ယောဘဝတ္တု။

Old Testament

Chapter 29
Judson Burmese Bible (18…
Compare
Aa
Text size
Line width
Verse numbers

ယောဘဝတ္တု။ 29

Greek New Testament: Textus Receptus has no text for this chapter yet.

1ယောဘ သည် လင်္ကာ စကားကို ဆက် ၍မြွက်ဆို သည် ကား၊

2ငါသည် လွန် လေပြီသောနှစ်၊ လ ၊ ဘုရား သခင်စောင့်မ တော်မူသော နေ့ ရက်၌ဖြစ်သကဲ့သို့ တဖန်ဖြစ် ပါစေ။

3ထိုအခါ ဘုရားသခင်၏မီးခွက် သည် ငါ့ ခေါင်း ပေါ် မှာ ထွန်းလင်း သည်ဖြစ်၍ ၊ ထို အလင်း ကို ငါအမှီပြု လျက်၊ မိုက် သောအရပ်၌ ရှောက် သွားနိုင်၏။

4ငါ့ အသက် ပျိုသောကာလ ၊ ငါ့ အိမ် ၌ ဘုရား သခင်နှင့် မိဿဟာယ ဖွဲ့ရသောအခွင့်ရှိသောကာလ၌ ၊ ငါဖြစ် သကဲ့သို့ တဖန်ဖြစ်ပါစေ။

5ထိုအခါ အနန္တ တန်ခိုးရှင်သည် ငါ့ ဘက် ၌ရှိတော်မူ၏။ ငါ့ သားသမီး တို့သည်လည်း ငါ့ ကိုဝိုင်း လျက် နေကြ၏။

6ထိုအခါငါ သွား သောလမ်း၌ နို့ရည် စီးလေ၏။ ကျောက်ခဲ သည်လည်း ငါ့ အဘို့ ဆီ ကိုသွန်းလောင်း လေ၏။

7ငါ သည်မြို့အလယ်၌ ရှောက်၍ ၊ မြို့ တံခါး သို့ သွား လျက်၊ လမ်း ၌ ထိုင် ရာကို ပြင်ဆင် လျက်နေစဉ်တွင်၊

8လူပျို တို့သည် ငါ့ ကိုမြင် သဖြင့် ပုန်းရှောင် ၍ နေကြ၏။ အသက် ကြီးသူတို့သည်လည်း ထ ၍ မတ်တတ် နေကြ၏။

9မင်းသား တို့သည် စကား မပြောဘဲနေ၍ ၊ မိမိ တို့ နှုတ် ကို လက် နှင့် ပိတ် ကြ၏။

10မှူးမတ် တို့သည်လည်း တိတ်ဆိတ် စွာနေ၍ ၊ သူ တို့လျှာ သည် အာခေါင် ၌ ကပ် လေ၏။

11လူတို့သည် ငါ့စကားသံကိုကြား သောအခါ ကောင်းကြီး ပေးကြ၏။ ငါ့ကိုမြင် သောအခါ ချီးမွမ်း ကြ၏။

12အကြောင်း မူကား၊ ငါသည်ဆင်းရဲ သောသူ၊ မိဘ မရှိသောသူ၊ ကိုးကွယ် ရာမ ရသောသူ အော်ဟစ် သောအခါ ကယ်တင် တတ်၏။

13ပျက် လုသောသူကောင်းကြီး ပေးခြင်းကို ငါ ခံရ၏။ မုတ်ဆိုးမ စိတ် နှလုံးကို ရွှင်လန်း စေ၏။

14ဖြောင့်မတ် ခြင်းပါရမီကို အဝတ် လုပ်၍ ငါဝတ်ဆင် ၏။ တရား သည် ငါ့ ဝတ်လုံ ငါ့ပေါင်း ဖြစ်၏။

15မျက်စိ ကန်းသောသူတို့ အား ငါသည် မျက်စိ ဖြစ် ၏။ ခြေဆွံ့ သောသူတို့ အား ခြေ ဖြစ်၏။

16ဆင်းရဲ သောသူတို့၏ အဘ ဖြစ်၏။ အသိအကျွမ်း မ ရှိသောသူ တို့ ၏အမှု ကို ငါနားထောင် ၏။

17မ တရားသောသူ၏အစွယ် တို့ကို ငါချိုး ၍ ၊ သူ လုယူ ကိုက်စားသော အရာကိုနှုတ် ၏။

18ငါသည် ကိုယ် အသိုက် ၌ သေ ရသောအခွင့် ရှိလိမ့်မည်။ ငါ့အသက်ရှင်သော နေ့ ရက်တို့သည် သဲလုံး နှင့် အမျှ များပြား လိမ့်မည်ဟု အောက်မေ့၏။

19ငါ့ အမြစ် သည် ရေ နား မှာပြန့်ပွါး ၏။ ဆီးနှင်း သည် တညဉ့်လုံး ငါ့ အခက် အလက်၌ ကျ၏။

20ငါ့ ဘုန်း သည် အစဉ်ပွင့်လန်း လျက်၊ ငါ လေး သည် လည်း ငါ့ လက် ၌ အားဖြည့် လျက်ရှိ၏။

21သူတပါးတို့သည် ငါ့ စကားကို နားထောင် ၍ ၊ ငါ ပေးသောအကြံ ကို ငံ့လင့် လျက် တိတ်ဆိတ် စွာနေကြ၏။

22ငါ ပြောပြီးသည်နောက် သူတို့သည် ပြန် ၍ မ ပြော။ ငါ့ စကား သည် သူ တို့အပေါ် မှာ ရေစက်ကဲ့သို့ကျ ၏။

23မိုဃ်းရေ ကိုငံ့လင့် သကဲ့သို့ ငါ့ ကို ငံ့လင့်လျက်၊ နောက်ကျ သော မိုဃ်းရေကို ခံချင်သကဲ့သို့ ၊ သူ တို့သည် ပစပ် ကို ကျယ်ကျယ်ဖွင့် လျက်နေကြ၏။

24ငါသည် ပြုံး လျက်သူ တို့ကို ကြည့်ရှုသောအခါ၊ သူတို့သည် မ ယုံ နိုင်ကြ။ ငါ့မျက်နှာ ၏အလင်း ကိုလည်း မပျောက် စေကြ။

25ငါသည် သူ တို့လမ်း ကိုပဲ့ပြင် ၍ အမြတ် ဆုံးသော နေရာ၌ ထိုင် ၏။ ဗိုလ်ခြေ အလုံးအရင်းနှင့်တကွ ရှင်ဘုရင် ကဲ့သို့ ၎င်း ၊ ညှိုးငယ် သောသူတို့ ကို နှစ်သိမ့် စေသော သူကဲ့သို့ ၎င်း ငါဖြစ်၏။

Tip: use the ← and → keys to turn chapters.