ရှင်ယောဟန် 9
Judson Burmese Bible (1840)Translation
Judson Burmese Bible (1840)
Clementine Vulgate, 1598
1လမ်း၌သွား တော်မူစဉ်၊ အမိ ဝမ်းတွင်းကပင် မျက်စိ ကန်းသောသူ တစ်ယောက်ကို တွေ့မြင် တော်မူ၏။
1Et præteriens Jesus vidit hominem cæcum a nativitate:
2တပည့် တော်တို့က၊ အရှင် ဘုရား၊ ဤသူ သည် အဘယ်သူ ၏အပြစ် ကြောင့် ကန်းသနည်း။ ကိုယ်အပြစ် ကြောင့် ကန်းသလော။ မိဘ အပြစ်ကြောင့် ကန်း သလောဟု မေးလျှောက် ကြ၏။
2et interrogaverunt eum discipuli ejus: Rabbi, quis peccavit, hic, aut parentes ejus, ut cæcus nasceretur?
3ယေရှု ကလည်း၊ ကိုယ် အပြစ် ကြောင့်မ ဟုတ်။ မိဘ အပြစ်ကြောင့်လည်းမဟုတ်။ ဘုရားသခင် ၏ အမှု တော်ကို သူ ၌ ထင်ရှား စေမည်အကြောင်း တည်း။
3Respondit Jesus: Neque hic peccavit, neque parentes ejus: sed ut manifestentur opera Dei in illo.
4ငါ့ ကို စေလွှတ် တော်မူသော သူ ၏အမှု ကို နေ့ အချိန်၌ရှိ စဉ် တွင် ငါ ပြု ရ မည်။ အဘယ်သူ မျှအမှု မပြုနိုင် သော အချိန် တည်းဟူသောညဉ့် အချိန်လာ သေး၏။
4Me oportet operari opera ejus qui misit me, donec dies est: venit nox, quando nemo potest operari:
5ငါ သည် ဤလောက ၌ ရှိ စဉ် တွင် ဤလောက ၏အလင်း ဖြစ်၏ ဟု မိန့် တော်မူပြီးလျှင်၊
5quamdiu sum in mundo, lux sum mundi.
6မြေ ပေါ်မှာထွေး ၍ တံထွေး နှင့်ရွှံ့ လုပ် ပြီးမှ၊ ကန်းသောသူ၏ မျက်စိ ကိုရွှံ့ နှင့်လူး ၍ ၊
6Hæc cum dixisset, exspuit in terram, et fecit lutum ex sputo, et linivit lutum super oculos ejus,
7သင်သွား လော့။ ရှိလောင် ရေကန် ၌ မျက်စိကိုဆေး လော့ ဟု မိန့် တော်မူ၏။ ရှိလောင်အနက် ကား စေလွှတ် သည်ဟု ဆိုလိုသတည်း။ ထိုသူသည် သွား ၍ ဆေး ပြီးမှ၊ မျက်စိမြင် လျက် ပြန် လေ၏။
7et dixit ei: Vade, lava in natatoria Siloë (quod interpretatur Missus). Abiit ergo, et lavit, et venit videns.
8သူ သည် သူတောင်းစား ဖြစ် သည်ကို အိမ်နီးချင်း မှစ၍ မြင် ဘူး သောသူ တို့က၊ ဤသူ သည် ထိုင် ၍ တောင်း သောသူ မ ဟုတ် လောဟု ဆို ကြ၏။
8Itaque vicini, et qui viderant eum prius quia mendicus erat, dicebant: Nonne hic est qui sedebat, et mendicabat? Alii dicebant: Quia hic est.
9လူအချို့ က၊ ဟုတ်ကဲ့ ဟုဆို ကြ၏။ အချို့ ကလည်း၊ ထိုသူ နှင့်တူ သည်ဟု ဆို ကြ၏။ ထိုသူ ကလည်း၊ အကျွန်ုပ် သည် ထိုသူပင်ဖြစ် သည်ဟုဆို ၏။
9Alii autem: Nequaquam, sed similis est ei. Ille vero dicebat: Quia ego sum.
10သူ တို့ကလည်း၊ အဘယ်သို့ သင် ၏မျက်စိ ပွင့် သနည်းဟု မေးမြန်း ကြလျှင်၊
10Dicebant ergo ei: Quomodo aperti sunt tibi oculi?
11ထိုသူ က၊ ယေရှု အမည် ရှိသောသူ တစ်ယောက်သည် ရွှံ့ လုပ် ၍ ကျွန်ုပ် မျက်စိ ကိုလူး ပြီးမှ၊ ရှိလောင် ရေကန်သို့ သွား ၍ မျက်စိကိုဆေး လောဟုဆို သည်အတိုင်း အကျွန်ုပ်သွား ၍ ဆေး လျှင် မျက်စိမြင် သည်ဟုဆို ၏။
11Respondit: Ille homo qui dicitur Jesus, lutum fecit: et unxit oculos meos, et dixit mihi: Vade ad natatoria Siloë, et lava. Et abii, et lavi, et video.
12လူများကလည်း၊ ထိုသူ သည် အဘယ်မှာ ရှိ သနည်းဟု မေးမြန်း ကြလျှင်၊ အကျွန်ုပ်မ သိ ဟုဆို ၏။
12Et dixerunt ei: Ubi est ille? Ait: Nescio.
13လူများသည် မျက်စိ ကန်းဘူးသော ထိုသူ ကို ဖာရိရှဲ တို့ထံသို့ ပို့ ကြ၏။
13Adducunt eum ad pharisæos, qui cæcus fuerat.
14ယေရှု သည် ရွှံ့ လုပ် ၍ သူ ၏မျက်စိ ကို ပွင့် တော်မူသောနေ့ သည် ဥပုသ်နေ့ ဖြစ် သတည်း။
14Erat autem sabbatum quando lutum fecit Jesus, et aperuit oculos ejus.
15တစ်ဖန် ဖာရိရှဲ တို့ကအဘယ်သို့ ၊သင်၏မျက်စိမြင် သနည်းဟုမေးမြန်း ပြန်လျှင်၊ အကျွန်ုပ် မျက်စိ ၌ သူ သည် ရွှံ့ ကိုထည့် ၍ အကျွန်ုပ်ဆေး လျှင် မျက်စိမြင် သည်ဟုဆို ၏။
15Iterum ergo interrogabant eum pharisæi quomodo vidisset. Ille autem dixit eis: Lutum mihi posuit super oculos, et lavi, et video.
16ဖာရိရှဲ အချို့ တို့က၊ ထိုသူသည် ဥပုသ် မ စောင့် ။ ဘုရားသခင် စေလွှတ်တော်မူသောသူ မ ဟုတ် ဟု ဆို ကြ ၏။ အချို့ တို့က၊ ဆိုး သောသူသည် ဤသို့သော နိမိတ် လက္ခဏာတို့ကို အဘယ်သို့ ပြ နိုင် မည်နည်းဟု ဆို ကြ၏။ ထိုသို့အချင်းချင်း မသင့် ကွဲပြားခြင်းသို့ရောက်၏။
16Dicebant ergo ex pharisæis quidam: Non est hic homo a Deo, qui sabbatum non custodit. Alii autem dicebant: Quomodo potest homo peccator hæc signa facere? Et schisma erat inter eos.
17တစ်ဖန် မျက်စိ ကန်းဘူးသောသူ အား၊ သင် ၏မျက်စိ ကိုဖွင့် သောသူ သည် အဘယ်သို့သောသူဖြစ်သနည်း ဟု မေး ကြလျှင် ၊ ပရောဖက် ဖြစ် သည်ဟုဆို ၏။
17Dicunt ergo cæco iterum: Tu quid dicis de illo qui aperuit oculos tuos? Ille autem dixit: Quia propheta est.
18ထိုသူသည် အထက်မျက်စိ မမြင်၊ နောက်မှ မျက်စိမြင် သည်ကို ယုဒ လူတို့သည် မ ယုံ ကြသဖြင့် သူ၏ မိဘ ကိုခေါ် ၍ ၊
18Non crediderunt ergo Judæi de illo, quia cæcus fuisset et vidisset, donec vocaverunt parentes ejus, qui viderat:
19ဤသူ သည် သင် တို့ဆို သည်အတိုင်း အမိဝမ်းတွင်းကပင် မျက်စိ ကန်းသော သင် တို့၏ သား မှန် လော။ သို့မှန်လျှင် အဘယ်သို့ ယခု မျက်စိမြင် သနည်းဟု မေး ကြ၏။
19et interrogaverunt eos, dicentes: Hic est filius vester, quem vos dicitis quia cæcus natus est? quomodo ergo nunc videt?
20မိဘ တို့ကလည်း၊ ဤသူ သည် အကျွန်ုပ် တို့၏ သား မှန် သည်ကို၎င်း၊ အမိဝမ်းတွင်းကပင် မျက်စိကန်း သည်ကို၎င်း ၊ အကျွန်ုပ်တို့ သိ ကြပါ၏။
20Responderunt eis parentes ejus, et dixerunt: Scimus quia hic est filius noster, et quia cæcus natus est:
21အဘယ်ကြောင့် မျက်စိမြင် သည်ကို၎င်း ၊ အဘယ်သူ သည်သူ၏ မျက်စိ ကိုဖွင့် သည်ကို၎င်း၊ အကျွန်ုပ် တို့ မ သိ ကြပါ။ သူ သည် အသက် အရွယ်နှင့်ပြည့်စုံပါ၏။ သူ့ ကိုမေး ကြပါလော့။ သူ သည်ကိုယ် အကြောင်း ကို ကိုယ်တိုင်ပြော ပါလိမ့်မည်ဟု ပြန်ပြော ကြ၏။
21quomodo autem nunc videat, nescimus: aut quis ejus aperuit oculos, nos nescimus; ipsum interrogate: ætatem habet, ipse de se loquatur.
22ဤသို့ ပြော သည်အကြောင်း ကား၊ ယေရှုသည် ခရစ်တော် ဖြစ်သည်ဟု ဝန်ခံ သောသူ မည်သည်ကို တရားစရပ် မှနှင်ထုတ်ရ မည်ဟု ယုဒ လူတို့သည် တိုင်ပင် စီရင်ကြနှင့် ပြီ။
22Hæc dixerunt parentes ejus, quoniam timebant Judæos: jam enim conspiraverunt Judæi, ut si quis eum confiteretur esse Christum, extra synagogam fieret.
23ထိုကြောင့် မိဘ တို့က၊ သူ သည် အသက် အရွယ်နှင့် ပြည့်စုံပါ၏။ သူ့ ကိုမေး ကြလော့ဟု ယုဒ လူတို့ကို ကြောက် ၍ ပြော ကြ၏။
23Propterea parentes ejus dixerunt: Quia ætatem habet, ipsum interrogate.
24ထိုကြောင့် ၊ မျက်စိ ကန်းဘူးသောသူ ကို ဒုတိယ အကြိမ်ခေါ် ၍ ဘုရားသခင် ကို ချီးမွမ်း လော့။ ထို သူ သည် လူဆိုး ဖြစ် ကြောင်း ကို ငါ တို့သိ ၏ဟုဆို ကြလျှင်၊
24Vocaverunt ergo rursum hominem qui fuerat cæcus, et dixerunt ei: Da gloriam Deo: nos scimus quia hic homo peccator est.
25လူဆိုး ဖြစ် သည်မ ဖြစ်သည်ကို အကျွန်ုပ်မသိ ။ အကျွန်ုပ်သည် အထက်ကမျက်စိ ကန်း၍ ယခု မျက်စိမြင် သည်အကြောင်းတစ်ခု ကို အကျွန်ုပ်သိ သည်ဟုဆို ၏။
25Dixit ergo eis ille: Si peccator est, nescio; unum scio, quia cæcus cum essem, modo video.
26တဖန်သူတို့က၊ သူသည်သင် တို့၌ အဘယ်သို့ ပြု သနည်း။ သင် ၏ မျက်စိ ကိုအဘယ်သို့ ဖွင့် သနည်းဟု မေး ကြလျှင်၊ အကျွန်ုပ်တစ်ခါပြော ပြီ၊ သင် တို့နားမ ကြား ကြ။
26Dixerunt ergo illi: Quid fecit tibi? quomodo aperuit tibi oculos?
27အဘယ်ကြောင့် တစ်ဖန် ကြား ချင် သနည်း။ သူ့ တပည့် ဖြစ် ချင်သလောဟု ဆို ကြ၏။
27Respondit eis: Dixi vobis jam, et audistis: quod iterum vultis audire? numquid et vos vultis discipuli ejus fieri?
28ထိုသူတို့ကလည်း၊ သင် သည်သူ့ တပည့် ဖြစ် ၏။ ငါ တို့မူကား မောရှ ၏တပည့် ဖြစ် ကြ၏။
28Maledixerunt ergo ei, et dixerunt: Tu discipulus illius sis: nos autem Moysi discipuli sumus.
29ဘုရားသခင် သည်မောရှ ၌ ဗျာဒိတ် ထားတော်မူကြောင်း ကို ငါ တို့ သိ ကြ၏။ ထိုသူ သည် အဘယ် ကဖြစ် သည်ကို မ သိ ဟုကဲ့ရဲ့ ၍ ပြောဆို ကြလျှင်၊
29Nos scimus quia Moysi locutus est Deus; hunc autem nescimus unde sit.
30သူသည် အကျွန်ုပ် မျက်စိ ကိုဖွင့် သော်လည်း အဘယ် ကဖြစ် သည်ဟု သင် တို့မ သိ ကြသည်ကို အံ့ဩဘွယ် ရှိ ၏။
30Respondit ille homo, et dixit eis: In hoc enim mirabile est quia vos nescitis unde sit, et aperuit meos oculos:
31ဘုရားသခင် သည် လူဆိုး တို့ စကားကိုနားထောင် တော်မ မူသည်ကို ငါတို့သိ ကြ၏။ ဘုရားသခင် ကို ရိုသေလေးမြတ်၍ အလို တော်ကို လိုက် သောသူဖြစ် လျှင် ထိုသူ ၏စကားကို နားထောင် တော်မူ၏။
31scimus autem quia peccatores Deus non audit: sed si quis Dei cultor est, et voluntatem ejus facit, hunc exaudit.
32အမိဝမ်းတွင်းကပင် မျက်စိ ကန်းသောသူ ကိုမျက်စိ မြင် စေခြင်းငှာ တတ်နိုင်သည်ကို ကမ္ဘာ ဦးမှစ၍ မ ကြား စဖူး။
32A sæculo non est auditum quia quis aperuit oculos cæci nati.
33ထိုသူ သည်ဘုရားသခင် စေလွှတ် တော်မူသောသူမ ဟုတ် လျှင် အဘယ် အမှုကိုမျှမ တတ် နိုင် ဟုပြောဆို ၏။
33Nisi esset hic a Deo, non poterat facere quidquam.
34ထိုသူ တို့ကလည်း ၊ သင် သည် မွေး စကပင်တစ်ကိုယ်လုံး ၌ ဒုစရိုက် အပြစ်စွဲသောသူဖြစ်လျက် နှင့် ငါ တို့ကို ဆုံးမ ပါသည်တကားဟု ပြောဆို ကြပြီးလျှင် ၊ ထိုသူ ကို တရားစရပ်မှနှင်ထုတ် ကြ၏။
34Responderunt, et dixerunt ei: In peccatis natus es totus, et tu doces nos? Et ejecerunt eum foras.
35နှင်ထုတ် သည်အကြောင်း ကို ယေရှု သည်ကြား ပြီးမှထိုသူ ကိုတွေ့ တော်မူလျှင်၊ သင် သည် ဘုရားသခင် သား တော်ကို ယုံကြည် သလော ဟု မေး တော်မူ၏။
35Audivit Jesus quia ejecerunt eum foras: et cum invenisset eum, dixit ei: Tu credis in Filium Dei?
36သခင် ၊ အကျွန်ုပ်ယုံကြည် ရမည်အကြောင်း ဘုရားသခင်၏သား တော်ကား အဘယ်သူ နည်းဟု မေးလျှောက် သော်၊
36Respondit ille, et dixit: Quis est, Domine, ut credam in eum?
37ယေရှု က၊ သင်သည် ထိုသူ ကိုမြင် ခဲ့ပြီးသာမက ၊ သင် နှင့် ယခု စကားပြော သောသူ သည် ဘုရားသခင်၏ သားတော်ဖြစ် သည် ဟု မိန့် တော်မူလျှင်၊
37Et dixit ei Jesus: Et vidisti eum, et qui loquitur tecum, ipse est.
38သခင် ၊ အကျွန်ုပ်ယုံကြည် ပါ၏ဟု လျှောက် ၍ ညွတ်ပြပ် ကိုးကွယ်လေ၏။
38At ille ait: Credo, Domine. Et procidens adoravit eum.
39ထိုအခါ ယေရှု ကလည်း ၊ မျက်စိမ မြင် သောသူ သည် မြင် စေခြင်းငှာ ၎င်း ၊ မြင် သောသူကို မျက်စိ ကန်းစေခြင်းငှာ၎င်း၊ ငါ သည် တရားစီရင် ၍ ဤ လောက သို့ ရောက်လာ ပြီ ဟု မိန့် တော်မူ၏။
39Et dixit Jesus: In judicium ego in hunc mundum veni: ut qui non vident videant, et qui vident cæci fiant.
40အထံ တော်၌ ရှိ သောဖာရိရှဲ အချို့တို့သည် ထို စကားကိုကြား လျှင်၊ ငါ တို့သည် မျက်စိ ကန်းသလောဟု မေး ကြ၏။
40Et audierunt quidam ex pharisæis qui cum ipso erant, et dixerunt ei: Numquid et nos cæci sumus?
41ယေရှု က လည်း၊ သင်တို့ သည် မျက်စိကန်း သည်မှန်လျှင် အပြစ် မ ရှိ ၊ ငါတို့မျက်စိမြင် သည် ဟု ယခု ဆို ကြ၏။ ထိုကြောင့် သင် တို့၌အပြစ် တည် သည် ဟု မိန့် တော်မူ၏။
41Dixit eis Jesus: Si cæci essetis, non haberetis peccatum. Nunc vero dicitis, Quia videmus: peccatum vestrum manet.
Tip: use the ← and → keys to turn chapters.