ယောဘဝတ္တု။

Old Testament

Chapter 16
Judson Burmese Bible (18…
vs Lutherbibel 1912
Aa
Text size
Line width
Verse numbers

ယောဘဝတ္တု။ 16

Judson Burmese Bible (1840)
Lutherbibel 1912
1ယောဘ ပြန် ၍ မြွက်ဆိုသည်ကား၊
1Hiob antwortete und sprach:
2ထိုသို့ သောစကားများ တို့ကို ငါကြား ဘူးပြီ။ သင် တို့ရှိသမျှ သည် နှစ်သိမ့် စေခြင်းငှါ ပြုသော်လည်း၊ ပင်ပန်း စေသောသူဖြစ် ကြပါသည်တကား။
2Ich habe solches oft gehört. Ihr seid allzumal leidige Tröster!
3အချည်းနှီး သော စကားမကုန် နိုင်သလော။ သင် သည်စကားတုံ့ပြန် ပြောခြင်းငှါ အဘယ်ကြောင့် ရဲရင့် သနည်း။
3Wollen die leeren Worte kein Ende haben? Oder was macht dich so frech, also zu reden?
4သင် တို့ပြော သကဲ့သို့ငါ သည်လည်း ပြော နိုင်၏။ သင် တို့သည် ငါ ကဲ့သို့ဖြစ် လျှင် ၊ ငါသည်သင် တို့တစ်ဘက် က စကား များကို ပုံ၍ထားနိုင်၏။ ခေါင်း ကိုလည်း ခါ နိုင်၏။
4Ich könnte auch wohl reden wie ihr. Wäre eure Seele an meiner Statt, so wollte ich auch Worte gegen euch zusammenbringen und mein Haupt also über euch schütteln.
5ထိုသို့ငါသည်မပြုဘဲ၊ သင် တို့ကို ငါ့ စကား နှင့် မစ မည်။ အချည်းနှီးသောစကားကို ငါချုပ်တည်း မည်။
5Ich wollte euch stärken mit dem Munde und mit meinen Lippen trösten.
6ယခုမှာငါသည် ပြော သော်လည်း မ သက်သာ ၊ မပြောဘဲနေလျှင်လည်း ခြားနားခြင်းမရှိ။
6Aber wenn ich schon rede, so schont mein der Schmerz nicht; lasse ich's anstehen so geht er nicht von mir.
7ဘုရားသခင်သည် ငါ့ ကိုပင်ပန်း စေတော်မူပြီ။ ငါ့ အိမ် ကို သုတ်သင် ပယ်ရှင်းတော်မူပြီ။
7Nun aber macht er mich müde und verstört alles, was ich bin.
8ငါ့ ကိုခြေချင်းခတ်တော်မူ၍၊ ထိုခြေချင်းသည်ငါ့ တစ်ဘက်က သက်သေခံ ၏။ ငါ ပိန်ကြုံ ခြင်းအရာသည် လည်း ငါ့ တစ်ဘက် ကထ ၍ မျက်နှာ ချင်းဆိုင်လျက် သက်သေခံ ၏။
8Er hat mich runzlig gemacht, das zeugt wider mich; und mein Elend steht gegen mich auf und verklagt mich ins Angesicht.
9အမျက် တော်သည် ငါ့ ကိုအပိုင်းပိုင်းဆွဲဖြတ် ၍ ညှဉ်းဆဲတတ်၏။ ငါ့ အပေါ် မှာ အံသွား ခဲကြိတ် ခြင်းကို ပြုတော်မူ၏။ ငါ့ ရန်သူ သည်ငါ့ ကို မျက်စောင်း ထိုး၏။
9Sein Grimm zerreißt, und der mir gram ist, beißt die Zähne über mich zusammen; mein Widersacher funkelt mit seinen Augen auf mich.
10သူတပါးတို့သည် ငါ့ ကို ပစပ် ဟ ကြ၏။ အရှက် ခွဲ၍ ပါး ကိုပုတ် ကြ၏။ ငါ့ တဘက် က တညီတညွတ် တည်းစုဝေး ကြ၏။
10Sie haben ihren Mund aufgesperrt gegen mich und haben mich schmählich auf meine Backen geschlagen; sie haben ihren Mut miteinander an mir gekühlt.
11ဘုရား သခင်သည်ငါ့ ကို မ တရားသောသူတို့တွင် ချုပ်ထား တော်မူပြီ။ လူဆိုး တို့၏ လက် သို့ အပ် တော်မူပြီ။
11Gott hat mich übergeben dem Ungerechten und hat mich in der Gottlosen Hände kommen lassen.
12ငါသည်ငြိမ်ဝပ် လျက်နေသောအခါ ငါ့ အရိုးတို့ကို ချိုး တော်မူ၏။ လည်ပင်း ကိုကိုင် ၍ အပိုင်းပိုင်းပြတ်စေ ခြင်းငှါလှုပ် တော်မူ၏။ ငါ့ ကို ပစ်စရာစက်သွင်းတော်မူ ၏။
12Ich war in Frieden, aber er hat mich zunichte gemacht; er hat mich beim Hals genommen und zerstoßen und hat mich zum Ziel aufgerichtet.
13မြှား တော်တို့သည် ငါ့ ကိုဝိုင်း ၍ ကရုဏာ တော် မ ရှိဘဲ၊ ငါ့ ကျောက်ကပ် ကို စူးစေတော်မူ၏။ ငါ့ သည်းခြေ အရည်ကိုမြေ ပေါ် ၌ သွန်း တော်မူ၏။
13Er hat mich umgeben mit seinen Schützen; er hat meine Nieren gespalten und nicht verschont; er hat meine Galle auf die Erde geschüttet.
14ငါ့ ကိုအထပ်ထပ်ဆွဲဖြတ်၍၊ သူရဲ ကဲ့သို့ ငါ့ ကို ဟုန်းဟုန်းတိုက်လာတော်မူ၏။
14Er hat mir eine Wunde über die andere gemacht; er ist an mich gelaufen wie ein Gewaltiger.
15ငါသည်ကိုယ် အရေ ပေါ် မှာ လျှော်တေ အဝတ်ကို ချုပ် ၍ ကိုယ် ဦးချို ကို ရွှံ့ နှင့် လူး ပြီ။
15Ich habe einen Sack um meine Haut genäht und habe mein Horn in den Staub gelegt.
16ငို ခြင်းအားဖြင့် ငါ့ မျက်နှာ ပျက်လျက်၊ ငါ့မျက်ခမ်း အပေါ် မှာ သေခြင်း အရိပ်လွှမ်းမိုးလျက် ရှိ၏။
16Mein Antlitz ist geschwollen von Weinen, und meine Augenlider sind verdunkelt,
17သို့သော်လည်းငါ့ လက် ၌ မ တရားသော အမှုမ ရှိ။ ငါပြုသော ပဌနာ သည် သန့်ရှင်း ၏။
17wiewohl kein Frevel in meiner Hand ist und mein Gebet ist rein.
18အိုမြေကြီး ၊ ငါ့ အသွေး ကိုဖုံး ၍ မ ထားပါနှင့်။ ငါ အော်ဟစ် ခြင်းအသံကို သင်၌မ နေ စေနှင့်။
18Ach Erde, bedecke mein Blut nicht! und mein Geschrei finde keine Ruhestätte!
19ဤအမှု၌ ငါ့ သက်သေ သည် ကောင်းကင် ပေါ် မှာ ရှိ၏။
19Auch siehe da, meine Zeuge ist mein Himmel; und der mich kennt, ist in der Höhe.
20ငါ့သဘောကို သိသောသူသည် မြင့် သောအရပ်၌ ရှိ၏။ ငါ့ အဆွေ ခင်ပွန်းတို့သည် ငါ့ ကိုကဲ့ရဲ့ ၍၊ ငါသည် ဘုရား သခင့်ရှေ့တော်၌ မျက်ရည် ကျလျက်နေ၏။
20Meine Freunde sind meine Spötter; aber mein Auge tränt zu Gott,
21လူ သည် မိမိ အသိ အကျွမ်းနှင့် ဆွေးနွေး သကဲ့သို့ဘုရား သခင်နှင့် ဆွေးနွေးရသောအခွင့်ရှိပါစေသော။
21daß er entscheiden möge zwischen dem Mann und Gott, zwischen dem Menschenkind und seinem Freunde.
22နှစ် ပေါင်းမကြာမမြင့်မှီတဖန်ပြန် ၍ မ လာရ သောလမ်း သို့ ငါလိုက်သွား ရတော့မည်။
22Denn die bestimmten Jahre sind gekommen, und ich gehe hin des Weges, den ich nicht wiederkommen werde.

Tip: use the ← and → keys to turn chapters.