ် နှလုံးကိုသိတော်မူသောသခင် ဘုရား၊ ယုဒ ရှကာရုတ်သည် မိမိ နေရာ အရပ်သို့ သွား အံ့သောငှာဓမ္မဆရာ ၏အရာ၊ တမန်တော် ၏အရာမှ ရွေ့လျော့ ဖောက်ပြန်သည်ဖြစ်၍၊ ထိုအရာကိုခံ စေခြင်းငှာဤ သူနှစ် ယောက်တို့တွင် ရွေးကောက် တော်မူသောသူ ကို ပြညွှန် တော်မူပါဟု ဆုတောင်းပြီးမှ၊
25accipere locum ministerii hujus et apostolatus, de quo prævaricatus est Judas ut abiret in locum suum.
26စာရေးတံ ချ ကြသဖြင့် မဿိ သည်စာရေးတံ ကိုရ ၍ ၊ တစ်ကျိပ် တစ်ပါးသောတမန်တော် တို့နှင့် ရေတွက် ဝင် ခြင်းသို့ရောက်လေ၏။
26Et dederunt sortes eis, et cecidit sors super Mathiam: et annumeratus est cum undecim Apostolis.
Tip: use the ← and → keys to turn chapters.