ယောဘဝတ္တု။ 25
Judson Burmese Bible (1840)Translation
Greek New Testament: Textus Receptus has no text for this chapter yet.
1တဖန် ရှုအာ အမျိုးသားဗိလဒဒ် မြွက်ဆို သည် ကား၊
2ဘုရားသခင်သည် အာဏာ တော်နှင့်၎င်း ၊ ကြောက်ရွံ့ ရိုသေဘွယ်သော ဂုဏ်တော်နှင့်၎င်း ပြည့်စုံ၍၊ မြင့် သောဌာနတော်၌ ငြိမ်သက် ခြင်းကို ပြုစု တော်မူ၏။
3ဗိုလ်ခြေ တော်တို့ကို ရေတွက် နိုင်သလော။ အလင်း တော်သည် အဘယ် သူကို မလင်းဘဲ နေသနည်း။
4သို့ဖြစ်၍ လူ သည် ဘုရား သခင်ရှေ့ တော်၌ ကုသိုလ် ကို အဘယ်သို့ ရနိုင်သနည်း။ လူမိန်းမ ဘွားမြင် သောသူသည် အဘယ်သို့ သန့်ရှင်း နိုင်သနည်း။
5လ သော်လည်း အလင်းမ ရှိ။ ကြယ် သော်လည်း ရှေ့ တော်၌ မ ဖြူစင်။
6ထိုမျှမက ၊ တီကောင် ဖြစ်သောလူ ၊ ပိုးရွ ဖြစ်သောလူ သား ကို အဘယ်ဆိုဘွယ်ရာရှိသနည်းဟု မြွက်ဆို၏။
Tip: use the ← and → keys to turn chapters.