ရှင်ယောဟန် 21
Judson Burmese Bible (1840)Translation
Judson Burmese Bible (1840)
Clementine Vulgate, 1598
1တဖန်ယေရှု သည် တိဗေရိ အိုင် နားမှာ တပည့် တော်တို့အား ကိုယ်ကိုပြ တော်မူ၏။ ပြ တော်မူသည် အကြောင်းအရာဟူမူကား၊
1Postea manifestavit se iterum Jesus discipulis ad mare Tiberiadis. Manifestavit autem sic:
2ရှိမုန် ပေတရု နှင့် ဒိဒုမု ဟုအမည် ရှိသော သောမ ၊ ဂါလိလဲ ပြည် ကာန မြို့သားနာသနေလ ၊ ဇေဗေဒဲ ၏ သား နှစ်ယောက်၊ အခြား သောတပည့် တော်နှစ် ယောက်တို့သည် အတူ ရှိ ကြ၏။
2erant simul Simon Petrus, et Thomas, qui dicitur Didymus, et Nathanaël, qui erat a Cana Galilææ, et filii Zebedæi, et alii ex discipulis ejus duo.
3ရှိမုန် ပေတရု က၊ ကျွနု်ပ်သည် ငါး ဘမ်းသွားမည် ဟုဆို လျှင်၊ ထိုသူတို့က၊ အကျွန်ုပ် တို့လည်း လိုက် မည်ဟု ပြောဆို သည်နှင့်ထွက်သွား ကြ၏။ ချက်ခြင်းလှေ ထဲသို့ ဝင် ၍ ထို ညဉ့် တွင် တစ် ကောင်ကိုမျှမရ ကြ။
3Dicit eis Simon Petrus: Vado piscari. Dicunt ei: Venimus et nos tecum. Et exierunt, et ascenderunt in navim: et illa nocte nihil prendiderunt.
4နံနက် ရောက် သောအခါ ယေရှု သည်ကမ်း နားမှာ ရပ် တော်မူ၏။ သို့ရာတွင် ယေရှု ဖြစ် တော်မူသည်ကို တပည့် တော်တို့သည် မ သိ ကြ။
4Mane autem facto stetit Jesus in littore: non tamen cognoverunt discipuli quia Jesus est.
5ယေရှု ကလည်း၊ ချစ်သား တို့၊ စားစရာတစုံတစ်ခု ရှိ သလော ဟု မေး တော်မူလျှင်၊ မ ရှိပါဟုပြန်ပြော ကြ၏။
5Dixit ergo eis Jesus: Pueri, numquid pulmentarium habetis? Responderunt ei: Non.
6တဖန် ယေရှုက၊ လှေ လက်ျာ ဘက် ၌ ပိုက်ကွန် ကိုပစ်ချ လော့။ ထိုသို့ပြုလျှင်ရ လိမ့်မည် ဟု မိန့် တော်မူသည်အတိုင်း၊ ထိုသူတို့သည် ပစ်ချ ၍ များစွာ သောငါး တို့ကို အုပ်မိသောကြောင့်၊ ပိုက်ကွန်ကိုဆွဲ ၍မ ရ နိုင်။
6Dicit eis: Mittite in dexteram navigii rete, et invenietis. Miserunt ergo: et jam non valebant illud trahere præ multitudine piscium.
7ထိုအခါ ယေရှု ချစ် တော်မူသောတပည့် တော်က၊ ငါတို့သခင် ပေတည်းဟု ပေတရု အားပြောဆို ၏။ သခင် ဖြစ် ကြောင်း ကို ရှိမုန် ပေတရု သည် ကြား လျှင်၊ အဝတ်ကို မ ခြုံဘဲ ရှိ လျက်အပေါ်အင်္ကျီ ကိုသာဝတ် စည်း၍ အိုင် ထဲသို့ ဆင်း လေ၏။
7Dixit ergo discipulus ille, quem diligebat Jesus, Petro: Dominus est. Simon Petrus cum audisset quia Dominus est, tunica succinxit se (erat enim nudus) et misit se in mare.
8အခြား သော တပည့် တော်တို့သည် ကမ်း နှင့်မနီးမဝေး အလံ ငါးဆယ် လောက် ကွာသည်ဖြစ်၍၊ ငါး များ နှင့်ပိုက်ကွန် ကို ဆွဲငင် လျက်လှေစီး ၍ လာကြ၏။
8Alii autem discipuli navigio venerunt (non enim longe erant a terra, sed quasi cubitis ducentis), trahentes rete piscium.
9ကုန်း ပေါ်သို့ ရောက်သောအခါ မီးခဲ ပုံကို၎င်း ၊ ကင်ထားသောငါး ကို၎င်း ၊ မုန့် ကို၎င်းတွေ့မြင် ကြ၏။
9Ut ergo descenderunt in terram, viderunt prunas positas, et piscem superpositum, et panem.
10ယေရှု ကလည်း၊ ယခု ရ သောငါး အချို့ကို ယူခဲ့ ကြ ဟုမိန့် တော်မူ၏။
10Dicit eis Jesus: Afferte de piscibus, quos prendidistis nunc.
11ရှိမုန် ပေတရု သည် လှေပေါ်သို့တက် ၍၊ ငါး ကြီး တစ်ရာ ငါးဆယ် သုံး ကောင်နှင့် ပြည့် လျက်ရှိသော ပိုက်ကွန် ကို ကုန်း ပေါ်သို့ ဆွဲတင် လေ၏။ ထိုမျှလောက်များ သော်လည်း ပိုက်ကွန် သည် မ စုတ် မပြတ်ရှိ ၏။
11Ascendit Simon Petrus et traxit rete in terram, plenum magnis piscibus centum quinquaginta tribus. Et cum tanti essent, non est scissum rete.
12ယေရှု ကလည်း၊ လာ ၍နံနက်စာ ကိုစားကြလော့ ဟု မိန့် တော်မူ၏။ သခင် ဖြစ် တော်မူကြောင်း ကို တပည့် တော်တို့သည် သိ ကြသောကြောင့် ကိုယ်တော် သည် အဘယ်သူ နည်းဟူ၍တစ်စုံတစ်ယောက် မျှမမေး မလျှောက်ဝံ့ ကြ။
12Dicit eis Jesus: Venite, prandete. Et nemo audebat discumbentium interrogare eum: Tu quis es? scientes, quia Dominus est.
13ယေရှု သည် လာ ၍မုန့် နှင့် ငါး ကိုယူ ပြီးလျှင် သူ တို့အား ပေး တော်မူ၏။
13Et venit Jesus, et accipit panem, et dat eis, et piscem similiter.
14ထို ပြတော်မူခြင်းကား၊ ယေရှု သည်သေ ခြင်းမှ ထမြောက် တော်မူသည်နောက်၊ တပည့် တော်တို့အား ကိုယ်ကို သုံး ကြိမ်မြောက်သော ပြ တော်မူခြင်းဖြစ်သတည်း။
14Hoc jam tertio manifestatus est Jesus discipulis suis cum resurrexisset a mortuis.
15နံနက်စာကို စား ကြသည်နောက် ၊ ယေရှု က၊ ယောန ၏သား ရှိမုန် ၊ ဤ သူတို့သည် ငါ့ ကို ချစ်သည်ထက် သင်သည်သာ၍ချစ် သလော ဟု ရှိမုန် ပေတရု အားမေး တော်မူလျှင်၊ ဟုတ် ပါ၏သခင် ။ ကိုယ်တော် ကို အကျွန်ုပ်ချစ် သည်ကို ကိုယ်တော် သိ တော်မူ၏ဟု လျှောက် သော်၊ ငါ ၏သိုးသူငယ် တို့ကို ကျွေးမွေး လော့ ဟု မိန့် တော်မူ၏။
15Cum ergo prandissent, dicit Simoni Petro Jesus: Simon Joannis, diligis me plus his? Dicit ei: Etiam Domine, tu scis quia amo te. Dicit ei: Pasce agnos meos.
16တစ်ဖန် ယေရှုက၊ ယောန ၏သားရှိမုန် ၊ သင်သည် ငါ့ ကိုချစ် သလော ဟု ဒုတိယ အကြိမ်မေး တော်မူလျှင်၊ ဟုတ် ပါ၏သခင် ။ ကိုယ်တော် ကို အကျွန်ုပ်ချစ် သည်ကို ကိုယ်တော် သိ တော်မူ၏ဟုလျှောက် သော်၊ ငါ ၏ သိုး တို့ကို ထိန်း လော့ ဟုမိန့် တော်မူ၏။
16Dicit ei iterum: Simon Joannis, diligis me? Ait illi: Etiam Domine, tu scis quia amo te. Dicit ei: Pasce agnos meos.
17ယေရှုကလည်း၊ ယောန ၏သားရှိမုန် ၊ သင်သည် ငါ့ ကိုချစ် သလော ဟု တတိယ အကြိမ်မေး တော်မူလျှင်၊ သင်သည်ငါ့ ကိုချစ် သလောဟု သုံး ကြိမ်မြောက်အောင် မေး တော်မူသောကြောင့် ပေတရု သည်စိတ်နာ သဖြင့်၊ သခင် ၊ ကိုယ်တော် သည်ခပ်သိမ်း သောအရာတို့ကိုသိ တော်မူ၏။ ကိုယ်တော် ကို အကျွန်ုပ်ချစ် သည်ကို ကိုယ်တော် သိ တော်မူ၏ဟု လျှောက် သော်၊ ယေရှု က၊ ငါ ၏သိုး တို့ကို ကျွေးမွေး လော့။
17Dicit ei tertio: Simon Joannis, amas me? Contristatus est Petrus, quia dixit ei tertio: Amas me? et dixit ei: Domine, tu omnia nosti, tu scis quia amo te. Dixit ei: Pasce oves meas.
18ငါအမှန်အကန် ဆို သည်ကား၊ သင်သည်ပျို သော အသက်ရှိ စဉ်ကိုယ်ကိုကိုယ် ပတ်စည်း ၍ အလိုရှိ ရာအရပ် သို့ သွားလာ တတ်၏။ သင်သည် အို သောအခါ လက် နှစ်ဘက်ကိုဆန့် ပြီးလျှင်၊ သူတစ်ပါး သည် သင့် ကို ပတ်စည်း ၍ သင်အလို မ ရှိရာအရပ် သို့ ယူသွား လိမ့်မည် ဟု မိန့် တော်မူ၏။
18Amen, amen dico tibi: cum esses junior, cingebas te, et ambulabas ubi volebas: cum autem senueris, extendes manus tuas, et alius te cinget, et ducet quo tu non vis.
19ထိုသို့ မိန့် တော်မူသော်၊ အဘယ်သို့ သောသေ ခြင်းအားဖြင့်ပေတရုသည် ဘုရားသခင် ၏ဘုန်း တော်ကို ထင်ရှားစေမည်အရိပ် ကို ပေးတော်မူ၏။ ထိုသို့ မိန့် တော်မူပြီးမှ ၊ ငါ့ နောက် သို့လိုက်လော့ ဟု ပေတရု အား မိန့် တော်မူပြန်၏။
19Hoc autem dixit significans qua morte clarificaturus esset Deum. Et cum hoc dixisset, dicit ei: Sequere me.
20ယေရှု ချစ် တော်မူ၍ အထက်က ညစာ စားသောအခါ၌ ရင် တော်ကိုမှီ ၍လျောင်း လျက်၊ သခင် ၊ ကိုယ်တော် ကို အပ်နှံ သောသူ ကား အဘယ်သူ နည်းဟု မေး သောတပည့် တော်သည်လည်း နောက် တော်သို့ လိုက် သည်ကို ပေတရု သည်လှည့် ၍မြင် လျှင်၊
20Conversus Petrus vidit illum discipulum, quem diligebat Jesus, sequentem, qui et recubuit in cœna super pectus ejus, et dixit: Domine, quis est qui tradet te?
21သခင် ၊ ဤ သူ၌ အဘယ်သို့ ဖြစ်ပါလိမ့်မည်နည်းဟု မေးလျှောက် သော်၊
21Hunc ergo cum vidisset Petrus, dixit Jesu: Domine, hic autem quid?
22ယေရှု က၊ ငါကြွလာ သည်ကာလတိုင်အောင် ထိုသူ ကိုနေ စေခြင်းငှာငါအလိုရှိ လျှင် သင် သည် အဘယ်သို့ ဆိုင်သနည်း။ သင် မူကားငါ့ နောက် သို့လိုက်လော့ ဟု မိန့် တော်မူ၏။
22Dicit ei Jesus: Sic eum volo manere donec veniam, quid ad te? tu me sequere.
23ထို စကားတော်ကိုထောက် လျှင်၊ ညီအစ်ကို တို့က၊ ထို တပည့် တော်သည် မ သေ ရဟုအနှံ့အပြားပြောဆို ကြ၏။ သို့သော်လည်း ထိုသူ သည်မ သေ ရဟု ယေရှု မိန့် တော်မူသည်မ ဟုတ်။ ငါကြွလာ သည် ကာလတိုင်အောင် ထိုသူ ကိုနေ စေခြင်းငှာငါအလိုရှိ လျှင် သင် သည် အဘယ်သို့ ဆိုင်သနည်းဟု မိန့်တော်မူသတည်း။
23Exiit ergo sermo iste inter fratres quia discipulus ille non moritur. Et non dixit ei Jesus: Non moritur, sed: Sic eum volo manere donec veniam, quid ad te?
24ထို တပည့် တော်ကား၊ ဤ အကြောင်း အရာတို့ကို သက်သေခံ ၍ ရေး ထားသောသူ ဖြစ် ၏။
24Hic est discipulus ille qui testimonium perhibet de his, et scripsit hæc: et scimus quia verum est testimonium ejus.
25သူ ၏သက်သေခံ ချက်မှန် သည်ကို ငါတို့သိ ကြ၏။ ယေရှု ပြု တော်မူသော အခြား အမှုအရာအများ ရှိ သေး၏။ ထိုအမှုအရာရှိသမျှတို့ကို အသီးအခြားရေး ထားလျှင် ၊ မြေကြီး မ ဆံ့ နိုင်အောင် ကျမ်းစာ များပြားလိမ့်မည်ဟု ထင်မှတ် ခြင်းရှိ၏။
25Sunt autem et alia multa quæ fecit Jesus: quæ si scribantur per singula, nec ipsum arbitror mundum capere posse eos, qui scribendi sunt, libros.
Tip: use the ← and → keys to turn chapters.