ယောဘဝတ္တု။

Old Testament

Chapter 4
Judson Burmese Bible (18…
Compare
Aa
Text size
Line width
Verse numbers

ယောဘဝတ္တု။ 4

Greek New Testament: Textus Receptus has no text for this chapter yet.

1ထိုအခါ တေမန် အမျိုးသားဧလိဖတ် မြွက်ဆို သည်ကား၊

2ငါတို့သည် သင် နှင့် နှုတ်ဆက် စမ်း လျှင်၊ သင်သည် စိတ်ပျက် ကောင်းပျက်လိမ့်မည်။ သို့ သော်လည်း၊ အဘယ် သူသည် စကား မ ပြောဘဲ နေနိုင် မည်နည်း။

3သင်သည် လူအများ တို့ကို ဆုံးမ ပြီ။ လက် မ စွမ်းသောသူတို့ကို ခိုင်ခံ့ စေပြီ။

4သင် ၏စကား သည် လဲ လုသောသူကို ထောက်မ ပြီ။ နုန့်နဲ သောဒူး တို့ကိုလည်း တည့် စေပြီ။

5ယခု မူကား၊ ကိုယ်တိုင်အမှုတွေ့၍ စိတ်ပျက် ၏။ အထိ အခိုက်ခံရသောကြောင့် မိန်းမော တွေဝေလျက် နေ၏။

6သင် ၏ရိုသေ သောသဘော၊ ယုံကြည် ကိုးစားသောသဘော၊ မြော်လင့် သောသဘော၊ တည်ကြည် သော သဘော၊ တရားသဖြင့် ကျင့်တတ်သောသဘောသည် အဘယ်မှာရှိသနည်း။

7အပြစ် နှင့်ကင်းလွတ်လျက်ပင်ပျက်စီး ခြင်းသို့ အဘယ်သူ ရောက်သနည်း။ ဖြောင့်မတ် သောသူသည် အဘယ် အရပ်၌ ဆုံးသနည်းဟု ဆင်ခြင် ပါလော့။

8ငါသိ မြင်သည်အတိုင်း ၊ မ တရားသော လယ်ထွန် ခြင်းကို ပြုသောသူနှင့် အဓမ္မ မျိုးစေ့ကို ကြဲ သောသူတို့ သည် ထိုသို့နှင့်အညီစပါးရိတ် တတ်ကြ၏။

9ဘုရား သခင်မှုတ် တော်မူသဖြင့် ၊ ထိုသူတို့သည် ပျက်စီး ၍ ၊ ရှုတော်မူသောအသက်ဖြင့်လည်း ဆုံးရှုံး ရကြ ၏။

10ခြင်္သေ့ ဟောက် ခြင်း၊ ကြမ်းတမ်းသော ခြင်္သေ့ အသံ မြည်ခြင်း၊ ခြင်္သေ့ ကလေးကိုက်ဝါး ခြင်း ငြိမ်းရ၏။

11ဘမ်း ၍ စားစရာမ ရှိသောကြောင့်၊ ကြမ်းတမ်းသော ခြင်္သေ့ သည်သေ ၍၊ ခြင်္သေ့ မ၏သား ငယ်တို့သည် အရပ်ရပ်ကွဲပြား ရကြ၏။

12တရံရောအခါငါ သည် တိတ်ဆိတ် စွာ ဗျာဒိတ် တော်ကို ရ၍ တို သောအသံကိုကြား ရ၏။

13လူ တို့သည်ကြီးစွာ သော အိပ်ပျော်ခြင်းသို့ရောက်၍ ၊ ထူးဆန်းသောရူပါရုံ ထင်ရှားရာ ကာလညဉ့် အချိန်၌ ငါအောက်မေ့စဉ်တွင်၊

14ငါ့ အရိုး များ တုန်လှုပ် သည်တိုင်အောင်၊ ငါ အလွန်ကြောက် အားကြီး၍ ထိတ်လန့် လျက်နေ၏။

15ဝိညာဉ် တပါးသည် ငါ့ ရှေ့ ၌ ကန့်လန့်ရှောက်သွား ၍၊ ငါသည် ကြက်သီး မွေးညှင်းထ လေ၏။

16ထိုဝိညာဉ်သည်ရပ် နေ၍၊ ပုံ သဏ္ဍာန်လည်း သေချာစွာ မထင်မရှားအရိပ်ကိုသာ ငါ မြင်ရ၏။ ငြင်း သော အသံရှိ၍ ငါကြား သောစကား သံဟူမူကား၊

17သေတတ်သောလူ သည် ဘုရား သခင့်ရှေ့မှာ ဖြောင့်မတ် ခြင်းရှိရသလော။ လူ သတ္တဝါသည် ဖန်ဆင်း တော်မူသောအရှင်ရှေ့မှာ သန့်ရှင်း ခြင်း ရှိရသလော။

18အမှု တော်ထမ်းတို့ကို ယုံ တော်မ မူ။ ကောင်းကင်တမန် တော်တို့၌ စုံလင် ခြင်းမရှိဟု ထင်တော်မူ၏။

19သို့ဖြစ်လျှင် မြေမှုန့် ၌ တည်၍ မြေ ထဲတွင် နေ တတ်သောသူတို့ကို အဘယ်ဆိုဘွယ်ရှိအံ့နည်း။ ထိုသူ တို့ကို ပိုးရွ ပင်နိုင်တတ်၏။

20တနေ့ခြင်းတွင် ပျက်စီး တတ်ကြ၏။ အဘယ်သူမျှပမာဏ မ ပြုဘဲ အစဉ် ဆုံးရှုံး ခြင်းသို့ ရောက်တတ်ကြ၏။

21သူ တို့၏ဂုဏ်အသရေကွယ်ပျောက်၍ သူတို့သည် ပညာ မ ရှိဘဲ သေ သွားတတ်ကြ၏။

Tip: use the ← and → keys to turn chapters.