တမန်တော် 22
Judson Burmese Bible (1840)Translation
Judson Burmese Bible (1840)
Greek New Testament: Textus Receptus
1ညီအစ်ကို ၊ အဘ တို့၊ အကျွန်ုပ် သည် ကိုယ်အပြစ် ဖြေရာစကားကို သင် တို့ရှေ့ မှာ ယခု ပြောစဉ်တွင် နားထောင် ကြပါဟု ဆို လေသော်၊
1Ἄνδρες ἀδελφοὶ καὶ πατέρες, ἀκούσατέ μου τῆς πρὸς ὑμᾶς νῦν ἀπολογίας.
2ဟေဗြဲ ဘာသာ အားဖြင့်ပြော သည်ကို ထိုသူတို့သည် ကြား လျှင် သာ၍ အလွန်တိတ်ဆိတ် စွာနေကြ၏။
2Ἀκούσαντες δὲ ὅτι τῇ Ἑβραΐδι διαλέκτῳ προσεφώνει αὐτοῖς, μᾶλλον παρέσχον ἡσυχίαν. Καί φησιν,
3ပေါလုကလည်း၊ အကျွန်ုပ် သည် ကိလိကိ ပြည်တာရှု မြို့၌ မွေးဘွား သော ယုဒ လူ ဖြစ် ပါ၏။ ဤ မြို့ မှာ လည်း၊ ဂေါမလျေလ အမည် ရှိသော ဆရာ၏ ခြေ ရင်း၌ ကျွေးမွေးခြင်းကိုခံ၍ မိစဉ်တဆက် ကျင့်သော တရား ကို သေချာ စွာသိနားလည်ခြင်းငှာ နည်း ဥပဒေသကိုခံပါပြီ။ သင် တို့ ရှိ သမျှ သည်ယနေ့ တိုင်အောင်ဘုရားသခင် ဘက် ၌ စိတ်အားကြီးသည် နည်းတူ ၊ အကျွန်ုပ်လည်း စိတ်အားကြီး သဖြင့်၊
3Ἐγὼ μέν εἰμι ἀνὴρ Ἰουδαῖος, γεγεννημένος ἐν Ταρσῷ τῆς Κιλικίας, ἀνατεθραμμένος δὲ ἐν τῇ πόλει ταύτῃ παρὰ τοὺς πόδας Γαμαλιήλ, πεπαιδευμένος κατὰ ἀκρίβειαν τοῦ πατρῴου νόμου, ζηλωτὴς ὑπάρχων τοῦ Θεοῦ, καθὼς πάντες ὑμεῖς ἐστε σήμερον·
4ယောက်ျား မိန်းမ တို့ကို ချည်နှောင် ၍ ထောင် ထဲမှာ လှောင် ထားလျက် အသေ သတ်ခြင်းသို့ တိုင်အောင်၊ ထို ဘာသာ ကိုညှဉ်းဆဲ ပါပြီ။
4ὃς ταύτην τὴν ὁδὸν ἐδίωξα ἄχρι θανάτου, δεσμεύων καὶ παραδιδοὺς εἰς φυλακὰς ἄνδρας τε καὶ γυναῖκας.
5ထိုကဲ့သို့ ပင်ယဇ်ပုရောဟိတ် မင်းမှစ၍ လူအကြီးအကဲ အပေါင်း တို့သည်အကျွန်ုပ် ဘက်၌သက်သေ ဖြစ်ကြပါ၏။သူ တို့ထံမှ လည်း အကျွန်ုပ်သည် ညီအစ်ကို တို့ထံသို့ မှာစာ ကို ခံ ပြီးမှ၊ ဒမာသက် မြို့၌ ရှိ သော ထိုဘာသာဝင်သူတို့ ကို ဒဏ် ခံစေခြင်းငှာ ချည်နှောင် ၍ ယေရုရှလင် မြို့သို့ ပို့ မည်ဟု ဒမာသက်မြို့သို့အကျွန်ုပ်သွား ပါ၏။
5Ὡς καὶ ὁ ἀρχιερεὺς μαρτυρεῖ μοι, καὶ πᾶν τὸ πρεσβυτέριον· παρ᾿ ὧν καὶ ἐπιστολὰς δεξάμενος πρὸς τοὺς ἀδελφούς, εἰς Δαμασκὸν ἐπορευόμην, ἄξων καὶ τοὺς ἐκεῖσε ὄντας δεδεμένους εἰς Ἱερουσαλήμ, ἵνα τιμωρηθῶσιν.
6လမ်း ၌သွား၍ ဒမာသက် မြို့အနီး သို့ ရောက်သောအခါ၊ မွန်းတည့် အချိန်တွင် ကောင်းကင် ထဲက ကြီး သောအလင်း သည် အကျွန်ုပ် ပတ်လည် ၌ ရုတ်ခနဲ ထွန်းတောက် ပါ၏။
6Ἐγένετο δέ μοι πορευομένῳ καὶ ἐγγίζοντι τῇ Δαμασκῷ, περὶ μεσημβρίαν, ἐξαίφνης ἐκ τοῦ οὐρανοῦ περιαστράψαι φῶς ἱκανὸν περὶ ἐμέ.
7အကျွန်ုပ်သည် မြေ ပေါ်မှာ လဲ၍ နေ စဉ်၊ ရှောလု ၊ ရှောလု ၊ အဘယ်ကြောင့် ငါ့ ကို ညှဉ်းဆဲ သနည်းဟု အကျွန်ုပ် အား ပြော သောစကား သံကိုကြား လျှင်၊
7Ἔπεσόν τε εἰς τὸ ἔδαφος, καὶ ἤκουσα φωνῆς λεγούσης μοι, Σαούλ, Σαούλ, τί με διώκεις;
8သခင် ၊ ကိုယ်တော်သည်အဘယ်သူ နည်းဟု အကျွန်ုပ် ပြန်၍ မေးလျှောက် သော်၊ ငါ ကား၊ သင် ညှင်းဆဲ သော နာဇရက် မြို့သားယေရှု ဖြစ် သတည်းဟု မိန့် တော်မူ၏။
8Ἐγὼ δὲ ἀπεκρίθην, Τίς εἶ, Κύριε; Εἶπέ τε πρός με, Ἐγώ εἰμι Ἰησοῦς ὁ Ναζωραῖος ὃν σὺ διώκεις.
9အကျွန်ုပ် နှင့် ပါ သောသူတို့သည် ထိုအလင်း ကို မြင် ၍ကြောက်ရွံ့ခြင်းသို့ရောက်သော်လည်း ၊ အကျွန်ုပ် အားပြော သောသူ၏ စကား သံကို မ ကြား မသိရကြ။
9Οἱ δὲ σὺν ἐμοὶ ὄντες τὸ μὲν φῶς ἐθεάσαντο, καὶ ἔμφοβοι ἐγένοντο· τὴν δὲ φωνὴν οὐκ ἤκουσαν τοῦ λαλοῦντός μοι.
10ထိုအခါအကျွန်ုပ် ကလည်း ၊ သခင် ၊ အကျွန်ုပ်သည် အဘယ်သို့ ပြု ရပါမည်နည်းဟု လျှောက် လျှင် ၊ သခင် ဘုရားက၊ ထ လော့။ ဒမာသက် မြို့ သို့ သွား လော့။ သင် ဆောင်ရွက် စရာတို့ ခွဲခန့် စီမံသမျှ တို့ကို ထိုမြို့ ၌ ပြော လိမ့်မည်ဟုမိန့် တော်မူ၏။
10Εἶπον δέ, Τί ποιήσω, Κύριε; Ὁ δὲ Κύριος εἶπε πρός με, Ἀναστὰς πορεύου εἰς Δαμασκόν· κἀκεῖ σοι λαληθήσεται περὶ πάντων ὧν τέτακταί σοι ποιῆσαι.
11ထို အလင်း ၏ရောင်ခြည် အရှိန်အားဖြင့် အကျွန်ုပ်သည် မျက်စိ ကန်းသောကြောင့် ၊ အကျွန်ုပ် နှင့် ပါ သော သူ တို့၏ လက် ဆွဲခြင်းခံရ၍ ဒမာသက် မြို့သို့ ရောက် ပါ၏။
11Ὡς δὲ οὐκ ἐνέβλεπον ἀπὸ τῆς δόξης τοῦ φωτὸς ἐκείνου, χειραγωγούμενος ὑπὸ τῶν συνόντων μοι, ἦλθον εἰς Δαμασκόν.
12ထိုအခါ ပညတ် တရားနှင့်အညီ ဘုရား ဝတ်၌မွေ့လျော်သောသူ ဖြစ်၍၊ ထိုမြို့မှ နေ သောယုဒ လူ အပေါင်း တို့တွင် အသရေ ရှိသောသူ အာနနိ သည်၊
12Ἀνανίας δέ τις, ἀνὴρ εὐσεβὴς κατὰ τὸν νόμον, μαρτυρούμενος ὑπὸ πάντων τῶν κατοικούντων Ἰουδαίων,
13အကျွန်ုပ် ဆီသို့ လာ ၍ အနား ၌ရပ် လျက်၊ ညီ ရှောလု ၊ တဖန်မျက်စိမြင် ခြင်းသို့ ရောက်လော့ဟုဆို ၏။ ထို ခဏ ၌ အကျွန်ုပ် သည် သူ့ ကိုကြည့်ရှု၍မြင် ရ၏။
13ἐλθὼν πρός με καὶ ἐπιστὰς εἶπέ μοι, Σαοὺλ ἀδελφέ, ἀνάβλεψον. Κἀγὼ αὐτῇ τῇ ὥρᾳ ἀνέβλεψα εἰς αὐτόν.
14သူကလည်း၊ သင်သည်မြင် လေသမျှ ၊ ကြား လေသမျှ တို့ကို လူအပေါင်း တို့ အား ပြော၍ သခင် ဘုရား၏ သက်သေခံ ဖြစ် ရမည် အကြောင်း ၊
14Ὁ δὲ εἶπεν, Ὁ Θεὸς τῶν πατέρων ἡμῶν προεχειρίσατό σε γνῶναι τὸ θέλημα αὐτοῦ, καὶ ἰδεῖν τὸν δίκαιον, καὶ ἀκοῦσαι φωνὴν ἐκ τοῦ στόματος αὐτοῦ.
15သင်သည်ဘုရားသခင် ၏ အလို တော်ကို သိ စေခြင်းငှာ၎င်း ၊ ဖြောင့်မတ် တော်မူသောသူ ကိုမြင် ၍ နှုတ် တော်ထွက် ကို ကြား စေခြင်းငှာ၎င်း၊ ငါ တို့ဘိုးဘေး များ၏ ဘုရားသခင် သည် သင့် ကို ခန့်ထား တော်မူ၏။
15Ὅτι ἔσῃ μάρτυς αὐτῷ πρὸς πάντας ἀνθρώπους ὧν ἑώρακας καὶ ἤκουσας.
16ယခု လည်း သင်သည်အဘယ်ကြောင့် ဆိုင်းလင့် ၍ နေသနည်း။ ထ လော့။ သခင် ဘုရားကို ပဌနာ ပြုလျက် ဗတ္တိဇံ ကိုခံ၍ ၊ သင် ၏အပြစ် များကို ဆေးကြော လော့ဟု ဆို ပါ၏။
16Καὶ νῦν τί μέλλεις; Ἀναστὰς βάπτισαι καὶ ἀπόλουσαι τὰς ἁμαρτίας σου, ἐπικαλεσάμενος τὸ ὄνομα τοῦ Κυρίου.
17ထိုနောက်မှအကျွန်ုပ် သည် ယေရုရှလင် မြို့သို့ ပြန် ၍၊ ဗိမာန် တော်၌ ဆုတောင်း စဉ်ဘဝင်ကျ ၍၊
17Ἐγένετο δέ μοι ὑποστρέψαντι εἰς Ἱερουσαλήμ, καὶ προσευχομένου μου ἐν τῷ ἱερῷ, γενέσθαι με ἐν ἐκστάσει,
18သခင်ဘုရားက၊ သင်သည်ကြိုးစား ၍ ယေရုရှလင် မြို့မှ အလျင်အမြန် ထွက်သွား လော့။ ငါ ၏ အကြောင်း ကို သင် သည်ပြော၍ သက်သေခံ သော စကား ကို ဤလူ တို့သည် မခံ ဘဲနေကြလိမ့်မည်ဟု မိန့် တော်မူလျက်ရှိသည်ကို အကျွန်ုပ် မြင် လေ၏။
18καὶ ἰδεῖν αὐτὸν λέγοντά μοι, Σπεῦσον καὶ ἔξελθε ἐν τάχει ἐξ Ἱερουσαλήμ· διότι οὐ παραδέξονταί σου τὴν μαρτυρίαν περὶ ἐμοῦ.
19အကျွန်ုပ် ကလည်း၊ သခင် ၊ ကိုယ်တော် ကို ယုံကြည် သော သူ တို့ကို အကျွန်ုပ် ထောင် ထဲ၌လှောင် ထား၍၊ တရားစရပ် များ၌ ရိုက် သည်အကြောင်း ကို သူ တို့သိ ကြပါ၏။
19Κἀγὼ εἶπον, Κύριε, αὐτοὶ ἐπίστανται ὅτι ἐγὼ ἤμην φυλακίζων καὶ δέρων κατὰ τὰς συναγωγὰς τοὺς πιστεύοντας ἐπὶ σέ·
20ကိုယ်တော် ၏ သက်သေခံ ဖြစ်သော သတေဖန် ၏ အသွေး ကို သွန်း သောအခါ အကျွန်ုပ် သည် အနား၌ နေ လျက်၊ ကွပ်မျက်ခြင်း အမှုကို ဝန်ခံ ၍၊ ကွပ်မျက် သော သူ တို့၏ အဝတ် ကိုစောင့် နေပါ၏ဟု၊
20καὶ ὅτε ἐξεχεῖτο τὸ αἷμα Στεφάνου τοῦ μάρτυρός σου, καὶ αὐτὸς ἤμην ἐφεστὼς καὶ συνευδοκῶν τῇ ἀναιρέσει αὐτοῦ, καὶ φυλάσσων τὰ ἱμάτια τῶν ἀναιρούντων αὐτόν.
21လျှောက်ဆို လျှင်၊ သခင်ဘုရားက၊ သွား လော့။ ငါ သည်တစ်ပါး အမျိုးသားတို့ရှိရာသို့ သင့် ကိုဝေး လှစွာ လွှတ် မည်ဟုအကျွန်ုပ် အား မိန့် တော်မူသည်ဟု ပေါလု မြွက်ဆို ၏။
21Καὶ εἶπε πρός με, Πορεύου, ὅτι ἐγὼ εἰς ἔθνη μακρὰν ἐξαποστελῶ σε.
22ထို မျှတိုင်အောင် ပေါလု ၏ စကား ကို နားထောင် ပြီးလျှင် ၊ ထိုသူ တို့သည်အော်ဟစ် ၍ ၊ ထိုသို့သော သူကို မြေကြီး ပြင်မှ သုတ်သင် ပယ်ရှင်းလော့။ သူ သည် အသက် မ ရှင်သင့် ဟု ဆို ကြ၏။
22Ἤκουον δὲ αὐτοῦ ἄχρι τούτου τοῦ λόγου, καὶ ἐπῆραν τὴν φωνὴν αὐτῶν λέγοντες, Αἶρε ἀπὸ τῆς γῆς τὸν τοιοῦτον· οὐ γὰρ καθῆκον αὐτὸν ζῇν.
23ထိုသို့အော်ဟစ် ခြင်း၊ ကိုယ်အဝတ် ကိုချွတ် ခြင်း၊ မြေမှုန့် ကို မိုဃ်း ကောင်းကင်သို့ ပစ် လိုက်ခြင်းကို ပြုကြ စဉ်တွင်၊
23Κραυγαζόντων δὲ αὐτῶν, καὶ ῥιπτούντων τὰ ἱμάτια, καὶ κονιορτὸν βαλλόντων εἰς τὸν ἀέρα,
24ပေါလု ကိုအဘယ်ကြောင့်ထိုသို့ အော်ဟစ် ကြ သည်ကိုစစ်သူကြီး သည် သိ လို၍ ၊ ပေါလု ကို ရဲတိုက် ထဲသို့ သွင်း စေ။ ရိုက် ၍ စစ်ကြော စေဟုစီရင် လေ၏။
24ἐκέλευσεν αὐτὸν ὁ χιλίαρχος ἄγεσθαι εἰς τὴν παρεμβολήν, εἰπὼν μάστιξιν ἀνετάζεσθαι αὐτόν, ἵνα ἐπιγνῷ δι᾿ ἣν αἰτίαν οὕτως ἐπεφώνουν αὐτῷ.
25သားရေ ကြိုးနှင့် ဆွဲတင် ကြသောအခါ ၊ ပေါလု က၊ ရောမ လူ ဖြစ်သောသူကို ဓမ္မသတ်အတိုင်း မ စီရင် ဘဲလျက်၊ သင် တို့သည် ရိုက် ရသလောဟု အနား၌ရပ် နေသော တပ်မှူး အား ဆို ၏။
25Ὡς δὲ προέτεινεν αὐτὸν τοῖς ἱμᾶσιν, εἶπε πρὸς τὸν ἑστῶτα ἑκατόνταρχον ὁ Παῦλος, Εἰ ἄνθρωπον Ῥωμαῖον καὶ ἀκατάκριτον ἔξεστιν ὑμῖν μαστίζειν;
26တပ်မှူး သည်ကြား လျှင် စစ်သူကြီး ထံသို့သွား ၍၊ အဘယ်သို့ ပြု မည်ကို သတိ ထားပါလော့။ ဤ သူ သည် ရောမ လူဖြစ် ပါသည်ဟု ကြားလျှောက် ၏။
26Ἀκούσας δὲ ὁ ἑκατόνταρχος, προσελθὼν ἀπήγγειλε τῷ χιλιάρχῳ λέγων, Ὅρα τί μέλλεις ποιεῖν· ὁ γὰρ ἄνθρωπος οὗτος Ῥωμαῖός ἐστι.
27စစ်သူကြီး သည်လည်း ၊ ပေါလု ထံသို့လာ ၍၊ သင် သည်ရောမ လူမှန် သလော၊ ငါ့ အား ပြော လော့ဟုဆို လျှင် မှန် ပါသည်ဟု ပေါလုဆို ၏။
27Προσελθὼν δὲ ὁ χιλίαρχος εἶπεν αὐτῷ, Λέγε μοι, εἰ σὺ Ῥωμαῖος εἶ; Ὁ δὲ ἔφη, Ναί.
28စစ်သူကြီး ကလည်း၊ အကျွန်ုပ် သည်ငွေ အများ ကို ပေး၍ ရောမလူ၏ အရိပ် အရာကိုရ သည်ဟုဆို လျှင်၊ ပေါလု က၊ အကျွန်ုပ် သည် ဇာတိ အားဖြင့် ရပါသည်ဟု ဆို ၏။
28Ἀπεκρίθη τε ὁ χιλίαρχος, Ἐγὼ πολλοῦ κεφαλαίου τὴν πολιτείαν ταύτην ἐκτησάμην. Ὁ δὲ Παῦλος ἔφη, Ἐγὼ δὲ καὶ γεγέννημαι.
29ထိုအခါ စစ်ကြော မည်ပြုသောသူတို့သည် ပေါလု ထံမှ ချက်ခြင်း သွား ၍၊ သူသည်ရောမ လူ ဖြစ် သည်ကို၎င်း ၊ ရောမလူကိုချည်နှောင် မိသည်ကို၎င်း၊ စစ်သူကြီး သိ လျှင် ကြောက် ခြင်းသို့ရောက်လေ၏။
29Εὐθέως οὖν ἀπέστησαν ἀπ᾿ αὐτοῦ οἱ μέλλοντες αὐτὸν ἀνετάζειν. Καὶ ὁ χιλίαρχος δὲ ἐφοβήθη, ἐπιγνοὺς ὅτι Ῥωμαῖός ἐστι, καὶ ὅτι ἦν αὐτὸν δεδεκώς.
30နက်ဖြန် နေ့တွင် အဘယ် အပြစ် ကို ယုဒ လူတို့သည် ပေါလု၌ တင်ကြသည်ကို စစ်သူကြီးသည် အမှန် သိ လို သောကြောင့်၊ ပေါလု ၌ ချည်နှောင်သောသံကြိုးကို ချွတ် ၍၊ ယဇ်ပုရောဟိတ် အကြီးတို့နှင့် လွှတ် အရာရှိ အပေါင်း တို့ကို စည်းဝေး စေခြင်းငှာစီရင် ပြီးလျှင် ၊ ပေါလု ကိုခေါ် ၍ သူ တို့ရှေ့ ၌ထား လေ၏။
30Τῇ δὲ ἐπαύριον βουλόμενος γνῶναι τὸ ἀσφαλές, τὸ τί κατηγορεῖται παρὰ τῶν Ἰουδαίων, ἔλυσεν αὐτὸν ἀπὸ τῶν δεσμῶν, καὶ ἐκέλευσεν ἐλθεῖν τοὺς ἀρχιερεῖς καὶ ὅλον τὸ συνέδριον αὐτῶν, καὶ καταγαγὼν τὸν Παῦλον ἔστησεν εἰς αὐτούς.
Tip: use the ← and → keys to turn chapters.