တမန်တော်

Old Testament

Chapter 13
Judson Burmese Bible (18…

Read in

Smith–Van Dyck Arabic Bible (فان دايك)Judson Burmese Bible (1840)Chamorro: Gospels, Acts and PsalmsChinese Union Version, punctuated (Simplified)Chinese Union Version, punctuated (Traditional)Coptic New TestamentCoptic New Testament (Bohairic)Kralice Bible (1613)Testamenta Marra (Dieri New Testament)Petrus Canisius Bible, 1939 (De Heilige Schrift)Asang Khongca Bible (Eastern Khumi Chin, 2019)Berean Standard BibleDouay-Rheims Bible, American Edition (1899)King James Version with ApocryphaWorld English BibleLondona Biblio (Esperanto, 1910)Louis Segond 1910Lutherbibel 1912Greek New Testament, word by word (STEPBible TAGNT)Greek New Testament: 1904 Patriarchal Text (Byzantine)Greek New Testament: Byzantine Text (Robinson–Pierpont 2018)Greek New Testament: Textus ReceptusSBL Greek New TestamentBaibala Hemolele (Hawaiian Bible, 1868 revision)Modern Hebrew BibleDiodati Bibbia 1885Freedom Bible (フリーダム・バイブル)Korean Bible, 1910 (한국어 성경)Bible Mutal (Kosraean)Clementine Vulgate, 1598Baibal Olcim (Matupi Chin)Old Persian Version (ترجمه قدیم)Kadede Kap (Pohnpeian New Testament and Psalms)Bíblia Portuguesa Mundial (Brazilian Portuguese)Cornilescu Bible (1924), Cyrillic scriptSynodal Translation (Синодальный перевод)Daničić–Karadžić Bible (1868), CyrillicReina-Valera 1909Biblia Takatifu (Swahili): New Testament portionsFreedom Bible (Thai)Tongan Bible, Revised West VersionKulish and Puluj Bible (1905)Vietnamese Bible (1923 translation)
Compare

Compare with

Aa
Text size
Line width
Verse numbers

တမန်တော် 13

1အန္တိအုတ် မြို့တွင် ရှိ သော အသင်းတော် ၌ ဗာနဗ မှစ၍ နိဂါ ဟု ခေါ်ဝေါ် သော ရှုမောင် ၊ ကုရေနေ ပြည်သားလုကိ ၊ စော်ဘွား ဟေရုဒ် ၏ သူငယ်ချင်း အရင်း ဖြစ်သော မာနင် နှင့် ရှောလု တည်းဟူသောပရောဖက် ပြုသူ၊ ဆရာ ပြုသူရှိ ကြ၏။

2ထိုသူ တို့သည်သခင် ဘုရား ဝတ် ကိုပြု၍ အစာ ကို ရှောင်ကြစဉ်၊ သန့်ရှင်း သောဝိညာဉ် တော်က၊ ငါခန့်ထား သောအမှု ကို ဆောင်ရွက်စေခြင်းငှာ ဗာနဗ နှင့် ရှောလု တို့ကို ရွေးချယ် ခွဲထားကြလော့ဟု မိန့် တော်မူသည် အတိုင်း၊

3အစာရှောင် ၍ ပဌနာ ပြုလျက် ၊ ထိုသူ တို့ခေါင်း ပေါ်မှာလက် ကို တင် ၍လွှတ် လိုက်ကြ၏။

4ထိုသို့ သန့်ရှင်း သော ဝိညာဉ် တော် စေလွှတ် တော်မူသောအားဖြင့် ၊ ထိုသူ တို့သည် သေလုကိ မြို့သို့ သွား ၍ ထို မြို့မှ သင်္ဘောနှင့်လွှင့် သဖြင့်၊ ကုပရု ကျွန်းသို့ ရောက်ကြ၏။

5ရှာလမိ မြို့၌ ရှိ နေစဉ်၊ ယုဒ တရားစရပ် များတွင် ဘုရားသခင် ၏ နှုတ်ကပတ် တရားတော်ကို ဟောပြော ကြ၏။ ယောဟန် သည်လည်း ထိုသူတို့၏ လက်ထောက် ဖြစ်သတည်း။

6တစ်ကျွန်း လုံး ကို ရှောက် ၍ ပါဖု မြို့သို့ရောက်လျှင်၊

7ဗာယေရှု အမည် ရှိသော ယုဒ အမျိုးသားမိစ္ဆာ ပရောဖက် ဖြစ်သော နတ် ဝိဇ္ဇာအတတ်သမားကို မြို့ဝန်မင်း သေရဂိ ပေါလု ထံ၌တွေ့ ကြ၏။ ထိုမြို့ဝန် သည် ပညာ သတိရှိသဖြင့်၊ ဗာနဗ နှင့် ရှောလု တို့ကို ခေါ်ပင့် ၍ ဘုရားသခင် ၏ နှုတ်ကပတ် တရားတော် ကိုနာ လိုသောစိတ် ရှိသော်၊

8အနက် အားဖြင့်နတ် ဝိဇ္ဇာအတတ်သမားဟု ဆိုလို သော ဧလုမ အမည်ရှိသောထိုသူ သည် မြို့ဝန် ကို ယုံကြည် ခြင်းမှ လွှဲ အံ့သောငှာတမန်တော် တို့ကို ဟန့်တား လေ၏။

9ထိုအခါပေါလု ဟု အမည်တွင်သော ရှောလု သည် သန့်ရှင်း သော ဝိညာဉ် တော်နှင့်ပြည့် သဖြင့်၊ ထို နတ်ဝိဇ္ဇာအတတ်သမားကို စေ့စေ့ ကြည့်ရှုလျက်၊

10လှည့်ဖြား ခြင်း၊ အကျိုး ကိုဖျက်ခြင်း အမျိုးမျိုး နှင့်ပြည့်စုံ သော မာရ်နတ် ၏သား ၊ ဖြောင့်မတ် ခြင်း တရား၏ ရန်သူ ၊ သင်သည်ထာဝရ ဘုရား၏ ဖြောင့်မတ် သော လမ်း ခရီးတို့ကို မ ဖျက်ဆီးဘဲမနေနိုင်သလော။

11ယခုပင် ထာဝရ ဘုရား၏ လက် တော်သည် သင့် အပေါ်သို့ ရောက်၍၊ နေ ကိုမျှမ မြင် နိုင်အောင် အင်တန်ကာလပတ်လုံးသင်၏ မျက်စိ ကွယ်လိမ့်မည် ဟု ပေါလုဆိုသော ခဏခြင်း တွင်မျက်စိမြှေးရှက် ၍ မှောင်မိုက် အတိဖြစ်သဖြင့်၊ လက်ဆွဲပေးသော သူ တို့ကို ရှာ လျက် တလည်လည် ရှိ၍နေ၏။

12ထို အကြောင်းအရာကိုမြင် လျှင်၊ မြို့ဝန် သည် ယုံကြည် ခြင်းသို့ ရောက် ၍၊ သခင် ဘုရား၏ ဒေသနာ တော်ကို အလွန်အံ့ဩ မိန်းမော၍ နေ၏။

13ပေါလု နှင့်ပါ သောသူ တို့သည် ပါဖု မြို့မှ လွှင့် ၍ ပံဖုလိ ပြည်၊ ပေရဂေ မြို့သို့ ရောက် ကြလျှင်၊ ယောဟန် သည် သူ တို့ထံမှ ထွက် ၍ ယေရုရှလင် မြို့သို့ ပြန် လေ၏။

14ပေရဂေ မြို့မှ ထွက်သွား ပြန်၍ ပိသိဒိ ပြည်၊ အန္တိအုတ် မြို့သို့ ရောက် လျှင်၊ ဥပုသ်နေ့ ၌ တရားစရပ် သို့ ဝင် ၍ထိုင် ကြ၏။

15ပညတ္တိ ကျမ်း၊ အနာဂတ္တိ ကျမ်းကိုဘတ်ရွတ် ပြီးမှ ၊ တရားစရပ်မှူး တို့သည်၊ ညီအစ်ကို တို့၊ လူ များအား ဆုံးမ စရာ စကား ရှိ လျှင် ဟောပြော ကြပါဟု လူကိုစေလွှတ် ၍ ကြားပြော စေ၏။

16ထိုအခါ ပေါလု သည်ထ ၍ မိမိ လက် နှင့် အမှတ်ပေး လျက်၊ ဣသရေလ လူ မှစ၍ ဘုရားသခင် ကို ကြောက်ရွံ့ သောသူ တို့၊ နားထောင် ကြလော့။

17ဣသရေလ အမျိုး ၏ ဘုရားသခင် သည် ငါ တို့ ဘိုးဘေး များကို ရွေးကောက် တော်မူ၍၊ အဲဂုတ္တု ပြည် ၌ ဧည့်သည် ဖြစ်သော ထိုလူမျိုး ကို ချီးမြှောက် သဖြင့်၊ ထင်ရှားသော လက် တော်နှင့် ထိုပြည် မှ နှုတ်ဆောင် တော်မူ၏။

18အနှစ် လေးဆယ်မျှလောက် သော ကာလ ပတ်လုံးတော ၌ ကျွေးမွေးတော်မူ၏။

19ခါနာန် ပြည် ၌ လူ ခုနစ် မျိုးတို့ကို ပယ်ရှား ပြီးလျှင် ၊ ထိုပြည် ကို ဣသရေလ အမျိုးအမွေ ပေးကမ်း ဝေငှတော်မူ၏။

20ထိုနောက်မှ ပရောဖက် ရှမွေလ မ ပေါ်မရှိမှီ အနှစ် လေးရာ ငါးဆယ် မျှလောက် သော ကာလပတ်လုံး၊ တရားသူကြီး တို့ကိုပေး တော်မူ၏။

21နောက် တဖန်ရှင်ဘုရင် ကို တောင်း ကြသောအခါရှောလု အမည်ရှိသော ကိရှ ၏သား ၊ ဗင်္ယာမိန် အမျိုး ဖြစ်သောသူ ကို အနှစ် လေးဆယ် ပတ်လုံးပေး တော်မူ၏။

22နောက်မှ ထိုသူ ကိုပယ် ၍၊ ဣသရေလ ရှင်ဘုရင် အရာ၌ ဒါဝိဒ် ကို ချီးမြောက် တော်မူ၏။ ထိုသူ အားသက်သေခံ တော်မူလျက်၊စိတ် နှလုံး၌ ညီညွတ်သည် ဖြစ်၍ငါ့ အလို ကိုပြည့်စုံစေမည့်သူ ၊ ယေရှဲ ၏သား ဒါဝိဒ် ကို ငါတွေ့ ရပြီဟု မိန့် တော်မူ၏။

23ထိုသူ ၏အမျိုးအနွယ် ထဲ၌ ဘုရားသခင် သည် ဂတိ တော်အတိုင်း ကယ်တင် သောသခင်ယေရှု ကို ဣသရေလ လူတို့အား ပေါ်ထွန်း စေတော်မူပြီ။

24ထိုသခင် ကြွလာ တော်မ မူမှီ ယောဟန် သည် ဣသရေလ လူ အပေါင်း တို့အား နောင်တ နှင့် စပ်ဆိုင်သော ဗတ္တိဇံ တရားကို ဟောပြော နှင့်လေ၏။

25ယောဟန် သည်မိမိဆောင်ရွက်ရသော အမှု ကိုပြု၍ နေစဉ်တွင်၊ ငါ သည် အဘယ်သူ ဖြစ် သည်ကို သင်တို့ ထင်မှတ် ကြသနည်း။ ငါ သည် ထိုသူဖြစ် သည်မ ဟုတ်။ ငါ့ နောက် ကြွလာ သောသူတစ်ပါးရှိသေး၏။ ထိုသူ ၏ ခြေနင်း တော်ကို ငါမ ချွတ် ထိုက် ဟုဆို ၏။

26အာဗြဟံ အမျိုး ဖြစ်သော ညီအစ်ကို မှစ၍သင် တို့တွင်ဘုရားသခင် ကို ကြောက်ရွံ့ သောသူ တို့၊ ကယ်တင် တော်မူခြင်းတရား စကားကို သင်တို့အား ကြား လိုက်တော်မူ၏။

27ယေရုရှလင် မြို့၌ နေ သောသူ တို့နှင့်တကွ မင်း များတို့သည် ထို သခင်ကို၎င်း၊ ဥပုသ်နေ့ တိုင်း အစဉ် ဘတ်ရွက် သော ပရောဖက် တို့၏ စကား ကို၎င်း ၊ မ သိနားမလည်သောကြောင့်၊ ထိုသခင်ကိုစီရင် သော အားဖြင့် ၊ ထိုပရောဖက်တို့၏ စကားကိုပြည့်စုံ စေကြပြီ။

28ကိုယ်တော် ၌သေ ထိုက်သောအပြစ် တစ်စုံတစ်ခုကို မျှ မ တွေ့ သော်လည်း၊ ကွပ်မျက် စေမည်အကြောင်း ပိလတ် မင်းထံ၌တောင်းလျှောက် ကြ၏။

29ထိုသခင် ကိုရည်မှတ် ၍ ကျမ်းစာ၌ ရေး ထား သမျှ တို့ကို ပြည့်စုံ စေပြီးလျှင် ၊ အလောင်းတော်ကို သစ် တိုင်မှ ချ ၍သင်္ချိုင်း တွင်း၌ ထား ကြ၏။

30ဘုရားသခင် သည် သေ ခြင်းမှထမြောက် စေတော်မူသည်ဖြစ်၍၊

31ဂါလိလဲ ပြည်မှ ယေရုရှလင် မြို့သို့ နောက်တော်၌ လိုက်သော သူ တို့အားနေ့ရက် များစွာ ကိုယ် ကို ထင်ရှား ပြ တော်မူ၏။

32ထိုသူ တို့သည် လူ များတို့အား သက်သေခံ ဖြစ် ကြ၏။

33ဆာလံ ကျမ်းဒုတိယ ခဏ်း၌ လာ သည်ကား၊ သင် သည်ငါ့ သား ဖြစ် ၏။

34ယနေ့ ပင်သင့် ကိုငါ ဖြစ်ဘွား စေပြီဟု လာသည် နှင့်အညီ၊ ဘုရားသခင် သည် ယေရှု ကို ထမြောက် စေ တော်မူသဖြင့်၊ ငါတို့ဘိုးဘေး များ၌ ရှိ သော ဂတိ တော်ကို ထိုသူ တို့၏ သား ဖြစ်သောငါ တို့အား ပြည့်စုံ တော်မူသည်ဟူ၍၎င်း၊ ဒါဝိဒ် ၌မြဲမြံ သော ကျေးဇူးတော်ကို သင် တို့အား ငါပေး မည်ဟူသောဗျာဒိတ် တော်နှင့်အညီ ၊ ထိုသခင် ကို သေ ခြင်းမှ ထမြောက် စေ၍ ၊ နောက်တစ်ဖန် ပုပ်စပ် ခြင်းသို့ မပြန် ဘဲ အစဉ်ကင်းလွတ်ရမည်အခွင့်ကို ပေးတော်မူသည်ဟူ၍၎င်း၊ ဝမ်းမြောက်စရာသိတင်း ဧဝံဂေလိတရားကို ငါ တို့သည် သင် တို့အား ကြားပြော ကြ၏။

35ထိုကြောင့် ဆာလံကျမ်းတခဏ်း၌ လာသည်ကား၊ ကိုယ်တော် ၏ သန့်ရှင်း သောသူ အား ပုပ်စပ် ခြင်းကို ရှိ စေတော်မ မူဟုလာ၏။

36ဒါဝိဒ် သည်မိမိ ကာလ ၌ ဘုရားသခင် ၏ အလို တော်ကို ဆောင်ရွက် ပြီးလျှင်၊ ကျိန်းစက် ၍ မိမိ ဘိုးဘေး စုထဲသို့ ဝင် သဖြင့် ပုပ်စပ် ခြင်း သို့ ရောက် လေ၏။

37ဘုရားသခင် ထမြောက် စေတော်မူသော သူ မူကား ၊ ပုပ်စပ် ခြင်းသို့ မ ရောက် ။

38ထိုကြောင့် ညီအစ်ကို တို့၊ ထိုသခင် ၏ ကျေးဇူးတော်ကြောင့် အပြစ် လွှတ် ခြင်းတရားကို သင် တို့အား ဟောကြား သည်ကို၎င်း၊

39ထိုသခင် ကိုယုံကြည် သောသူ ရှိသမျှ တို့သည် မောရှေ ၏ တရား အတိုင်း မ လွတ် နိုင် သော အပြစ်ရှိသမျှ တို့နှင့် လွတ် ရကြသည်ကို၎င်း သိမှတ် ကြလော့။

40အနာဂတ္တိ ကျမ်း၌ လာ သည်ကား၊ မထီမဲ့မြင် ပြုတတ်သောသူတို့၊ ကြည့်ရှု အံ့ဩ ၍ ပြယ်ပျောက် ခြင်းသို့ ရောက်ကြလော့။

41အကြောင်းမူကား ၊ သင်တို့အားသူတစ်ပါး ပြညွှန် သော်လည်း ၊ သင် တို့မ ယုံသော အမှု ကိုသင် တို့ လက်ထက်ကာလ ၌ ငါ ပြု သည်ကျမ်းစာ၌ ပါသောအရာ ကို သင်တို့ အပေါ်သို့မ ရောက်စေမည်အကြောင်း ၊ သတိပြု ကြလော့ဟု ပေါလုဟောပြောလေ၏။

42လူများတို့သည် တရားစရပ်မှ ထွက်သွား ကြစဉ်၊ ထို အကြောင်း အရာတို့ကို မိမိ တို့အား နောက် ဥပုသ်နေ့ ၌ ဟောပြော ပါမည်အကြောင်း တောင်းပန် ကြ၏။

43အစည်းအဝေး ပျက် ၍ ပြန်ကြသောအခါယုဒ လူမှစ၍ ဘုရား ကို ကိုးကွယ်သော ဘာသာဝင် သူများ တို့သည် ပေါလု နှင့် ဗာနဗ နောက် သို့ လိုက်ကြသည်ဖြစ်၍ထိုသူ တို့သည် ဘုရားသခင် ၏ ကျေးဇူး တော်၌ တည်ကြည် မည်အကြောင်း၊ တမန်တော် တို့သည် ဖြားယောင်း ၍ ဆုံးမ ဩဝါဒပေးလေ၏။

44နောက်ဥပုသ်နေ့ ၌ ဘုရားသခင် ၏ နှုတ်ကပတ် တရားတော်ကို နားထောင် အံ့သောငှာတစ်မြို့လုံး ကုန်မတတ် စည်းဝေး ကြ၏။

45ယုဒ လူတို့သည် အစည်းအဝေး တို့ကို မြင် လျှင် ငြူစူ သောစိတ် နှင့်ပြည့်စုံ သဖြင့်၊ ပေါလု ၏စကား ကို ငြင်းခုံ သည်သာမက ဆဲရေး ကြ၏။

46ထိုအခါပေါလု နှင့် ဗာနဗ တို့က၊ ဘုရားသခင် ၏ နှုတ်ကပတ် တရားတော်ကိုသင် တို့အား ရှေးဦးစွာ ဟောပြော ရ ၏။ သို့သော်လည်းသင်တို့သည်ပယ် ၍ ထာဝရ အသက် ကိုမိမိတို့မ ခံထိုက် သည်ဟု မိမိ တို့စီရင် ကြ သောကြောင့်၊ ထာဝရ ဘုရားသည် မှာ တော်မူသည်အတိုင်း ငါတို့သည်မျက်နှာကိုလွှဲ၍ တစ်ပါး အမျိုးသားတို့ ဆီသို့ လှည့် ကြ၏။

47မှာတော်မူသော ဗျာဒိတ်တော်အချက်ကား၊ သင် သည် မြေကြီး စွန်း တိုင်အောင် ကယ်တင် ခြင်းကို ပြု စိမ့်သောငှာ၊ သင် ကိုတစ်ပါး အမျိုးသားလင်း စရာဘို့ ငါခန့်ထား ၏ဟု ဗျာဒိတ်တော်ရှိသည်ဟု ရဲရင့် စွာ ပြောဆိုကြ၏။

48ထိုစကားကို တစ်ပါး အမျိုးသားတို့သည်ကြား လျှင် ဝမ်းမြောက် ၍ ထာဝရ ဘုရား၏ နှုတ်ကပတ် တရားတော် ကိုချီးမွမ်း ကြ၏။ ထာဝရ အသက် ကို ရစေခြင်းငှာ ခန့်ထား တော်မူသော သူရှိသမျှ တို့သည် ယုံကြည် ခြင်းသို့ ရောက် ကြသဖြင့် ၊

49ထာဝရ ဘုရား၏ သာသနာ တော်သည် တစ်ပြည်လုံး ၌ နှံ့ပြား လေ၏။

50ထိုအခါ ဘုရားကိုကိုးကွယ် ၍ အသရေ ရှိသော မိန်းမ တို့နှင့် ထိုမြို့ ၌အကြီးအကဲ ဖြစ်သော သူများကို ယုဒ လူတို့သည် နှိုးဆော် ၍၊ ပေါလု နှင့် ဗာနဗ တို့ကို ညှဉ်းဆဲ စေသဖြင့်ထိုပြည် ၏နယ် မှ နှင်ထုတ် ကြ ၏။

51တမန်တော်တို့သည် မိမိ တို့ခြေဖဝါး ၌ကပ်သော မြေမှုန့် ကို ထိုသူတို့အားခါ လိုက်ပြီးမှ ၊ ဣကောနိ မြို့သို့ သွား ကြ၏။

52တပည့် တော်များတို့သည် ဝမ်းမြောက် ခြင်းနှင့် ၎င်း ၊ သန့်ရှင်း သော ဝိညာဉ် တော်နှင့်၎င်းပြည့်စုံ ကြ၏။

Tip: use the ← and → keys to turn chapters.