ယောဘဝတ္တု။

Old Testament

Chapter 7
Judson Burmese Bible (18…
Compare
Aa
Text size
Line width
Verse numbers

ယောဘဝတ္တု။ 7

Greek New Testament: Textus Receptus has no text for this chapter yet.

1လူ တို့သည် မြေကြီး ပေါ် မှာ ပင်ပန်းစွာအမှု ထမ်း ရသည် မ ဟုတ်လော။ သူ နေရသော နေ့ ရက်တို့သည် အငှါး ခံသောသူ၏ နေ့ ရက်ကဲ့သို့ ဖြစ်သည်မဟုတ်လော။

2ကျွန် ခံရသောသူသည် မိုဃ်းချုပ် သောအချိန်ကို တောင့်တ ၍၊ အငှါး ခံသောသူသည် အခ ရမည့်အချိန်ကို မြော်လင့် သကဲ့သို့၊

3ထိုနည်းတူငါသည် ဒုက္ခနေ့လ တို့နှင့်ဆိုင် ရ၏။ ပင်ပန်း စွာခံရသောညဉ့် တို့သည်လည်း ငါ ၏အငန်း အတာ ဖြစ်၏။

4အဘယ် အခါမှ ညဉ့် ကုန်၍ ငါထ ရပါမည်နည်းဟုငါသည် ညည်းတွားလျက် အိပ် ရ၏။ မိုဃ်းလင်း သည် တိုင်အောင် လှိမ့် လျက် လူးလျက်နေရ၏။

5လောက် နှင့် ရွှံ့ တို့သည် အဝတ်ကဲ့သို့ငါ့ ကိုယ် ကို ဖုံးလွှမ်း ကြ၏။ ငါ့ အရေ သည်ကွဲ ၍ ယိ လျက်ရှိ၏။

6ငါ့ နေ့ ရက်တို့သည် ရက်ကန်းလွန်း ထက် မြန် ၍ မြော်လင့် ခြင်းမ ရှိဘဲ လွန် သွားတတ်ကြ၏။

7ငါ့ အသက် သည် လေ သက်သက်ဖြစ်ကြောင်း ကို အောက်မေ့ တော်မူပါ။ နောက်တဖန် ကောင်း သော အကျိုးကို ငါ မ မြင် ရ။

8ငါ့ ကို မြင် သောသူသည် နောက်တဖန်မ မြင် ရ။ ကိုယ်တော် သည် ကြည့်ရှု တော်မူသောအခါ ငါ ပျောက် ပါပြီ။

9မိုဃ်းတိမ် သည် ပြယ်ပျောက် ကွယ်လွင့် သကဲ့သို့၊ သင်္ချိုင်း တွင်းထဲသို့ ဆင်း သောသူသည် နောက်တဖန် မ တက် ရ။

10မိမိ အိမ် သို့ မ ပြန် ရ။ သူ ၏နေရင်းအရပ် သည် နောက် တဖန် သူ့ ကိုမ သိ ရ။

11ထို့ကြောင့် ငါ သည်ကိုယ် နှုတ် ကို မ ချုပ်တည်း။ စိတ် ပင်ပန်း လျက်နှင့်စကားပြော ရ၏။ အလွန်ညှိုးငယ် သောစိတ် နှင့် မြည်တမ်း ရ၏။

12ငါ သည် ပင်လယ် ဖြစ်သလော။ နဂါး ဖြစ်သလော။ ထိုသို့ ဖြစ်သောကြောင့်ငါ့ ကို အစောင့် ထား တော်မူရသလော။

13ငါ သည်အိပ် ၍ သက်သာ မည်။ ငါ့ ခုတင် သည် ချမ်းသာ ပေးမည်ဟု ငါဆို လျှင်၊

14ကိုယ်တော်သည် ကြောက်မက် ဘွယ်သော အိပ်မက် ကို ပေးတော်မူ၏။ ညဉ့်ရူပါရုံ အားဖြင့် ငါ့ ကို ထိတ်လန့် စေတော်မူ၏။

15ငါ သည်ကိုယ်အရိုး ကို နှမြောသည်ထက် အသက် ချုပ် ၍သေ ရသောအခွင့်ကို သာ၍ တောင့်တပါ၏။

16ငါသည်အားလျော့ လျက်ရှိ၏။ အစဉ် မပြတ်အသက် မ ရှင်ရာ။ ငါ့ ကိုတတ် တိုင်း ရှိစေတော်မူပါ။ ငါ့ အသက် သည် အခိုး အငွေ့ဖြစ်၏။

17ကိုယ်တော်သည် လူ ကိုပမာဏ ပြု၍ စိတ် စွဲလမ်း တော်မူမည်အကြောင်း၊

18သူ့ ကိုနံနက် တိုင်း အကြည့် အရှုကြွလာ၍ ၊ ခဏ ခဏစုံစမ်း တော်မူမည်အကြောင်း၊ လူသည် အဘယ် သို့သောသူဖြစ်ပါသနည်း။

19အဘယ် ကာလမှငါ့ ကိုမ ကြည့်မရှု မျက်နှာ လွှဲတော်မူမည်နည်း။ ငါသည်ကိုယ် တံထွေး ကို မျို ရသည် တိုင်အောင် ၊ အဘယ်ကာလမှတတ်တိုင်းရှိစေတော်မူမည်နည်း။

20လူ ကိုစောင့် တော်မူသောအရှင်၊ အကျွန်ုပ်အပြစ် ရှိသည်မှန်ပါစေတော့။ ကိုယ်တော် ရှေ့ မှာ အဘယ် သို့ပြု ရပါမည်နည်း။ အကျွန်ုပ်သည် ကိုယ် ကိုကိုယ်ရွံ့ရှာရ သည်တိုင်အောင်အကျွန်ုပ် ကို အဘယ်ကြောင့် ပစ် စရာ စက်သွင်းတော်မူသနည်း။

21အကျွန်ုပ် ပြစ်မှား ခြင်းကို အဘယ်ကြောင့် သည်းခံ တော်မ မူသနည်း။ အကျွန်ုပ် အပြစ် ကို အဘယ်ကြောင့် ဖြေရှင်း တော်မမူသနည်း။ ယခု မှာအကျွန်ုပ်သည် မြေမှုန့် ၌ အိပ် ရပါမည်။ ကိုယ်တော်သည် နံနက်အချိန်၌ ရှာ တော်မူသောအခါ၊ အကျွန်ုပ် မ ရှိပါဟု မြွက်ဆို၏။

Tip: use the ← and → keys to turn chapters.