ယောဘဝတ္တု။

Old Testament

Chapter 8
Judson Burmese Bible (18…
Compare
Aa
Text size
Line width
Verse numbers

ယောဘဝတ္တု။ 8

Greek New Testament: Textus Receptus has no text for this chapter yet.

1ရှုအာ အမျိုးသားဗိလဒဒ် မြွက်ဆို သည်ကား၊

2သင်သည် အဘယ် မျှကာလ ပတ်လုံးဤသို့ ပြော မည်နည်း။ သင် ပြောသောစကား သည် အဘယ်မျှကာလ ပတ်လုံးလေ ပြင်း ကဲ့သို့ဖြစ်မည်နည်း။

3ဘုရား သခင်သည် မတရား သဖြင့် အပြစ် ပေးတော်မူမည်လော။ အနန္တ တန်ခိုးရှင်သည် တရား ကို ဖျက် တော်မူမည်လော။

4သင် ၏သား သမီးတို့သည် ဘုရား သခင်ကို ပြစ်မှား သောကြောင့်၊ ပြစ်မှား စဉ်တွင်၊ သူ တို့ကိုသုတ်သင် ပယ်ရှင်းတော်မူသော်လည်း၊

5သင် သည်မဆိုင်းမလင့်၊ သန့်ရှင်းဖြောင့်မတ်သောသဘောနှင့်ဘုရား သခင်ကို ရှာ ၍၊ အနန္တ တန်ခိုးရှင် အား တောင်းပန် လျှင်၊

6စင်စစ် သင့် အတွက် ကိုယ်တော်သည်ထ ပြီးလျှင် သင် ၏ ဖြောင့်မတ် သောနေရာကို ကောင်းစား စေတော်မူသဖြင့်၊

7သင် သည်အစ ဦး၌ ငယ် သော်လည်း၊ နောက်ဆုံး ၌ အလွန် ကြီးပွါး လိမ့်မည်။

8လွန် လေပြီးသောကာလ ကို စစ် ၍၊ ရှေးဘိုးဘေး တို့ကို မေးမြန်း ခြင်းငှါ အားထုတ် ပါတော့။

9ငါ တို့သည် မနေ့ ၏သားဖြစ်၍အလျှင်းမ သိ ရပါ။ မြေကြီး ပေါ် မှာ ငါ တို့နေရသော နေ့ ရက်ကာလသည် အရိပ် သက်သက်ဖြစ်၏။

10ထိုသူ တို့မူကား၊ သင့် ကိုဆုံးမ သွန်သင်၍ မိမိ တို့ စိတ် နှလုံးထဲက မြွက်ဆို ကြလိမ့်မည်။

11ဂမာ ပင်သည် ရွံ့ မ ရှိဘဲကြီးပွား နိုင်သလော။ မြစ်နားမှာ ပေါက်သောမြက်ပင် သည် ရေ မ ရှိဘဲ ကြီးပွား နိုင်သလော။

12ထိုအပင်သည် စိမ်း လျက်မ ရိတ် မဖြတ်သော်လည်း၊ အခြားအပင် ထက်သာ၍ညှိုးနွမ်း တတ်၏။

13ထိုသို့ ဘုရား သခင်ကို မေ့လျော့ သောသူ အပေါင်း တို့သည် ဆုံးခြင်းသို့ရောက်ရကြလိမ့်မည်။ အဓမ္မ လူ မြော်လင့် စရာအကြောင်းသည် ပျက် လိမ့်မည်။

14ထိုသူ မြော်လင့် ရာလမ်းသည် ပြတ် လိမ့်မည်။ မှီခို သောအရာသည်လည်း ပင့်ကူ မြှေး ကဲ့သို့ဖြစ်လိမ့်မည်။

15ထိုသူသည် မိမိ အိမ် ကိုမှီ ၍ အိမ်သည်အမှီမ ခံ။ လက်နှင့်ကိုင် သော်လည်း မ တည် စေနိုင်။

16သူ သည် နေပူ မှာ စိမ်းလန်း လျက်၊ အခက် အလက် အားဖြင့်မိမိ ဥယျာဉ် ကို နှံ့ပြား လျက်၊

17အမြစ် အားဖြင့်စမ်း ရေတွင်းကိုဝိုင်း ၍ ကျောက် ထူသောအရပ် ကို တွေ့မြင် လျက်ရှိသော်လည်း၊

18သူ့ ကိုသုတ်သင် ပယ်ရှင်း၍၊ မိမိ နေရာ အရပ်က သင် သည်ငါမ တွေ့ မမြင်စဖူးဟူ၍သူ့ ကိုငြင်းပယ် လိမ့်မည်။

19ထိုသူ ဝမ်းမြောက် ရာလမ်း သည် ထိုသို့ ဖြစ်၍၊ သူနေရာမြေ ၌ အခြား သူတို့သည် ပေါက် ကြလိမ့်မည်။

20စုံလင် သောသူကိုကား၊ ဘုရား သခင်စွန့်ပစ် တော်မ မူ။ မတရား သဖြင့်ပြုသောသူတို့ ကို ကား မစ တော် မ မူ။

21ရယ်မော ရသောအခွင့်၊ ရွှင်လန်း စွာ နှုတ် မြွက်ရသောအခွင့်ကို သင် ၌ပေးကောင်းပေး တော်မူမည်။

22သင့် ကိုမုန်း သောသူတို့ သည် ရှက် ခြင်းနှင့် ဖုံးလွှမ်း လျက်ရှိရကြလိမ့်မည်။ ဆိုး သောသူနေရာ အရပ် သည်လည်း ဆုံးရှုံး ခြင်းသို့ ရောက်ရလိမ့်မည်ဟု မြွက်ဆို ၏။

Tip: use the ← and → keys to turn chapters.