တမန်တော် 26
Judson Burmese Bible (1840)Translation
Judson Burmese Bible (1840)
Greek New Testament: Textus Receptus
1ထိုအခါ အဂြိပ္ပ မင်းက၊ သင် သည်ကိုယ် အဘို့ အလိုငှာပြော ရသော အခွင့် ရှိသည်ဟု ပေါလု အား ဆို လျှင်၊ ပေါလု သည် လက် ကိုဆန့် ၍ အပြစ် ဖြေရာစကားကို ဤသို့ပြော၏။
1Ἀγρίππας δὲ πρὸς τὸν Παῦλον ἔφη, Ἐπιτρέπεταί σοι ὑπὲρ σεαυτοῦ λέγειν. Τότε ὁ Παῦλος ἀπελογεῖτο, ἐκτείνας τὴν χεῖρα,
2အဂြိပ္ပ မင်းကြီး ၊
2Περὶ πάντων ὧν ἐγκαλοῦμαι ὑπὸ Ἰουδαίων, βασιλεῦ Ἀγρίππα, ἥγημαι ἐμαυτὸν μακάριον μέλλων ἀπολογεῖσθαι ἐπὶ σοῦ σήμερον·
3ယုဒ လူတို့သည် အကျွန်ုပ်ကိုအမှု လုပ်သမျှ သောအရာမှာ၊ ရှေ့ တော်၌အပြစ် ဖြေစရာစကားကို ယနေ့ ပြောရမည် အကြောင်းကို၎င်း၊ ထိုမျှမက ကိုယ်တော် သည် ယုဒ ထုံးတမ်း ၊ ပုစ္ဆာ အမေးများကိုလေ့ကျက် တော်မူကြောင်းကို၎င်း အကျွန်ုပ်ထောက် ၍ ကိုယ် ၌မင်္ဂလာ ရှိသည်ဟု ကိုယ်ကိုထင်မှတ် ပါ၏။ ထိုကြောင့် သည်းခံ သော စိတ်တော်နှင့် အကျွန်ုပ် စကားကို နားထောင် တော်မူမည်အကြောင်း အသနား တော်ခံပါ၏။
3μάλιστα γνώστην ὄντα σὲ πάντων τῶν κατὰ Ἰουδαίους ἐθῶν τε καὶ ζητημάτων· διὸ δέομαί σου, μακροθύμως ἀκοῦσαί μου.
4ယေရုရှလင် မြို့တွင် ကိုယ် အမျိုးသား ချင်းတို့၏ အထဲ ၌ အကျွန်ုပ်နေ သဖြင့်၊ ငယ် သောအသက်အရွယ်မှစ၍ ၊ အကျွန်ုပ် ၏အနေအထိုင် အပြုအမူများကို ယုဒ လူ အပေါင်း တို့သည်သိ ကြပါ၏။
4Τὴν μὲν οὖν βίωσίν μου τὴν ἐκ νεότητος, τὴν ἀπ᾿ ἀρχῆς γενομένην ἐν τῷ ἔθνει μου ἐν Ἱεροσολύμοις, ἴσασι πάντες οἱ Ἰουδαῖοι,
5အကျွန်ုပ်သည် ယုဒ ဘာသာ ၌ အလွန်ကျပ်တည်း စွာသော နည်းဥပဒေသကိုခံ၍၊ ဖာရိရှဲ ဖြစ် သည်ကို ထိုသူတို့သည် သက်သေခံ ခြင်းငှာအလိုရှိ လျှင် ရှေးဦးစွာ ကပင်သိ ကြပါ၏။
5προγινώσκοντές με ἄνωθεν, ἐὰν θέλωσι μαρτυρεῖν, ὅτι κατὰ τὴν ἀκριβεστάτην αἵρεσιν τῆς ἡμετέρας θρησκείας ἔζησα Φαρισαῖος.
6ဘုရားသခင် သည် ဘိုးဘေး များတို့အား ပေး တော်မူသော ဂတိ တော်ကိုထောက်၍ မြော်လင့် ခြင်း တရားအကြောင်းကြောင့်၊ အကျွန်ုပ်သည် ယခု တွင် စစ်ကြော စီရင်ခြင်းကို ခံရ ပါ၏။
6Καὶ νῦν ἐπ᾿ ἐλπίδι τῆς πρὸς τοὺς πατέρας ἐπαγγελίας γενομένης ὑπὸ τοῦ Θεοῦ ἕστηκα κρινόμενος,
7ယုဒလူတစ်ဆယ်နှစ် မျိုးတို့သည် နေ့ ညဉ့် မပြတ်ကြိုးစား ၍ ဘုရားဝတ်ပြု သဖြင့်၊ ထိုဂတိတော်အတိုင်းခံရ မည်ဟု မြော်လင့် ခြင်းရှိကြ၏။ အို အဂြိပ္ပမင်းကြီး၊ ထို မြော်လင့် ခြင်းတရားကို အကြောင်း ပြု၍ ယုဒ လူတို့ သည် အကျွန်ုပ်ကို အမှု လုပ်ကြပါ၏။
7εἰς ἣν τὸ δωδεκάφυλον ἡμῶν ἐν ἐκτενείᾳ νύκτα καὶ ἡμέραν λατρεῦον ἐλπίζει καταντῆσαι· περὶ ἧς ἐλπίδος ἐγκαλοῦμαι, βασιλεῦ Ἀγρίππα, ὑπὸ τῶν Ἰουδαίων.
8သေ လွန်သောသူတို့ကို ဘုရားသခင် ထမြောက် စေတော်မူမည်ဟူသောအယူ ကိုမယူအပ်ဟု သင် တို့သည် အဘယ်ကြောင့် ထင် ကြပါသနည်း။
8Τί ἄπιστον κρίνεται παρ᾿ ὑμῖν, εἰ ὁ Θεὸς νεκροὺς ἐγείρει;
9နာဇရက် မြို့သားယေရှု ၏ နာမ တော်နှင့် ဆန့်ကျင် သော အမှုများ ကို ပြု ကောင်း၏ဟု အကျွန်ုပ် သည် စိတ်ထင် လျက် ၊
9Ἐγὼ μὲν οὖν ἔδοξα ἐμαυτῷ πρὸς τὸ ὄνομα Ἰησοῦ τοῦ Ναζωραίου δεῖν πολλὰ ἐναντία πρᾶξαι·
10ယေရုရှလင် မြို့၌ ထို အမှုကို ပြု မိပါ၏။ ယဇ်ပုရောဟိတ် အကြီးတို့ထံ၌ အခွင့် ရ ပြီးလျှင်၊ သန့်ရှင်း သူ အများ တို့ကို ထောင် ထဲမှာ လှောင် ထားပါ၏။ သူ တို့သည် အသေ သတ်ခြင်းကို ခံရသောအခါအကျွန်ုပ် သည် ဝန်ခံ ပါ၏။
10ὃ καὶ ἐποίησα ἐν Ἱεροσολύμοις, καὶ πολλοὺς τῶν ἁγίων ἐγὼ φυλακαῖς κατέκλεισα, τὴν παρὰ τῶν ἀρχιερέων ἐξουσίαν λαβών, ἀναιρουμένων τε αὐτῶν κατήνεγκα ψῆφον.
11ထိုသူ တို့သည် ဘုရားသခင်ကို နှုတ်ဖြင့် ပြစ်မှား စေခြင်းငှာ၊ အကျွန်ုပ်သည် အနိုင် အထက်ပြု၍၊ ခပ်သိမ်း သောတရားစရပ် တို့၌ ကြိမ်ဖန် များစွာဒဏ် ပေးပါ၏။ ပြင်းစွာ သော အမျက် ဒေါသနှင့် ယစ်မူးသဖြင့်၊ တစ်ကျွန်း တစ်နိုင်ငံတိုင်အောင် သူ တို့ကို ညှဉ်းဆဲ နှိပ်စက်ပါ၏။
11Καὶ κατὰ πάσας τὰς συναγωγὰς πολλάκις τιμωρῶν αὐτούς, ἠνάγκαζον βλασφημεῖν· περισσῶς τε ἐμμαινόμενος αὐτοῖς, ἐδίωκον ἕως καὶ εἰς τὰς ἔξω πόλεις.
12ထိုသို့ပြု၍ ယဇ်ပုရောဟိတ် အကြီးတို့ပေး သော အခွင့် အရာနှင့် အကျွန်ုပ်သည် ဒမာသက် မြို့သို့ သွား စဉ် တွင် ၊
12Ἐν οἷς καὶ πορευόμενος εἰς τὴν Δαμασκὸν μετ᾿ ἐξουσίας καὶ ἐπιτροπῆς τῆς παρὰ τῶν ἀρχιερέων,
13နေ ၏အရောင် ထက်မကသော အလင်း သည် အကျွန်ုပ်မှစ၍အကျွန်ုပ် နှင့်အတူ သွား သောသူ များ ပတ်လည် ၌ ကောင်းကင် ထဲက ထွန်းတောက်သည်ကို၊ မွန်းတည့် ချိန် တွင် လမ်း ထဲမှာ အကျွန်ုပ်မြင် ရပါသည်။ အရှင် မင်းကြီး။
13ἡμέρας μέσης, κατὰ τὴν ὁδὸν εἶδον, βασιλεῦ, οὐρανόθεν ὑπὲρ τὴν λαμπρότητα τοῦ ἡλίου, περιλάμψαν με φῶς καὶ τοὺς σὺν ἐμοὶ πορευομένους.
14အကျွန်ုပ် နှင့် ထိုသူအပေါင်း တို့သည် မြေ ပေါ်မှာ လဲ ၍ နေကြစဉ်၊ ရှောလု ၊ ရှောလု ၊ ငါ့ ကိုအဘယ်ကြောင့် ညှဉ်းဆဲ သနည်း။ ဒုတ် ချွန်ကို ခြေနှင့်ကျော် လျှင် ခက် လှသည်ဟု ဟေဗြဲ ဘာသာ အားဖြင့်ပြော သော စကား သံကို အကျွန်ုပ်ကြား လျှင်
14Πάντων δὲ καταπεσόντων ἡμῶν εἰς τὴν γῆν, ἤκουσα φωνὴν λαλοῦσαν πρός με καὶ λέγουσαν τῇ Ἑβραΐδι διαλέκτῳ, Σαούλ, Σαούλ, τί με διώκεις; Σκληρόν σοι πρὸς κέντρα λακτίζειν.
15၊သခင် ကိုယ်တော်သည် အဘယ်သူ နည်းဟု အကျွန်ုပ် မေးလျှောက် သော်၊ ငါ ကား၊ သင် ညှဉ်းဆဲ သော နာဇရက်မြို့သားယေရှု ဖြစ် သတည်း။
15Ἐγὼ δὲ εἶπον, Τίς εἶ, Κύριε; Ὁ δὲ εἶπεν, Ἐγώ εἰμι Ἰησοῦς ὃν σὺ διώκεις.
16သို့သော်လည်း ၊ ထ ၍ မတ်တတ် နေလော့။
16Ἀλλὰ ἀνάστηθι, καὶ στῆθι ἐπὶ τοὺς πόδας σου· εἰς τοῦτο γὰρ ὤφθην σοι, προχειρίσασθαί σε ὑπηρέτην καὶ μάρτυρα ὧν τε εἶδες ὧν τε ὀφθήσομαί σοι,
17ငါသည်ယုဒအမျိုးသား ၊ တစ်ပါး အမျိုးသားတို့ လက်မှ သင့် ကိုကယ်လွှတ် ၍၊
17ἐξαιρούμενός σε ἐκ τοῦ λαοῦ καὶ τῶν ἐθνῶν, εἰς οὓς νῦν σε ἀποστέλλω,
18သင်သည် ယခုမြင် ရသောအကြောင်း အရာတို့နှင့် ၊ နောက်မှငါသည်သင့် အား ထင်ရှားလတံ့ သော အကြောင်း အရာတို့မှာ၊ အမှု ဆောင်ရွက်သောသူ၊ သက်သေခံ သောသူအရာ၌ သင့် ကိုခန့်ထား စေခြင်းငှာငါသည်သင့် အား ထင်ရှား၏ ။ တစ်ပါးအမျိုးသားတို့သည် မှောင်မိုက်မှ အလင်း သို့ ကူးမြောက် ၍၊ စာတန် ၏အာဏာ ထဲမှဘုရားသခင့် အထံ တော်သို့ ပြောင်းလဲသောအားဖြင့်အပြစ် လွှတ် ခြင်းကျေးဇူးကို ခံရ မည်အကြောင်းနှင့်၊ ငါ့ ကို ယုံကြည်သော အားဖြင့်သန့်ရှင်း ခြင်းသို့ ရောက်သောသူ တို့နှင့် ဆက်ဆံ အမွေခံရမည်အကြောင်း၊ သူ တို့၏မျက်စိ ကိုဖွင့် စေခြင်းငှာသူ တို့ဆီသို့ သင့် ကို ငါ စေလွှတ် မည်ဟု မိန့် တော်မူ၏။
18ἀνοῖξαι ὀφθαλμοὺς αὐτῶν, τοῦ ἐπιστρέψαι ἀπὸ σκότους εἰς φῶς καὶ τῆς ἐξουσίας τοῦ Σατανᾶ ἐπὶ τὸν Θεόν, τοῦ λαβεῖν αὐτοὺς ἄφεσιν ἁμαρτιῶν, καὶ κλῆρον ἐν τοῖς ἡγιασμένοις πίστει τῇ εἰς ἐμέ.
19အိုအဂြိပ္ပ မင်းကြီး ၊ ကောင်းကင် ကဖြစ်သော ထိုဗျာဒိတ် တော်ကို အကျွန်ုပ်သည် နားမထောင် ဘဲ မ နေ ရပါ။
19Ὅθεν, βασιλεῦ Ἀγρίππα, οὐκ ἐγενόμην ἀπειθὴς τῇ οὐρανίῳ ὀπτασίᾳ,
20လူတို့သည် နောင်တရ ရမည်။ နောင်တရ ခြင်း နှင့်ထိုက်တန် သော အကျင့် ကို ကျင့် ရမည်။ ဘုရားသခင် အထံ တော်သို့ ပြောင်းလဲ ရမည်ဟူ၍ဒမာသက် မြို့၌ ရှေ့ဦးစွာ ဟောပြောပြီးလျှင်၊ ယေရုရှလင် မြို့မှစ၍ ယုဒ ပြည်အရပ်ရပ် ၌နေသောသူတို့အား၎င်း ၊ တစ်ပါး အမျိုးသားတို့အား၎င်း၊ ဟောပြော ပါ၏။
20ἀλλὰ τοῖς ἐν Δαμασκῷ πρῶτον καὶ Ἱεροσολύμοις, εἰς πᾶσάν τε τὴν χώραν τῆς Ἰουδαίας, καὶ τοῖς ἔθνεσιν, ἀπήγγελλον μετανοεῖν, καὶ ἐπιστρέφειν ἐπὶ τὸν Θεόν, ἄξια τῆς μετανοίας ἔργα πράσσοντας.
21ထို အကြောင်းများကြောင့် ၊ ယုဒ လူတို့သည် ဗိမာန် တော်၌ အကျွန်ုပ် ကိုဖမ်းဆီး ၍ ကွပ်မျက် ခြင်းငှာအားထုတ် ကြပါ၏။
21Ἕνεκα τούτων με οἱ Ἰουδαῖοί συλλαβόμενοι ἐν τῷ ἱερῷ ἐπειρῶντο διαχειρίσασθαι.
22သို့ရာတွင် ဘုရားသခင် မစ တော်မူသော ကျေးဇူးတော်ကို အကျွန်ုပ်ခံရ ၍၊
22Ἐπικουρίας οὖν τυχὼν τῆς παρὰ τοῦ Θεοῦ, ἄχρι τῆς ἡμέρας ταύτης ἕστηκα μαρτυρούμενος μικρῷ τε καὶ μεγάλῳ, οὐδὲν ἐκτὸς λέγων ὧν τε οἱ προφῆται ἐλάλησαν μελλόντων γίνεσθαι καὶ Μωσῆς,
23ယခု တိုင်အောင် ရှိနေရပါ၏။ ခရစ်တော် သည် အသေ သတ်ခြင်းကိုခံရမည်ဟူ၍၎င်း၊ သေ ခြင်းမှ အဦးဆုံး ထမြောက် ၍ ယုဒအမျိုးသား ၊ တစ်ပါး အမျိုးသားတို့အား အလင်း ကိုပေး မည်ဟူ၍၎င်း၊ မောရှေ မှစသောပရောဖက် များတို့ ဟောပြော သောစကားထက် အကျွန်ုပ်သည် မ လွန် ဘဲ၊ လူအကြီး အငယ် တို့အား သက်သေခံ ၍ နေ ပါသည်ဟု လျှောက်လေ၏။
23εἰ παθητὸς ὁ Χριστός, εἰ πρῶτος ἐξ ἀναστάσεως νεκρῶν φῶς μέλλει καταγγέλλειν τῷ λαῷ καὶ τοῖς ἔθνεσι.
24ထိုသို့ ပေါလု သည် အပြစ် ဖြေရာစကားကို လျှောက်သောအခါ၊ ဖေတ္တု မင်းက၊ ပေါလု ၊ သင်သည် သူရူး ဖြစ်၏။ သိပ္ပံအတတ်များကိုသင် ၍ သူရူး အဖြစ်သို့ ရောက် ခဲ့ပြီဟုကြီး သော အသံ နှင့်ဆို ၏။
24Ταῦτα δὲ αὐτοῦ ἀπολογουμένου, ὁ Φῆστος μεγάλῃ τῇ φωνῇ ἔφη, Μαίνῃ, Παῦλε· τὰ πολλά σε γράμματα εἰς μανίαν περιτρέπει.
25ပေါလု ကလည်း၊ မြတ် တော်မူသောဖေတ္တု မင်း၊ အကျွန်ုပ်သည် သူရူး မဟုတ် ပါ။ သမ္မာတရား နှင့်၎င်း ၊ ကောင်း သောစိတ်နှင့်၎င်း၊ ယှဉ်သော စကား ကို ပြော ပါ၏။
25Ὁ δέ, Οὐ μαίνομαι, φησί, κράτιστε Φῆστε, ἀλλ᾿ ἀληθείας καὶ σωφροσύνης ῥήματα ἀποφθέγγομαι.
26ဤ အရာများကိုအဂြိပ္ပမင်းကြီး သိ တော်မူ၏။ ထို မင်းရှေ့တော်၌ အကျွန်ုပ်အတည့်အလင်း လျှောက်ဝံ့ ပါ၏။ ဤ အမူအရာ တစ်စုံတစ်ခု ကိုမျှ မင်းကြီး မသိဘဲ နေတော်မမူဟုအကျွန်ုပ်ထင် ပါ၏။ အကြောင်းမူကား ၊ ဤ အမှုသည် ဆိတ်ကွယ် ရာအရပ်၌ ပြု သောအမှု မ ဟုတ်ပါ။
26Ἐπίσταται γὰρ περὶ τούτων ὁ βασιλεύς, πρὸς ὃν καὶ παρρησιαζόμενος λαλῶ· λανθάνειν γὰρ αὐτόν τι τούτων οὐ πείθομαι οὐδέν· οὐ γὰρ ἐστιν ἐν γωνίᾳ πεπραγμένον τοῦτο.
27အိုအဂြိပ္ပ မင်းကြီး ၊ ကိုယ်တော်သည် အနာဂတ္တိ ကျမ်းစာကို ယုံ တော်မူသလော။ ယုံတော်မူသည် ကို အကျွန်ုပ်သိ ပါသည်ဟု လျှောက် ၏။
27Πιστεύεις, βασιλεῦ Ἀγρίππα, τοῖς προφήταις; Οἶδα ὅτι πιστεύεις.
28အဂြိပ္ပ မင်းကလည်း ၊ သင်သည်ဖြားယောင်း သွေးဆောင်သောအားဖြင့် ၊ ငါ သည်ခရစ်ယာန် ဖြစ် လု ပြီဟု ပေါလု အား ပြောဆိုလျှင်၊
28Ὁ δὲ Ἀγρίππας πρὸς τὸν Παῦλον ἔφη, Ἐν ὀλίγῳ με πείθεις Χριστιανὸν γενέσθαι.
29ပေါလု က၊ ကိုယ်တော် မှစ၍ယနေ့ တွင် အကျွန်ုပ် ၏စကားကို ကြား သောသူ အပေါင်း တို့သည်၊ ဤ သံကြိုး ကိုထား ၍ အကျွန်ုပ် ကဲ့သို့သောသူဖြစ်လု သည် သာမက လုံးလုံးဖြစ်စေခြင်းငှာဘုရားသခင် ကို အကျွန်ုပ်ဆုတောင်း ပါသည်ဟု လျှောက်လေ၏။
29Ὁ δὲ Παῦλος εἶπεν, Εὐξαίμην ἂν τῷ Θεῷ, καὶ ἐν ὀλίγῳ καὶ ἐν πολλῷ οὐ μόνον σε, ἀλλὰ καὶ πάντας τοὺς ἀκούοντάς μου σήμερον, γενέσθαι τοιούτους ὁποῖος κἀγώ εἰμι, παρεκτὸς τῶν δεσμῶν τούτων.
30ထိုအခါမင်းကြီး နှင့် ဗေရနိတ် သည် ထ ၍ မြို့ဝန်မင်း မှစသော အပေါင်းအဘော်များတို့နှင့်တကွ၊
30Καὶ ταῦτα εἰπόντος αὐτοῦ, ἀνέστη ὁ βασιλεὺς καὶ ὁ ἡγεμών, ἥ τε Βερνίκη, καὶ οἱ συγκαθήμενοι αὐτοῖς·
31အခြားသို့သွား ပြီးလျှင် ၊ ဤ သူ သည် အသေ သတ်ခြင်း၊ အကျဉ်း ထားခြင်းခံထိုက် သောအမှု ကို မ ပြု ဟု အချင်းချင်း ပြော ဆို ကြ၏။
31καὶ ἀναχωρήσαντες ἐλάλουν πρὸς ἀλλήλους, λέγοντες ὅτι Οὐδὲν θανάτου ἄξιον ἢ δεσμῶν πράσσει ὁ ἄνθρωπος οὗτος.
32အဂြိပ္ပ မင်းကလည်း၊ ဤ သူ သည်ကဲသာ ဘုရင် အယူ တော်ကို ခံပါမည်ဟု မ ဆိုမိလျှင် လွှတ် သင့် သည်ဟု ဖေတ္တု မင်းအားဆို ၏။
32Ἀγρίππας δὲ τῷ Φήστῳ ἔφη, Ἀπολελύσθαι ἐδύνατο ὁ ἄνθρωπος οὗτος, εἰ μὴ ἐπεκέκλητο Καίσαρα.
Tip: use the ← and → keys to turn chapters.