ယောဘဝတ္တု။

Old Testament

Chapter 16
Judson Burmese Bible (18…
Compare
Aa
Text size
Line width
Verse numbers

ယောဘဝတ္တု။ 16

Greek New Testament: Textus Receptus has no text for this chapter yet.

1ယောဘ ပြန် ၍ မြွက်ဆိုသည်ကား၊

2ထိုသို့ သောစကားများ တို့ကို ငါကြား ဘူးပြီ။ သင် တို့ရှိသမျှ သည် နှစ်သိမ့် စေခြင်းငှါ ပြုသော်လည်း၊ ပင်ပန်း စေသောသူဖြစ် ကြပါသည်တကား။

3အချည်းနှီး သော စကားမကုန် နိုင်သလော။ သင် သည်စကားတုံ့ပြန် ပြောခြင်းငှါ အဘယ်ကြောင့် ရဲရင့် သနည်း။

4သင် တို့ပြော သကဲ့သို့ငါ သည်လည်း ပြော နိုင်၏။ သင် တို့သည် ငါ ကဲ့သို့ဖြစ် လျှင် ၊ ငါသည်သင် တို့တစ်ဘက် က စကား များကို ပုံ၍ထားနိုင်၏။ ခေါင်း ကိုလည်း ခါ နိုင်၏။

5ထိုသို့ငါသည်မပြုဘဲ၊ သင် တို့ကို ငါ့ စကား နှင့် မစ မည်။ အချည်းနှီးသောစကားကို ငါချုပ်တည်း မည်။

6ယခုမှာငါသည် ပြော သော်လည်း မ သက်သာ ၊ မပြောဘဲနေလျှင်လည်း ခြားနားခြင်းမရှိ။

7ဘုရားသခင်သည် ငါ့ ကိုပင်ပန်း စေတော်မူပြီ။ ငါ့ အိမ် ကို သုတ်သင် ပယ်ရှင်းတော်မူပြီ။

8ငါ့ ကိုခြေချင်းခတ်တော်မူ၍၊ ထိုခြေချင်းသည်ငါ့ တစ်ဘက်က သက်သေခံ ၏။ ငါ ပိန်ကြုံ ခြင်းအရာသည် လည်း ငါ့ တစ်ဘက် ကထ ၍ မျက်နှာ ချင်းဆိုင်လျက် သက်သေခံ ၏။

9အမျက် တော်သည် ငါ့ ကိုအပိုင်းပိုင်းဆွဲဖြတ် ၍ ညှဉ်းဆဲတတ်၏။ ငါ့ အပေါ် မှာ အံသွား ခဲကြိတ် ခြင်းကို ပြုတော်မူ၏။ ငါ့ ရန်သူ သည်ငါ့ ကို မျက်စောင်း ထိုး၏။

10သူတပါးတို့သည် ငါ့ ကို ပစပ် ဟ ကြ၏။ အရှက် ခွဲ၍ ပါး ကိုပုတ် ကြ၏။ ငါ့ တဘက် က တညီတညွတ် တည်းစုဝေး ကြ၏။

11ဘုရား သခင်သည်ငါ့ ကို မ တရားသောသူတို့တွင် ချုပ်ထား တော်မူပြီ။ လူဆိုး တို့၏ လက် သို့ အပ် တော်မူပြီ။

12ငါသည်ငြိမ်ဝပ် လျက်နေသောအခါ ငါ့ အရိုးတို့ကို ချိုး တော်မူ၏။ လည်ပင်း ကိုကိုင် ၍ အပိုင်းပိုင်းပြတ်စေ ခြင်းငှါလှုပ် တော်မူ၏။ ငါ့ ကို ပစ်စရာစက်သွင်းတော်မူ ၏။

13မြှား တော်တို့သည် ငါ့ ကိုဝိုင်း ၍ ကရုဏာ တော် မ ရှိဘဲ၊ ငါ့ ကျောက်ကပ် ကို စူးစေတော်မူ၏။ ငါ့ သည်းခြေ အရည်ကိုမြေ ပေါ် ၌ သွန်း တော်မူ၏။

14ငါ့ ကိုအထပ်ထပ်ဆွဲဖြတ်၍၊ သူရဲ ကဲ့သို့ ငါ့ ကို ဟုန်းဟုန်းတိုက်လာတော်မူ၏။

15ငါသည်ကိုယ် အရေ ပေါ် မှာ လျှော်တေ အဝတ်ကို ချုပ် ၍ ကိုယ် ဦးချို ကို ရွှံ့ နှင့် လူး ပြီ။

16ငို ခြင်းအားဖြင့် ငါ့ မျက်နှာ ပျက်လျက်၊ ငါ့မျက်ခမ်း အပေါ် မှာ သေခြင်း အရိပ်လွှမ်းမိုးလျက် ရှိ၏။

17သို့သော်လည်းငါ့ လက် ၌ မ တရားသော အမှုမ ရှိ။ ငါပြုသော ပဌနာ သည် သန့်ရှင်း ၏။

18အိုမြေကြီး ၊ ငါ့ အသွေး ကိုဖုံး ၍ မ ထားပါနှင့်။ ငါ အော်ဟစ် ခြင်းအသံကို သင်၌မ နေ စေနှင့်။

19ဤအမှု၌ ငါ့ သက်သေ သည် ကောင်းကင် ပေါ် မှာ ရှိ၏။

20ငါ့သဘောကို သိသောသူသည် မြင့် သောအရပ်၌ ရှိ၏။ ငါ့ အဆွေ ခင်ပွန်းတို့သည် ငါ့ ကိုကဲ့ရဲ့ ၍၊ ငါသည် ဘုရား သခင့်ရှေ့တော်၌ မျက်ရည် ကျလျက်နေ၏။

21လူ သည် မိမိ အသိ အကျွမ်းနှင့် ဆွေးနွေး သကဲ့သို့ဘုရား သခင်နှင့် ဆွေးနွေးရသောအခွင့်ရှိပါစေသော။

22နှစ် ပေါင်းမကြာမမြင့်မှီတဖန်ပြန် ၍ မ လာရ သောလမ်း သို့ ငါလိုက်သွား ရတော့မည်။

Tip: use the ← and → keys to turn chapters.