တမန်တော် 13
Judson Burmese Bible (1840)Translation
Judson Burmese Bible (1840)
Clementine Vulgate, 1598
1အန္တိအုတ် မြို့တွင် ရှိ သော အသင်းတော် ၌ ဗာနဗ မှစ၍ နိဂါ ဟု ခေါ်ဝေါ် သော ရှုမောင် ၊ ကုရေနေ ပြည်သားလုကိ ၊ စော်ဘွား ဟေရုဒ် ၏ သူငယ်ချင်း အရင်း ဖြစ်သော မာနင် နှင့် ရှောလု တည်းဟူသောပရောဖက် ပြုသူ၊ ဆရာ ပြုသူရှိ ကြ၏။
1Erant autem in ecclesia quæ erat Antiochiæ, prophetæ et doctores, in quibus Barnabas, et Simon qui vocabatur Niger, et Lucius Cyrenensis, et Manahen, qui erat Herodis Tetrarchæ collactaneus, et Saulus.
2ထိုသူ တို့သည်သခင် ဘုရား ဝတ် ကိုပြု၍ အစာ ကို ရှောင်ကြစဉ်၊ သန့်ရှင်း သောဝိညာဉ် တော်က၊ ငါခန့်ထား သောအမှု ကို ဆောင်ရွက်စေခြင်းငှာ ဗာနဗ နှင့် ရှောလု တို့ကို ရွေးချယ် ခွဲထားကြလော့ဟု မိန့် တော်မူသည် အတိုင်း၊
2Ministrantibus autem illis Domino, et jejunantibus, dixit illis Spiritus Sanctus: Segregate mihi Saulum et Barnabam in opus ad quod assumpsi eos.
3အစာရှောင် ၍ ပဌနာ ပြုလျက် ၊ ထိုသူ တို့ခေါင်း ပေါ်မှာလက် ကို တင် ၍လွှတ် လိုက်ကြ၏။
3Tunc jejunantes et orantes, imponentesque eis manus, dimiserunt illos.
4ထိုသို့ သန့်ရှင်း သော ဝိညာဉ် တော် စေလွှတ် တော်မူသောအားဖြင့် ၊ ထိုသူ တို့သည် သေလုကိ မြို့သို့ သွား ၍ ထို မြို့မှ သင်္ဘောနှင့်လွှင့် သဖြင့်၊ ကုပရု ကျွန်းသို့ ရောက်ကြ၏။
4Et ipsi quidem missi a Spiritu Sancto abierunt Seleuciam: et inde navigaverunt Cyprum.
5ရှာလမိ မြို့၌ ရှိ နေစဉ်၊ ယုဒ တရားစရပ် များတွင် ဘုရားသခင် ၏ နှုတ်ကပတ် တရားတော်ကို ဟောပြော ကြ၏။ ယောဟန် သည်လည်း ထိုသူတို့၏ လက်ထောက် ဖြစ်သတည်း။
5Et cum venissent Salaminam, prædicabant verbum Dei in synagogis Judæorum. Habebant autem et Joannem in ministerio.
6တစ်ကျွန်း လုံး ကို ရှောက် ၍ ပါဖု မြို့သို့ရောက်လျှင်၊
6Et cum perambulassent universam insulam usque Paphum, invenerunt quemdam virum magum pseudoprophetam, Judæum, cui nomen erat Barjesu,
7ဗာယေရှု အမည် ရှိသော ယုဒ အမျိုးသားမိစ္ဆာ ပရောဖက် ဖြစ်သော နတ် ဝိဇ္ဇာအတတ်သမားကို မြို့ဝန်မင်း သေရဂိ ပေါလု ထံ၌တွေ့ ကြ၏။ ထိုမြို့ဝန် သည် ပညာ သတိရှိသဖြင့်၊ ဗာနဗ နှင့် ရှောလု တို့ကို ခေါ်ပင့် ၍ ဘုရားသခင် ၏ နှုတ်ကပတ် တရားတော် ကိုနာ လိုသောစိတ် ရှိသော်၊
7qui erat cum proconsule Sergio Paulo viro prudente. Hic, accersitis Barnaba et Saulo, desiderabat audire verbum Dei.
8အနက် အားဖြင့်နတ် ဝိဇ္ဇာအတတ်သမားဟု ဆိုလို သော ဧလုမ အမည်ရှိသောထိုသူ သည် မြို့ဝန် ကို ယုံကြည် ခြင်းမှ လွှဲ အံ့သောငှာတမန်တော် တို့ကို ဟန့်တား လေ၏။
8Resistebat autem illis Elymas magus (sic enim interpretatur nomen ejus), quærens avertere proconsulem a fide.
9ထိုအခါပေါလု ဟု အမည်တွင်သော ရှောလု သည် သန့်ရှင်း သော ဝိညာဉ် တော်နှင့်ပြည့် သဖြင့်၊ ထို နတ်ဝိဇ္ဇာအတတ်သမားကို စေ့စေ့ ကြည့်ရှုလျက်၊
9Saulus autem, qui et Paulus, repletus Spiritu Sancto, intuens in eum,
10လှည့်ဖြား ခြင်း၊ အကျိုး ကိုဖျက်ခြင်း အမျိုးမျိုး နှင့်ပြည့်စုံ သော မာရ်နတ် ၏သား ၊ ဖြောင့်မတ် ခြင်း တရား၏ ရန်သူ ၊ သင်သည်ထာဝရ ဘုရား၏ ဖြောင့်မတ် သော လမ်း ခရီးတို့ကို မ ဖျက်ဆီးဘဲမနေနိုင်သလော။
10dixit: O plene omni dolo et omni fallacia, fili diaboli, inimice omnis justitiæ, non desinis subvertere vias Domini rectas.
11ယခုပင် ထာဝရ ဘုရား၏ လက် တော်သည် သင့် အပေါ်သို့ ရောက်၍၊ နေ ကိုမျှမ မြင် နိုင်အောင် အင်တန်ကာလပတ်လုံးသင်၏ မျက်စိ ကွယ်လိမ့်မည် ဟု ပေါလုဆိုသော ခဏခြင်း တွင်မျက်စိမြှေးရှက် ၍ မှောင်မိုက် အတိဖြစ်သဖြင့်၊ လက်ဆွဲပေးသော သူ တို့ကို ရှာ လျက် တလည်လည် ရှိ၍နေ၏။
11Et nunc ecce manus Domini super te, et eris cæcus, non videns solem usque ad tempus. Et confestim cecidit in eum caligo et tenebræ: et circuiens quærebat qui ei manum daret.
12ထို အကြောင်းအရာကိုမြင် လျှင်၊ မြို့ဝန် သည် ယုံကြည် ခြင်းသို့ ရောက် ၍၊ သခင် ဘုရား၏ ဒေသနာ တော်ကို အလွန်အံ့ဩ မိန်းမော၍ နေ၏။
12Tunc proconsul cum vidisset factum, credidit admirans super doctrina Domini.
13ပေါလု နှင့်ပါ သောသူ တို့သည် ပါဖု မြို့မှ လွှင့် ၍ ပံဖုလိ ပြည်၊ ပေရဂေ မြို့သို့ ရောက် ကြလျှင်၊ ယောဟန် သည် သူ တို့ထံမှ ထွက် ၍ ယေရုရှလင် မြို့သို့ ပြန် လေ၏။
13Et cum a Papho navigassent Paulus et qui cum eo erant, venerunt Pergen Pamphyliæ. Joannes autem discedens ab eis, reversus est Jerosolymam.
14ပေရဂေ မြို့မှ ထွက်သွား ပြန်၍ ပိသိဒိ ပြည်၊ အန္တိအုတ် မြို့သို့ ရောက် လျှင်၊ ဥပုသ်နေ့ ၌ တရားစရပ် သို့ ဝင် ၍ထိုင် ကြ၏။
14Illi vero pertranseuntes Pergen, venerunt Antiochiam Pisidiæ: et ingressi synagogam die sabbatorum, sederunt.
15ပညတ္တိ ကျမ်း၊ အနာဂတ္တိ ကျမ်းကိုဘတ်ရွတ် ပြီးမှ ၊ တရားစရပ်မှူး တို့သည်၊ ညီအစ်ကို တို့၊ လူ များအား ဆုံးမ စရာ စကား ရှိ လျှင် ဟောပြော ကြပါဟု လူကိုစေလွှတ် ၍ ကြားပြော စေ၏။
15Post lectionem autem legis et prophetarum, miserunt principes synagogæ ad eos, dicentes: Viri fratres, si quis est in vobis sermo exhortationis ad plebem, dicite.
16ထိုအခါ ပေါလု သည်ထ ၍ မိမိ လက် နှင့် အမှတ်ပေး လျက်၊ ဣသရေလ လူ မှစ၍ ဘုရားသခင် ကို ကြောက်ရွံ့ သောသူ တို့၊ နားထောင် ကြလော့။
16Surgens autem Paulus, et manu silentium indicens, ait: Viri Israëlitæ, et qui timetis Deum, audite:
17ဣသရေလ အမျိုး ၏ ဘုရားသခင် သည် ငါ တို့ ဘိုးဘေး များကို ရွေးကောက် တော်မူ၍၊ အဲဂုတ္တု ပြည် ၌ ဧည့်သည် ဖြစ်သော ထိုလူမျိုး ကို ချီးမြှောက် သဖြင့်၊ ထင်ရှားသော လက် တော်နှင့် ထိုပြည် မှ နှုတ်ဆောင် တော်မူ၏။
17Deus plebis Israël elegit patres nostros, et plebem exaltavit cum essent incolæ in terra Ægypti, et in brachio excelso eduxit eos ex ea,
18အနှစ် လေးဆယ်မျှလောက် သော ကာလ ပတ်လုံးတော ၌ ကျွေးမွေးတော်မူ၏။
18et per quadraginta annorum tempus mores eorum sustinuit in deserto.
19ခါနာန် ပြည် ၌ လူ ခုနစ် မျိုးတို့ကို ပယ်ရှား ပြီးလျှင် ၊ ထိုပြည် ကို ဣသရေလ အမျိုးအမွေ ပေးကမ်း ဝေငှတော်မူ၏။
19Et destruens gentes septem in terra Chanaan, sorte distribuit eis terram eorum,
20ထိုနောက်မှ ပရောဖက် ရှမွေလ မ ပေါ်မရှိမှီ အနှစ် လေးရာ ငါးဆယ် မျှလောက် သော ကာလပတ်လုံး၊ တရားသူကြီး တို့ကိုပေး တော်မူ၏။
20quasi post quadringentos et quinquaginta annos: et post hæc dedit judices, usque ad Samuel prophetam.
21နောက် တဖန်ရှင်ဘုရင် ကို တောင်း ကြသောအခါရှောလု အမည်ရှိသော ကိရှ ၏သား ၊ ဗင်္ယာမိန် အမျိုး ဖြစ်သောသူ ကို အနှစ် လေးဆယ် ပတ်လုံးပေး တော်မူ၏။
21Et exinde postulaverunt regem: et dedit illis Deus Saul filium Cis, virum de tribu Benjamin, annis quadraginta:
22နောက်မှ ထိုသူ ကိုပယ် ၍၊ ဣသရေလ ရှင်ဘုရင် အရာ၌ ဒါဝိဒ် ကို ချီးမြောက် တော်မူ၏။ ထိုသူ အားသက်သေခံ တော်မူလျက်၊စိတ် နှလုံး၌ ညီညွတ်သည် ဖြစ်၍ငါ့ အလို ကိုပြည့်စုံစေမည့်သူ ၊ ယေရှဲ ၏သား ဒါဝိဒ် ကို ငါတွေ့ ရပြီဟု မိန့် တော်မူ၏။
22et amoto illo, suscitavit illis David regem: cui testimonium perhibens, dixit: Inveni David filium Jesse, virum secundum cor meum, qui faciet omnes voluntates meas.
23ထိုသူ ၏အမျိုးအနွယ် ထဲ၌ ဘုရားသခင် သည် ဂတိ တော်အတိုင်း ကယ်တင် သောသခင်ယေရှု ကို ဣသရေလ လူတို့အား ပေါ်ထွန်း စေတော်မူပြီ။
23Hujus Deus ex semine secundum promissionem eduxit Israël salvatorem Jesum,
24ထိုသခင် ကြွလာ တော်မ မူမှီ ယောဟန် သည် ဣသရေလ လူ အပေါင်း တို့အား နောင်တ နှင့် စပ်ဆိုင်သော ဗတ္တိဇံ တရားကို ဟောပြော နှင့်လေ၏။
24prædicante Joanne ante faciem adventus ejus baptismum pœnitentiæ omni populo Israël.
25ယောဟန် သည်မိမိဆောင်ရွက်ရသော အမှု ကိုပြု၍ နေစဉ်တွင်၊ ငါ သည် အဘယ်သူ ဖြစ် သည်ကို သင်တို့ ထင်မှတ် ကြသနည်း။ ငါ သည် ထိုသူဖြစ် သည်မ ဟုတ်။ ငါ့ နောက် ကြွလာ သောသူတစ်ပါးရှိသေး၏။ ထိုသူ ၏ ခြေနင်း တော်ကို ငါမ ချွတ် ထိုက် ဟုဆို ၏။
25Cum impleret autem Joannes cursum suum, dicebat: Quem me arbitramini esse, non sum ego: sed ecce venit post me, cujus non sum dignus calceamenta pedum solvere.
26အာဗြဟံ အမျိုး ဖြစ်သော ညီအစ်ကို မှစ၍သင် တို့တွင်ဘုရားသခင် ကို ကြောက်ရွံ့ သောသူ တို့၊ ကယ်တင် တော်မူခြင်းတရား စကားကို သင်တို့အား ကြား လိုက်တော်မူ၏။
26Viri fratres, filii generis Abraham, et qui in vobis timent Deum, vobis verbum salutis hujus missum est.
27ယေရုရှလင် မြို့၌ နေ သောသူ တို့နှင့်တကွ မင်း များတို့သည် ထို သခင်ကို၎င်း၊ ဥပုသ်နေ့ တိုင်း အစဉ် ဘတ်ရွက် သော ပရောဖက် တို့၏ စကား ကို၎င်း ၊ မ သိနားမလည်သောကြောင့်၊ ထိုသခင်ကိုစီရင် သော အားဖြင့် ၊ ထိုပရောဖက်တို့၏ စကားကိုပြည့်စုံ စေကြပြီ။
27Qui enim habitabant Jerusalem, et principes ejus hunc ignorantes, et voces prophetarum quæ per omne sabbatum leguntur, judicantes impleverunt,
28ကိုယ်တော် ၌သေ ထိုက်သောအပြစ် တစ်စုံတစ်ခုကို မျှ မ တွေ့ သော်လည်း၊ ကွပ်မျက် စေမည်အကြောင်း ပိလတ် မင်းထံ၌တောင်းလျှောက် ကြ၏။
28et nullam causam mortis invenientes in eo, petierunt a Pilato ut interficerent eum.
29ထိုသခင် ကိုရည်မှတ် ၍ ကျမ်းစာ၌ ရေး ထား သမျှ တို့ကို ပြည့်စုံ စေပြီးလျှင် ၊ အလောင်းတော်ကို သစ် တိုင်မှ ချ ၍သင်္ချိုင်း တွင်း၌ ထား ကြ၏။
29Cumque consummassent omnia quæ de eo scripta erant, deponentes eum de ligno, posuerunt eum in monumento.
30ဘုရားသခင် သည် သေ ခြင်းမှထမြောက် စေတော်မူသည်ဖြစ်၍၊
30Deus vero suscitavit eum a mortuis tertia die: qui visus est per dies multos his
31ဂါလိလဲ ပြည်မှ ယေရုရှလင် မြို့သို့ နောက်တော်၌ လိုက်သော သူ တို့အားနေ့ရက် များစွာ ကိုယ် ကို ထင်ရှား ပြ တော်မူ၏။
31qui simul ascenderant cum eo de Galilæa in Jerusalem: qui usque nunc sunt testes ejus ad plebem.
32ထိုသူ တို့သည် လူ များတို့အား သက်သေခံ ဖြစ် ကြ၏။
32Et nos vobis annuntiamus eam, quæ ad patres nostros repromissio facta est:
33ဆာလံ ကျမ်းဒုတိယ ခဏ်း၌ လာ သည်ကား၊ သင် သည်ငါ့ သား ဖြစ် ၏။
33quoniam hanc Deus adimplevit filiis nostris resuscitans Jesum, sicut et in psalmo secundo scriptum est: Filius meus es tu, ego hodie genui te.
34ယနေ့ ပင်သင့် ကိုငါ ဖြစ်ဘွား စေပြီဟု လာသည် နှင့်အညီ၊ ဘုရားသခင် သည် ယေရှု ကို ထမြောက် စေ တော်မူသဖြင့်၊ ငါတို့ဘိုးဘေး များ၌ ရှိ သော ဂတိ တော်ကို ထိုသူ တို့၏ သား ဖြစ်သောငါ တို့အား ပြည့်စုံ တော်မူသည်ဟူ၍၎င်း၊ ဒါဝိဒ် ၌မြဲမြံ သော ကျေးဇူးတော်ကို သင် တို့အား ငါပေး မည်ဟူသောဗျာဒိတ် တော်နှင့်အညီ ၊ ထိုသခင် ကို သေ ခြင်းမှ ထမြောက် စေ၍ ၊ နောက်တစ်ဖန် ပုပ်စပ် ခြင်းသို့ မပြန် ဘဲ အစဉ်ကင်းလွတ်ရမည်အခွင့်ကို ပေးတော်မူသည်ဟူ၍၎င်း၊ ဝမ်းမြောက်စရာသိတင်း ဧဝံဂေလိတရားကို ငါ တို့သည် သင် တို့အား ကြားပြော ကြ၏။
34Quod autem suscitavit eum a mortuis, amplius jam non reversurum in corruptionem, ita dixit: Quia dabo vobis sancta David fidelia.
35ထိုကြောင့် ဆာလံကျမ်းတခဏ်း၌ လာသည်ကား၊ ကိုယ်တော် ၏ သန့်ရှင်း သောသူ အား ပုပ်စပ် ခြင်းကို ရှိ စေတော်မ မူဟုလာ၏။
35Ideoque et alias dicit: Non dabis sanctum tuum videre corruptionem.
36ဒါဝိဒ် သည်မိမိ ကာလ ၌ ဘုရားသခင် ၏ အလို တော်ကို ဆောင်ရွက် ပြီးလျှင်၊ ကျိန်းစက် ၍ မိမိ ဘိုးဘေး စုထဲသို့ ဝင် သဖြင့် ပုပ်စပ် ခြင်း သို့ ရောက် လေ၏။
36David enim in sua generatione cum administrasset, voluntati Dei dormivit: et appositus est ad patres suos, et vidit corruptionem.
37ဘုရားသခင် ထမြောက် စေတော်မူသော သူ မူကား ၊ ပုပ်စပ် ခြင်းသို့ မ ရောက် ။
37Quem vero Deus suscitavit a mortuis, non vidit corruptionem.
38ထိုကြောင့် ညီအစ်ကို တို့၊ ထိုသခင် ၏ ကျေးဇူးတော်ကြောင့် အပြစ် လွှတ် ခြင်းတရားကို သင် တို့အား ဟောကြား သည်ကို၎င်း၊
38Notum igitur sit vobis, viri fratres, quia per hunc vobis remissio peccatorum annuntiatur, et ab omnibus quibus non potuistis in lege Moysi justificari,
39ထိုသခင် ကိုယုံကြည် သောသူ ရှိသမျှ တို့သည် မောရှေ ၏ တရား အတိုင်း မ လွတ် နိုင် သော အပြစ်ရှိသမျှ တို့နှင့် လွတ် ရကြသည်ကို၎င်း သိမှတ် ကြလော့။
39in hoc omnis qui credit, justificatur.
40အနာဂတ္တိ ကျမ်း၌ လာ သည်ကား၊ မထီမဲ့မြင် ပြုတတ်သောသူတို့၊ ကြည့်ရှု အံ့ဩ ၍ ပြယ်ပျောက် ခြင်းသို့ ရောက်ကြလော့။
40Videte ergo ne superveniat vobis quod dictum est in prophetis:
41အကြောင်းမူကား ၊ သင်တို့အားသူတစ်ပါး ပြညွှန် သော်လည်း ၊ သင် တို့မ ယုံသော အမှု ကိုသင် တို့ လက်ထက်ကာလ ၌ ငါ ပြု သည်ကျမ်းစာ၌ ပါသောအရာ ကို သင်တို့ အပေါ်သို့မ ရောက်စေမည်အကြောင်း ၊ သတိပြု ကြလော့ဟု ပေါလုဟောပြောလေ၏။
41[Videte contemptores, et admiramini, et disperdimini: quia opus operor ego in diebus vestris, opus quod non credetis, si quis enarraverit vobis.]
42လူများတို့သည် တရားစရပ်မှ ထွက်သွား ကြစဉ်၊ ထို အကြောင်း အရာတို့ကို မိမိ တို့အား နောက် ဥပုသ်နေ့ ၌ ဟောပြော ပါမည်အကြောင်း တောင်းပန် ကြ၏။
42Exeuntibus autem illis rogabant ut sequenti sabbato loquerentur sibi verba hæc.
43အစည်းအဝေး ပျက် ၍ ပြန်ကြသောအခါယုဒ လူမှစ၍ ဘုရား ကို ကိုးကွယ်သော ဘာသာဝင် သူများ တို့သည် ပေါလု နှင့် ဗာနဗ နောက် သို့ လိုက်ကြသည်ဖြစ်၍ထိုသူ တို့သည် ဘုရားသခင် ၏ ကျေးဇူး တော်၌ တည်ကြည် မည်အကြောင်း၊ တမန်တော် တို့သည် ဖြားယောင်း ၍ ဆုံးမ ဩဝါဒပေးလေ၏။
43Cumque dimissa esset synagoga, secuti sunt multi Judæorum, et colentium advenarum, Paulum et Barnabam: qui loquentes suadebant eis ut permanerent in gratia Dei.
44နောက်ဥပုသ်နေ့ ၌ ဘုရားသခင် ၏ နှုတ်ကပတ် တရားတော်ကို နားထောင် အံ့သောငှာတစ်မြို့လုံး ကုန်မတတ် စည်းဝေး ကြ၏။
44Sequenti vero sabbato pene universa civitas convenit audire verbum Dei.
45ယုဒ လူတို့သည် အစည်းအဝေး တို့ကို မြင် လျှင် ငြူစူ သောစိတ် နှင့်ပြည့်စုံ သဖြင့်၊ ပေါလု ၏စကား ကို ငြင်းခုံ သည်သာမက ဆဲရေး ကြ၏။
45Videntes autem turbas Judæi, repleti sunt zelo, et contradicebant his quæ a Paulo dicebantur, blasphemantes.
46ထိုအခါပေါလု နှင့် ဗာနဗ တို့က၊ ဘုရားသခင် ၏ နှုတ်ကပတ် တရားတော်ကိုသင် တို့အား ရှေးဦးစွာ ဟောပြော ရ ၏။ သို့သော်လည်းသင်တို့သည်ပယ် ၍ ထာဝရ အသက် ကိုမိမိတို့မ ခံထိုက် သည်ဟု မိမိ တို့စီရင် ကြ သောကြောင့်၊ ထာဝရ ဘုရားသည် မှာ တော်မူသည်အတိုင်း ငါတို့သည်မျက်နှာကိုလွှဲ၍ တစ်ပါး အမျိုးသားတို့ ဆီသို့ လှည့် ကြ၏။
46Tunc constanter Paulus et Barnabas dixerunt: Vobis oportebat primum loqui verbum Dei: sed quoniam repellitis illud, et indignos vos judicatis æternæ vitæ, ecce convertimur ad gentes.
47မှာတော်မူသော ဗျာဒိတ်တော်အချက်ကား၊ သင် သည် မြေကြီး စွန်း တိုင်အောင် ကယ်တင် ခြင်းကို ပြု စိမ့်သောငှာ၊ သင် ကိုတစ်ပါး အမျိုးသားလင်း စရာဘို့ ငါခန့်ထား ၏ဟု ဗျာဒိတ်တော်ရှိသည်ဟု ရဲရင့် စွာ ပြောဆိုကြ၏။
47Sic enim præcepit nobis Dominus: Posui te in lucem gentium, ut sis in salutem usque ad extremum terræ.
48ထိုစကားကို တစ်ပါး အမျိုးသားတို့သည်ကြား လျှင် ဝမ်းမြောက် ၍ ထာဝရ ဘုရား၏ နှုတ်ကပတ် တရားတော် ကိုချီးမွမ်း ကြ၏။ ထာဝရ အသက် ကို ရစေခြင်းငှာ ခန့်ထား တော်မူသော သူရှိသမျှ တို့သည် ယုံကြည် ခြင်းသို့ ရောက် ကြသဖြင့် ၊
48Audientes autem gentes, gavisæ sunt, et glorificabant verbum Domini: et crediderunt quotquot erant præordinati ad vitam æternam.
49ထာဝရ ဘုရား၏ သာသနာ တော်သည် တစ်ပြည်လုံး ၌ နှံ့ပြား လေ၏။
49Disseminabatur autem verbum Domini per universam regionem.
50ထိုအခါ ဘုရားကိုကိုးကွယ် ၍ အသရေ ရှိသော မိန်းမ တို့နှင့် ထိုမြို့ ၌အကြီးအကဲ ဖြစ်သော သူများကို ယုဒ လူတို့သည် နှိုးဆော် ၍၊ ပေါလု နှင့် ဗာနဗ တို့ကို ညှဉ်းဆဲ စေသဖြင့်ထိုပြည် ၏နယ် မှ နှင်ထုတ် ကြ ၏။
50Judæi autem concitaverunt mulieres religiosas et honestas, et primos civitatis, et excitaverunt persecutionem in Paulum et Barnabam: et ejecerunt eos de finibus suis.
51တမန်တော်တို့သည် မိမိ တို့ခြေဖဝါး ၌ကပ်သော မြေမှုန့် ကို ထိုသူတို့အားခါ လိုက်ပြီးမှ ၊ ဣကောနိ မြို့သို့ သွား ကြ၏။
51At illi excusso pulvere pedum in eos, venerunt Iconium.
52တပည့် တော်များတို့သည် ဝမ်းမြောက် ခြင်းနှင့် ၎င်း ၊ သန့်ရှင်း သော ဝိညာဉ် တော်နှင့်၎င်းပြည့်စုံ ကြ၏။
52Discipuli quoque replebantur gaudio, et Spiritu Sancto.
Tip: use the ← and → keys to turn chapters.