ဖိလိပ္ပိ 1
Judson Burmese Bible (1840)Translation
Judson Burmese Bible (1840)
Greek New Testament: Byzantine Text (Robinson–Pierpont 2018)
1ယေရှု ခရစ် ၏ ကျွန် ဖြစ်သောပေါလု နှင့် တိမောသေ သည်၊ ဖိလိပ္ပိ မြို့၌ ရှိ သော သင်းအုပ် တို့နှင့် သင်းထောက် တို့မှစ၍ ယေရှု ခရစ် ၏ သန့်ရှင်း သူအပေါင်း တို့ကို ကြားလိုက်ပါ၏။
1παυλοσ και τιμοθεοσ δουλοι ιησου χριστου πασιν τοισ αγιοισ εν χριστω ιησου τοισ ουσιν εν φιλιπποισ συν επισκοποισ και διακονοισ
2သခင် ယေရှု ခရစ် နှင့် ငါ တို့အဘ တည်းဟူသောဘုရားသခင့် အထံ တော်က ကျေးဇူး တော်နှင့် ငြိမ်သက် ခြင်းသည် သင် တို့၌ရှိပါစေသော။
2χαρισ υμιν και ειρηνη απο θεου πατροσ ημων και κυριου ιησου χριστου
3ငါ သည်ဆုတောင်း ပဌနာပြုသောအခါ ၊
3ευχαριστω τω θεω μου επι παση τη μνεια υμων
4ဝမ်းမြောက် သောစိတ်နှင့် သင် တို့ရှိသမျှ အဘို့ ကို အစဉ် ဆုတောင်း ပဌနာပြု လျက်၊ သင် တို့ကို အောက်မေ့ သောအခါ၊
4παντοτε εν παση δεησει μου υπερ παντων υμων μετα χαρασ την δεησιν ποιουμενοσ
5သင် တို့သည် ရှေ့ဦးစွာ သောနေ့ရက် မှစ၍ ယခု တိုင်အောင် ဧဝံဂလိ တရားကို ဆက်ဆံ ၍ ခံစား ကြောင်းကို ငါထောက်သဖြင့်၊ ဘုရားသခင် ၏ ကျေးဇူး တော်ကို ချီးမွမ်းပါ၏။
5επι τη κοινωνια υμων εισ το ευαγγελιον απο πρωτησ ημερασ αχρι του νυν
6သင် တို့တွင် ကောင်း သောအမှုကို ပြုစ ပြုတော်မူသောသူ သည်၊ ယေရှု ခရစ် ၏နေ့ရက် တိုင်အောင် ပြီးစီး လျက်ပြု တော်မူမည်ဟု ငါသဘောကျ ၏။
6πεποιθωσ αυτο τουτο οτι ο εναρξαμενοσ εν υμιν εργον αγαθον επιτελεσει αχρι ημερασ χριστου ιησου
7ရှိသမျှ သောသင် တို့၏ အမှုအရာ၌ ဤသို့ ငါ ယူ အပ်၏။ အကြောင်းမူကား ၊ ငါ ခံရ သော ကျေးဇူး တော်ကို သင် တို့အပေါင်း သည် ဆက်ဆံကြသည်ဖြစ်၍၊ ငါ သည် အကျဉ်း ခံရသော်၎င်း၊ ဧဝံဂလိ တရားဘက်၌ သက်သေခံ ၍ ထိုတရားကို တည်စေသော်၎င်း၊ သင်တို့ကို အောက်မေ့၏။
7καθωσ εστιν δικαιον εμοι τουτο φρονειν υπερ παντων υμων δια το εχειν με εν τη καρδια υμασ εν τε τοισ δεσμοισ μου και εν τη απολογια και βεβαιωσει του ευαγγελιου συγκοινωνουσ μου τησ χαριτοσ παντασ υμασ οντασ
8ငါသည် သင် တို့အပေါင်း ကို ယေရှု ခရစ် ၏ မေတ္တာ ကရုဏာနှင့် အဘယ်မျှလောက်လွမ်း သည်ဟု ဘုရားသခင် သည် ငါ့ သက်သေ ဖြစ်တော်မူ၏။
8μαρτυσ γαρ μου εστιν ο θεοσ ωσ επιποθω παντασ υμασ εν σπλαγχνοισ ιησου χριστου
9ငါသည်အဘယ်သို့ဆုတောင်း သနည်းဟူမူကား၊ သင် တို့သည် ခြားနားသောအရာတို့ကို ပိုင်းခြား စေခြင်းငှာ ဉာဏ်ပညာ အမျိုးမျိုး ရှိ လျက် ၊
9και τουτο προσευχομαι ινα η αγαπη υμων ετι μαλλον και μαλλον περισσευη εν επιγνωσει και παση αισθησει
10မေတ္တာ ပါရမီတိုးပွား ၍ ပြည့်စုံ မည်အကြောင်း ကို၎င်း၊
10εισ το δοκιμαζειν υμασ τα διαφεροντα ινα ητε ειλικρινεισ και απροσκοποι εισ ημεραν χριστου
11ယေရှု ခရစ် အားဖြင့် ဘုရားသခင် ၏ ဘုန်း အသရေတော်ကို ထင်ရှား စေတတ်သော ဖြောင့်မတ် ခြင်းအကျင့် နှင့် သင်တို့သည် ပြည့်စုံ ၍ ခရစ်တော် ၏ နေ့ရက် တိုင်အောင် စိတ်ကြည်ဖြူ လျက် ၊ တိမ်းလဲ ခြင်းအမှုနှင့် ကင်းလွတ် လျက်ရှိ မည်အကြောင်းကို၎င်း၊ ငါဆုတောင်း ပဌနာပြု၏။။
11πεπληρωμενοι καρπων δικαιοσυνησ των δια ιησου χριστου εισ δοξαν και επαινον θεου
12ညီအစ်ကို တို့၊ ငါ ၌ရောက် သော အမှုအရာတို့သည် ဧဝံဂေလိ တရားကို မမြစ်တားသည်သာမက ၊ ပြုစု ရာဖြစ်သည်ဟု သင် တို့ သိ စေခြင်းငှာငါအလိုရှိ ၏။။
12γινωσκειν δε υμασ βουλομαι αδελφοι οτι τα κατ εμε μαλλον εισ προκοπην του ευαγγελιου εληλυθεν
13ထိုသို့သော အားဖြင့်ခရစ်တော် ကြောင့် ငါ ခံရသော ချည်နှောင် ခြင်းအမှုအရာသည်၊ နန်းတော် ၌ အနှံ့အပြား ထင်ရှား သည်သာမက၊ ခပ်သိမ်း သောအရပ်၌ ထင်ရှား၏။။
13ωστε τουσ δεσμουσ μου φανερουσ εν χριστω γενεσθαι εν ολω τω πραιτωριω και τοισ λοιποισ πασιν
14သခင် ဘုရား၌ ညီအစ်ကို အများ တို့သည် ငါ ခံရသော ချည်နှောင် ခြင်းကြောင့် ယုံမှားသောစိတ်နှင့် ကင်းလွတ် ၍ ကြောက်ရွံ့ ခြင်းမရှိဘဲ၊ နှုတ်ကပတ် တရားတော် ကို သာ၍ ဟောပြော ဝံ့ ကြ၏။။
14και τουσ πλειονασ των αδελφων εν κυριω πεποιθοτασ τοισ δεσμοισ μου περισσοτερωσ τολμαν αφοβωσ τον λογον λαλειν
15လူအချို့ တို့သည် ငြူစူ ရန်တွေ့ ချင်သောသဘော နှင့် ခရစ်တော် ၏တရားကို ဟောပြော ကြ၏။ အချို့ တို့ သည် စေတနာ စိတ်နှင့် ဟောပြောကြ၏။။
15τινεσ μεν και δια φθονον και εριν τινεσ δε και δι ευδοκιαν τον χριστον κηρυσσουσιν
16ငါသည် ဧဝံဂေလိ တရားကို ထောက်မ ဘို့ရာ ခန့်ထား သောသူဖြစ် ကြောင်းကို ဤ သူတို့သည်သိ ၍ ခရစ်တော် ၏တရားကို မေတ္တာ စိတ်နှင့် ဟောပြော ကြ၏။။
16οι μεν εξ εριθειασ τον χριστον καταγγελλουσιν ουχ αγνωσ οιομενοι θλιψιν επιφερειν τοισ δεσμοισ μου
17ထိုသူတို့သည် ကြည်ဖြူ သောစိတ်မ ရှိ၊ ချည်နှောင် ခြင်းကို ငါ ခံရသည်တွင် သာ၍ဆင်းရဲ စေမည်ဟု အကြံရှိ ၍၊ ရန်တွေ့ ချင်သောစိတ်နှင့် ဟောပြောကြ၏။။
17οι δε εξ αγαπησ ειδοτεσ οτι εισ απολογιαν του ευαγγελιου κειμαι
18သို့ဖြစ်၍ အဘယ်သို့ နည်း၊ လျှို့ဝှက် ၍ ဟောပြောသည်ဖြစ်စေ ၊ သစ္စာ ရှိ၍ ဟောပြောသည်ဖြစ်စေ ၊ အဘယ်သို့သောအားဖြင့်ဟောပြောသည်ဖြစ်စေ၊ ခရစ်တော် ၏တရားကို ဟောပြော ခြင်းရှိ၏။ ထိုအကြောင်း ကြောင့် ငါသည်ယခု ဝမ်းမြောက်၏ ။ နောင်၌ လည်း ဝမ်းမြောက် လိမ့်မည်။။
18τι γαρ πλην παντι τροπω ειτε προφασει ειτε αληθεια χριστοσ καταγγελλεται και εν τουτω χαιρω αλλα και χαρησομαι
19အဘယ်သို့ နည်းဟူမူကား၊ ငါ သည်အလျှင်း ရှက်ကြောက် ခြင်းမရှိ၊ ရဲရင့်ခြင်းနှင့်ပြည့်စုံ၍ အသက် ရှင်သည်ဖြစ်စေ ၊ သေ သည်ဖြစ်စေ၊ ငါ့ ကိုယ်ခန္ဓါ ၌ ခရစ်တော် သည် အစဉ်မပြတ် ဂုဏ် အသရေထင်ရှား တော်မူသကဲ့သို့ ၊
19οιδα γαρ οτι τουτο μοι αποβησεται εισ σωτηριαν δια τησ υμων δεησεωσ και επιχορηγιασ του πνευματοσ ιησου χριστου
20ယခုပင်ထင်ရှား တော်မူမည်ဟု ငါမြော်လင့် အားကြီး၍ တောင့်တသည်နှင့်အညီ သင် တို့ဆုတောင်း သဖြင့်၎င်း ၊ ယေရှု ခရစ် ၏ ဝိညာဉ် တော်မှစသဖြင့်၎င်း၊ ဤ အကြောင်း အရာသည် ငါ့ ကိုကယ်တင် သော အကြောင်းအရာဖြစ် မည်ဟု ငါသိ ၏။။
20κατα την αποκαραδοκιαν και ελπιδα μου οτι εν ουδενι αισχυνθησομαι αλλ εν παση παρρησια ωσ παντοτε και νυν μεγαλυνθησεται χριστοσ εν τω σωματι μου ειτε δια ζωησ ειτε δια θανατου
21အသက် ရှင်သည်အရာမှာ ခရစ်တော် ဖြစ်၏။ သေ လျှင် မူကား ၊ သာ၍အကျိုး ရှိ၏။။
21εμοι γαρ το ζην χριστοσ και το αποθανειν κερδοσ
22ဤကိုယ်ခန္ဓာ ၌ ငါသည်အသက် ရှင်လျှင် ၊ ငါ ပြုသောအမှု ၏ အကျိုးကား ထိုသို့သောအကျိုး ဖြစ်၏။ သို့သော်လည်း အဘယ် အကျိုးကို ရွေးယူ ရမည်ဟု ငါမ သိ ။။
22ει δε το ζην εν σαρκι τουτο μοι καρποσ εργου και τι αιρησομαι ου γνωριζω
23ထိုအကျိုးနှစ် ပါး၏အကြား၌ ငါသည်ယခု ကျဉ်းမြောင်းစွာ နေရ၏။ စုတေ့၍ ခရစ်တော် နှင့်အတူ နေ ခြင်းငှာတောင့်တ လိုချင်သော စိတ်ရှိ ၏။ သာ၍ အလွန် ထူးမြတ် သောအကျိုးဖြစ်၏။။
23συνεχομαι δε εκ των δυο την επιθυμιαν εχων εισ το αναλυσαι και συν χριστω ειναι πολλω μαλλον κρεισσον
24သို့သော်လည်း ကိုယ်ခန္ဓာ ၌ နေ ရလျှင် သင် တို့၌ သာ၍ အကျိုး ရှိလိမ့်မည်။။
24το δε επιμενειν εν τη σαρκι αναγκαιοτερον δι υμασ
25ထိုသို့ ရှိလိမ့်မည်ဟု ယုံမှားခြင်းနှင့် ကင်းလွတ်သည်ဖြစ်၍ ၊ သင်တို့ရှိရာသို့ ငါ တစ်ဖန် ရောက်လာ သော အားဖြင့် ၊ သင် တို့သည် ယေရှု ခရစ် ကိုအမှီပြု ၍ ငါ့ အတွက်ကြောင့် သာ၍ ဝါကြွား ဝမ်းမြောက်ခြင်း ရှိစေခြင်းငှာ၊
25και τουτο πεποιθωσ οιδα οτι μενω και συμπαραμενω πασιν υμιν εισ την υμων προκοπην και χαραν τησ πιστεωσ
26သင်တို့သည် ယုံကြည် ခြင်း၌ တိုးပွား ဝမ်းမြောက် မည်အကြောင်း ၊ ငါသည်ကိုယ်ခန္ဓါ၌နေ ၍ သင် တို့ရှိသမျှ နှင့် ပေါင်းဖေါ် ရမည်ဟု ငါသိ ၏။။
26ινα το καυχημα υμων περισσευη εν χριστω ιησου εν εμοι δια τησ εμησ παρουσιασ παλιν προσ υμασ
27သင်တို့သည် ရန်သူ များကြောင့် အလျှင်း မ ကြောက်ရွံ့ မတုန်လှုပ်ဘဲ၊ တစ်ပါးတည်းသော စိတ် ဝိညာဉ် ၌ တည် ၍၊ ဧဝံဂေလိ တရားနှင့် ဆိုင် သော ယုံကြည် ခြင်းအဘို့ အလိုငှာ တစ်ညီတစ်ညွတ် တည်း ကြိုးစားအားထုတ်ကြသည် အကြောင်းအရာကို၊ ငါ ရောက်လျှင် သင် တို့နှင့် မျက်မှောက်တွေ့ သည်ဖြစ်စေ၊ ကွာ လျက်နေသည် ဖြစ်စေ၊ ငါကြားသိ ရပါမည်အကြောင်း ၊ ခရစ်တော် ၏ ဧဝံဂေလိ တရားနှင့် အထိုက်အလျောက် ဝတ်ကြီးဝတ်ငယ်များကို ပြု၍သာနေ ကြလော့။။
27μονον αξιωσ του ευαγγελιου του χριστου πολιτευεσθε ινα ειτε ελθων και ιδων υμασ ειτε απων ακουσω τα περι υμων οτι στηκετε εν ενι πνευματι μια ψυχη συναθλουντεσ τη πιστει του ευαγγελιου
28ထိုသို့ရန်သူများကြောင့် အလျှင်းမကြောက်ရွံ့မတုန်လှုပ်သော အကြောင်းအရာသည်၊ သူ တို့၌ ပျက်စီး ခြင်း၏ နိမိတ် လက္ခဏာဖြစ် ၏။ဘုရားသခင် စီရင် တော်မူသောအားဖြင့် သင် တို့၌ကား ၊ကယ်တင် ခြင်း၏နိမိတ်လက္ခဏာဖြစ်၏။။
28και μη πτυρομενοι εν μηδενι υπο των αντικειμενων ητισ αυτοισ μεν εστιν ενδειξισ απωλειασ υμιν δε σωτηριασ και τουτο απο θεου
29အကြောင်းမူကား ၊ သင် တို့သည် အထက်ကမြင် သည်အတိုင်း၊ ယခု လည်း ကြား သည်အတိုင်း ငါ ခံရ သော တိုက်လှန် ခြင်းကို ခံရသည်နည်းတူ ၊
29οτι υμιν εχαρισθη το υπερ χριστου ου μονον το εισ αυτον πιστευειν αλλα και το υπερ αυτου πασχειν
30သင်တို့သည် ခံရကြသည်ဖြစ်၍၊ ခရစ်တော် ကို ယုံကြည် ခြင်းအခွင့်မှတပါး ၊ ခရစ်တော် အတွက် ကြောင့် ဆင်းရဲ ခံရခြင်းအခွင့်ကို ကျေးဇူးတော်အားဖြင့်ရကြ၏။
30τον αυτον αγωνα εχοντεσ οιον ειδετε εν εμοι και νυν ακουετε εν εμοι
Tip: use the ← and → keys to turn chapters.