တမန်တော် 5
Judson Burmese Bible (1840)Translation
Judson Burmese Bible (1840)
Clementine Vulgate, 1598
1သို့ရာတွင်အာနနိ နှင့် ရှဖိရေ အမည် ရှိသော လင်မယားနှစ်ယောက်တို့မူကား၊ ဥစ္စာ တစ်စုံတစ်ခုကို ရောင်း ပြီးလျှင်၊
1Vir autem quidam nomine Ananias, cum Saphira uxore suo vendidit agrum,
2ထိုသူသည် မိမိခင်ပွန်း နှင့်သဘောတူ လျက်၊ အဘိုး တဘို့ကို ထိမ်ဝှက် သဖြင့်၊ တ ဘို့ကိုသာယူဆောင်ခဲ့၍ တမန်တော် တို့၏ ခြေ ရင်း၌ ထား လေ၏။
2et fraudavit de pretio agri, conscia uxore sua: et afferens partem quamdam, ad pedes Apostolorum posuit.
3ပေတရု ကလည်း၊ အာနနိ ၊ သင် သည်သန့်ရှင်း သော ဝိညာဉ် တော်ကို လှည့်စား ၍၊ မြေ ကိုရောင်းသော အဘိုး ၏တဘို့ကိုထိမ်ဝှက် မည် အကြောင်း၊ စာတန် သည် သင် ၏စိတ် နှလုံးကို အဘယ်ကြောင့် ပြည့် စေ ရသနည်း။
3Dixit autem Petrus: Anania, cur tentavit Satanas cor tuum, mentiri te Spiritui Sancto, et fraudare de pretio agri?
4ထို မြေရှိ စဉ်တွင် ကိုယ် ပိုင် သည် မဟုတ်လော။ ရောင်း ၍ရသော အဘိုးသည် ကိုယ် ဥစ္စာဖြစ် သည် မဟုတ်လော။ အဘယ်ကြောင့် ဤသို့ ကြံစည်သနည်း။ လူ ကိုသာ မုသာ ပြောပြီမ ဟုတ်၊ ဘုရားသခင် ကိုလည်း မုသာပြောပြီဟု ပေတရုဆို ၏။
4nonne manens tibi manebat, et venundatum in tua erat potestate? quare posuisti in corde tuo hanc rem? non es mentitus hominibus, sed Deo.
5ထိုစကား ကိုကြား လျှင် ၊ အာနနိ သည်လဲ ၍ သေ ၏။ ထိုအကြောင်းအရာကို ကြား သောသူ အပေါင်း တို့သည် အလွန် ကြောက်လန့် ခြင်း သို့ရောက် ကြ၏။
5Audiens autem Ananias hæc verba, cecidit, et expiravit. Et factus est timor magnus super omnes qui audierunt.
6လုလင် တို့သည်လည်းထ ၍ အလောင်း ကောင်ကို အဝတ်နှင့် ပတ်ရစ် ပြီးလျှင် ဆောင်သွား ၍ သင်္ဂြိုဟ် ကြ၏။
6Surgentes autem juvenes amoverunt eum, et efferentes sepelierunt.
7ထိုနောက် သုံး နာရီ ခန့် လောက်ကြာ လျှင်၊ သူ ၏ ခင်ပွန်း သည် ဖြစ် ခဲ့ပြီးသော အမှုအရာကို မ သိ ဘဲလျက် ဝင်လာ ၏။
7Factum est autem quasi horarum trium spatium, et uxor ipsius, nesciens quod factum fuerat, introivit.
8ပေတရု ကလည်း၊ ဤမျှလောက် နှင့်မြေ ကိုရောင်း သလော၊ ငါ့ အားပြော လောဟုမေး လျှင်၊ ထိုမိန်းမက၊ ဟုတ် ပါ၏။ ဤမျှလောက် နှင့်ပင် ရောင်းပါသည်ဟုဆို ၏။
8Dixit autem ei Petrus: Dic mihi mulier, si tanti agrum vendidistis? At illa dixit: Etiam tanti.
9ပေတရု ကလည်း ၊ ထာဝရ ဘုရား၏ ဝိညာဉ် တော်ကို စုံစမ်း မည်ဟု သဘောတူ နှင့် အဘယ်ကြောင့် ကြံစည်ကြသနည်း။ ကြည့်ရှု လော့။ သင် ၏ ခင်ပွန်း ကို သင်္ဂြိုဟ် သော သူ တို့၏ခြေ သည်တံခါး နားမှာ ရှိသည်ဖြစ်၍ ၊ သင့် ကိုလည်းဆောင်သွား လေဦးမည်ဟု ဆိုသော ခဏခြင်း တွင်၊
9Petrus autem ad eam: Quid utique convenit vobis tentare Spiritum Domini? Ecce pedes eorum qui sepelierunt virum tuum ad ostium, et efferent te.
10ထိုမိန်းမသည်ပေတရု ၏ ခြေ ရင်း၌ လဲ ၍ သေ လေ၏။ လုလင် တို့ သည်လည်းဝင် ၍ ထိုမိန်းမ သေ သည်ကိုတွေ့ လျှင် ၊ ဆောင်သွား ၍သူ ၏ ခင်ပွန်း အနားမှာ သင်္ဂြိုဟ် ကြ၏။
10Confestim cecidit ante pedes ejus, et expiravit. Intrantes autem juvenes invenerunt illam mortuam: et extulerunt, et sepelierunt ad virum suum.
11သင်းဝင်သူ အပေါင်း မှစ၍ထိုအကြောင်း အရာ ကို ကြား ရသော သူ အပေါင်း တို့သည် အလွန် ကြောက်လန့် ခြင်းသို့ ရောက် ကြ၏။
11Et factus est timor magnus in universa ecclesia, et in omnes qui audierunt hæc.
12တမန်တော် တို့သည်လည်း လူ များရှေ့ မှာ နိမိတ် လက္ခဏာ၊ အံ့ဘွယ် သော အမှုအရာများ ကိုပြု ကြ၏။ ထိုသူအပေါင်း တို့သည် ရှောလမုန် ကနားပြင် ၌ တစ် ညီတစ်ညွတ်တည်း နေ ကြသဖြင့်၊
12Per manus autem Apostolorum fiebant signa et prodigia multa in plebe. Et erant unanimiter omnes in porticu Salomonis.
13ကြွင်း သော သူတစ်စုံတစ်ယောက် မျှ မပေါင်းဖော် ဝံ့ သော်လည်း ၊ လူ များတို့သည် ကောင်းကြီး ပေးကြ၏။
13Ceterorum autem nemo audebat se conjungere illis: sed magnificabat eos populus.
14သခင် ဘုရား၌ ယုံကြည် သော ယောက်ျား ၊ မိန်းမ ၊ အပေါင်း တို့သည် သင်းဝင်ကြ၏။
14Magis autem augebatur credentium in Domino multitudo virorum ac mulierum,
15ပေတရု သည် လမ်း၌ ရှောက်သွား စဉ်၊ အနာစွဲသောသူတို့တွင် တစ်ယောက်ယောက်ကို သူ ၏အရိပ် လွှမ်းမိုး စေခြင်းငှာ ၊ လူနာ တို့ကိုလမ်း နား သို့ထုတ် ၍ ခုတင် မွေ့ရာ ပေါ်မှာ ထား ကြ၏။
15ita ut in plateas ejicerent infirmos, et ponerent in lectulis et grabatis, ut, veniente Petro, saltem umbra illius obumbraret quemquam illorum, et liberarentur ab infirmitatibus suis.
16ပတ်လည် ဝန်းကျင်၌ရှိသော မြို့သူ ရွာသားအပေါင်း တို့သည် အနာ စွဲသောသူ၊ နတ် ဆိုး ညှဉ်းဆဲ သော သူတို့ကို ဆောင်ခဲ့ လျက်၊ ယေရုရှလင် မြို့သို့ စုဝေး လာကြ၍ ၊ ထိုလူနာ အပေါင်း တို့သည် အနာကင်းလွတ် ခြင်းသို့ရောက်ကြ၏။
16Concurrebat autem et multitudo vicinarum civitatum Jerusalem, afferentes ægros, et vexatos a spiritibus immundis: qui curabantur omnes.
17ထိုအခါယဇ်ပုရောဟိတ် မင်းနှင့် ဇဒ္ဒုကဲ ဖြစ် သော ထိုမင်း ၏ အပေါင်းအဖော် ရှိသမျှ တို့သည် ထ ၍ ဒေါသ အမျက်နှင့် ပြည့် ကြသဖြင့်၊
17Exsurgens autem princeps sacerdotum, et omnes qui cum illo erant (quæ est hæresis sadducæorum), repleti sunt zelo:
18တမန်တော် တို့ကိုဘမ်းဆီး ၍ ထောင် ထဲ၌ လှောင်ထား ကြ၏။
18et injecerunt manus in Apostolos, et posuerunt eos in custodia publica.
19ညဉ့် အခါ ထာဝရ ဘုရား၏ ကောင်းကင်တမန် သည် ထောင် တံခါး ကိုဖွင့် ပြီးလျှင်၊ ထိုသူ တို့ကိုနှုတ်ဆက်၍၊ သင်တို့သွား ကြလော့။
19Angelus autem Domini per noctem aperiens januas carceris, et educens eos, dixit:
20ဗိမာန် တော်၌ ရပ် ၍ အသက် ရှင်ခြင်း တရား စကားအလုံးစုံ ကို လူ များတို့အား ဟောပြော ကြလော့ဟု မှာထား ၏။ ထို စကားကိုကြား လျှင်၊ နံနက် စောစော ဗိမာန် တော်သို့ ဝင် ၍ ဆုံးမ ဩဝါဒပေးကြ၏။
20Ite, et stantes loquimini in templo plebi omnia verba vitæ hujus.
21ယဇ်ပုရောဟိတ် မင်းနှင့် သူ ၏ အပေါင်းအဖော်တို့သည် လာ ကြသဖြင့် ၊ လွှတ် အရာရှိမှစ၍ ဣသရေလ လူ တို့တွင် အသက်ကြီး သော သူ အပေါင်း တို့ကို စုဝေး စေပြီးမှ၊ တမန်တော် တို့ကိုခေါ် စေခြင်းငှာလုလင် တို့ကို ထောင် သို့ စေလွှတ် ကြ၏။
21Qui cum audissent, intraverunt diluculo in templum, et docebant. Adveniens autem princeps sacerdotum, et qui cum eo erant, convocaverunt concilium, et omnes seniores filiorum Israël: et miserunt ad carcerem ut adducerentur.
22မင်းလုလင် တို့သည် ထောင်သို့ရောက် လျှင်၊ တမန်တော် တို့ကို ထောင် ထဲမှာ မ တွေ့ သည်ရှိသော် ပြန် ကြ၍၊
22Cum autem venissent ministri, et aperto carcere non invenissent illos, reversi nuntiaverunt,
23ထောင် တံခါးလည်းအထူးသဖြင့်လုံခြုံ စွာ ပိတ် လျက် ၊ ထောင်ကို စောင့် သော သူ တို့လည်း တံခါး ပြင်မှာ ရပ် လျက်ရှိကြသည်ကို အကျွန်ုပ်တို့ သည်တွေ့ ပါ၏။ ဖွင့် ပြီးမှ အထဲ ၌အဘယ်သူ ကိုမျှမတွေ့ ပါဟု ကြားလျှောက် ကြ၏။
23dicentes: Carcerem quidem invenimus clausum cum omni diligentia, et custodes stantes ante januas: aperientes autem neminem intus invenimus.
24ယဇ်ပုရောဟိတ်မင်းနှင့် ဗိမာန် တော်မှူး အစ ရှိသော ယဇ်ပုရောဟိတ် အကြီးတို့သည် ထို စကား ကို ကြား လျှင်၊ ထိုအမှု သည် အဘယ်သို့ သောအမှု ဖြစ် လိမ့်မည်နည်းဟူ၍တွေးတော ခြင်းရှိကြ၏။
24Ut autem audierunt hos sermones magistratus templi et principes sacerdotum, ambigebant de illis quidnam fieret.
25ထိုအခါလူတစ် ယောက်သည်လာ ၍ ထောင် ထဲမှာ လှောင် ထား သောသူ တို့သည် ဗိမာန် တော်၌ ရပ် လျက် ၊ လူ များတို့အား ဆုံးမ ဩဝါဒပေးကြပါသည်ဟု လျှောက် လေ၏။
25Adveniens autem quidam, nuntiavit eis: Quia ecce viri quos posuistis in carcerem, sunt in templo, stantes et docentes populum.
26ထိုအခါ ဗိမာန်တော်မှူး သည် မင်း လုလင်တို့နှင့်အတူသွား ပြန်လျှင်၊ မိမိတို့ကို လူ များတို့သည် ကျောက်ခဲနှင့်ပစ် မည်ကိုစိုးရိမ် သောကြောင့် ၊ တမန်တော် တို့ကို အနိုင် အထက်မ ပြုဘဲ ခေါ်ဆောင် လေ၏။
26Tunc abiit magistratus cum ministris, et adduxit illos sine vi: timebant enim populum ne lapidarentur.
27ထိုသို့ ခေါ်ဆောင် ပြီးလျှင်၊ လွှတ် အရာရှိတို့ ရှေ့ မှာထား ၍ ယဇ်ပုရောဟိတ် မင်းက၊
27Et cum adduxissent illos, statuerunt in concilio: et interrogavit eos princeps sacerdotum,
28ထို နာမ ကို အမှီပြု ၍မ ဆုံးမ မသွန်သင်မည် အကြောင်း ငါတို့သည်သင် တို့အား၊ ကျပ်တည်း စွာ စီရင် မှာထားသည်မ ဟုတ်လော။ ယခု ကြည့် ကြ။ ယေရုရှလင် မြို့ကို သင် တို့အယူဝါဒ နှင့် ပြည့် စေသည်ဖြစ်၍ ၊ ငါ တို့အပေါ်သို့ ထို သူ ၏အသွေး ကိုရောက် စေခြင်းငှာသင်တို့ ကြံစည် ပါသည် တကားဟုမေးမြန်း ပြောဆို ကြ၏။
28dicens: Præcipiendo præcepimus vobis ne doceretis in nomine isto, et ecce replestis Jerusalem doctrina vestra: et vultis inducere super nos sanguinem hominis istius.
29ပေတရု နှင့် အခြားသော တမန်တော် တို့ကလည်း၊ လူ ၏စကားထက် ဘုရားသခင် ၏ စကားကို နားထောင် သင့် ပါ၏။
29Respondens autem Petrus et Apostoli, dixerunt: Obedire oportet Deo magis quam hominibus.
30သင် တို့သည် သစ် တိုင်၌ ဆွဲ ၍ ကွပ်မျက် သော ယေရှု ကို ငါ တို့ ဘိုးဘေး များ၏ ဘုရားသခင် သည် ထမြောက် စေတော်မူပြီ။
30Deus patrum nostrorum suscitavit Jesum, quem vos interemistis, suspendentes in ligno.
31ဣသရေလ လူတို့အား နောင်တ တရားနှင့် အပြစ် လွှတ် ခြင်း အခွင့်ကိုပေး စေခြင်းငှာ၊ ထို သူကို အစိုးရသောအရှင် အရာ၌၎င်း ၊ ကယ်တင် သော သခင် အရာ၌၎င်း၊ ဘုရားသခင် ခန့်ထား၍ မိမိ လက်ျာ လက်တော်နှင့် ချီးမြှင့် တော်မူပြီ။
31Hunc principem et salvatorem Deus exaltavit dextera sua ad dandam pœnitentiam Israëli, et remissionem peccatorum:
32ထို အကြောင်း အရာတို့သည် အမှန်ဖြစ်ကြောင်း ကို ငါ တို့သည် သက်သေခံ ဖြစ် ကြ၏။ ဘုရားသခင် ၏ စကားတော်ကို နားထောင် သော သူ တို့အား ပေး သနား တော်မူသော သန့်ရှင်း သော ဝိညာဉ် တော်သည်လည်း သက်သေခံဖြစ်တော်မူသည်ဟု ပြောဆို ကြ၏။
32et nos sumus testes horum verborum, et Spiritus Sanctus, quem dedit Deus omnibus obedientibus sibi.
33ထိုစကားကိုကြား လျှင်၊ ထိုသူ တို့နှလုံးသည် ကွဲပြတ် မတတ်ဖြစ်၍ ၊ တမန်တော် တို့ကို ကွပ်မျက် ခြင်းငှာအချင်းချင်း တိုင်ပင်ပြောဆိုကြ၏။
33Hæc cum audissent, dissecabantur, et cogitabant interficere illos.
34ထိုအခါ လူ အပေါင်း တို့ရိုသေ သောသူ၊ ဂါမလျေလ အမည် ရှိသောနိဿရည်း ဆရာ၊ ဖာရိရှဲ တစ် ယောက်သည် လွှတ်တော် ပေါ်၌ ထ ၍၊ တမန်တော် တို့ကို ပြင် သို့ခဏ ထွက်စေပြီးလျှင်၊
34Surgens autem quidam in concilio pharisæus, nomine Gamaliel, legis doctor, honorabilis universæ plebi, jussit foras ad breve homines fieri,
35ဣသရေလ လူ တို့၊ ဤ သူ တို့အား အဘယ်သို့ ပြု မည်အရာ ကို သတိ နှင့်ဆင်ခြင်ကြလော့။
35dixitque ad illos: Viri Israëlitæ, attendite vobis super hominibus istis quid acturi sitis.
36အကြောင်းမူကား ၊ အထက် က သုဒ အမည်ရှိသောသူတစ်ယောက်သည်ထ သဖြင့်၊ ငါ သည်လူ သာမည မဟုတ်ဟု ဆို သည်ဖြစ်၍၊ သူ ၌ လူ လေးရာ မျှလောက် ဆည်းကပ် ကြ၏။ ထိုသူ သည် ပျက်စီး ခြင်းသို့ ရောက် ၍ သူ့ ကိုယုံကြည် သမျှ သော သူတို့သည် ကွဲပြား ပျောက်ပျက်ကြ၏။
36Ante hos enim dies extitit Theodas, dicens se esse aliquem, cui consensit numerus virorum circiter quadringentorum: qui occisus est, et omnes qui credebant ei, dissipati sunt, et redacti ad nihilum.
37ထိုသူနောက်ငွေတော်ခွဲစဉ် ကာလ ၊ ယုဒ အမည် ရှိသောဂါလိလဲ လူတစ်ယောက်သည်လည်းထ ၍၊ မိမိ နောက် သို့လူ များကိုသွေးဆောင် လေ၏။ ထိုသူ သည်လည်း ပျက်စီး ခြင်းသို့ရောက်၍ ၊ သူ့ ကိုယုံကြည် သမျှ သောသူတို့သည် ပျောက်လွင့် ကြ၏။
37Post hunc extitit Judas Galilæus in diebus professionis, et avertit populum post se: et ipse periit, et omnes quotquot consenserunt ei, dispersi sunt.
38ယခု လည်းဤသူ တို့ကို ရှောင်ရှား ၍ အလိုအလျောက် ရှိကြ ပါစေဟု ငါဆို၏ ။ ဤ အကြံဤအမှုသည် လူ ၏ အကြံ လူ၏အမှု ဖြစ်လျှင် ပျက်စီး ခြင်းသို့ ရောက်လိမ့်မည်။
38Et nunc itaque dico vobis, discedite ab hominibus istis, et sinite illos: quoniam si est ex hominibus consilium hoc aut opus, dissolvetur:
39ဘုရားသခင် ၏အကြံအမှုဖြစ် လျှင် သင် တို့သည် မ ဖျက်ဆီး နိုင်ကြ။ သင်တို့သည် ဘုရားသခင် ၏ အာဏာတော်ကို ဆန်သောသူမ ဖြစ် မည်အကြောင်း သတိပြုကြ လော့ဟု ပြောဆို၏။
39si vero ex Deo est, non poteritis dissolvere illud, ne forte et Deo repugnare inveniamini. Consenserunt autem illi.
40ထို စကားကို နားထောင် ကြသဖြင့်၊ တမန်တော် တို့ကိုခေါ် ၍ ရိုက်နှက် ပြီးမှ၊ ယေရှု ၏နာမ ကို အမှီပြု လျက် မ ဟော မပြောမည်အကြောင်း တားမြစ် ထား၍ လွှတ် ကြ ၏။
40Et convocantes Apostolos, cæsis denuntiaverunt ne omnino loquerentur in nomine Jesu, et dimiserunt eos.
41တမန်တော်တို့သည်လည်း၊ သခင်ယေရှု၏ နာမ တော်ကြောင့် မိမိတို့သည် အရှက်ကွဲ ခြင်းကို ခံထိုက် ကြသည်ဟု မှတ်တော်မူသောကြောင့် ဝမ်းမြောက် သော စိတ်ရှိ၍ လွှတ်တော် မှ ထွက်သွား ကြ၏။
41Et illi quidem ibant gaudentes a conspectu concilii, quoniam digni habiti sunt pro nomine Jesu contumeliam pati.
42ဗိမာန် တော်၌ ၎င်း ၊ အိမ် ၌၎င်း နေ့တိုင်း အစဉ် ဆုံးမ သွန်သင်လျက် ၊ ယေရှု သည်ခရစ်တော် ဖြစ်၏ဟူ၍ဧဝံဂေလိတရားကို မ ပြတ် ဟောပြော လျက်နေကြ၏။
42Omni autem die non cessabant in templo et circa domos, docentes et evangelizantes Christum Jesum.
Tip: use the ← and → keys to turn chapters.