တမန်တော် 26
Judson Burmese Bible (1840)Translation
Judson Burmese Bible (1840)
Smith–Van Dyck Arabic Bible (فان دايك)
1ထိုအခါ အဂြိပ္ပ မင်းက၊ သင် သည်ကိုယ် အဘို့ အလိုငှာပြော ရသော အခွင့် ရှိသည်ဟု ပေါလု အား ဆို လျှင်၊ ပေါလု သည် လက် ကိုဆန့် ၍ အပြစ် ဖြေရာစကားကို ဤသို့ပြော၏။
1فَقَالَ أَغْرِيبَاسُ لِبُولُسَ: «مَأْذُونٌ لَكَ أَنْ تَتَكَلَّمَ لِأَجْلِ نَفْسِكَ». حِينَئِذٍ بَسَطَ بُولُسُ يَدَهُ وَجَعَلَ يَحْتَجُّ:
2အဂြိပ္ပ မင်းကြီး ၊
2«إِنِّي أَحْسِبُ نَفْسِي سَعِيدًا أَيُّهَا ٱلْمَلِكُ أَغْرِيبَاسُ، إِذْ أَنَا مُزْمِعٌ أَنْ أَحْتَجَّ ٱلْيَوْمَ لَدَيْكَ عَنْ كُلِّ مَا يُحَاكِمُنِي بِهِ ٱلْيَهُودُ.
3ယုဒ လူတို့သည် အကျွန်ုပ်ကိုအမှု လုပ်သမျှ သောအရာမှာ၊ ရှေ့ တော်၌အပြစ် ဖြေစရာစကားကို ယနေ့ ပြောရမည် အကြောင်းကို၎င်း၊ ထိုမျှမက ကိုယ်တော် သည် ယုဒ ထုံးတမ်း ၊ ပုစ္ဆာ အမေးများကိုလေ့ကျက် တော်မူကြောင်းကို၎င်း အကျွန်ုပ်ထောက် ၍ ကိုယ် ၌မင်္ဂလာ ရှိသည်ဟု ကိုယ်ကိုထင်မှတ် ပါ၏။ ထိုကြောင့် သည်းခံ သော စိတ်တော်နှင့် အကျွန်ုပ် စကားကို နားထောင် တော်မူမည်အကြောင်း အသနား တော်ခံပါ၏။
3لَا سِيَّمَا وَأَنْتَ عَالِمٌ بِجَمِيعِ ٱلْعَوَائِدِ وَٱلْمَسَائِلِ ٱلَّتِي بَيْنَ ٱلْيَهُودِ. لِذَلِكَ أَلْتَمِسُ مِنْكَ أَنْ تَسْمَعَنِي بِطُولِ ٱلْأَنَاةِ.
4ယေရုရှလင် မြို့တွင် ကိုယ် အမျိုးသား ချင်းတို့၏ အထဲ ၌ အကျွန်ုပ်နေ သဖြင့်၊ ငယ် သောအသက်အရွယ်မှစ၍ ၊ အကျွန်ုပ် ၏အနေအထိုင် အပြုအမူများကို ယုဒ လူ အပေါင်း တို့သည်သိ ကြပါ၏။
4فَسِيرَتِي مُنْذُ حَدَاثَتِي ٱلَّتِي مِنَ ٱلْبُدَاءَةِ كَانَتْ بَيْنَ أُمَّتِي فِي أُورُشَلِيمَ يَعْرِفُهَا جَمِيعُ ٱلْيَهُودِ،
5အကျွန်ုပ်သည် ယုဒ ဘာသာ ၌ အလွန်ကျပ်တည်း စွာသော နည်းဥပဒေသကိုခံ၍၊ ဖာရိရှဲ ဖြစ် သည်ကို ထိုသူတို့သည် သက်သေခံ ခြင်းငှာအလိုရှိ လျှင် ရှေးဦးစွာ ကပင်သိ ကြပါ၏။
5عَالِمِينَ بِي مِنَ ٱلْأَوَّلِ، إِنْ أَرَادُوا أَنْ يَشْهَدُوا، أَنِّي حَسَبَ مَذْهَبِ عِبَادَتِنَا ٱلْأَضْيَقِ عِشْتُ فَرِّيسِيًّا.
6ဘုရားသခင် သည် ဘိုးဘေး များတို့အား ပေး တော်မူသော ဂတိ တော်ကိုထောက်၍ မြော်လင့် ခြင်း တရားအကြောင်းကြောင့်၊ အကျွန်ုပ်သည် ယခု တွင် စစ်ကြော စီရင်ခြင်းကို ခံရ ပါ၏။
6وَٱلْآنَ أَنَا وَاقِفٌ أُحَاكَمُ عَلَى رَجَاءِ ٱلْوَعْدِ ٱلَّذِي صَارَ مِنَ ٱللهِ لِآبَائِنَا،
7ယုဒလူတစ်ဆယ်နှစ် မျိုးတို့သည် နေ့ ညဉ့် မပြတ်ကြိုးစား ၍ ဘုရားဝတ်ပြု သဖြင့်၊ ထိုဂတိတော်အတိုင်းခံရ မည်ဟု မြော်လင့် ခြင်းရှိကြ၏။ အို အဂြိပ္ပမင်းကြီး၊ ထို မြော်လင့် ခြင်းတရားကို အကြောင်း ပြု၍ ယုဒ လူတို့ သည် အကျွန်ုပ်ကို အမှု လုပ်ကြပါ၏။
7ٱلَّذِي أَسْبَاطُنَا ٱلِٱثْنَا عَشَرَ يَرْجُونَ نَوَالَهُ، عَابِدِينَ بِٱلْجَهْدِ لَيْلًا وَنَهَارًا. فَمِنْ أَجْلِ هَذَا ٱلرَّجَاءِ أَنَا أُحَاكَمُ مِنَ ٱلْيَهُودِ أَيُّهَا ٱلْمَلِكُ أَغْرِيبَاسُ.
8သေ လွန်သောသူတို့ကို ဘုရားသခင် ထမြောက် စေတော်မူမည်ဟူသောအယူ ကိုမယူအပ်ဟု သင် တို့သည် အဘယ်ကြောင့် ထင် ကြပါသနည်း။
8لِمَاذَا يُعَدُّ عِنْدَكُمْ أَمْرًا لَا يُصَدَّقُ إِنْ أَقَامَ ٱللهُ أَمْوَاتًا؟
9နာဇရက် မြို့သားယေရှု ၏ နာမ တော်နှင့် ဆန့်ကျင် သော အမှုများ ကို ပြု ကောင်း၏ဟု အကျွန်ုပ် သည် စိတ်ထင် လျက် ၊
9فَأَنَا ٱرْتَأَيْتُ فِي نَفْسِي أَنَّهُ يَنْبَغِي أَنْ أَصْنَعَ أُمُورًا كَثِيرَةً مُضَادَّةً لِٱسْمِ يَسُوعَ ٱلنَّاصِرِيِّ.
10ယေရုရှလင် မြို့၌ ထို အမှုကို ပြု မိပါ၏။ ယဇ်ပုရောဟိတ် အကြီးတို့ထံ၌ အခွင့် ရ ပြီးလျှင်၊ သန့်ရှင်း သူ အများ တို့ကို ထောင် ထဲမှာ လှောင် ထားပါ၏။ သူ တို့သည် အသေ သတ်ခြင်းကို ခံရသောအခါအကျွန်ုပ် သည် ဝန်ခံ ပါ၏။
10وَفَعَلْتُ ذَلِكَ أَيْضًا فِي أُورُشَلِيمَ، فَحَبَسْتُ فِي سُجُونٍ كَثِيرِينَ مِنَ ٱلْقِدِّيسِينَ، آخِذًا ٱلسُّلْطَانَ مِنْ قِبَلِ رُؤَسَاءِ ٱلْكَهَنَةِ. وَلَمَّا كَانُوا يُقْتَلُونَ أَلْقَيْتُ قُرْعَةً بِذَلِكَ.
11ထိုသူ တို့သည် ဘုရားသခင်ကို နှုတ်ဖြင့် ပြစ်မှား စေခြင်းငှာ၊ အကျွန်ုပ်သည် အနိုင် အထက်ပြု၍၊ ခပ်သိမ်း သောတရားစရပ် တို့၌ ကြိမ်ဖန် များစွာဒဏ် ပေးပါ၏။ ပြင်းစွာ သော အမျက် ဒေါသနှင့် ယစ်မူးသဖြင့်၊ တစ်ကျွန်း တစ်နိုင်ငံတိုင်အောင် သူ တို့ကို ညှဉ်းဆဲ နှိပ်စက်ပါ၏။
11وَفِي كُلِّ ٱلْمَجَامِعِ كُنْتُ أُعَاقِبُهُمْ مِرَارًا كَثِيرَةً، وَأَضْطَرُّهُمْ إِلَى ٱلتَّجْدِيفِ. وَإِذْ أَفْرَطَ حَنَقِي عَلَيْهِمْ كُنْتُ أَطْرُدُهُمْ إِلَى ٱلْمُدُنِ ٱلَّتِي فِي ٱلْخَارِجِ.
12ထိုသို့ပြု၍ ယဇ်ပုရောဟိတ် အကြီးတို့ပေး သော အခွင့် အရာနှင့် အကျွန်ုပ်သည် ဒမာသက် မြို့သို့ သွား စဉ် တွင် ၊
12«وَلَمَّا كُنْتُ ذَاهِبًا فِي ذَلِكَ إِلَى دِمَشْقَ، بِسُلْطَانٍ وَوَصِيَّةٍ مِنْ رُؤَسَاءِ ٱلْكَهَنَةِ،
13နေ ၏အရောင် ထက်မကသော အလင်း သည် အကျွန်ုပ်မှစ၍အကျွန်ုပ် နှင့်အတူ သွား သောသူ များ ပတ်လည် ၌ ကောင်းကင် ထဲက ထွန်းတောက်သည်ကို၊ မွန်းတည့် ချိန် တွင် လမ်း ထဲမှာ အကျွန်ုပ်မြင် ရပါသည်။ အရှင် မင်းကြီး။
13رَأَيْتُ فِي نِصْفِ ٱلنَّهَارِ فِي ٱلطَّرِيقِ، أَيُّهَا ٱلْمَلِكُ، نُورًا مِنَ ٱلسَّمَاءِ أَفْضَلَ مِنْ لَمَعَانِ ٱلشَّمْسِ، قَدْ أَبْرَقَ حَوْلِي وَحَوْلَ ٱلذَّاهِبِينَ مَعِي.
14အကျွန်ုပ် နှင့် ထိုသူအပေါင်း တို့သည် မြေ ပေါ်မှာ လဲ ၍ နေကြစဉ်၊ ရှောလု ၊ ရှောလု ၊ ငါ့ ကိုအဘယ်ကြောင့် ညှဉ်းဆဲ သနည်း။ ဒုတ် ချွန်ကို ခြေနှင့်ကျော် လျှင် ခက် လှသည်ဟု ဟေဗြဲ ဘာသာ အားဖြင့်ပြော သော စကား သံကို အကျွန်ုပ်ကြား လျှင်
14فَلَمَّا سَقَطْنَا جَمِيعُنَا عَلَى ٱلْأَرْضِ، سَمِعْتُ صَوْتًا يُكَلِّمُنِي وَيَقُولُ بِٱللُّغَةِ ٱلْعِبْرَانِيَّةِ: شَاوُلُ، شَاوُلُ! لِمَاذَا تَضْطَهِدُنِي؟ صَعْبٌ عَلَيْكَ أَنْ تَرْفُسَ مَنَاخِسَ.
15၊သခင် ကိုယ်တော်သည် အဘယ်သူ နည်းဟု အကျွန်ုပ် မေးလျှောက် သော်၊ ငါ ကား၊ သင် ညှဉ်းဆဲ သော နာဇရက်မြို့သားယေရှု ဖြစ် သတည်း။
15فَقُلْتُ أَنَا: مَنْ أَنْتَ يَا سَيِّدُ؟ فَقَالَ: أَنَا يَسُوعُ ٱلَّذِي أَنْتَ تَضْطَهِدُهُ.
16သို့သော်လည်း ၊ ထ ၍ မတ်တတ် နေလော့။
16وَلَكِنْ قُمْ وَقِفْ عَلَى رِجْلَيْكَ لِأَنِّي لِهَذَا ظَهَرْتُ لَكَ، لِأَنْتَخِبَكَ خَادِمًا وَشَاهِدًا بِمَا رَأَيْتَ وَبِمَا سَأَظْهَرُ لَكَ بِهِ،
17ငါသည်ယုဒအမျိုးသား ၊ တစ်ပါး အမျိုးသားတို့ လက်မှ သင့် ကိုကယ်လွှတ် ၍၊
17مُنْقِذًا إِيَّاكَ مِنَ ٱلشَّعْبِ وَمِنَ ٱلْأُمَمِ ٱلَّذِينَ أَنَا ٱلْآنَ أُرْسِلُكَ إِلَيْهِمْ،
18သင်သည် ယခုမြင် ရသောအကြောင်း အရာတို့နှင့် ၊ နောက်မှငါသည်သင့် အား ထင်ရှားလတံ့ သော အကြောင်း အရာတို့မှာ၊ အမှု ဆောင်ရွက်သောသူ၊ သက်သေခံ သောသူအရာ၌ သင့် ကိုခန့်ထား စေခြင်းငှာငါသည်သင့် အား ထင်ရှား၏ ။ တစ်ပါးအမျိုးသားတို့သည် မှောင်မိုက်မှ အလင်း သို့ ကူးမြောက် ၍၊ စာတန် ၏အာဏာ ထဲမှဘုရားသခင့် အထံ တော်သို့ ပြောင်းလဲသောအားဖြင့်အပြစ် လွှတ် ခြင်းကျေးဇူးကို ခံရ မည်အကြောင်းနှင့်၊ ငါ့ ကို ယုံကြည်သော အားဖြင့်သန့်ရှင်း ခြင်းသို့ ရောက်သောသူ တို့နှင့် ဆက်ဆံ အမွေခံရမည်အကြောင်း၊ သူ တို့၏မျက်စိ ကိုဖွင့် စေခြင်းငှာသူ တို့ဆီသို့ သင့် ကို ငါ စေလွှတ် မည်ဟု မိန့် တော်မူ၏။
18لِتَفْتَحَ عُيُونَهُمْ كَيْ يَرْجِعُوا مِنْ ظُلُمَاتٍ إِلَى نُورٍ، وَمِنْ سُلْطَانِ ٱلشَّيْطَانِ إِلَى ٱللهِ، حَتَّى يَنَالُوا بِٱلْإِيمَانِ بِي غُفْرَانَ ٱلْخَطَايَا وَنَصِيبًا مَعَ ٱلْمُقَدَّسِينَ.
19အိုအဂြိပ္ပ မင်းကြီး ၊ ကောင်းကင် ကဖြစ်သော ထိုဗျာဒိတ် တော်ကို အကျွန်ုပ်သည် နားမထောင် ဘဲ မ နေ ရပါ။
19«مِنْ ثَمَّ أَيُّهَا ٱلْمَلِكُ أَغْرِيبَاسُ لَمْ أَكُنْ مُعَانِدًا لِلرُّؤْيَا ٱلسَّمَاوِيَّةِ،
20လူတို့သည် နောင်တရ ရမည်။ နောင်တရ ခြင်း နှင့်ထိုက်တန် သော အကျင့် ကို ကျင့် ရမည်။ ဘုရားသခင် အထံ တော်သို့ ပြောင်းလဲ ရမည်ဟူ၍ဒမာသက် မြို့၌ ရှေ့ဦးစွာ ဟောပြောပြီးလျှင်၊ ယေရုရှလင် မြို့မှစ၍ ယုဒ ပြည်အရပ်ရပ် ၌နေသောသူတို့အား၎င်း ၊ တစ်ပါး အမျိုးသားတို့အား၎င်း၊ ဟောပြော ပါ၏။
20بَلْ أَخْبَرْتُ أَوَّلًا ٱلَّذِينَ فِي دِمَشْقَ، وَفِي أُورُشَلِيمَ حَتَّى جَمِيعِ كُورَةِ ٱلْيَهُودِيَّةِ، ثُمَّ ٱلْأُمَمَ، أَنْ يَتُوبُوا وَيَرْجِعُوا إِلَى ٱللهِ عَامِلِينَ أَعْمَالًا تَلِيقُ بِٱلتَّوْبَةِ.
21ထို အကြောင်းများကြောင့် ၊ ယုဒ လူတို့သည် ဗိမာန် တော်၌ အကျွန်ုပ် ကိုဖမ်းဆီး ၍ ကွပ်မျက် ခြင်းငှာအားထုတ် ကြပါ၏။
21مِنْ أَجْلِ ذَلِكَ أَمْسَكَنِي ٱلْيَهُودُ فِي ٱلْهَيْكَلِ وَشَرَعُوا فِي قَتْلِي.
22သို့ရာတွင် ဘုရားသခင် မစ တော်မူသော ကျေးဇူးတော်ကို အကျွန်ုပ်ခံရ ၍၊
22فَإِذْ حَصَلْتُ عَلَى مَعُونَةٍ مِنَ ٱللهِ، بَقِيتُ إِلَى هَذَا ٱلْيَوْمِ، شَاهِدًا لِلصَّغِيرِ وَٱلْكَبِيرِ. وَأَنَا لَا أَقُولُ شَيْئًا غَيْرَ مَا تَكَلَّمَ ٱلْأَنْبِيَاءُ وَمُوسَى أَنَّهُ عَتِيدٌ أَنْ يَكُونَ:
23ယခု တိုင်အောင် ရှိနေရပါ၏။ ခရစ်တော် သည် အသေ သတ်ခြင်းကိုခံရမည်ဟူ၍၎င်း၊ သေ ခြင်းမှ အဦးဆုံး ထမြောက် ၍ ယုဒအမျိုးသား ၊ တစ်ပါး အမျိုးသားတို့အား အလင်း ကိုပေး မည်ဟူ၍၎င်း၊ မောရှေ မှစသောပရောဖက် များတို့ ဟောပြော သောစကားထက် အကျွန်ုပ်သည် မ လွန် ဘဲ၊ လူအကြီး အငယ် တို့အား သက်သေခံ ၍ နေ ပါသည်ဟု လျှောက်လေ၏။
23إِنْ يُؤَلَّمِ ٱلْمَسِيحُ، يَكُنْ هُوَ أَوَّلَ قِيَامَةِ ٱلْأَمْوَاتِ، مُزْمِعًا أَنْ يُنَادِيَ بِنُورٍ لِلشَّعْبِ وَلِلْأُمَمِ».
24ထိုသို့ ပေါလု သည် အပြစ် ဖြေရာစကားကို လျှောက်သောအခါ၊ ဖေတ္တု မင်းက၊ ပေါလု ၊ သင်သည် သူရူး ဖြစ်၏။ သိပ္ပံအတတ်များကိုသင် ၍ သူရူး အဖြစ်သို့ ရောက် ခဲ့ပြီဟုကြီး သော အသံ နှင့်ဆို ၏။
24وَبَيْنَمَا هُوَ يَحْتَجُّ بِهَذَا، قَالَ فَسْتُوسُ بِصَوْتٍ عَظِيمٍ: «أَنْتَ تَهْذِي يَا بُولُسُ! ٱلْكُتُبُ ٱلْكَثِيرَةُ تُحَوِّلُكَ إِلَى ٱلْهَذَيَانِ!».
25ပေါလု ကလည်း၊ မြတ် တော်မူသောဖေတ္တု မင်း၊ အကျွန်ုပ်သည် သူရူး မဟုတ် ပါ။ သမ္မာတရား နှင့်၎င်း ၊ ကောင်း သောစိတ်နှင့်၎င်း၊ ယှဉ်သော စကား ကို ပြော ပါ၏။
25فَقَالَ: «لَسْتُ أَهْذِي أَيُّهَا ٱلْعَزِيزُ فَسْتُوسُ، بَلْ أَنْطِقُ بِكَلِمَاتِ ٱلصِّدْقِ وَٱلصَّحْوِ.
26ဤ အရာများကိုအဂြိပ္ပမင်းကြီး သိ တော်မူ၏။ ထို မင်းရှေ့တော်၌ အကျွန်ုပ်အတည့်အလင်း လျှောက်ဝံ့ ပါ၏။ ဤ အမူအရာ တစ်စုံတစ်ခု ကိုမျှ မင်းကြီး မသိဘဲ နေတော်မမူဟုအကျွန်ုပ်ထင် ပါ၏။ အကြောင်းမူကား ၊ ဤ အမှုသည် ဆိတ်ကွယ် ရာအရပ်၌ ပြု သောအမှု မ ဟုတ်ပါ။
26لِأَنَّهُ مِنْ جِهَةِ هَذِهِ ٱلْأُمُورِ، عَالِمٌ ٱلْمَلِكُ ٱلَّذِي أُكَلِّمُهُ جِهَارًا، إِذْ أَنَا لَسْتُ أُصَدِّقُ أَنْ يَخْفَى عَلَيْهِ شَيْءٌ مِنْ ذَلِكَ، لِأَنَّ هَذَا لَمْ يُفْعَلْ فِي زَاوِيَةٍ.
27အိုအဂြိပ္ပ မင်းကြီး ၊ ကိုယ်တော်သည် အနာဂတ္တိ ကျမ်းစာကို ယုံ တော်မူသလော။ ယုံတော်မူသည် ကို အကျွန်ုပ်သိ ပါသည်ဟု လျှောက် ၏။
27أَتُؤْمِنُ أَيُّهَا ٱلْمَلِكُ أَغْرِيبَاسُ بِٱلْأَنْبِيَاءِ؟ أَنَا أَعْلَمُ أَنَّكَ تُؤْمِنُ».
28အဂြိပ္ပ မင်းကလည်း ၊ သင်သည်ဖြားယောင်း သွေးဆောင်သောအားဖြင့် ၊ ငါ သည်ခရစ်ယာန် ဖြစ် လု ပြီဟု ပေါလု အား ပြောဆိုလျှင်၊
28فَقَالَ أَغْرِيبَاسُ لِبُولُسَ: «بِقَلِيلٍ تُقْنِعُنِي أَنْ أَصِيرَ مَسِيحِيًّا!».
29ပေါလု က၊ ကိုယ်တော် မှစ၍ယနေ့ တွင် အကျွန်ုပ် ၏စကားကို ကြား သောသူ အပေါင်း တို့သည်၊ ဤ သံကြိုး ကိုထား ၍ အကျွန်ုပ် ကဲ့သို့သောသူဖြစ်လု သည် သာမက လုံးလုံးဖြစ်စေခြင်းငှာဘုရားသခင် ကို အကျွန်ုပ်ဆုတောင်း ပါသည်ဟု လျှောက်လေ၏။
29فَقَالَ بُولُسُ: «كُنْتُ أُصَلِّي إِلَى ٱللهِ أَنَّهُ بِقَلِيلٍ وَبِكَثِيرٍ، لَيْسَ أَنْتَ فَقَطْ، بَلْ أَيْضًا جَمِيعُ ٱلَّذِينَ يَسْمَعُونَنِي ٱلْيَوْمَ، يَصِيرُونَ هَكَذَا كَمَا أَنَا، مَا خَلَا هَذِهِ ٱلْقُيُودَ».
30ထိုအခါမင်းကြီး နှင့် ဗေရနိတ် သည် ထ ၍ မြို့ဝန်မင်း မှစသော အပေါင်းအဘော်များတို့နှင့်တကွ၊
30فَلَمَّا قَالَ هَذَا قَامَ ٱلْمَلِكُ وَٱلْوَالِي وَبَرْنِيكِي وَٱلْجَالِسُونَ مَعَهُمْ،
31အခြားသို့သွား ပြီးလျှင် ၊ ဤ သူ သည် အသေ သတ်ခြင်း၊ အကျဉ်း ထားခြင်းခံထိုက် သောအမှု ကို မ ပြု ဟု အချင်းချင်း ပြော ဆို ကြ၏။
31وَٱنْصَرَفُوا وَهُمْ يُكَلِّمُونَ بَعْضُهُمْ بَعْضًا قَائِلِينَ: «إِنَّ هَذَا ٱلْإِنْسَانَ لَيْسَ يَفْعَلُ شَيْئًا يَسْتَحِقُّ ٱلْمَوْتَ أَوِ ٱلْقُيُودَ».
32အဂြိပ္ပ မင်းကလည်း၊ ဤ သူ သည်ကဲသာ ဘုရင် အယူ တော်ကို ခံပါမည်ဟု မ ဆိုမိလျှင် လွှတ် သင့် သည်ဟု ဖေတ္တု မင်းအားဆို ၏။
32وَقَالَ أَغْرِيبَاسُ لِفَسْتُوسَ: «كَانَ يُمْكِنُ أَنْ يُطْلَقَ هَذَا ٱلْإِنْسَانُ لَوْ لَمْ يَكُنْ قَدْ رَفَعَ دَعْوَاهُ إِلَى قَيْصَرَ».
Tip: use the ← and → keys to turn chapters.