ယောဘဝတ္တု။ 32
Judson Burmese Bible (1840)Translation
Judson Burmese Bible (1840)
Synodal Translation (Синодальный перевод)
1ထိုသို့ ယောဘ သည် မိမိ ဖြောင့်မတ် သည်ဟု ထင် သောကြောင့် ၊ ထို သူ သုံး ယောက်တို့သည် ပြန် ၍ မပြောဘဲနေကြ၏။
1Когда те три мужа перестали отвечать Иову, потому что он был прав в глазах своих,
2ထိုအခါ ဗုဇ အမျိုးအာရ အနွယ် ဖြစ်သော ဗာရခေလ သား ဧလိဟု သည်အမျက် ထွက် ၏။ ယောဘသည် ဘုရား သခင်ထက် မိမိ ဖြောင့်မတ် ကြောင်းကို ပြသောကြောင့် ၊ ယောဘ ကို အမျက် ထွက် ၏။
2тогда воспылал гнев Елиуя, сына Варахиилова, Вузитянина из племени Рамова: воспылал гнев его на Иова за то, что он оправдывал себя больше, нежели Бога,
3ယောဘ၏ အဆွေ ခင်ပွန်းသုံး ယောက်တို့သည် ပြန် ၍မ ပြောနိုင်သော်လည်း ၊ ယောဘ ၌ အပြစ် ရှိသည်ဟု စီရင်ကြသောကြောင့် ၊ သူတို့ကို လည်း အမျက် ထွက် ၏။
3а на трех друзей его воспылал гнев его за то, что они не нашли, что отвечать, а между тем обвиняли Иова.
4ဧလိဟု သည် သူ တို့ထက် အသက်ငယ်သောကြောင့် ၊ ယောဘ ပြောသော စကား မကုန်မှီတိုင်အောင်ဆိုင်းလင့် လျက်နေ၏။
4Елиуй ждал, пока Иов говорил, потому что они летами были старше его.
5ထိုသူ သုံး ယောက်တို့သည် ပြန် ၍ ပြောစရာ စကားမ ရှိကြောင်း ကို သိမြင် သောအခါ အမျက် ထွက် လေ ၏။
5Когда же Елиуй увидел, что нет ответа в устах тех трех мужей, тогда воспылал гнев его.
6ထိုအခါ ဗုဇ အမျိုးဗာရခေလ သား ဧလိဟု မြွက်ဆို သည်ကား၊ ငါ သည်အသက်ငယ် ပါ၏။ သင် တို့သည် အလွန်အသက် ကြီးပါ၏။ ထိုကြောင့် ငါသည်ကြောက် ၍ ကိုယ် သဘော ကို မ ပြ ဝံ့ဘဲ နေပါပြီ။
6И отвечал Елиуй, сын Варахиилов, Вузитянин, и сказал: я молод летами, а вы - старцы; поэтому я робел и боялся объявлять вам мое мнение.
7နေ့ ရက်ကာလတာရှည်သောသူသည် စကား ပြော အပ်၏။ နှစ် ပေါင်းများ စွာလွန်သောသူသည် ပညာ ကို သွန်သင် အပ်၏။
7Я говорил сам себе: пусть говорят дни, и многолетие поучает мудрости.
8သို့ရာတွင် လူ ထဲ ၌ဝိညာဉ် ရှိ၏။ ဘုရားသခင်အသက် ရှင်စေတော်မူသဖြင့် ဉာဏ် ရှိ၏။
8Но дух в человеке и дыхание Вседержителя дает ему разумение.
9လူကြီးတို့သည် အစဉ်ပညာ ရှိသည်မ ဟုတ်။ အသက် ကြီးသော သူအပေါင်းတို့သည် မှန် သောတရားကို နားလည် သည်မဟုတ်။
9Не многолетние только мудры, и не старики разумеют правду.
10သို့ဖြစ်၍ ငါ့ စကားကို နားထောင် ကြလော့။ ငါ သည် ကိုယ် သဘော ကိုလည်းပြ ပါမည်။
10Поэтому я говорю: выслушайте меня, объявлю вам мое мнение и я.
11သင် တို့စကား ကို ကြားရအံ့သောငှါ ငါဆိုင်းလင့် ပြီ။ သင်တို့သည် ပြောစရာကို ရှာဖွေ ၍ ဆွေးနွေးသောစကား ကို ငါနားထောင် ပြီ။
11Вот, я ожидал слов ваших,- вслушивался в суждения ваши, доколе вы придумывали, что сказать.
12စေ့စေ့ နားထောင်စဉ် တွင်၊ ယောဘ ကို အဘယ် သူမျှမနိုင်။ သူ ၏စကား ကို အဘယ်သူမျှမချေ။
12Я пристально смотрел на вас, и вот никто из вас не обличает Иова и не отвечает на слова его.
13သို့ဖြစ်၍ငါတို့သည် ပညာ ကိုရှာ ၍ တွေ့ပြီဟု သင်တို့ဆို စရာမ ရှိ။ ယောဘကို နှိမ့်ချသောသူကား လူ မ ဟုတ်၊ ဘုရား သခင်ပေတည်း။
13Не скажите: мы нашли мудрость: Бог опровергнет его, а не человек.
14ယောဘသည် ငါ့ ကို ရည်ဆောင် ၍ ပြောပြီ မ ဟုတ်။ သင် တို့ပြန်ပြော သည်အတိုင်း ငါပြန် ပြောမည် မ ဟုတ်။
14Если бы он обращал слова свои ко мне, то я не вашими речами отвечал бы ему.
15ဤသူတို့သည် မိန်းမော တွေဝေလျက်ပြန် ၍ မ ပြောဘဲ တိတ်ဆိတ်စွာ နေကြ၏။
15Испугались, не отвечают более; перестали говорить.
16ငါဆိုင်းလင့် သည်တွင်သူတို့သည် နှုတ်မ မြွက် ၊ ပြန် ၍မ ပြောဘဲ ငြိမ်ငြိမ်နေ ကြ၏။
16И как я ждал, а они не говорят, остановились и не отвечают более,
17သို့ဖြစ်၍ ငါ သည်ကိုယ် အတွက် ပြန် ပြောမည်။ ကိုယ် သဘော ကို ပြ မည်။
17то и я отвечу с моей стороны, объявлю мое мнение и я,
18ငါသည် ပြောစရာစကား နှင့် ပြည့်ဝ ၏။ အတွင်း ဝိညာဉ် နှိုးဆော် ခြင်းကို ခံရ၏။
18ибо я полон речами, и дух во мне теснит меня.
19ငါ့ ဝမ်း သည် ပိတ်ဆို့ သောစပျစ်ရည် နှင့်တူ ၏။ အသစ် သော သားရေဘူး ကွဲ လုသကဲ့သို့ ဖြစ်၏။
19Вот, утроба моя, как вино неоткрытое: она готова прорваться, подобно новым мехам.
20ငါသည် သက်သာ ခြင်းငှါမြွက်ဆို ရမည်။ နှုတ် ကို ဖွင့် ၍ ပြန် ပြောရမည်။
20Поговорю, и будет легче мне; открою уста мои и отвечу.
21အဘယ်သူ ၏မျက်နှာ ကိုမျှမ ထောက် ၊ အဘယ် သူကိုမျှ ချီးမွမ်း သော စကားနှင့်မ ချော့မော့။
21На лице человека смотреть не буду и никакому человеку льстить не стану,
22သူတပါးကို ချီးမွမ်း သောစကားနှင့် မ ချော့မော့တတ်။ ထိုသို့ပြုလျှင်၊ ငါ့ ကိုဖန်ဆင်း တော်မူသောဘုရား သည် ငါ့ ကို ချက်ခြင်း ပယ်ရှား တော်မူမည်။
22потому что я не умею льстить: сейчас убей меня, Творец мой.
Tip: use the ← and → keys to turn chapters.