ယောဘဝတ္တု။ 33
Judson Burmese Bible (1840)Translation
Judson Burmese Bible (1840)
Synodal Translation (Синодальный перевод)
1သို့ဖြစ်၍အို ယောဘ ၊ ငါ မြွက်ဆို သောစကား အလုံးစုံ တို့ကို နားထောင် နာယူ ပါလော့။
1Итак слушай, Иов, речи мои и внимай всем словам моим.
2ငါသည် ယခု နှုတ် ကိုဖွင့် ၍ လျှာ နှင့်မြွက်ဆို သောအခါ၊
2Вот, я открываю уста мои, язык мой говорит в гортани моей.
3ငါ သဘော ဖြောင့် သည်နှင့်အညီငါ့ စကား ဖြောင့်လိမ့်မည်။ ငါ့ နှုတ် သည်ရှင်းလင်း သော ပညာ စကား ကို မြွက်ဆို လိမ့်မည်။
3Слова мои от искренности моего сердца, и уста мои произнесут знание чистое.
4ဘုရား သခင်၏ဝိညာဉ် တော်သည် ငါ့ ကို ဖန်ဆင်း တော်မူပြီ။ အနန္တ တန်ခိုးရှင်၏ အသက် တော် သည် ငါ့ ကို အသက် ရှင်စေတော်မူပြီ။
4Дух Божий создал меня, и дыхание Вседержителя дало мне жизнь.
5သင်သည်တတ်နိုင် လျှင် ငါ့ ကို ပြန် ပြောလော့။ ကိုယ် စကားကို ပြင်ဆင် လော့။ ကြိုးစား လော့။
5Если можешь, отвечай мне и стань передо мною.
6ဘုရား သခင့်ရှေ့ မှာ ငါ သည်သင် နှင့်တူ ၏။ ငါ သည်လည်း မြေမှုန့် ဖြင့် ဖန်ဆင်း တော်မူရာဖြစ်၏။
6Вот я, по желанию твоему, вместо Бога. Я образован также из брения;
7သင် သည် ကြောက်ရွံ့ ရမည်အကြောင်းငါ ၌ ကြောက်မက် ဘွယ်သော အရာမ ရှိ။ သင့် အပေါ် မှာ ငါ သည် လေးသောလက် ကိုမတင်။
7поэтому страх передо мною не может смутить тебя, и рука моя не будет тяжела для тебя.
8အကယ် စင်စစ်သင့်စကား သံ ကို ငါကြား သည် အတိုင်း သင်မြွက်ဆို သောစကားဟူမူကား၊
8Ты говорил в уши мои, и я слышал звук слов:
9ငါ သည် စင်ကြယ် သောသဘောရှိ၏။ ပြစ်မှား ခြင်းကို မ ပြုတတ်။ ငါ ၌အပြစ် မ ရှိ။ သန့်ရှင်း ခြင်းရှိ၏။
9чист я, без порока, невинен я, и нет во мне неправды;
10ဘုရားသခင်သည် ငါ ၌ အပြစ်တင်ခွင့်ကို ရှာ တော်မူ၏။ ငါ့ ကို ရန်သူ ကဲ့သို့ မှတ် တော်မူ၏။
10а Он нашел обвинение против меня и считает меня Своим противником;
11ငါ့ ကို ထိတ်ခတ် တော်မူ၏။ ငါ ထွက်ရာလမ်း ရှိသမျှ တို့ ကို စောင့် တော်မူ၏ဟု ဆိုမိပြီ။
11поставил ноги мои в колоду, наблюдает за всеми путями моими.
12ထိုသို့ ဆိုသော်မှား ပြီ။ ငါပြန် ပြောသောစကားဟူမူကား၊ အကယ် စင်စစ်ဘုရား သခင်သည် လူ ထက် ကြီးမြတ် တော်မူ၏။
12Вот в этом ты не прав, отвечаю тебе, потому что Бог выше человека.
13ဘုရားသခင်နှင့်အဘယ်ကြောင့် ဆန့်ကျင် ဘက် ပြုသနည်း။ ပြုတော်မူသောအမှု တို့၏အကြောင်း ကို ပြတော်မ မူ။
13Для чего тебе состязаться с Ним? Он не дает отчета ни в каких делах Своих.
14ဘုရား သခင်သည် တကြိမ် မိန့်မြွက် တော်မူ၏။ လူမ ရိပ်မိ လျှင် နှစ် ကြိမ်တိုင်အောင် မိန့်မြွက်တော်မူ၏။
14Бог говорит однажды и, если того не заметят, в другой раз:
15လူ သည်အိပ်ရာ ပေါ် မှာငိုက် လျက် အိပ်ပျော် လျက်နေသောအခါ အိပ်မက် မြင်၍၊ ညဉ့် ရူပါရုံ ကို ခံရသောအားဖြင့်၊
15во сне, в ночном видении, когда сон находит на людей, во время дремоты на ложе.
16ဘုရားသခင်သည် လူ ၏နား ကို ဖွင့် ၍ ဆုံးမ ပေးတော်မူတတ်၏။
16Тогда Он открывает у человека ухо и запечатлевает Свое наставление,
17ထိုသို့လူ သည် မိမိအကြံ ကိုစွန့် စေ ခြင်းငှါ၎င်း ၊ မာန် မာနနှင့် ကင်းလွတ် စေခြင်းငှါ၎င်း ပြုတော်မူ၏။
17чтобы отвести человека от какого-либо предприятия и удалить от него гордость,
18သူ ၏အသက် ကို သင်္ချိုင်းတွင်း မှ ကွယ်ကာ ၍ ၊ ထား ဘေးဖြင့် မသေစေခြင်းငှါ စောင့်မ တော်မူ၏။
18чтобы отвести душу его от пропасти и жизнь его от поражения мечом.
19လူသည် အိပ်ရာ ပေါ် မှာနာ ခြင်းဝေဒနာကို ခံရ၍၊ အရိုး ရှိသမျှ တို့သည် ပြင်းထန် စွာ ကိုက်ခဲသဖြင့်၊
19Или он вразумляется болезнью на ложе своем и жестокою болью во всех костях своих,-
20မုန့် နှင့်မြိန် သော ခဲဘွယ် စားဘွယ်တို့ကို သူ ၏ စိတ် ဝိညာဉ်သည် ရွံ့ရှာ ၏။
20и жизнь его отвращается от хлеба и душа его от любимой пищи.
21အသားအရေ ပိန် လျော့ ကွယ်ပျောက်၍၊ မ ထင်ရှား ဘူးသော အရိုး တို့လည်း ပေါ် ကြ၏။
21Плоть на нем пропадает, так что ее не видно, и показываются кости его, которых не было видно.
22အသက် ဝိညာဉ် သည် သင်္ချိုင်း တွင်းနားသို့ ၎င်း၊ ဖျက်ဆီး သော တမန်လက်သို့ ၎င်း ရောက် လုပြီ။
22И душа его приближается к могиле и жизнь его - к смерти.
23သို့ရာတွင်လူ တို့အား တရား လမ်းကို ပြ စေ ခြင်းငှါ၊ တ ထောင် တွင် အထွဋ်ဖြစ်၍၊ တရား စကားကို ပြန်တတ် သော တမန် ရှိ လျှင်၊
23Если есть у него Ангел-наставник, один из тысячи, чтобы показать человеку прямой путь его,-
24ဘုရားသခင်က၊ သင်္ချိုင်း တွင်းထဲသို့ထိုသူ ကို မဆင်း စေဘဲ ကယ်တင် လော့။ ရွေး ရာအကြောင်းကို ငါတွေ့ ပြီဟု ကရုဏာ စိတ်ရှိ၍ မိန့် တော်မူသောအားဖြင့်၊
24Бог умилосердится над ним и скажет: освободи его от могилы; Я нашел умилостивление.
25ထိုသူသည် သူငယ် ထက် အသားအရေ နုထွား ၍ ပျို သောအသက်နှင့်တဖန် ပြည့်စုံလိမ့်မည်။
25Тогда тело его сделается свежее, нежели в молодости; он возвратится к дням юности своей.
26ဘုရား သခင်ကို ဆုတောင်း ၍ကျေးဇူး တော်ကိုခံရသဖြင့် ၊ ဝမ်းမြောက် သောစိတ်နှင့် မျက်နှာ တော်ကို ဖူးမြင် ရလိမ့်မည်။ ဖြောင့်မတ် ခြင်းအကျိုးကို လူ တို့အား ဘုရားသခင်ပေးတော်မူတတ်၏။
26Будет молиться Богу, и Он - милостив к нему; с радостью взирает на лице его и возвращает человеку праведность его.
27သူကလည်း ၊ ငါသည် ပြစ်မှား ပါပြီ။ မှန် သော တရားကိုမှောက် ပါပြီ။ သို့သော်လည်း ကိုယ် ခံထိုက်သော အပြစ်ကိုမ ခံရ ဘဲ၊
27Он будет смотреть на людей и говорить: грешил я и превращал правду, и не воздано мне;
28သင်္ချိုင်း တွင်းထဲ သို့ ငါ့ ကိုမဆင်း စေဘဲ ကယ်တင် တော်မူသဖြင့် ၊ ငါ့ အသက် သည် မှောင်မိုက်နှင့် လွတ် လျက်ရှိ၏ဟု လူ တို့တွင် သီချင်းဆိုရလိမ့်မည်။
28Он освободил душу мою от могилы, и жизнь моя видит свет.
29ထိုသို့ ဘုရား သခင်သည် လူ တို့၌ ရံခါရံခါစီရင် တော်မူသဖြင့်၊
29Вот, все это делает Бог два-три раза с человеком,
30သင်္ချိုင်း တွင်းမှ နှုတ် ယူ၍၊ အသက် ရှင်သောသူတို့ ၏အလင်း နှင့် လင်း စေတော်မူ၏။
30чтобы отвести душу его от могилы и просветить его светом живых.
31အိုယောဘ ၊ ငါ့ စကားကို သတိနှင့်နားထောင် လော့။ တိတ်ဆိတ် စွာနေလော့။ ငါ ပြော ပါမည်။
31Внимай, Иов, слушай меня, молчи, и я буду говорить.
32သို့သော်လည်းပြော စရာရှိ လျှင် ပြန် ပြောလော့။ သင့် ကို အပြစ် လွတ်စေခြင်းငှါ၊ ငါအလိုရှိ သောကြောင့် စကားပြော လော့။
32Если имеешь, что сказать, отвечай; говори, потому что я желал бы твоего оправдания;
33ပြောစရာမ ရှိလျှင် ၊ တိတ်ဆိတ် စွာနေ၍ ငါ့ စကားကို နားထောင် လော့။ ပညာ ကိုငါသွန်သင် ပါမည် ဟု မြွက်ဆို၏။
33если же нет, то слушай меня: молчи, и я научу тебя мудрости.
Tip: use the ← and → keys to turn chapters.