ယောဘဝတ္တု။

Old Testament

Chapter 3
Judson Burmese Bible (18…
Compare
Aa
Text size
Line width
Verse numbers

ယောဘဝတ္တု။ 3

Greek New Testament: Textus Receptus has no text for this chapter yet.

1-

2ထိုနောက် ၊ ယောဘ သည် နှုတ် ကိုဖွင့် ၍ မိမိဘွားသောနေ့ရက် ကိုကျိန်ဆဲ လျက် မြွက်ဆို သည်ကား။

3ငါဘွား သော နေ့ ရက်ပျက်စီး ပါစေ။ သား ယောက်ျားကို ပဋိသန္ဓေ ယူပြီဟုသိတင်းကြား ပြောသော ညဉ့် လည်း ပျက်စီးပါစေ။

4ထို နေ့ ရက်မိုက် ပါစေ။ ဘုရား သခင်သည် မျက်နှာ ပြုတော်မ မူပါစေနှင့်။ အလင်း မ ပေါ်ထွန်း ပါစေနှင့်၊

5မှောင်မိုက် ၊ သေမင်း အရိပ်သည် ထိုနေ့ရက်အသရေကို ရှုတ်ချ ပါစေ။ မိုဃ်းတိမ် ထပ် လွှမ်းမိုး ပါစေ။ မွန်းတည့်အရှိန်ဖြင့် ကြောက်မက် ဘွယ် ဖြစ်ပါစေ။

6ထို ညဉ့် သည်မှောင်မိုက် ၌ ပျောက် ပါစေ။ နှစ် စဉ် နေ့ ရက်တို့နှင့် မ ပေါင်း ပါစေနှင့်၊

7လ အရေ အတွက်၌ မ ဝင် ပါစေနှင့်။ အော်၊ ထို ညဉ့် သည်ဆိတ်ညံ ပါစေ။ ရွှင်လန်း သောအသံမ ရှိ ပါစေနှင့်။

8နေ့ ရက်ကိုရွေး၍ ကျိန်ဆဲ တတ်သောသူ၊ မိကျောင်း ကို ထ စေတတ်သောသူတို့သည် ထိုညဉ့်ကို ကျိန်ဆဲ ပါစေ။

9ညဦးယံ ကြယ် တို့သည် မိုက် ပါစေ။ ထိုညဉ့်သည် အလင်း ကိုတောင့်တ ၍ မ ရပါစေနှင့်။ နံနက် မိုဃ်းလင်းကို မ မြင် ပါစေနှင့်။ အကြောင်းမူကား၊

10ငါ့ အမိ၏ဝမ်း ကို ပိတ် မ ထား၊ ဒုက္ခ ဆင်းရဲကို ငါ မမြင်စေခြင်းငှါ မကွယ် မကာ။

11ငါသည်မွေး စက အဘယ်ကြောင့် မ သေ သနည်း။ အမိဝမ်း ထဲမှ ထွက် စက အဘယ်ကြောင့်အသက် မချုပ် သနည်း။

12ငါ့ ကိုအဘယ်ကြောင့် ပိုက်ပွေ့ ရသနည်း။ အဘယ်ကြောင့် နို့ တိုက်ရသနည်း။

13ထိုသို့မပြုလျှင် ငါသည်အိပ် ၍ငြိမ်း ပြီ။ ပျော် လျက်နေရပြီ။

14-

15မြို့ပျက် တို့ကို ပြင်ဆင် ပြုစုသော လောကီ ရှင်ဘုရင် ၊ မှူးမတ် တို့နှင့်၎င်း၊ ရွှေ ကိုရတတ်၍ ဘဏ္ဍာတိုက် ၌ ငွေ ကိုအပြည့် သိုထားသောမင်းတို့နှင့်၎င်း ငါငြိမ်းရပြီ။

16သို့မဟုတ် အချိန် နေ့လမစေ့မှီ မွေးသောသူငယ်၊ အလင်း ကို မမြင် ရသောသူငယ် ကဲ့သို့ ငါပျက်စီးရပြီ။

17ထို အရပ်၌ လူဆိုး တို့သည် နောက်တဖန်မ နှောင့်ရှက် ရ။ ပင်ပန်း သောသူတို့သည် ချမ်းသာ ရကြ၏။

18အချုပ် ခံရသောသူတို့သည်လည်း အတူ ငြိမ်ဝပ် ရကြ၏။ ညှဉ်းဆဲ သောသူ၏စကား သံကိုမ ကြား ရကြ။

19ထို အရပ်၌ ကြီး သောသူနှင့် ငယ် သောသူရှိကြ၏။ ကျွန် သည်လည်း သခင် လက်နှင့် လွတ် ရ၏။

20ဒုက္ခ ဆင်းရဲခံရသောသူအား အဘယ်ကြောင့် အလင်း ကိုပေး သနည်း။ စိတ် နှလုံးခါး သောသူအား အဘယ်ကြောင့်အသက် ကိုပေးသနည်း။

21သူတို့သည် သေ ခြင်းကို တောင့်တ ၍မ ရနိုင်။ ဝှက်ထား သော ဥစ္စာကိုဘော်ခြင်းငှါတူး သည် ထက် သေခြင်း အကြောင်းကို ဘော်ခြင်းငှါသာ၍ထူးကြ၏။

22သူတို့သည်သင်္ချိုင်း တွင်းကို တွေ့ သောအခါ အလွန်ဝမ်းမြောက် ၍ အထူးသဖြင့်ရွှင်လန်း ကြ၏။

23မိမိ သွားသောလမ်း ကွယ်ပျောက် သော သူ၊ ဘုရား သခင်ဆီးကာ ချုပ်ထားသောသူအား အလင်းနှင့် အသက်ကို အဘယ်ကြောင့်ပေးသနည်း။

24အစာ စားခြင်းအရာ၌ ငါ ညည်းတွား ခြင်းရှိ၏။ ငါ ငိုကြွေး မြည်တမ်းခြင်း မျက်ရည်သည်လည်း ရေ စီးသကဲ့သို့ ဖြစ်၏။

25ငါကြောက် သော အမှုသည် ငါ ၌ရောက်လာ ပြီ။ ငါအလွန်ကြောက် သောဘေးသည် ငါ့ ကို တွေ့ မိပြီ။

26ငါသည်ငြိမ်ဝပ် ခြင်းမ ရှိ။ ချမ်းဧ ခြင်းမ ရှိ။ သက်သာ ခြင်းမ ရှိ။ ဒုက္ခ ဆင်းရဲသက်သက်ရှိသည်ဟု မြွက်ဆို လေ၏။

Tip: use the ← and → keys to turn chapters.