တမန်တော် 5
Judson Burmese Bible (1840)Translation
Judson Burmese Bible (1840)
Greek New Testament: Textus Receptus
1သို့ရာတွင်အာနနိ နှင့် ရှဖိရေ အမည် ရှိသော လင်မယားနှစ်ယောက်တို့မူကား၊ ဥစ္စာ တစ်စုံတစ်ခုကို ရောင်း ပြီးလျှင်၊
1Ἀνὴρ δέ τις Ἀνανίας ὀνόματι, σὺν Σαπφείρῃ τῇ γυναικὶ αὐτοῦ, ἐπώλησε κτῆμα,
2ထိုသူသည် မိမိခင်ပွန်း နှင့်သဘောတူ လျက်၊ အဘိုး တဘို့ကို ထိမ်ဝှက် သဖြင့်၊ တ ဘို့ကိုသာယူဆောင်ခဲ့၍ တမန်တော် တို့၏ ခြေ ရင်း၌ ထား လေ၏။
2καὶ ἐνοσφίσατο ἀπὸ τῆς τιμῆς, συνειδυίας καὶ τῆς γυναικὸς αὐτοῦ, καὶ ἐνέγκας μέρος τι παρὰ τοὺς πόδας τῶν ἀποστόλων ἔθηκεν.
3ပေတရု ကလည်း၊ အာနနိ ၊ သင် သည်သန့်ရှင်း သော ဝိညာဉ် တော်ကို လှည့်စား ၍၊ မြေ ကိုရောင်းသော အဘိုး ၏တဘို့ကိုထိမ်ဝှက် မည် အကြောင်း၊ စာတန် သည် သင် ၏စိတ် နှလုံးကို အဘယ်ကြောင့် ပြည့် စေ ရသနည်း။
3Εἶπε δὲ Πέτρος, Ἀνανία, διὰ τί ἐπλήρωσεν ὁ Σατανᾶς τὴν καρδίαν σου, ψεύσασθαί σε τὸ πνεῦμα τὸ ἅγιον, καὶ νοσφίσασθαι ἀπὸ τῆς τιμῆς τοῦ χωρίου;
4ထို မြေရှိ စဉ်တွင် ကိုယ် ပိုင် သည် မဟုတ်လော။ ရောင်း ၍ရသော အဘိုးသည် ကိုယ် ဥစ္စာဖြစ် သည် မဟုတ်လော။ အဘယ်ကြောင့် ဤသို့ ကြံစည်သနည်း။ လူ ကိုသာ မုသာ ပြောပြီမ ဟုတ်၊ ဘုရားသခင် ကိုလည်း မုသာပြောပြီဟု ပေတရုဆို ၏။
4Οὐχὶ μένον σοὶ ἔμενε, καὶ πραθὲν ἐν τῇ σῇ ἐξουσίᾳ ὑπῆρχε; Τί ὅτι ἔθου ἐν τῇ καρδίᾳ σου τὸ πρᾶγμα τοῦτο; Οὐκ ἐψεύσω ἀνθρώποις, ἀλλὰ τῷ Θεῷ.
5ထိုစကား ကိုကြား လျှင် ၊ အာနနိ သည်လဲ ၍ သေ ၏။ ထိုအကြောင်းအရာကို ကြား သောသူ အပေါင်း တို့သည် အလွန် ကြောက်လန့် ခြင်း သို့ရောက် ကြ၏။
5Ἀκούων δὲ Ἀνανίας τοὺς λόγους τούτους, πεσὼν ἐξέψυξε· καὶ ἐγένετο φόβος μέγας ἐπὶ πάντας τοὺς ἀκούοντας ταῦτα.
6လုလင် တို့သည်လည်းထ ၍ အလောင်း ကောင်ကို အဝတ်နှင့် ပတ်ရစ် ပြီးလျှင် ဆောင်သွား ၍ သင်္ဂြိုဟ် ကြ၏။
6Ἀναστάντες δὲ οἱ νεώτεροι συνέστειλαν αὐτόν, καὶ ἐξενέγκαντες ἔθαψαν.
7ထိုနောက် သုံး နာရီ ခန့် လောက်ကြာ လျှင်၊ သူ ၏ ခင်ပွန်း သည် ဖြစ် ခဲ့ပြီးသော အမှုအရာကို မ သိ ဘဲလျက် ဝင်လာ ၏။
7Ἐγένετο δὲ ὡς ὡρῶν τριῶν διάστημα, καὶ ἡ γυνὴ αὐτοῦ μὴ εἰδυῖα τὸ γεγονὸς εἰσῆλθεν.
8ပေတရု ကလည်း၊ ဤမျှလောက် နှင့်မြေ ကိုရောင်း သလော၊ ငါ့ အားပြော လောဟုမေး လျှင်၊ ထိုမိန်းမက၊ ဟုတ် ပါ၏။ ဤမျှလောက် နှင့်ပင် ရောင်းပါသည်ဟုဆို ၏။
8Ἀπεκρίθη δὲ αὐτῇ ὁ Πέτρος, Εἰπέ μοι, εἰ τοσούτου τὸ χωρίον ἀπέδοσθε; Ἡ δὲ εἶπε, Ναί, τοσούτου.
9ပေတရု ကလည်း ၊ ထာဝရ ဘုရား၏ ဝိညာဉ် တော်ကို စုံစမ်း မည်ဟု သဘောတူ နှင့် အဘယ်ကြောင့် ကြံစည်ကြသနည်း။ ကြည့်ရှု လော့။ သင် ၏ ခင်ပွန်း ကို သင်္ဂြိုဟ် သော သူ တို့၏ခြေ သည်တံခါး နားမှာ ရှိသည်ဖြစ်၍ ၊ သင့် ကိုလည်းဆောင်သွား လေဦးမည်ဟု ဆိုသော ခဏခြင်း တွင်၊
9Ὁ δὲ Πέτρος εἶπε πρὸς αὐτήν, Τί ὅτι συνεφωνήθη ὑμῖν πειράσαι τὸ πνεῦμα Κυρίου; Ἰδού, οἱ πόδες τῶν θαψάντων τὸν ἄνδρα σου ἐπὶ τῇ θύρᾳ, καὶ ἐξοίσουσί σε.
10ထိုမိန်းမသည်ပေတရု ၏ ခြေ ရင်း၌ လဲ ၍ သေ လေ၏။ လုလင် တို့ သည်လည်းဝင် ၍ ထိုမိန်းမ သေ သည်ကိုတွေ့ လျှင် ၊ ဆောင်သွား ၍သူ ၏ ခင်ပွန်း အနားမှာ သင်္ဂြိုဟ် ကြ၏။
10Ἔπεσε δὲ παραχρῆμα παρὰ τοὺς πόδας αὐτοῦ, καὶ ἐξέψυξεν· εἰσελθόντες δὲ οἱ νεανίσκοι εὗρον αὐτὴν νεκράν, καὶ ἐξενέγκαντες ἔθαψαν πρὸς τὸν ἄνδρα αὐτῆς.
11သင်းဝင်သူ အပေါင်း မှစ၍ထိုအကြောင်း အရာ ကို ကြား ရသော သူ အပေါင်း တို့သည် အလွန် ကြောက်လန့် ခြင်းသို့ ရောက် ကြ၏။
11Καὶ ἐγένετο φόβος μέγας ἐφ᾿ ὅλην τὴν ἐκκλησίαν, καὶ ἐπὶ πάντας τοὺς ἀκούοντας ταῦτα.
12တမန်တော် တို့သည်လည်း လူ များရှေ့ မှာ နိမိတ် လက္ခဏာ၊ အံ့ဘွယ် သော အမှုအရာများ ကိုပြု ကြ၏။ ထိုသူအပေါင်း တို့သည် ရှောလမုန် ကနားပြင် ၌ တစ် ညီတစ်ညွတ်တည်း နေ ကြသဖြင့်၊
12Διὰ δὲ τῶν χειρῶν τῶν ἀποστόλων ἐγίνετο σημεῖα καὶ τέρατα ἐν τῷ λαῷ πολλά· καὶ ἦσαν ὁμοθυμαδὸν ἅπαντες ἐν τῇ στοᾷ Σολομῶντος.
13ကြွင်း သော သူတစ်စုံတစ်ယောက် မျှ မပေါင်းဖော် ဝံ့ သော်လည်း ၊ လူ များတို့သည် ကောင်းကြီး ပေးကြ၏။
13Τῶν δὲ λοιπῶν οὐδεὶς ἐτόλμα κολλᾶσθαι αὐτοῖς, ἀλλ᾿ ἐμεγάλυνεν αὐτοὺς ὁ λαός·
14သခင် ဘုရား၌ ယုံကြည် သော ယောက်ျား ၊ မိန်းမ ၊ အပေါင်း တို့သည် သင်းဝင်ကြ၏။
14μᾶλλον δὲ προσετίθεντο πιστεύοντες τῷ Κυρίῳ, πλήθη ἀνδρῶν τε καὶ γυναικῶν·
15ပေတရု သည် လမ်း၌ ရှောက်သွား စဉ်၊ အနာစွဲသောသူတို့တွင် တစ်ယောက်ယောက်ကို သူ ၏အရိပ် လွှမ်းမိုး စေခြင်းငှာ ၊ လူနာ တို့ကိုလမ်း နား သို့ထုတ် ၍ ခုတင် မွေ့ရာ ပေါ်မှာ ထား ကြ၏။
15ὥστε κατὰ τὰς πλατείας ἐκφέρειν τοὺς ἀσθενεῖς, καὶ τιθέναι ἐπὶ κλινῶν καὶ κραββάτων, ἵνα ἐρχομένου Πέτρου κἂν ἡ σκιὰ ἐπισκιάσῃ τινὶ αὐτῶν.
16ပတ်လည် ဝန်းကျင်၌ရှိသော မြို့သူ ရွာသားအပေါင်း တို့သည် အနာ စွဲသောသူ၊ နတ် ဆိုး ညှဉ်းဆဲ သော သူတို့ကို ဆောင်ခဲ့ လျက်၊ ယေရုရှလင် မြို့သို့ စုဝေး လာကြ၍ ၊ ထိုလူနာ အပေါင်း တို့သည် အနာကင်းလွတ် ခြင်းသို့ရောက်ကြ၏။
16Συνήρχετο δὲ καὶ τὸ πλῆθος τῶν πέριξ πόλεων εἰς Ἱερουσαλήμ, φέροντες ἀσθενεῖς καὶ ὀχλουμένους ὑπὸ πνευμάτων ἀκαθάρτων, οἵτινες ἐθεραπεύοντο ἅπαντες.
17ထိုအခါယဇ်ပုရောဟိတ် မင်းနှင့် ဇဒ္ဒုကဲ ဖြစ် သော ထိုမင်း ၏ အပေါင်းအဖော် ရှိသမျှ တို့သည် ထ ၍ ဒေါသ အမျက်နှင့် ပြည့် ကြသဖြင့်၊
17Ἀναστὰς δὲ ὁ ἀρχιερεὺς καὶ πάντες οἱ σὺν αὐτῷ — ἡ οὖσα αἵρεσις τῶν Σαδδουκαίων — ἐπλήσθησαν ζήλου,
18တမန်တော် တို့ကိုဘမ်းဆီး ၍ ထောင် ထဲ၌ လှောင်ထား ကြ၏။
18καὶ ἐπέβαλον τὰς χεῖρας αὐτῶν ἐπὶ τοὺς ἀποστόλους, καὶ ἔθεντο αὐτοὺς ἐν τηρήσει δημοσίᾳ.
19ညဉ့် အခါ ထာဝရ ဘုရား၏ ကောင်းကင်တမန် သည် ထောင် တံခါး ကိုဖွင့် ပြီးလျှင်၊ ထိုသူ တို့ကိုနှုတ်ဆက်၍၊ သင်တို့သွား ကြလော့။
19Ἄγγελος δὲ Κυρίου διὰ τῆς νυκτὸς ἤνοιξε τὰς θύρας τῆς φυλακῆς, ἐξαγαγών τε αὐτοὺς εἶπε,
20ဗိမာန် တော်၌ ရပ် ၍ အသက် ရှင်ခြင်း တရား စကားအလုံးစုံ ကို လူ များတို့အား ဟောပြော ကြလော့ဟု မှာထား ၏။ ထို စကားကိုကြား လျှင်၊ နံနက် စောစော ဗိမာန် တော်သို့ ဝင် ၍ ဆုံးမ ဩဝါဒပေးကြ၏။
20Πορεύεσθε, καὶ σταθέντες λαλεῖτε ἐν τῷ ἱερῷ τῷ λαῷ πάντα τὰ ῥήματα τῆς ζωῆς ταύτης.
21ယဇ်ပုရောဟိတ် မင်းနှင့် သူ ၏ အပေါင်းအဖော်တို့သည် လာ ကြသဖြင့် ၊ လွှတ် အရာရှိမှစ၍ ဣသရေလ လူ တို့တွင် အသက်ကြီး သော သူ အပေါင်း တို့ကို စုဝေး စေပြီးမှ၊ တမန်တော် တို့ကိုခေါ် စေခြင်းငှာလုလင် တို့ကို ထောင် သို့ စေလွှတ် ကြ၏။
21Ἀκούσαντες δὲ εἰσῆλθον ὑπὸ τὸν ὄρθρον εἰς τὸ ἱερόν, καὶ ἐδίδασκον. Παραγενόμενος δὲ ὁ ἀρχιερεὺς καὶ οἱ σὺν αὐτῷ, συνεκάλεσαν τὸ συνέδριον καὶ πᾶσαν τὴν γερουσίαν τῶν υἱῶν Ἰσραήλ, καὶ ἀπέστειλαν εἰς τὸ δεσμωτήριον, ἀχθῆναι αὐτούς.
22မင်းလုလင် တို့သည် ထောင်သို့ရောက် လျှင်၊ တမန်တော် တို့ကို ထောင် ထဲမှာ မ တွေ့ သည်ရှိသော် ပြန် ကြ၍၊
22Οἱ δὲ ὑπηρέται παραγενόμενοι οὐχ εὗρον αὐτοὺς ἐν τῇ φυλακῇ· ἀναστρέψαντες δὲ ἀπήγγειλαν,
23ထောင် တံခါးလည်းအထူးသဖြင့်လုံခြုံ စွာ ပိတ် လျက် ၊ ထောင်ကို စောင့် သော သူ တို့လည်း တံခါး ပြင်မှာ ရပ် လျက်ရှိကြသည်ကို အကျွန်ုပ်တို့ သည်တွေ့ ပါ၏။ ဖွင့် ပြီးမှ အထဲ ၌အဘယ်သူ ကိုမျှမတွေ့ ပါဟု ကြားလျှောက် ကြ၏။
23λέγοντες ὅτι Τὸ μὲν δεσμωτήριον εὕρομεν κεκλεισμένον ἐν πάσῃ ἀσφαλείᾳ, καὶ τοὺς φύλακας ἔξω ἑστῶτας πρὸ τῶν θυρῶν· ἀνοίξαντες δέ, ἔσω οὐδένα εὕρομεν.
24ယဇ်ပုရောဟိတ်မင်းနှင့် ဗိမာန် တော်မှူး အစ ရှိသော ယဇ်ပုရောဟိတ် အကြီးတို့သည် ထို စကား ကို ကြား လျှင်၊ ထိုအမှု သည် အဘယ်သို့ သောအမှု ဖြစ် လိမ့်မည်နည်းဟူ၍တွေးတော ခြင်းရှိကြ၏။
24Ὡς δὲ ἤκουσαν τοὺς λόγους τούτους ὅ τε ἱερεὺς καὶ ὁ στρατηγὸς τοῦ ἱεροῦ καὶ οἱ ἀρχιερεῖς, διηπόρουν περὶ αὐτῶν, τί ἂν γένοιτο τοῦτο.
25ထိုအခါလူတစ် ယောက်သည်လာ ၍ ထောင် ထဲမှာ လှောင် ထား သောသူ တို့သည် ဗိမာန် တော်၌ ရပ် လျက် ၊ လူ များတို့အား ဆုံးမ ဩဝါဒပေးကြပါသည်ဟု လျှောက် လေ၏။
25Παραγενόμενος δέ τις ἀπήγγειλεν αὐτοῖς λέγων ὅτι Ἰδού, οἱ ἄνδρες οὓς ἔθεσθε ἐν τῇ φυλακῇ εἰσὶν ἐν τῷ ἱερῷ ἑστῶτες καὶ διδάσκοντες τὸν λαόν.
26ထိုအခါ ဗိမာန်တော်မှူး သည် မင်း လုလင်တို့နှင့်အတူသွား ပြန်လျှင်၊ မိမိတို့ကို လူ များတို့သည် ကျောက်ခဲနှင့်ပစ် မည်ကိုစိုးရိမ် သောကြောင့် ၊ တမန်တော် တို့ကို အနိုင် အထက်မ ပြုဘဲ ခေါ်ဆောင် လေ၏။
26Τότε ἀπελθὼν ὁ στρατηγὸς σὺν τοῖς ὑπηρέταις ἤγαγεν αὐτούς, οὐ μετὰ βίας, ἐφοβοῦντο γὰρ τὸν λαόν, ἵνα μὴ λιθασθῶσιν.
27ထိုသို့ ခေါ်ဆောင် ပြီးလျှင်၊ လွှတ် အရာရှိတို့ ရှေ့ မှာထား ၍ ယဇ်ပုရောဟိတ် မင်းက၊
27Ἀγαγόντες δὲ αὐτοὺς ἔστησαν ἐν τῷ συνεδρίῳ. Καὶ ἐπηρώτησεν αὐτοὺς ὁ ἀρχιερεύς,
28ထို နာမ ကို အမှီပြု ၍မ ဆုံးမ မသွန်သင်မည် အကြောင်း ငါတို့သည်သင် တို့အား၊ ကျပ်တည်း စွာ စီရင် မှာထားသည်မ ဟုတ်လော။ ယခု ကြည့် ကြ။ ယေရုရှလင် မြို့ကို သင် တို့အယူဝါဒ နှင့် ပြည့် စေသည်ဖြစ်၍ ၊ ငါ တို့အပေါ်သို့ ထို သူ ၏အသွေး ကိုရောက် စေခြင်းငှာသင်တို့ ကြံစည် ပါသည် တကားဟုမေးမြန်း ပြောဆို ကြ၏။
28λέγων, Οὐ παραγγελίᾳ παρηγγείλαμεν ὑμῖν μὴ διδάσκειν ἐπὶ τῷ ὀνόματι τούτῳ; Καὶ ἰδοὺ πεπληρώκατε τὴν Ἱερουσαλὴμ τῆς διδαχῆς ὑμῶν, καὶ βούλεσθε ἐπαγαγεῖν ἐφ᾿ ἡμᾶς τὸ αἷμα τοῦ ἀνθρώπου τούτου.
29ပေတရု နှင့် အခြားသော တမန်တော် တို့ကလည်း၊ လူ ၏စကားထက် ဘုရားသခင် ၏ စကားကို နားထောင် သင့် ပါ၏။
29Ἀποκριθεὶς δὲ ὁ Πέτρος καὶ οἱ ἀπόστολοι εἶπον, Πειθαρχεῖν δεῖ Θεῷ μᾶλλον ἢ ἀνθρώποις.
30သင် တို့သည် သစ် တိုင်၌ ဆွဲ ၍ ကွပ်မျက် သော ယေရှု ကို ငါ တို့ ဘိုးဘေး များ၏ ဘုရားသခင် သည် ထမြောက် စေတော်မူပြီ။
30Ὁ Θεὸς τῶν πατέρων ἡμῶν ἤγειρεν Ἰησοῦν, ὃν ὑμεῖς διεχειρίσασθε, κρεμάσαντες ἐπὶ ξύλου.
31ဣသရေလ လူတို့အား နောင်တ တရားနှင့် အပြစ် လွှတ် ခြင်း အခွင့်ကိုပေး စေခြင်းငှာ၊ ထို သူကို အစိုးရသောအရှင် အရာ၌၎င်း ၊ ကယ်တင် သော သခင် အရာ၌၎င်း၊ ဘုရားသခင် ခန့်ထား၍ မိမိ လက်ျာ လက်တော်နှင့် ချီးမြှင့် တော်မူပြီ။
31Τοῦτον ὁ Θεὸς ἀρχηγὸν καὶ σωτῆρα ὕψωσε τῇ δεξιᾷ αὐτοῦ, δοῦναι μετάνοιαν τῷ Ἰσραὴλ καὶ ἄφεσιν ἁμαρτιῶν.
32ထို အကြောင်း အရာတို့သည် အမှန်ဖြစ်ကြောင်း ကို ငါ တို့သည် သက်သေခံ ဖြစ် ကြ၏။ ဘုရားသခင် ၏ စကားတော်ကို နားထောင် သော သူ တို့အား ပေး သနား တော်မူသော သန့်ရှင်း သော ဝိညာဉ် တော်သည်လည်း သက်သေခံဖြစ်တော်မူသည်ဟု ပြောဆို ကြ၏။
32Καὶ ἡμεῖς ἐσμεν αὐτοῦ μάρτυρες τῶν ῥημάτων τούτων, καὶ τὸ πνεῦμα δὲ τὸ ἅγιον, ὃ ἔδωκεν ὁ Θεὸς τοῖς πειθαρχοῦσιν αὐτῷ.
33ထိုစကားကိုကြား လျှင်၊ ထိုသူ တို့နှလုံးသည် ကွဲပြတ် မတတ်ဖြစ်၍ ၊ တမန်တော် တို့ကို ကွပ်မျက် ခြင်းငှာအချင်းချင်း တိုင်ပင်ပြောဆိုကြ၏။
33Οἱ δὲ ἀκούσαντες διεπρίοντο, καὶ ἐβουλεύοντο ἀνελεῖν αὐτούς.
34ထိုအခါ လူ အပေါင်း တို့ရိုသေ သောသူ၊ ဂါမလျေလ အမည် ရှိသောနိဿရည်း ဆရာ၊ ဖာရိရှဲ တစ် ယောက်သည် လွှတ်တော် ပေါ်၌ ထ ၍၊ တမန်တော် တို့ကို ပြင် သို့ခဏ ထွက်စေပြီးလျှင်၊
34Ἀναστὰς δέ τις ἐν τῷ συνεδρίῳ Φαρισαῖος, ὀνόματι Γαμαλιήλ, νομοδιδάσκαλος, τίμιος παντὶ τῷ λαῷ, ἐκέλευσεν ἔξω βραχύ τι τοὺς ἀποστόλους ποιῆσαι.
35ဣသရေလ လူ တို့၊ ဤ သူ တို့အား အဘယ်သို့ ပြု မည်အရာ ကို သတိ နှင့်ဆင်ခြင်ကြလော့။
35Εἶπέ τε πρὸς αὐτούς, Ἄνδρες Ἰσραηλῖται, προσέχετε ἑαυτοῖς ἐπὶ τοῖς ἀνθρώποις τούτοις, τί μέλλετε πράσσειν.
36အကြောင်းမူကား ၊ အထက် က သုဒ အမည်ရှိသောသူတစ်ယောက်သည်ထ သဖြင့်၊ ငါ သည်လူ သာမည မဟုတ်ဟု ဆို သည်ဖြစ်၍၊ သူ ၌ လူ လေးရာ မျှလောက် ဆည်းကပ် ကြ၏။ ထိုသူ သည် ပျက်စီး ခြင်းသို့ ရောက် ၍ သူ့ ကိုယုံကြည် သမျှ သော သူတို့သည် ကွဲပြား ပျောက်ပျက်ကြ၏။
36Πρὸ γὰρ τούτων τῶν ἡμερῶν ἀνέστη Θευδᾶς, λέγων εἶναί τινα ἑαυτόν, ᾧ προσεκολλήθη ἀριθμὸς ἀνδρῶν ὡσεὶ τετρακοσίων· ὃς ἀνῃρέθη, καὶ πάντες ὅσοι ἐπείθοντο αὐτῷ διελύθησαν καὶ ἐγένοντο εἰς οὐδέν.
37ထိုသူနောက်ငွေတော်ခွဲစဉ် ကာလ ၊ ယုဒ အမည် ရှိသောဂါလိလဲ လူတစ်ယောက်သည်လည်းထ ၍၊ မိမိ နောက် သို့လူ များကိုသွေးဆောင် လေ၏။ ထိုသူ သည်လည်း ပျက်စီး ခြင်းသို့ရောက်၍ ၊ သူ့ ကိုယုံကြည် သမျှ သောသူတို့သည် ပျောက်လွင့် ကြ၏။
37Μετὰ τοῦτον ἀνέστη Ἰούδας ὁ Γαλιλαῖος ἐν ταῖς ἡμέραις τῆς ἀπογραφῆς, καὶ ἀπέστησε λαὸν ἱκανὸν ὀπίσω αὐτοῦ· κἀκεῖνος ἀπώλετο, καὶ πάντες ὅσοι ἐπείθοντο αὐτῷ διεσκορπίσθησαν.
38ယခု လည်းဤသူ တို့ကို ရှောင်ရှား ၍ အလိုအလျောက် ရှိကြ ပါစေဟု ငါဆို၏ ။ ဤ အကြံဤအမှုသည် လူ ၏ အကြံ လူ၏အမှု ဖြစ်လျှင် ပျက်စီး ခြင်းသို့ ရောက်လိမ့်မည်။
38Καὶ τὰ νῦν λέγω ὑμῖν, ἀπόστητε ἀπὸ τῶν ἀνθρώπων τούτων, καὶ ἐάσατε αὐτούς· ὅτι ἐὰν ᾖ ἐξ ἀνθρώπων ἡ βουλὴ αὕτη ἢ τὸ ἔργον τοῦτο, καταλυθήσεται·
39ဘုရားသခင် ၏အကြံအမှုဖြစ် လျှင် သင် တို့သည် မ ဖျက်ဆီး နိုင်ကြ။ သင်တို့သည် ဘုရားသခင် ၏ အာဏာတော်ကို ဆန်သောသူမ ဖြစ် မည်အကြောင်း သတိပြုကြ လော့ဟု ပြောဆို၏။
39εἰ δὲ ἐκ Θεοῦ ἐστιν, οὐ δύνασθε καταλῦσαι αὐτό, μήποτε καὶ θεομάχοι εὑρεθῆτε.
40ထို စကားကို နားထောင် ကြသဖြင့်၊ တမန်တော် တို့ကိုခေါ် ၍ ရိုက်နှက် ပြီးမှ၊ ယေရှု ၏နာမ ကို အမှီပြု လျက် မ ဟော မပြောမည်အကြောင်း တားမြစ် ထား၍ လွှတ် ကြ ၏။
40Ἐπείσθησαν δὲ αὐτῷ· καὶ προσκαλεσάμενοι τοὺς ἀποστόλους, δείραντες παρήγγειλαν μὴ λαλεῖν ἐπὶ τῷ ὀνόματι τοῦ Ἰησοῦ, καὶ ἀπέλυσαν αὐτούς.
41တမန်တော်တို့သည်လည်း၊ သခင်ယေရှု၏ နာမ တော်ကြောင့် မိမိတို့သည် အရှက်ကွဲ ခြင်းကို ခံထိုက် ကြသည်ဟု မှတ်တော်မူသောကြောင့် ဝမ်းမြောက် သော စိတ်ရှိ၍ လွှတ်တော် မှ ထွက်သွား ကြ၏။
41Οἱ μὲν οὖν ἐπορεύοντο χαίροντες ἀπὸ προσώπου τοῦ συνεδρίου, ὅτι ὑπὲρ τοῦ ὀνόματος αὐτοῦ κατηξιώθησαν ἀτιμασθῆναι.
42ဗိမာန် တော်၌ ၎င်း ၊ အိမ် ၌၎င်း နေ့တိုင်း အစဉ် ဆုံးမ သွန်သင်လျက် ၊ ယေရှု သည်ခရစ်တော် ဖြစ်၏ဟူ၍ဧဝံဂေလိတရားကို မ ပြတ် ဟောပြော လျက်နေကြ၏။
42Πᾶσάν τε ἡμέραν, ἐν τῷ ἱερῷ καὶ κατ᾿ οἶκον, οὐκ ἐπαύοντο διδάσκοντες καὶ εὐαγγελιζόμενοι Ἰησοῦν τὸν Χριστόν.
Tip: use the ← and → keys to turn chapters.