တမန်တော် 21
Judson Burmese Bible (1840)Translation
Judson Burmese Bible (1840)
Greek New Testament: Textus Receptus
1ထိုသူ များနှင့် ငါ တို့သည် ခွာသွား ၍ သင်္ဘောလွှင့် မှ ကောသ ကျွန်းသို့ တည့်တည့် သွား သဖြင့်၊ နက်ဖြန် နေ့၌ ရောဒု ကျွန်းသို့ ၎င်း၊ ထို ကျွန်းမှ ပါတရ မြို့သို့ ၎င်း ရောက် ကြ၏။
1Ὡς δὲ ἐγένετο ἀναχθῆναι ἡμᾶς ἀποσπασθέντας ἀπ᾿ αὐτῶν, εὐθυδρομήσαντες ἤλθομεν εἰς τὴν Κῶν, τῇ δὲ ἑξῆς εἰς τὴν Ῥόδον, κἀκεῖθεν εἰς Πάταρα·
2ဖိနိတ် ပြည်သို့ ကူး သော သင်္ဘော ကိုတွေ့ လျှင်၊ ထိုသင်္ဘောကိုစီး ၍ လွှင့် ပြန်၏။
2καὶ εὑρόντες πλοῖον διαπερῶν εἰς Φοινίκην, ἐπιβάντες ἀνήχθημεν.
3ကုပရု ကျွန်းကိုမြင် လျှင် လက်ျာ ဘက်၌ ရှောက်သွားသဖြင့်၊ ရှုရိ ပြည်သို့ ကူး ၍ တုရု မြို့၌ ဆိုက် လေ၏။ ထို မြို့မှာ သင်္ဘော ၌ပါသော ဝန် ကိုချ ရ၏။
3Ἀναφάναντες δὲ τὴν Κύπρον, καὶ καταλιπόντες αὐτὴν εὐώνυμον, ἐπλέομεν εἰς Συρίαν, καὶ κατήχθημεν εἰς Τύρον· ἐκεῖσε γὰρ ἦν τὸ πλοῖον ἀποφορτιζόμενον τὸν γόμον.
4တပည့် တော်တို့ကိုတွေ့ ၍ ငါတို့သည် ခုနစ် ရက် နေ ကြ၏။ ပေါလု သည် ယေရုရှလင် မြို့သို့ မ တက် ရမည် အကြောင်း၊ ထို တပည့်တော် တို့သည် ဝိညာဉ် တော်အားဖြင့် ပြော ကြ၏။
4Καὶ ἀνευρόντες τοὺς μαθητάς, ἐπεμείναμεν αὐτοῦ ἡμέρας ἑπτά· οἵτινες τῷ Παύλῳ ἔλεγον διὰ τοῦ πνεύματος, μὴ ἀναβαίνειν εἰς Ἱερουσαλήμ.
5ခုနစ်ရက် စေ့ သောအခါ တပည့်တော်အပေါင်းတို့သည် သား မယား နှင့်တကွ မြို့ ပြင် သို့ ငါ တို့ကို ပို့ လိုက် ကြ၍ ငါတို့သည်ထွက် သွား ပြီးလျှင်၊ ပင်လယ်ကမ်း ပေါ်၌ ဒူး ထောက် လျက် ဆုတောင်း ကြ၏။
5Ὅτε δὲ ἐγένετο ἡμᾶς ἐξαρτίσαι τὰς ἡμέρας, ἐξελθόντες ἐπορευόμεθα, προπεμπόντων ἡμᾶς πάντων σὺν γυναιξὶ καὶ τέκνοις ἕως ἔξω τῆς πόλεως· καὶ θέντες τὰ γόνατα ἐπὶ τὸν αἰγιαλὸν προσηυξάμεθα.
6အချင်းချင်း နှုတ်ဆက် ပြီးမှငါတို့သည် သင်္ဘော ပေါ်သို့ တက် ၍ သူ တို့သည် မိမိ အိမ်သို့ ပြန် ကြ၏။
6Καὶ ἀσπασάμενοι ἀλλήλους, ἐπέβημεν εἰς τὸ πλοῖον, ἐκεῖνοι δὲ ὑπέστρεψαν εἰς τὰ ἴδια.
7တုရု မြို့မှ ပတောလင် မြို့သို့ ရောက် လျှင်၊ ပင်လယ်ကူး ခြင်းနှင့် လွတ်ကြ၏။ ပတောလင်မြို့၌ ညီအစ်ကို တို့နှင့် နှုတ်ဆက် ၍ တစ် ရက် နေ ပြီးမှ၊
7Ἡμεῖς δέ, τὸν πλοῦν διανύσαντες ἀπὸ Τύρου, κατηντήσαμεν εἰς Πτολεμαΐδα, καὶ ἀσπασάμενοι τοὺς ἀδελφοὺς ἐμείναμεν ἡμέραν μίαν παρ᾿ αὐτοῖς.
8နက်ဖြန် နေ့၌ ထွက်သွား ပြန်၍ ကဲသရိ မြို့သို့ ရောက် လျှင်၊ ဆရာခုနစ် ပါးအဝင် သာသနာပြု ဆရာ ဖိလိပ္ပု ၏ အိမ် သို့ ဝင် ၍နေ ကြ၏။
8Τῇ δὲ ἐπαύριον ἐξελθόντες οἱ περὶ τὸν Παῦλον ἤλθομεν εἰς Καισάρειαν· καὶ εἰσελθόντες εἰς τὸν οἶκον Φιλίππου τοῦ εὐαγγελιστοῦ, τοῦ ὄντος ἐκ τῶν ἑπτά, ἐμείναμεν παρ᾿ αὐτῷ.
9ထိုသူ ၌ ပရောဖက် ပြုသော သမီး ကညာ လေး ယောက်ရှိ ၏။
9Τούτῳ δὲ ἦσαν θυγατέρες παρθένοι τέσσαρες προφητεύουσαι.
10ထိုအိမ်၌တာရှည် စွာနေ ကြပြီးမှ အာဂဗု အမည် ရှိသော ပရောဖက် တစ် ယောက်သည် ယုဒ ပြည်မှ လာ ၍၊
10Ἐπιμενόντων δὲ ἡμῶν ἡμέρας πλείους, κατῆλθέ τις ἀπὸ τῆς Ἰουδαίας προφήτης ὀνόματι Ἄγαβος.
11ငါ တို့ရှိရာ သို့ဝင် သဖြင့်၊ ပေါလု ၏ ခါးပန်း ကိုယူ ၍ မိမိ ခြေ လက် ကိုချည်နှောင် ပြီးလျှင်၊ ဤ ခါးပန်း ရှင် ကို ယုဒ လူတို့သည် ယေရုရှလင် မြို့၌ ချည်နှောင် ၍၊ တစ်ပါး အမျိုးသားတို့လက် သို့ အပ်နှံ ကြလိမ့်မည်ဟု သန့်ရှင်း သော ဝိညာဉ် တော်မိန့် တော်မူသည်ဟုဆို ၏။
11Καὶ ἐλθὼν πρὸς ἡμᾶς, καὶ ἄρας τὴν ζώνην τοῦ Παύλου, δήσας τε αὐτοῦ τὰς χεῖρας καὶ τοὺς πόδας εἶπε, Τάδε λέγει τὸ πνεῦμα τὸ ἅγιον, Τὸν ἄνδρα οὗ ἐστιν ἡ ζώνη αὕτη, οὕτω δήσουσιν ἐν Ἱερουσαλὴμ οἱ Ἰουδαῖοι, καὶ παραδώσουσιν εἰς χεῖρας ἐθνῶν.
12ထို စကားကိုကြား လျှင်၊ ငါ တို့နှင့် ထို အရပ်၌ ရှိသော သူ တို့က၊ ယေရုရှလင် မြို့သို့ မ သွား ပါနှင့်ဟု ပေါလု ကိုတောင်းပန် ကြ၏။
12Ὡς δὲ ἠκούσαμεν ταῦτα, παρεκαλοῦμεν ἡμεῖς τε καὶ οἱ ἐντόπιοι, τοῦ μὴ ἀναβαίνειν αὐτὸν εἰς Ἱερουσαλήμ.
13ပေါလု ကလည်း၊ အဘယ်ကြောင့် ငိုကြွေး လျက် ငါ့ စိတ်နှလုံး ကို ကြေကွဲ စေလျက် ပြုကြသနည်း။ သခင် ယေရှု ၏ နာမ တော်ကြောင့် ယေရုရှလင် မြို့၌ ချည်နှောင် ခြင်းမက ၊ အသေ သတ်ခြင်းကိုပင် ခံခြင်းငှာငါ အသင့် ရှိ သည်ဟုဆို ၏။
13Ἀπεκρίθη δὲ ὁ Παῦλος, Τί ποιεῖτε κλαίοντες καὶ συνθρύπτοντές μου τὴν καρδίαν; Ἐγὼ γὰρ οὐ μόνον δεθῆναι, ἀλλὰ καὶ ἀποθανεῖν εἰς Ἱερουσαλὴμ ἑτοίμως ἔχω ὑπὲρ τοῦ ὀνόματος τοῦ Κυρίου Ἰησοῦ.
14ထိုသို့သွေးဆောင် ခြင်းသို့မလိုက်သောအခါ ငါတို့သည် မသွေးဆောင်ဘဲနေ၍၊ သခင် ဘုရား အလို တော်ရှိသည်အတိုင်း ဖြစ် ပါစေဟု ဆို ကြ၏။
14Μὴ πειθομένου δὲ αὐτοῦ, ἡσυχάσαμεν εἰπόντες, Τὸ θέλημα τοῦ Κυρίου γενέσθω.
15ထိုနောက်မှ ငါတို့သည် အသုံးအဆောင်များကို ပြင်ဆင် ၍ ယေရုရှလင် မြို့သို့သွား ကြ၏။
15Μετὰ δὲ τὰς ἡμέρας ταύτας ἀποσκευασάμενοι ἀνεβαίνομεν εἰς Ἱερουσαλήμ.
16ကဲသရိ မြို့သားတပည့် တော်အချို့ တို့သည် ငါ တို့နှင့်အတူ လိုက် ကြ၍၊ ငါတို့ကိုဧည့်ခံ မည့်သူ မနာသုန် အမည်ရှိသော ကုပရု ကျွန်း သား အသက်ကြီး သော တပည့် တော်ဆီသို့ပို့ဆောင် ကြ၏။
16Συνῆλθον δὲ καὶ τῶν μαθητῶν ἀπὸ Καισαρείας σὺν ἡμῖν, ἄγοντες παρ᾿ ᾧ ξενισθῶμεν, Μνάσωνί τινι Κυπρίῳ, ἀρχαίῳ μαθητῇ.
17ယေရုရှလင် မြို့သို့ ရောက် သောအခါ၊ ညီအစ်ကို တို့သည် ကြည်ညို သောစိတ်နှင့် ငါ တို့ကို လက်ခံ ကြ၏။
17Γενομένων δὲ ἡμῶν εἰς Ἱεροσόλυμα, ἀσμένως ἐδέξαντο ἡμᾶς οἱ ἀδελφοί.
18နက်ဖြန် နေ့၌ပေါလု သည် ငါ တို့နှင့်တကွ ယာကုပ် ထံသို့ ဝင် လျှင် သင်းအုပ် အပေါင်း တို့သည် စည်းဝေး ကြ၏။
18Τῇ δὲ ἐπιούσῃ εἰσῄει ὁ Παῦλος σὺν ἡμῖν πρὸς Ἰάκωβον, πάντες τε παρεγένοντο οἱ πρεσβύτεροι.
19ပေါလုသည်ထိုသူ များကို နှုတ်ဆက် ပြီးလျှင် ၊ မိမိ သည် ဓမ္မဆရာ အမှုကိုဆောင်ခြင်းအားဖြင့် ဘုရားသခင် သည် တစ်ပါး အမျိုးသားတို့တွင် ပြု တော်မူသမျှတို့ကို သေချာစွာထုတ်ဖေါ် ပြသလေ၏။
19Καὶ ἀσπασάμενος αὐτούς, ἐξηγεῖτο καθ᾿ ἓν ἕκαστον ὧν ἐποίησεν ὁ Θεὸς ἐν τοῖς ἔθνεσι διὰ τῆς διακονίας αὐτοῦ.
20ထိုသူ တို့သည်ကြား လျှင်၊ ဘုရားသခင် ၏ ဂုဏ် တော်ကိုချီးမွမ်းကြ၏။ ပေါလု အားလည်း ၊ ငါတို့ညီ ၊ ယုံကြည် သော ယုဒ လူဘယ်နှစ် သောင်း ရှိ သည်ကို သင်သည် သိမြင် ၏။ ထိုသူအပေါင်း တို့သည် ပညတ် တရား ဘက်၌ စိတ်အားကြီး သောသူဖြစ် ကြ၏။
20Οἱ δὲ ἀκούσαντες ἐδόξαζον τὸν Κύριον, εἶπόν τε αὐτῷ, Θεωρεῖς, ἀδελφέ, πόσαι μυριάδες εἰσὶν Ἰουδαίων τῶν πεπιστευκότων· καὶ πάντες ζηλωταὶ τοῦ νόμου ὑπάρχουσι·
21တစ်ပါး အမျိုးသားတို့တွင် နေသော ယုဒ လူ အပေါင်း တို့သည် သူငယ် တို့အားအရေဖျားလှီး ခြင်းကို မ ပေးရကြ။ ရှေးထုံးတမ်း အတိုင်း မ ကျင့် ရကြဟု သင် သည် ဆို လျက်၊ သူတို့သည်မောရှေ တရားကိုစွန့် စေခြင်းငှာ ဆုံးမ ဩဝါဒပေးတတ်သည်ကို ဤ လူတို့သည် သိတင်းကြား ကြ ပြီ။
21κατηχήθησαν δὲ περὶ σοῦ, ὅτι ἀποστασίαν διδάσκεις ἀπὸ Μωσέως τοὺς κατὰ τὰ ἔθνη πάντας Ἰουδαίους, λέγων μὴ περιτέμνειν αὐτοὺς τὰ τέκνα, μηδὲ τοῖς ἔθεσι περιπατεῖν.
22သို့ဖြစ်၍ အဘယ်သို့ ပြု ရမည်နည်း။ လူအပေါင်း တို့သည် မစုဝေးဘဲမနေနိုင်ရာ။ သင်ရောက် ကြောင်း ကို ကြားသိ လိမ့်မည်။
22Τί οὖν ἐστι; Πάντως δεῖ πλῆθος συνελθεῖν· ἀκούσονται γὰρ ὅτι ἐλήλυθας.
23ထိုကြောင့် အကျွန်ုပ် တို့ဆို သည်အတိုင်း ပြု ပါလော့။ သစ္စာ ဂတိ ပြု ပြီးသော လူ လေး ယောက်သည် အကျွန်ုပ် တို့တွင်ရှိ ၏။
23Τοῦτο οὖν ποίησον ὅ σοι λέγομεν· εἰσὶν ἡμῖν ἄνδρες τέσσαρες εὐχὴν ἔχοντες ἐφ᾿ ἑαυτῶν·
24ထိုသူ တို့ကို ယူ ၍ သူ တို့နှင့်တကွ စင်ကြယ် ခြင်းကိုပြုလျက်၊ သူ တို့ခေါင်း ရိတ် ခြင်းစရိတ် ကို ပေးပါလော့။ ထိုသို့ပြုလျှင်လူအပေါင်းတို့သည် မိမိတို့ကြား သော သိတင်းစကား မမှန်သည်ကို၎င်း၊ သင် သည် ကိုယ်တိုင် ပညတ် တရားကိုစောင့်ရှောက် ၍ ကျင့် နေသည်ကို၎င်း သိ ရကြ လိမ့်မည်။
24τούτους παραλαβὼν ἁγνίσθητι σὺν αὐτοῖς, καὶ δαπάνησον ἐπ᾿ αὐτοῖς, ἵνα ξυρήσωνται τὴν κεφαλήν, καὶ γνῶσι πάντες ὅτι ὧν κατήχηνται περὶ σοῦ οὐδέν ἐστιν, ἀλλὰ στοιχεῖς καὶ αὐτὸς τὸν νόμον φυλάσσων.
25ယုံကြည် ခြင်းသို့ ရောက်သောတစ်ပါး အမျိုးသားတို့မူကား ၊ ထိုသို့သောတရားကိုမကျင့်မစောင့်ဘဲလျက်၊ ရုပ်တု ရှေ့မှာပူဇော်သော ယဇ်ကောင်ကို၎င်း ၊ အသွေး ကို ၎င်း ၊ လည်ပင်း ကိုညှစ်၍ သတ်သောအရာ ကို၎င်း၊ မတရား သော မေထုန်ကို၎င်း၊ ရှောင် စေခြင်းငှာသာ ငါ တို့သည် စီရင် ၍ ကြား လိုက်ခဲ့ပြီဟုဆို ကြ၏။
25Περὶ δὲ τῶν πεπιστευκότων ἐθνῶν ἡμεῖς ἐπεστείλαμεν, κρίναντες μηδὲν τοιοῦτον τηρεῖν αὐτούς, εἰ μὴ φυλάσσεσθαι αὐτοὺς τό τε εἰδωλόθυτον καὶ τὸ αἷμα καὶ πνικτὸν καὶ πορνείαν.
26ထိုအခါပေါလု သည် ထိုသူ တို့ကိုခေါ် ၍ နက်ဖြန် နေ့၌ သူ တို့နှင့်တကွ စင်ကြယ် ခြင်းကိုပြုပြီးမှ၊ ဗိမာန် တော်သို့ ဝင် ၍ သူ တို့အတွက် အသီးအခြား ပူဇော် သက္ကာပြု ရသောအချိန်တည်းဟူသောစင်ကြယ် ခြင်း ကိုပြုရ သော နေ့ရက် စေ့ မည့်အချိန်ကို ကြားပြော လေ၏။
26Τότε ὁ Παῦλος παραλαβὼν τοὺς ἄνδρας, τῇ ἐχομένῃ ἡμέρᾳ σὺν αὐτοῖς ἁγνισθεὶς εἰσῄει εἰς τὸ ἱερόν, διαγγέλλων τὴν ἐκπλήρωσιν τῶν ἡμερῶν τοῦ ἁγνισμοῦ, ἕως οὗ προσηνέχθη ὑπὲρ ἑνὸς ἑκάστου αὐτῶν ἡ προσφορά.
27ထို ခုနစ် ရက် စေ့လု သောအခါ ၊ အာရှိ ပြည်မှ လာသောယုဒ လူတို့သည် ဗိမာန် တော်၌ ပေါလု ကိုမြင် လျှင် စုဝေး သောလူအပေါင်း တို့ကိုတိုက်တွန်း နှိုးဆော်၍ ၊ ဣသရေလ လူ တို့၊ ကူမ ကြပါ။
27Ὡς δὲ ἔμελλον αἱ ἑπτὰ ἡμέραι συντελεῖσθαι, οἱ ἀπὸ τῆς Ἀσίας Ἰουδαῖοι, θεασάμενοι αὐτὸν ἐν τῷ ἱερῷ, συνέχεον πάντα τὸν ὄχλον, καὶ ἐπέβαλον τὰς χεῖρας ἐπ᾿ αὐτόν,
28ဤ သူကား၊ ငါတို့အမျိုး နှင့် ပညတ် တရားကို၎င်း ဤ အရပ် ဌာနကို၎င်း၊ ခပ်သိမ်း သောအရပ်တို့၌ ဆန့်ကျင်ဘက် ပြု၍၊ လူအပေါင်း တို့အား ဆုံးမ ဩဝါဒပေးသောသူဖြစ် ပါ၏။ ထိုမျှမက ၊ ဟေလသ လူတို့ကို ဗိမာန် တော်ထဲသို့ သွင်း ၍၊ ဤ သန့်ရှင်း ရာဌာန တော်ကို ညစ်ညူး စေပြီတကားဟု ဟစ်ကြော် ၍၊ ပေါလု ကို ဘမ်းဆီး ကြ၏။
28κράζοντες, Ἄνδρες Ἰσραηλῖται, βοηθεῖτε. Οὗτός ἐστιν ὁ ἄνθρωπος ὁ κατὰ τοῦ λαοῦ καὶ τοῦ νόμου καὶ τοῦ τόπου τούτου πάντας πανταχοῦ διδάσκων· ἔτι τε καὶ Ἕλληνας εἰσήγαγεν εἰς τὸ ἱερόν, καὶ κεκοίνωκε τὸν ἅγιον τόπον τοῦτον.
29အထက်ကမြို့ ထဲ၌ ပေါလု နှင့်အတူ တရောဖိမ် အမည်ရှိသော ဧဖက် မြို့သားတစ်ယောက်ကို မြင် ကြ သည်ဖြစ်၍ ၊ ထိုသူကိုပေါလု သည်ဗိမာန် တော်ထဲသို့ သွင်း သည်ဟု ထင်မှတ် ကြ၏။
29Ἦσαν γὰρ προεωρακότες Τρόφιμον τὸν Ἐφέσιον ἐν τῇ πόλει σὺν αὐτῷ, ὃν ἐνόμιζον ὅτι εἰς τὸ ἱερὸν εἰσήγαγεν ὁ Παῦλος.
30တစ်မြို့လုံး ရုန်းရင်းခတ် မျှ ဖြစ်လျှင်၊ လူ များတို့သည် ပြေးလာ၍ စုဝေးကြလျက်၊ ပေါလု ကိုကိုင်ယူ ၍ ဗိမာန် တော်ပြင် သို့ ဆွဲငင် ပြီးမှတခဏခြင်း တံခါး များတို့ကို ပိတ် ထားကြ၏။
30Ἐκινήθη τε ἡ πόλις ὅλη, καὶ ἐγένετο συνδρομὴ τοῦ λαοῦ· καὶ ἐπιλαβόμενοι τοῦ Παύλου εἷλκον αὐτὸν ἔξω τοῦ ἱεροῦ· καὶ εὐθέως ἐκλείσθησαν αἱ θύραι.
31ပေါလု ကိုသတ် မည်ဟု အားထုတ် ကြသောအခါ၊ ယေရုရှလင် မြို့ တစ်မြို့လုံးမငြိမ်မသက်ရုန်းရင်းခတ်မျှ ဖြစ်သည်ဟု လူတစ်ထောင်ကို အုပ်ချုပ် သော စစ်သူကြီး သည် သိတင်း ကြား လျှင်၊
31Ζητούντων δὲ αὐτὸν ἀποκτεῖναι, ἀνέβη φάσις τῷ χιλιάρχῳ τῆς σπείρης, ὅτι ὅλη συγκέχυται Ἱερουσαλήμ·
32စစ်သူရဲ များနှင့် တပ်မှူး တို့ကို အလျင်အမြန် ခေါ် ၍ ထိုသူ တို့ရှိရာသို့ ဆင်းပြေး၏ ။ ထိုသူတို့သည် စစ်သူကြီး နှင့် စစ်သူရဲ တို့ကိုမြင် လျှင်၊ ပေါလု ကိုမ ရိုက် ဘဲနေကြ၏။
32ὃς ἐξαυτῆς παραλαβὼν στρατιώτας καὶ ἑκατοντάρχους, κατέδραμεν ἐπ᾿ αὐτούς· οἱ δέ, ἰδόντες τὸν χιλίαρχον καὶ τοὺς στρατιώτας, ἐπαύσαντο τύπτοντες τὸν Παῦλον.
33ထိုအခါ စစ်သူကြီး သည်အနီး သို့ရောက်၍ ပေါလု ကိုကိုင်ယူ ပြီးလျှင် ၊ သံကြိုး နှစ် စင်းနှင့် ချည် ချေ ဟုစီရင် ၍၊ ဤသူသည်အဘယ်သူ နည်း။ အဘယ် အမှုကို ပြု မိသနည်းဟုမေးစစ် လေ၏။
33Τότε ἐγγίσας ὁ χιλίαρχος ἐπελάβετο αὐτοῦ, καὶ ἐκέλευσε δεθῆναι ἁλύσεσι δυσί· καὶ ἐπυνθάνετο τίς ἂν εἴη, καὶ τί ἐστι πεποιηκώς.
34လူ အစုအဝေးထဲ၌ အသီးသီး အခြားခြားဟစ်ကြော် ၍ အသံ များ သောကြောင့် ၊ စစ်သူကြီး သည် အမှန် ကိုမ သိ နိုင် သဖြင့် ၊ ပေါလု ကိုရဲတိုက် ထဲသို့ ဆောင်သွား စေခြင်းငှာစီရင် ပြန်လေ၏။
34Ἄλλοι δὲ ἄλλο τι ἐβόων ἐν τῷ ὄχλῳ· μὴ δυνάμενος δὲ γνῶναι τὸ ἀσφαλὲς διὰ τὸν θόρυβον, ἐκέλευσεν ἄγεσθαι αὐτὸν εἰς τὴν παρεμβολήν.
35လူ များတို့သည် ပြင်းထန် သောကြောင့် ၊ လှေကား ပေါ်သို့ ရောက် သောအခါ ၊ စစ်သူရဲ တို့သည် ပေါလု ကို ချီပွေ့ ၍ ဆောင်ရကြ၏။
35Ὅτε δὲ ἐγένετο ἐπὶ τοὺς ἀναβαθμούς, συνέβη βαστάζεσθαι αὐτὸν ὑπὸ τῶν στρατιωτῶν διὰ τὴν βίαν τοῦ ὄχλου.
36သူ့ ကိုထုတ် လော့ဟု လူ များအပေါင်း တို့သည် ဟစ်ကြော် လျက် လိုက် ကြ၏။
36Ἠκολούθει γὰρ τὸ πλῆθος τοῦ λαοῦ κρᾶζον, Αἶρε αὐτόν.
37ပေါလု သည်ရဲတိုက် ထဲသို့ ဝင် လု သောအခါ၊ အကျွန်ုပ် သည် ကိုယ်တော် နှင့် စကား ပြောရပါမည် လောဟု စစ်သူကြီး အားမေး လျှင် စစ်သူကြီးကသင်သည် ဟေလသ စကားကိုပြော တတ်သလော။
37Μέλλων τε εἰσάγεσθαι εἰς τὴν παρεμβολὴν ὁ Παῦλος λέγει τῷ χιλιάρχῳ, Εἰ ἔξεστί μοι εἰπεῖν τι πρός σε; Ὁ δὲ ἔφη, Ἑλληνιστὶ γινώσκεις;
38သင် သည်အထက် ကပုန်ကန် ၍ ဓားပြ လေးထောင် တို့ကို တော သို့ ခေါ်သွား သော အဲဂုတ္တု လူဖြစ်သည် မ ဟုတ် လောဟု မေး ၏။
38Οὐκ ἄρα σὺ εἶ ὁ Αἰγύπτιος ὁ πρὸ τούτων τῶν ἡμερῶν ἀναστατώσας καὶ ἐξαγαγὼν εἰς τὴν ἔρημον τοὺς τετρακισχιλίους ἄνδρας τῶν σικαρίων;
39ပေါလု ကလည်း၊ အကျွန်ုပ် သည် ကိလိကိ ပြည်တာရှု မြို့၌ မွေးဘွားသော ယုဒ လူ ဖြစ် ပါ၏။ အကျွန်ုပ်နေသော မြို့ကား၊ သာမည မြို့ မ ဟုတ်။ ဤသူ တို့အား အကျွန်ုပ် ပြော ရသော အခွင့် ကိုပေးပါ။ အကျွန်ုပ်ပန်ကြား ပါသည်ဟုဆို ၏။
39Εἶπε δὲ ὁ Παῦλος, Ἐγὼ ἄνθρωπος μέν εἰμι Ἰουδαῖος, Ταρσεὺς τῆς Κιλικίας, οὐκ ἀσήμου πόλεως πολίτης· δέομαι δέ σου, ἐπίτρεψόν μοι λαλῆσαι πρὸς τὸν λαόν.
40စစ်သူကြီး သည်အခွင့် ပေးသဖြင့် ၊ ပေါလု သည် လှေကား ပေါ်မှာ ရပ် ၍ထိုလူ တို့အား မိမိလက် နှင့် အမှတ်ပေး လေ၏။ သူတို့သည်အလွန် တိတ်ဆိတ် စွာ နေ ကြသောအခါ ၊ ဟေဗြဲ ဘာသာ အားဖြင့်မြွက်ဆို လျက်၊
40Ἐπιτρέψαντος δὲ αὐτοῦ, ὁ Παῦλος ἑστὼς ἐπὶ τῶν ἀναβαθμῶν κατέσεισε τῇ χειρὶ τῷ λαῷ· πολλῆς δὲ σιγῆς γενομένης, προσεφώνησε τῇ Ἑβραΐδι διαλέκτῳ λέγων,
Tip: use the ← and → keys to turn chapters.