ယောဘဝတ္တု။

Old Testament

Chapter 32
Judson Burmese Bible (18…
Compare
Aa
Text size
Line width
Verse numbers

ယောဘဝတ္တု။ 32

Greek New Testament: Textus Receptus has no text for this chapter yet.

1ထိုသို့ ယောဘ သည် မိမိ ဖြောင့်မတ် သည်ဟု ထင် သောကြောင့် ၊ ထို သူ သုံး ယောက်တို့သည် ပြန် ၍ မပြောဘဲနေကြ၏။

2ထိုအခါ ဗုဇ အမျိုးအာရ အနွယ် ဖြစ်သော ဗာရခေလ သား ဧလိဟု သည်အမျက် ထွက် ၏။ ယောဘသည် ဘုရား သခင်ထက် မိမိ ဖြောင့်မတ် ကြောင်းကို ပြသောကြောင့် ၊ ယောဘ ကို အမျက် ထွက် ၏။

3ယောဘ၏ အဆွေ ခင်ပွန်းသုံး ယောက်တို့သည် ပြန် ၍မ ပြောနိုင်သော်လည်း ၊ ယောဘ ၌ အပြစ် ရှိသည်ဟု စီရင်ကြသောကြောင့် ၊ သူတို့ကို လည်း အမျက် ထွက် ၏။

4ဧလိဟု သည် သူ တို့ထက် အသက်ငယ်သောကြောင့် ၊ ယောဘ ပြောသော စကား မကုန်မှီတိုင်အောင်ဆိုင်းလင့် လျက်နေ၏။

5ထိုသူ သုံး ယောက်တို့သည် ပြန် ၍ ပြောစရာ စကားမ ရှိကြောင်း ကို သိမြင် သောအခါ အမျက် ထွက် လေ ၏။

6ထိုအခါ ဗုဇ အမျိုးဗာရခေလ သား ဧလိဟု မြွက်ဆို သည်ကား၊ ငါ သည်အသက်ငယ် ပါ၏။ သင် တို့သည် အလွန်အသက် ကြီးပါ၏။ ထိုကြောင့် ငါသည်ကြောက် ၍ ကိုယ် သဘော ကို မ ပြ ဝံ့ဘဲ နေပါပြီ။

7နေ့ ရက်ကာလတာရှည်သောသူသည် စကား ပြော အပ်၏။ နှစ် ပေါင်းများ စွာလွန်သောသူသည် ပညာ ကို သွန်သင် အပ်၏။

8သို့ရာတွင် လူ ထဲ ၌ဝိညာဉ် ရှိ၏။ ဘုရားသခင်အသက် ရှင်စေတော်မူသဖြင့် ဉာဏ် ရှိ၏။

9လူကြီးတို့သည် အစဉ်ပညာ ရှိသည်မ ဟုတ်။ အသက် ကြီးသော သူအပေါင်းတို့သည် မှန် သောတရားကို နားလည် သည်မဟုတ်။

10သို့ဖြစ်၍ ငါ့ စကားကို နားထောင် ကြလော့။ ငါ သည် ကိုယ် သဘော ကိုလည်းပြ ပါမည်။

11သင် တို့စကား ကို ကြားရအံ့သောငှါ ငါဆိုင်းလင့် ပြီ။ သင်တို့သည် ပြောစရာကို ရှာဖွေ ၍ ဆွေးနွေးသောစကား ကို ငါနားထောင် ပြီ။

12စေ့စေ့ နားထောင်စဉ် တွင်၊ ယောဘ ကို အဘယ် သူမျှမနိုင်။ သူ ၏စကား ကို အဘယ်သူမျှမချေ။

13သို့ဖြစ်၍ငါတို့သည် ပညာ ကိုရှာ ၍ တွေ့ပြီဟု သင်တို့ဆို စရာမ ရှိ။ ယောဘကို နှိမ့်ချသောသူကား လူ မ ဟုတ်၊ ဘုရား သခင်ပေတည်း။

14ယောဘသည် ငါ့ ကို ရည်ဆောင် ၍ ပြောပြီ မ ဟုတ်။ သင် တို့ပြန်ပြော သည်အတိုင်း ငါပြန် ပြောမည် မ ဟုတ်။

15ဤသူတို့သည် မိန်းမော တွေဝေလျက်ပြန် ၍ မ ပြောဘဲ တိတ်ဆိတ်စွာ နေကြ၏။

16ငါဆိုင်းလင့် သည်တွင်သူတို့သည် နှုတ်မ မြွက် ၊ ပြန် ၍မ ပြောဘဲ ငြိမ်ငြိမ်နေ ကြ၏။

17သို့ဖြစ်၍ ငါ သည်ကိုယ် အတွက် ပြန် ပြောမည်။ ကိုယ် သဘော ကို ပြ မည်။

18ငါသည် ပြောစရာစကား နှင့် ပြည့်ဝ ၏။ အတွင်း ဝိညာဉ် နှိုးဆော် ခြင်းကို ခံရ၏။

19ငါ့ ဝမ်း သည် ပိတ်ဆို့ သောစပျစ်ရည် နှင့်တူ ၏။ အသစ် သော သားရေဘူး ကွဲ လုသကဲ့သို့ ဖြစ်၏။

20ငါသည် သက်သာ ခြင်းငှါမြွက်ဆို ရမည်။ နှုတ် ကို ဖွင့် ၍ ပြန် ပြောရမည်။

21အဘယ်သူ ၏မျက်နှာ ကိုမျှမ ထောက် ၊ အဘယ် သူကိုမျှ ချီးမွမ်း သော စကားနှင့်မ ချော့မော့။

22သူတပါးကို ချီးမွမ်း သောစကားနှင့် မ ချော့မော့တတ်။ ထိုသို့ပြုလျှင်၊ ငါ့ ကိုဖန်ဆင်း တော်မူသောဘုရား သည် ငါ့ ကို ချက်ခြင်း ပယ်ရှား တော်မူမည်။

Tip: use the ← and → keys to turn chapters.