တမန်တော် 22
Judson Burmese Bible (1840)Translation
Judson Burmese Bible (1840)
Greek New Testament: Byzantine Text (Robinson–Pierpont 2018)
1ညီအစ်ကို ၊ အဘ တို့၊ အကျွန်ုပ် သည် ကိုယ်အပြစ် ဖြေရာစကားကို သင် တို့ရှေ့ မှာ ယခု ပြောစဉ်တွင် နားထောင် ကြပါဟု ဆို လေသော်၊
1ανδρεσ αδελφοι και πατερεσ ακουσατε μου τησ προσ υμασ νυνι απολογιασ
2ဟေဗြဲ ဘာသာ အားဖြင့်ပြော သည်ကို ထိုသူတို့သည် ကြား လျှင် သာ၍ အလွန်တိတ်ဆိတ် စွာနေကြ၏။
2ακουσαντεσ δε οτι τη εβραιδι διαλεκτω προσεφωνει αυτοισ μαλλον παρεσχον ησυχιαν και φησιν
3ပေါလုကလည်း၊ အကျွန်ုပ် သည် ကိလိကိ ပြည်တာရှု မြို့၌ မွေးဘွား သော ယုဒ လူ ဖြစ် ပါ၏။ ဤ မြို့ မှာ လည်း၊ ဂေါမလျေလ အမည် ရှိသော ဆရာ၏ ခြေ ရင်း၌ ကျွေးမွေးခြင်းကိုခံ၍ မိစဉ်တဆက် ကျင့်သော တရား ကို သေချာ စွာသိနားလည်ခြင်းငှာ နည်း ဥပဒေသကိုခံပါပြီ။ သင် တို့ ရှိ သမျှ သည်ယနေ့ တိုင်အောင်ဘုရားသခင် ဘက် ၌ စိတ်အားကြီးသည် နည်းတူ ၊ အကျွန်ုပ်လည်း စိတ်အားကြီး သဖြင့်၊
3εγω μεν ειμι ανηρ ιουδαιοσ γεγεννημενοσ εν ταρσω τησ κιλικιασ ανατεθραμμενοσ δε εν τη πολει ταυτη παρα τουσ ποδασ γαμαλιηλ πεπαιδευμενοσ κατα ακριβειαν του πατρωου νομου ζηλωτησ υπαρχων του θεου καθωσ παντεσ υμεισ εστε σημερον
4ယောက်ျား မိန်းမ တို့ကို ချည်နှောင် ၍ ထောင် ထဲမှာ လှောင် ထားလျက် အသေ သတ်ခြင်းသို့ တိုင်အောင်၊ ထို ဘာသာ ကိုညှဉ်းဆဲ ပါပြီ။
4οσ ταυτην την οδον εδιωξα αχρι θανατου δεσμευων και παραδιδουσ εισ φυλακασ ανδρασ τε και γυναικασ
5ထိုကဲ့သို့ ပင်ယဇ်ပုရောဟိတ် မင်းမှစ၍ လူအကြီးအကဲ အပေါင်း တို့သည်အကျွန်ုပ် ဘက်၌သက်သေ ဖြစ်ကြပါ၏။သူ တို့ထံမှ လည်း အကျွန်ုပ်သည် ညီအစ်ကို တို့ထံသို့ မှာစာ ကို ခံ ပြီးမှ၊ ဒမာသက် မြို့၌ ရှိ သော ထိုဘာသာဝင်သူတို့ ကို ဒဏ် ခံစေခြင်းငှာ ချည်နှောင် ၍ ယေရုရှလင် မြို့သို့ ပို့ မည်ဟု ဒမာသက်မြို့သို့အကျွန်ုပ်သွား ပါ၏။
5ωσ και ο αρχιερευσ μαρτυρει μοι και παν το πρεσβυτεριον παρ ων και επιστολασ δεξαμενοσ προσ τουσ αδελφουσ εισ δαμασκον επορευομην αξων και τουσ εκεισε οντασ δεδεμενουσ εισ ιερουσαλημ ινα τιμωρηθωσιν
6လမ်း ၌သွား၍ ဒမာသက် မြို့အနီး သို့ ရောက်သောအခါ၊ မွန်းတည့် အချိန်တွင် ကောင်းကင် ထဲက ကြီး သောအလင်း သည် အကျွန်ုပ် ပတ်လည် ၌ ရုတ်ခနဲ ထွန်းတောက် ပါ၏။
6εγενετο δε μοι πορευομενω και εγγιζοντι τη δαμασκω περι μεσημβριαν εξαιφνησ εκ του ουρανου περιαστραψαι φωσ ικανον περι εμε
7အကျွန်ုပ်သည် မြေ ပေါ်မှာ လဲ၍ နေ စဉ်၊ ရှောလု ၊ ရှောလု ၊ အဘယ်ကြောင့် ငါ့ ကို ညှဉ်းဆဲ သနည်းဟု အကျွန်ုပ် အား ပြော သောစကား သံကိုကြား လျှင်၊
7επεσα τε εισ το εδαφοσ και ηκουσα φωνησ λεγουσησ μοι σαουλ σαουλ τι με διωκεισ
8သခင် ၊ ကိုယ်တော်သည်အဘယ်သူ နည်းဟု အကျွန်ုပ် ပြန်၍ မေးလျှောက် သော်၊ ငါ ကား၊ သင် ညှင်းဆဲ သော နာဇရက် မြို့သားယေရှု ဖြစ် သတည်းဟု မိန့် တော်မူ၏။
8εγω δε απεκριθην τισ ει κυριε ειπεν τε προσ με εγω ειμι ιησουσ ο ναζωραιοσ ον συ διωκεισ
9အကျွန်ုပ် နှင့် ပါ သောသူတို့သည် ထိုအလင်း ကို မြင် ၍ကြောက်ရွံ့ခြင်းသို့ရောက်သော်လည်း ၊ အကျွန်ုပ် အားပြော သောသူ၏ စကား သံကို မ ကြား မသိရကြ။
9οι δε συν εμοι οντεσ το μεν φωσ εθεασαντο και εμφοβοι εγενοντο την δε φωνην ουκ ηκουσαν του λαλουντοσ μοι
10ထိုအခါအကျွန်ုပ် ကလည်း ၊ သခင် ၊ အကျွန်ုပ်သည် အဘယ်သို့ ပြု ရပါမည်နည်းဟု လျှောက် လျှင် ၊ သခင် ဘုရားက၊ ထ လော့။ ဒမာသက် မြို့ သို့ သွား လော့။ သင် ဆောင်ရွက် စရာတို့ ခွဲခန့် စီမံသမျှ တို့ကို ထိုမြို့ ၌ ပြော လိမ့်မည်ဟုမိန့် တော်မူ၏။
10ειπον δε τι ποιησω κυριε ο δε κυριοσ ειπεν προσ με αναστασ πορευου εισ δαμασκον κακει σοι λαληθησεται περι παντων ων τετακται σοι ποιησαι
11ထို အလင်း ၏ရောင်ခြည် အရှိန်အားဖြင့် အကျွန်ုပ်သည် မျက်စိ ကန်းသောကြောင့် ၊ အကျွန်ုပ် နှင့် ပါ သော သူ တို့၏ လက် ဆွဲခြင်းခံရ၍ ဒမာသက် မြို့သို့ ရောက် ပါ၏။
11ωσ δε ουκ ενεβλεπον απο τησ δοξησ του φωτοσ εκεινου χειραγωγουμενοσ υπο των συνοντων μοι ηλθον εισ δαμασκον
12ထိုအခါ ပညတ် တရားနှင့်အညီ ဘုရား ဝတ်၌မွေ့လျော်သောသူ ဖြစ်၍၊ ထိုမြို့မှ နေ သောယုဒ လူ အပေါင်း တို့တွင် အသရေ ရှိသောသူ အာနနိ သည်၊
12ανανιασ δε τισ ανηρ ευσεβησ κατα τον νομον μαρτυρουμενοσ υπο παντων των κατοικουντων ιουδαιων
13အကျွန်ုပ် ဆီသို့ လာ ၍ အနား ၌ရပ် လျက်၊ ညီ ရှောလု ၊ တဖန်မျက်စိမြင် ခြင်းသို့ ရောက်လော့ဟုဆို ၏။ ထို ခဏ ၌ အကျွန်ုပ် သည် သူ့ ကိုကြည့်ရှု၍မြင် ရ၏။
13ελθων προσ με και επιστασ ειπεν μοι σαουλ αδελφε αναβλεψον καγω αυτη τη ωρα ανεβλεψα εισ αυτον
14သူကလည်း၊ သင်သည်မြင် လေသမျှ ၊ ကြား လေသမျှ တို့ကို လူအပေါင်း တို့ အား ပြော၍ သခင် ဘုရား၏ သက်သေခံ ဖြစ် ရမည် အကြောင်း ၊
14ο δε ειπεν ο θεοσ των πατερων ημων προεχειρισατο σε γνωναι το θελημα αυτου και ιδειν τον δικαιον και ακουσαι φωνην εκ του στοματοσ αυτου
15သင်သည်ဘုရားသခင် ၏ အလို တော်ကို သိ စေခြင်းငှာ၎င်း ၊ ဖြောင့်မတ် တော်မူသောသူ ကိုမြင် ၍ နှုတ် တော်ထွက် ကို ကြား စေခြင်းငှာ၎င်း၊ ငါ တို့ဘိုးဘေး များ၏ ဘုရားသခင် သည် သင့် ကို ခန့်ထား တော်မူ၏။
15οτι εση μαρτυσ αυτω προσ παντασ ανθρωπουσ ων εωρακασ και ηκουσασ
16ယခု လည်း သင်သည်အဘယ်ကြောင့် ဆိုင်းလင့် ၍ နေသနည်း။ ထ လော့။ သခင် ဘုရားကို ပဌနာ ပြုလျက် ဗတ္တိဇံ ကိုခံ၍ ၊ သင် ၏အပြစ် များကို ဆေးကြော လော့ဟု ဆို ပါ၏။
16και νυν τι μελλεισ αναστασ βαπτισαι και απολουσαι τασ αμαρτιασ σου επικαλεσαμενοσ το ονομα του κυριου
17ထိုနောက်မှအကျွန်ုပ် သည် ယေရုရှလင် မြို့သို့ ပြန် ၍၊ ဗိမာန် တော်၌ ဆုတောင်း စဉ်ဘဝင်ကျ ၍၊
17εγενετο δε μοι υποστρεψαντι εισ ιερουσαλημ και προσευχομενου μου εν τω ιερω γενεσθαι με εν εκστασει
18သခင်ဘုရားက၊ သင်သည်ကြိုးစား ၍ ယေရုရှလင် မြို့မှ အလျင်အမြန် ထွက်သွား လော့။ ငါ ၏ အကြောင်း ကို သင် သည်ပြော၍ သက်သေခံ သော စကား ကို ဤလူ တို့သည် မခံ ဘဲနေကြလိမ့်မည်ဟု မိန့် တော်မူလျက်ရှိသည်ကို အကျွန်ုပ် မြင် လေ၏။
18και ιδειν αυτον λεγοντα μοι σπευσον και εξελθε εν ταχει εξ ιερουσαλημ διοτι ου παραδεξονται σου την μαρτυριαν περι εμου
19အကျွန်ုပ် ကလည်း၊ သခင် ၊ ကိုယ်တော် ကို ယုံကြည် သော သူ တို့ကို အကျွန်ုပ် ထောင် ထဲ၌လှောင် ထား၍၊ တရားစရပ် များ၌ ရိုက် သည်အကြောင်း ကို သူ တို့သိ ကြပါ၏။
19καγω ειπον κυριε αυτοι επιστανται οτι εγω ημην φυλακιζων και δερων κατα τασ συναγωγασ τουσ πιστευοντασ επι σε
20ကိုယ်တော် ၏ သက်သေခံ ဖြစ်သော သတေဖန် ၏ အသွေး ကို သွန်း သောအခါ အကျွန်ုပ် သည် အနား၌ နေ လျက်၊ ကွပ်မျက်ခြင်း အမှုကို ဝန်ခံ ၍၊ ကွပ်မျက် သော သူ တို့၏ အဝတ် ကိုစောင့် နေပါ၏ဟု၊
20και οτε εξεχειτο το αιμα στεφανου του μαρτυροσ σου και αυτοσ ημην εφεστωσ και συνευδοκων τη αναιρεσει αυτου φυλασσων τα ιματια των αναιρουντων αυτον
21လျှောက်ဆို လျှင်၊ သခင်ဘုရားက၊ သွား လော့။ ငါ သည်တစ်ပါး အမျိုးသားတို့ရှိရာသို့ သင့် ကိုဝေး လှစွာ လွှတ် မည်ဟုအကျွန်ုပ် အား မိန့် တော်မူသည်ဟု ပေါလု မြွက်ဆို ၏။
21και ειπεν προσ με πορευου οτι εγω εισ εθνη μακραν εξαποστελω σε
22ထို မျှတိုင်အောင် ပေါလု ၏ စကား ကို နားထောင် ပြီးလျှင် ၊ ထိုသူ တို့သည်အော်ဟစ် ၍ ၊ ထိုသို့သော သူကို မြေကြီး ပြင်မှ သုတ်သင် ပယ်ရှင်းလော့။ သူ သည် အသက် မ ရှင်သင့် ဟု ဆို ကြ၏။
22ηκουον δε αυτου αχρι τουτου του λογου και επηραν την φωνην αυτων λεγοντεσ αιρε απο τησ γησ τον τοιουτον ου γαρ καθηκεν αυτον ζην
23ထိုသို့အော်ဟစ် ခြင်း၊ ကိုယ်အဝတ် ကိုချွတ် ခြင်း၊ မြေမှုန့် ကို မိုဃ်း ကောင်းကင်သို့ ပစ် လိုက်ခြင်းကို ပြုကြ စဉ်တွင်၊
23κραζοντων δε αυτων και ριπτουντων τα ιματια και κονιορτον βαλλοντων εισ τον αερα
24ပေါလု ကိုအဘယ်ကြောင့်ထိုသို့ အော်ဟစ် ကြ သည်ကိုစစ်သူကြီး သည် သိ လို၍ ၊ ပေါလု ကို ရဲတိုက် ထဲသို့ သွင်း စေ။ ရိုက် ၍ စစ်ကြော စေဟုစီရင် လေ၏။
24εκελευσεν αυτον ο χιλιαρχοσ αγεσθαι εισ την παρεμβολην ειπων μαστιξιν ανεταζεσθαι αυτον ινα επιγνω δι ην αιτιαν ουτωσ επεφωνουν αυτω
25သားရေ ကြိုးနှင့် ဆွဲတင် ကြသောအခါ ၊ ပေါလု က၊ ရောမ လူ ဖြစ်သောသူကို ဓမ္မသတ်အတိုင်း မ စီရင် ဘဲလျက်၊ သင် တို့သည် ရိုက် ရသလောဟု အနား၌ရပ် နေသော တပ်မှူး အား ဆို ၏။
25ωσ δε προετεινεν αυτον τοισ ιμασιν ειπεν προσ τον εστωτα εκατονταρχον ο παυλοσ ει ανθρωπον ρωμαιον και ακατακριτον εξεστιν υμιν μαστιζειν
26တပ်မှူး သည်ကြား လျှင် စစ်သူကြီး ထံသို့သွား ၍၊ အဘယ်သို့ ပြု မည်ကို သတိ ထားပါလော့။ ဤ သူ သည် ရောမ လူဖြစ် ပါသည်ဟု ကြားလျှောက် ၏။
26ακουσασ δε ο εκατονταρχοσ προσελθων απηγγειλεν τω χιλιαρχω λεγων ορα τι μελλεισ ποιειν ο γαρ ανθρωποσ ουτοσ ρωμαιοσ εστιν
27စစ်သူကြီး သည်လည်း ၊ ပေါလု ထံသို့လာ ၍၊ သင် သည်ရောမ လူမှန် သလော၊ ငါ့ အား ပြော လော့ဟုဆို လျှင် မှန် ပါသည်ဟု ပေါလုဆို ၏။
27προσελθων δε ο χιλιαρχοσ ειπεν αυτω λεγε μοι ει συ ρωμαιοσ ει ο δε εφη ναι
28စစ်သူကြီး ကလည်း၊ အကျွန်ုပ် သည်ငွေ အများ ကို ပေး၍ ရောမလူ၏ အရိပ် အရာကိုရ သည်ဟုဆို လျှင်၊ ပေါလု က၊ အကျွန်ုပ် သည် ဇာတိ အားဖြင့် ရပါသည်ဟု ဆို ၏။
28απεκριθη τε ο χιλιαρχοσ εγω πολλου κεφαλαιου την πολιτειαν ταυτην εκτησαμην ο δε παυλοσ εφη εγω δε και γεγεννημαι
29ထိုအခါ စစ်ကြော မည်ပြုသောသူတို့သည် ပေါလု ထံမှ ချက်ခြင်း သွား ၍၊ သူသည်ရောမ လူ ဖြစ် သည်ကို၎င်း ၊ ရောမလူကိုချည်နှောင် မိသည်ကို၎င်း၊ စစ်သူကြီး သိ လျှင် ကြောက် ခြင်းသို့ရောက်လေ၏။
29ευθεωσ ουν απεστησαν απ αυτου οι μελλοντεσ αυτον ανεταζειν και ο χιλιαρχοσ δε εφοβηθη επιγνουσ οτι ρωμαιοσ εστιν και οτι ην αυτον δεδεκωσ
30နက်ဖြန် နေ့တွင် အဘယ် အပြစ် ကို ယုဒ လူတို့သည် ပေါလု၌ တင်ကြသည်ကို စစ်သူကြီးသည် အမှန် သိ လို သောကြောင့်၊ ပေါလု ၌ ချည်နှောင်သောသံကြိုးကို ချွတ် ၍၊ ယဇ်ပုရောဟိတ် အကြီးတို့နှင့် လွှတ် အရာရှိ အပေါင်း တို့ကို စည်းဝေး စေခြင်းငှာစီရင် ပြီးလျှင် ၊ ပေါလု ကိုခေါ် ၍ သူ တို့ရှေ့ ၌ထား လေ၏။
30τη δε επαυριον βουλομενοσ γνωναι το ασφαλεσ το τι κατηγορειται παρα των ιουδαιων ελυσεν αυτον απο των δεσμων και εκελευσεν ελθειν τουσ αρχιερεισ και ολον το συνεδριον αυτων και καταγαγων τον παυλον εστησεν εισ αυτουσ
Tip: use the ← and → keys to turn chapters.