တမန်တော် 23
Judson Burmese Bible (1840)Translation
Judson Burmese Bible (1840)
Greek New Testament: Byzantine Text (Robinson–Pierpont 2018)
1ပေါလု သည် လွှတ် အရာရှိတို့ကို စေ့စေ့ ကြည့်ရှု၍၊ ညီအစ်ကို တို့၊ အကျွန်ုပ် သည် ယနေ့ တိုင်အောင် ဘုရား ဝတ်ကို ပြုခြင်းအမှုမှာ၊ ကိုယ်စိတ်နှလုံးသည် ကိုယ်၌ အပြစ်တင်ခွင့်နှင့်ကင်းလွတ် လျက် ပြု ပါသည်ဟု ပြောဆို သော်၊
1ατενισασ δε ο παυλοσ τω συνεδριω ειπεν ανδρεσ αδελφοι εγω παση συνειδησει αγαθη πεπολιτευμαι τω θεω αχρι ταυτησ τησ ημερασ
2ယဇ်ပုရောဟိတ် မင်းအာနနိ က၊ သူ ၏နှုတ် ကို ရိုက် လော့ဟု အနား၌ ရပ် နေသောသူ တို့အား အမိန့် ရှိ၏။
2ο δε αρχιερευσ ανανιασ επεταξεν τοισ παρεστωσιν αυτω τυπτειν αυτου το στομα
3ထိုအခါ ပေါလု က၊ အဖြူ သုတ်သောအုတ် ရိုး၊ ဘုရားသခင် သည် သင့် ကိုရိုက် တော်မူမည်။ သင် သည် အကျွန်ုပ် ကို တရား နှင့်အညီ စီရင် ခြင်းငှာထိုင် နေလျက်ပင်၊ သူ့ ကိုရိုက် လော့ဟု မတရား သဖြင့် စီရင် ရမည်လော ဟုဆို ၏။
3τοτε ο παυλοσ προσ αυτον ειπεν τυπτειν σε μελλει ο θεοσ τοιχε κεκονιαμενε και συ καθη κρινων με κατα τον νομον και παρανομων κελευεισ με τυπτεσθαι
4အနား၌ရပ် နေသောသူ တို့ကလည်း၊ သင်သည် ဘုရားသခင် ၏ ယဇ်ပုရောဟိတ် မင်းကိုဆဲသလော ဟု မေး လျှင်၊
4οι δε παρεστωτεσ ειπον τον αρχιερεα του θεου λοιδορεισ
5ပေါလု က၊ ညီအစ်ကို တို့၊ သူသည် ယဇ်ပုရောဟိတ် မင်းဖြစ် သည်ကိုအကျွန်ုပ်မ သိ ။ သင် ၏အမျိုး ကို အုပ်စိုးသော မင်း ကိုသင်သည် မ ကဲ့ရဲ့ ရဟု ကျမ်းစာ၌ လာ သည်ဟုဆို ၏။
5εφη τε ο παυλοσ ουκ ηδειν αδελφοι οτι εστιν αρχιερευσ γεγραπται γαρ αρχοντα του λαου σου ουκ ερεισ κακωσ
6ထိုအရာရှိတို့တွင် အချို့ တို့သည် ဇဒ္ဒုကဲ ဖြစ်ကြသည်၊ အချို့ တို့သည် ဖာရိရှဲ ဖြစ်ကြ သည်ကို ပေါလု သိမြင် လျှင်၊ ညီအစ်ကို တို့၊ အကျွန်ုပ် သည် ဖာရိရှဲ ဖြစ် ၏။ ဖာရိရှဲ ၏သား လည်းဖြစ်၏။ သေ သောသူတို့သည် ထမြောက် မည်ဟု မြော်လင့် ခြင်းအကြောင်း ကြောင့်၊ အကျွန်ုပ် သည် စစ်ကြော စီရင်ခြင်းကို ခံရ၏ဟု လွှတ်တော် ပေါ်မှာ ကြွေးကြော် လေ၏။
6γνουσ δε ο παυλοσ οτι το εν μεροσ εστιν σαδδουκαιων το δε ετερον φαρισαιων εκραξεν εν τω συνεδριω ανδρεσ αδελφοι εγω φαρισαιοσ ειμι υιοσ φαρισαιου περι ελπιδοσ και αναστασεωσ νεκρων εγω κρινομαι
7ထို အခါ ဖာရိရှဲ တို့နှင့် ဇဒ္ဒုကဲ တို့သည် အချင်းချင်းငြင်းခုံ ၍ အစုအဝေး သည် ကွဲပြား ခြင်းသို့ ရောက် လေ၏။
7τουτο δε αυτου λαλησαντοσ εγενετο στασισ των φαρισαιων και εσχισθη το πληθοσ
8ကွဲပြားသည်အကြောင်း ကား၊ ဇဒ္ဒုကဲ တို့က၊ ထမြောက် ခြင်းမ ရှိ ၊ ကောင်းကင်တမန် မ ရှိ၊ နာမ် ဝိညာဉ်မ ရှိဟုယူ ကြ၏။ ဖာရိရှဲ တို့က၊ နှစ် ပါးစလုံးရှိသည်ဟု ဝန်ခံ ကြ၏။
8σαδδουκαιοι μεν γαρ λεγουσιν μη ειναι αναστασιν μηδε αγγελον μητε πνευμα φαρισαιοι δε ομολογουσιν τα αμφοτερα
9အော်ဟစ် သံများ ၍၊ ဖာရိရှဲ တို့ဘက် ၌ နေသော ကျမ်း ဆရာတို့သည် ထ လျက်ပြင်းစွာ ငြင်းခုံ၍၊ ဤ သူ ၌ အဘယ် အပြစ် ကိုမျှ ငါတို့မတွေ့ ။ နာမ် ဝိညာဉ်သော်၎င်း ၊ ကောင်းကင်တမန် သော်၎င်းသူ့ ကိုပြော လျှင် ၊ ဘုရားသခင်၏ အာဏာတော်ကို မဆန်ကြနှင့်ဟု ဆို ကြ၏။
9εγενετο δε κραυγη μεγαλη και ανασταντεσ οι γραμματεισ του μερουσ των φαρισαιων διεμαχοντο λεγοντεσ ουδεν κακον ευρισκομεν εν τω ανθρωπω τουτω ει δε πνευμα ελαλησεν αυτω η αγγελοσ μη θεομαχωμεν
10အချင်းချင်းငြင်းခုံ ခြင်းများ သောအခါ ၊ထိုသူ တို့သည်ပေါလု ကိုဆွဲငင်၍အပိုင်းပိုင်း ဆုတ်ဖြတ်မည်ကိုစစ်သူကြီး စိုးရိမ် သဖြင့်၊ စစ်သူရဲ များ၊ဆင်း ကြ၊ပေါလု ကိုအရာရှိ မင်းတို့အထဲ မှ အနိုင် အထက်ယူ၍ရဲတိုက် ထဲသို့ ပို့ဆောင် ကြဟုအမိန့် ရှိ၏။
10πολλησ δε γενομενησ στασεωσ ευλαβηθεισ ο χιλιαρχοσ μη διασπασθη ο παυλοσ υπ αυτων εκελευσεν το στρατευμα καταβηναι και αρπασαι αυτον εκ μεσου αυτων αγειν τε εισ την παρεμβολην
11နက်ဖြန် နေ့ညဉ့် တွင် သခင် ဘုရားသည် ပေါလု အနား၌ ပေါ်လာတော်မူလျက်၊ ပေါလု မ စိုးရိမ်နှင့်။ ငါ ၏ အကြောင်း အရာကို သင် သည် ယေရုရှလင် မြို့၌ သက်သေခံ ပြီးသည်နည်းတူ ၊ ရောမ မြို့၌ လည်း ခံရ လေ ဦးမည်ဟု မိန့် တော်မူ၏။
11τη δε επιουση νυκτι επιστασ αυτω ο κυριοσ ειπεν θαρσει παυλε ωσ γαρ διεμαρτυρω τα περι εμου εισ ιερουσαλημ ουτωσ σε δει και εισ ρωμην μαρτυρησαι
12မိုဃ်းလင်း သောအခါ ယုဒ လူတို့သည် သင်း ဖွဲ့ ၍၊ ငါတို့သည် ပေါလု ကိုမ သတ် မှီတိုင်အောင်အလျှင်းမ စား မသောက် ရဟု ကိုယ် ကိုကျိန်ဆို ၍ ဓိဋ္ဌာန်ပြု ကြ၏။
12γενομενησ δε ημερασ ποιησαντεσ τινεσ των ιουδαιων συστροφην ανεθεματισαν εαυτουσ λεγοντεσ μητε φαγειν μητε πιειν εωσ ου αποκτεινωσιν τον παυλον
13ထိုသို့ သင်း ဖွဲ့ သော သူတို့သည် လေး ကျိပ်မက ရှိ ကြ၏။
13ησαν δε πλειουσ τεσσαρακοντα οι ταυτην την συνωμοσιαν πεποιηκοτεσ
14ထိုသူ တို့သည် ယဇ်ပုရောဟိတ် အကြီးတို့နှင့် လူ အကြီးအကဲတို့ ထံသို့သွား ၍၊ အကျွန်ုပ် တို့သည် ပေါလု ကိုမ သတ်မှီတိုင်အောင်အလျှင်းမ စား မသောက်ရဟု ကိုယ် ကိုကျိန်ဆို ၍ ဓိဋ္ဌာန်ပြုကြပါပြီ။
14οιτινεσ προσελθοντεσ τοισ αρχιερευσιν και τοισ πρεσβυτεροισ ειπον αναθεματι ανεθεματισαμεν εαυτουσ μηδενοσ γευσασθαι εωσ ου αποκτεινωμεν τον παυλον
15ထိုကြောင့် ၊ နက်ဖြန် နေ့၌ စစ်သူကြီးသည် ပေါလု ကို ကိုယ်တော် တို့ထံသို့ ပို့ဆောင် စေခြင်းငှာ ၊ သူ့ကို သာ၍ စေ့စေ့စစ်ကြော မည်အဟန် ပြု ၍၊ လွှတ် အရာရှိများနှင့်အတူ ကိုယ်တော် တို့သည် စစ်သူကြီး ကို လျှောက် ကြပါလော့။ ပေါလု သည် ကိုယ်တော်တို့ထံသို့မ ရောက် မှီအကြားတွင် အကျွန်ုပ် တို့သည် သူ့ ကိုသတ် ခြင်းငှာအသင့် ရှိ နှင့်ပါပြီဟု လျှောက် ကြ၏။
15νυν ουν υμεισ εμφανισατε τω χιλιαρχω συν τω συνεδριω οπωσ αυριον αυτον καταγαγη προσ υμασ ωσ μελλοντασ διαγινωσκειν ακριβεστερον τα περι αυτου ημεισ δε προ του εγγισαι αυτον ετοιμοι εσμεν του ανελειν αυτον
16ထိုသို့ လမ်းနား၌ ချောင်း ၍နေ ကြသည့်အမှုကို ပေါလု ၏ တူ သည်ကြား လျှင်၊ ရဲတိုက် ထဲသို့ ဝင် ၍ ပေါလု အားကြားပြော လေ၏။
16ακουσασ δε ο υιοσ τησ αδελφησ παυλου το ενεδρον παραγενομενοσ και εισελθων εισ την παρεμβολην απηγγειλεν τω παυλω
17ပေါလု သည်တပ်မှူး တစ် ယောက်ကို ခေါ် ၍၊ ဤ လုလင် ကို စစ်သူကြီး ထံသို့ ပို့ ပါ။ လျှောက် စရာတစ်စုံတစ်ခုရှိ သည်ဟုဆို သော်၊
17προσκαλεσαμενοσ δε ο παυλοσ ενα των εκατονταρχων εφη τον νεανιαν τουτον απαγαγε προσ τον χιλιαρχον εχει γαρ τι απαγγειλαι αυτω
18တပ်မှူးသည် လုလင် ကို စစ်သူကြီး ထံသို့ ပို့ ပြီးလျှင်၊ အကျဉ်း ခံရသော ပေါလု သည် အကျွန်ုပ် ကို ခေါ် ၍၊ ကိုယ်တော် အားလျှောက် စရာ တစ်စုံတစ်ခု ရှိ သော ဤ လုလင် ကိုကိုယ်တော် ထံသို့ ပို့ စေခြင်းငှာတောင်းပန် ပါသည်ဟုလျှောက် ၏။
18ο μεν ουν παραλαβων αυτον ηγαγεν προσ τον χιλιαρχον και φησιν ο δεσμιοσ παυλοσ προσκαλεσαμενοσ με ηρωτησεν τουτον τον νεανιαν αγαγειν προσ σε εχοντα τι λαλησαι σοι
19စစ်သူကြီး သည် လုလင် ကိုလက် ဆွဲ ၍ ဆိတ်ကွယ် ရာအရပ်သို့သွား ပြီးလျှင် ၊ သင်သည်အဘယ် အကြောင်း ကို ငါ့ အားလျှောက် ချင်သနည်းဟု မေးမြန်း လေ၏။
19επιλαβομενοσ δε τησ χειροσ αυτου ο χιλιαρχοσ και αναχωρησασ κατ ιδιαν επυνθανετο τι εστιν ο εχεισ απαγγειλαι μοι
20လုလင်ကလည်း၊ ကိုယ်တော်သည် နက်ဖြန် နေ့၌ ပေါလု ကို လွှတ်တော် သို့ ပို့ဆောင် စေခြင်းငှာ၊ ယုဒ လူတို့ သည် သူ့ ကိုသာ၍ စေ့စေ့မေးမြန်း မည်အဟန် ပြု ၍၊ ကိုယ်တော် ကို တောင်းလျှောက် မည်ဟု တိုင်ပင် ညီညွတ် ကြပါပြီ။
20ειπεν δε οτι οι ιουδαιοι συνεθεντο του ερωτησαι σε οπωσ αυριον εισ το συνεδριον καταγαγησ τον παυλον ωσ μελλοντα τι ακριβεστερον πυνθανεσθαι περι αυτου
21သို့ရာတွင် သူ တို့၏ အလို သို့မ လိုက်ပါနှင့်။ ပေါလု ကိုမ သတ် မှီတိုင်အောင်အလျှင်းမ စား မသောက် ရဟု ကိုယ် ကိုကျိန်ဆို ၍ ဓိဋ္ဌာန်ပြုသော ယုဒလူ လေး ကျိပ်မက ၊ လမ်းနား၌ ပေါလု ကိုချောင်း ၍ နေကြပါ၏။ ယခုပင် ကိုယ်တော် ဝန်ခံ မည့်စကားကို ထိုသူတို့သည် ဆိုင်းလင့် ၍ အသင့် ရှိ နှင့်ပါပြီဟုလျှောက် လေ၏။
21συ ουν μη πεισθησ αυτοισ ενεδρευουσιν γαρ αυτον εξ αυτων ανδρεσ πλειουσ τεσσαρακοντα οιτινεσ ανεθεματισαν εαυτουσ μητε φαγειν μητε πιειν εωσ ου ανελωσιν αυτον και νυν ετοιμοι εισιν προσδεχομενοι την απο σου επαγγελιαν
22စစ်သူကြီး ကလည်း ၊ သင်သည်ငါ့ အား ဤသို့ ကြားလျှောက် သည် ကို အဘယ်သူ အားမျှမပြော နှင့်ဟု ထိုလုလင် ကိုမှာထား ၍ လွှတ် လိုက်ပြီးလျှင်၊
22ο μεν ουν χιλιαρχοσ απελυσεν τον νεανιαν παραγγειλασ μηδενι εκλαλησαι οτι ταυτα ενεφανισασ προσ με
23တပ်မှူး နှစ် ယောက်တို့ကိုခေါ် ၍၊ ယနေ့ညဉ့် သုံးချက်တီးအချိန် ၌ ကဲသရိ မြို့သို့ သွား စေခြင်းငှာ စစ်သူရဲ နှစ်ရာ ၊ မြင်း စီးသူရဲခုနစ်ကျိပ် ၊ လှံ ကိုင်သူရဲနှစ်ရာ တို့ကို ပြင်ဆင် ကြ။
23και προσκαλεσαμενοσ δυο τινασ των εκατονταρχων ειπεν ετοιμασατε στρατιωτασ διακοσιουσ οπωσ πορευθωσιν εωσ καισαρειασ και ιππεισ εβδομηκοντα και δεξιολαβουσ διακοσιουσ απο τριτησ ωρασ τησ νυκτοσ
24ပေါလု စီး စရာဘို့ တိရစ္ဆာန် တို့ကိုပြင် ၍ပေးကြ။ သူ့ကို ဖေလဇ် မင်း ထံသို့ ကြပ်မ ၍ ပို့ကြဟုအမိန့် ရှိ၏။
24κτηνη τε παραστησαι ινα επιβιβασαντεσ τον παυλον διασωσωσιν προσ φηλικα τον ηγεμονα
25စစ်သူကြီးသည် ရေး ၍ပေး လိုက်သော စာ ဟူမူကား၊
25γραψασ επιστολην περιεχουσαν τον τυπον τουτον
26ကလောဒိ လုသိက ၊ မြတ် တော်မူသော မြို့ဝန်မင်း ဖေလဇ် ကို မေတ္တာ နှင့်ကြားလျှောက်ပါသည်။
26κλαυδιοσ λυσιασ τω κρατιστω ηγεμονι φηλικι χαιρειν
27ယုဒ လူတို့သည် ဤ သူ ကိုဘမ်းဆီး ၍ သတ် မည်ပြုကြစဉ်၊ သူသည်ရောမ လူဖြစ် ကြောင်းကို အကျွန်ုပ်သည် ကြားသိ သဖြင့်၊ စစ်သူရဲ တို့နှင့်တကွ သွား ၍သူ့ကို နှုတ် ပါ သည်။
27τον ανδρα τουτον συλληφθεντα υπο των ιουδαιων και μελλοντα αναιρεισθαι υπ αυτων επιστασ συν τω στρατευματι εξειλομην αυτον μαθων οτι ρωμαιοσ εστιν
28ယုဒလူတို့သည် အဘယ် အပြစ် ကြောင့် သူ နှင့် အမှု လုပ်ကြသည်ကို အကျွန်ုပ်သိ လို သောကြောင့်၊ သူ့ ကို ယူ၍လွှတ်တော် သို့ ဆောင်သွား ပြီးလျှင်၊
28βουλομενοσ δε γνωναι την αιτιαν δι ην ενεκαλουν αυτω κατηγαγον αυτον εισ το συνεδριον αυτων
29အသေ သတ်ခြင်း၊ အကျဉ်း ထားခြင်းကို ခံထိုက် သော အပြစ် ကြောင့် အမှုလုပ် ကြသည်မ ဟုတ်ဘဲ၊ သူ တို့တရား နှင့် စပ်ဆိုင်သော ပုစ္ဆာ အမေးကို အကြောင်း ပြု၍သာ အမှု လုပ်ကြသည်ကို အကျွန်ုပ်သိမြင် ပါ၏။
29ον ευρον εγκαλουμενον περι ζητηματων του νομου αυτων μηδεν αξιον θανατου η δεσμων εγκλημα εχοντα
30ယုဒလူတို့သည် မကောင်း သောအကြံနှင့် သူ့ ကိုလုပ်ကြံမည်ဟု အကျွန်ုပ် ရိပ်မိ လျှင်၊ သူ့ကို ကိုယ်တော် ထံသို့ ချက်ခြင်း စေလွှတ်၍ အမှု လုပ်သောသူတို့ကို ရှေ့တော်၌ လျှောက် ထားစေခြင်းငှာစီရင် ပါ၏။ ကိုယ်တော်ကျန်းမာပါစေသောဟု ရေး၍ပေးလိုက်သတည်း။
30μηνυθεισησ δε μοι επιβουλησ εισ τον ανδρα μελλειν εσεσθαι υπο των ιουδαιων εξαυτησ επεμψα προσ σε παραγγειλασ και τοισ κατηγοροισ λεγειν τα προσ αυτον επι σου ερρωσο
31စစ်သူကြီးမှာထား သည်အတိုင်း စစ်သူရဲ တို့သည် ပေါလု ကို ယူ ၍၊ ညဉ့် အခါ အန္တိပတရိ မြို့သို့ ပို့ လိုက်ပြီးမှ၊
31οι μεν ουν στρατιωται κατα το διατεταγμενον αυτοισ αναλαβοντεσ τον παυλον ηγαγον δια τησ νυκτοσ εισ την αντιπατριδα
32နက်ဖြန် နေ့၌မြင်း စီးသူရဲတို့ကို ပေါလု နှင့်တကွ သွား စေခြင်းငှာလွှတ် လိုက်၍ မိမိတို့သည် ရဲတိုက် သို့ ပြန် ကြ၏။
32τη δε επαυριον εασαντεσ τουσ ιππεισ πορευεσθαι συν αυτω υπεστρεψαν εισ την παρεμβολην
33မြင်း စီးသူရဲတို့သည် ကဲသရိ မြို့သို့ ရောက် လျှင်၊ စစ်သူကြီး၏ စာ ကိုမြို့ဝန်မင်း လက်သို့အပ်ပေး ၍၊ ပေါလု ကိုလည်း ရှေ့တော်၌ သွင်း ထားကြ၏။
33οιτινεσ εισελθοντεσ εισ την καισαρειαν και αναδοντεσ την επιστολην τω ηγεμονι παρεστησαν και τον παυλον αυτω
34မြို့ဝန်မင်းသည် စာကိုဖတ် ပြီးမှ၊ အဘယ် မြို့ နှင့် ဆိုင်သနည်းဟု မေး ၍၊ ကိလိကိ ပြည်သားဖြစ် သည်ကို ကြားသိ လျှင်၊
34αναγνουσ δε ο ηγεμων και επερωτησασ εκ ποιασ επαρχιασ εστιν και πυθομενοσ οτι απο κιλικιασ
35သင့် ကိုအမှု လုပ်သောသူ တို့သည် ရောက်လာ သောအခါ ငါနားထောင် မည်ဟု ဆို ၍၊ ပေါလု သည် ဟေရုဒ် မင်း၏အိမ် တော်၌ အချုပ် ခံလျက်နေစေဟု စီရင် လေ၏။
35διακουσομαι σου εφη οταν και οι κατηγοροι σου παραγενωνται εκελευσεν τε αυτον εν τω πραιτωριω ηρωδου φυλασσεσθαι
Tip: use the ← and → keys to turn chapters.