マタイ 25
Freedom Bible (フリーダム・バイブル)Translation
Freedom Bible (フリーダム・バイブル)
Judson Burmese Bible (1840)
1そのとき、天の御国は、ランプを持って花婿を迎えに出た十人のおとめのようになる。
1ထိုအခါ ကောင်းကင် နိုင်ငံ တော် သည် ကား၊ မင်္ဂလာဆောင် လုလင်ကို ခရီးဦးကြိုပြု အံ့သောငှာ မီးခွက် ကိုကိုင်ယူ ၍ ထွက်သွား သောသတို့သမီး တစ်ကျိပ် နှင့်တူ ၏။
2そのうち五人は愚かで、五人は賢かった。
2ထိုသတို့သမီး တို့တွင် ငါး ယောက်သည် ပညာ သတိရှိကြ၏။ ငါး ယောက်မူကား အမိုက် ဖြစ် ကြ၏။
3愚かなおとめたちはランプを持って行ったが、油を持って行かなかった。
3မိုက် သောသူ တို့သည် မီးခွက် တို့ကိုသာယူ ၍ ဆီ ကို မ ယူ ကြ။
4しかし、賢いおとめたちはランプと一緒に、容器に油を入れて持って行った。
4ပညာ သတိရှိသောသူ တို့မူကား ၊ မီးခွက် နှင့်တကွ ဘူး ၌ ပါသောဆီ ကိုလည်း ယူ ကြ၏။
5花婿が来るのが遅れたので、みな眠くなり、眠り込んでしまった。
5မင်္ဂလာဆောင် လုလင်သည် မ လာဘဲနေစဉ်၊ ထိုသတို့သမီးအပေါင်း တို့သည် ငိုက် ၍ အိပ်ပျော် ကြ၏။
6ところが真夜中に、『見よ、花婿が来る。迎えに出なさい』と叫ぶ声がした。
6သန်းခေါင်ယံ ၌ကြည့် ပါ။ မင်္ဂလာဆောင် လုလင်သည် လာပြီ။ ခရီးဦးကြိုပြု ခြင်းငှာ ထွက်သွား ကြကုန်ဟု ကြွေးကြော် လျှင် ၊
7そこで、おとめたちはみな起きて、ランプの芯を整えた。
7ထို သတို့သမီး အပေါင်း တို့သည် ထ ၍ မီးခွက် များကို ပြင်ဆင် ကြ၏။
8愚かなおとめたちは賢い者たちに言った。『私たちのランプが消えかけています。あなたがたの油を少し分けてください。』
8မိုက် သောသူ တို့က ငါ တို့ဆီမီး သေ ပါပြီ။ သင် တို့ ဆီ ကိုအနည်းငယ်ပေး ပါဟု ပညာရှိ သောသူ တို့အား တောင်း ကြ၏။
9しかし、賢いおとめたちは答えた。『私たちとあなたがたの分には足りないかもしれません。それより、油を売る人たちのところへ行って、自分の分を買って来なさい。』
9ပညာရှိ သောသူ တို့ကလည်း သင်တို့ အဘို့နှင့် ငါ တို့အဘို့ ဆီမ လောက် ။ ထို့ကြောင့်ဆီရောင်း သောသူ ရှိရာ သို့သွား ၍ ကိုယ် သုံးဘို့ဝယ် လျှင် သာ၍ ကောင်းသည်ဟု ပြန်ပြော ကြ၏။
10彼女たちが買いに行っている間に花婿が来た。用意のできていたおとめたちは花婿と一緒に婚宴に入り、戸が閉められた。
10ထိုသူ တို့သည် ဆီဝယ် သွား သည်အခိုက်တွင် မင်္ဂလာဆောင် လုလင်သည်လာ ၍ ၊ အသင့် ရှိသော သတို့သမီး တို့သည် လုလင် နှင့်အတူ ပွဲ သို့ ဝင် ကြပြီးလျှင် တံခါး ကိုပိတ် ထား၏။
11その後、ほかのおとめたちも来て、『ご主人様、ご主人様、開けてください』と言った。
11ထိုနောက် ကြွင်း သောသတို့သမီး တို့သည်လာ ၍ အရှင် ၊ အရှင် ၊ ကျွန်မ တို့အား တံခါးကိုဖွင့် ပါဟု တောင်းလျှောက် ကြသော်၊
12しかし花婿は答えた。『まことに、あなたがたに言う。私はあなたがたを知らない。』
12အရှင် ကလည်း ၊ ငါအမှန် ဆို သည်ကား၊ သင် တို့ကို ငါမ သိ ဟု ပြန်ပြော လေ၏။
13だから、目を覚ましていなさい。人の子が来る日も時刻も、あなたがたは知らないからである。
13သို့ဖြစ်၍ လူသားသည် ကြွလာအံ့သောနေ့ရက် ၊ အချိန် နာရီကို သင်တို့သည်မ သိ သောကြောင့် စောင့် နေကြလော့။
14また天の御国は、外国へ旅立つ人が、自分の僕たちを呼んで財産を預けるようなものである。
14ဥပမာ ကား၊ လူ တစ်ဦးသည် အခြားသောပြည်သို့သွား မည်ဟု အကြံရှိလျက်၊ မိမိ ငယ်သား တို့ကိုခေါ် ၍ မိမိ ဥစ္စာ များကို အပ်ပေး ၏။ သူတို့သည် အသီးအသီး အစွမ်း သတ္တိရှိသည်အတိုင်း ၊ တစ်ဦး ၌ ငွေ အခွက်ငါးဆယ် ၊
15彼はそれぞれの能力に応じて、一人には五タラント、 もう一人には二タラント、さらにもう一人には一タラントを与え、それから旅立った。
15တစ်ဦး ၌ အခွက်နှစ်ဆယ် ၊ တစ်ဦး ၌ အခွက်တစ်ဆယ် ကို အပ်ပေး ပြီးမှချက်ခြင်း သွား လေ၏။
16五タラントを受け取った者はすぐに行って、それを使って商売をし、さらに五タラントをもうけた。
16အခွက် ငါးဆယ် ကိုခံ သောသူ သည် သွား ၍ကုန်သွယ်ခြင်းကိုပြု သဖြင့် အခြား သောအခွက်ငါးဆယ် ကို အမြတ်ရ လေ၏။
17同じように、二タラントを受け取った者も、さらに二タラントをもうけた。
17ထိုနည်းတူ အခွက်နှစ်ဆယ် ကိုခံသောသူ သည်လည်း၊ အခြား သောအခွက်နှစ်ဆယ် ကို အမြတ်ရ လေ၏။
18しかし、一タラントを受け取った者は出て行って地面に穴を掘り、主人の金を隠した。
18အခွက်တစ်ဆယ် ကို ခံ သောသူ မူကား ၊ သွား ၍ မြေ ၌တွင်းတူး ပြီးလျှင် အရှင် ၏ငွေ ကိုဝှက်ထား လေ၏။
19長い時がたってから、僕たちの主人が帰って来て、彼らと勘定を清算した。
19ကာလ ကြာမြင့် ပြီးမှ ထို ငယ်သား တို့၏ အရှင် သည်လာ ၍ သူ တို့ကိုစာရင်း ယူ လေ၏။
20五タラントを受け取った者が来て、さらに五タラントを差し出して言った。『ご主人様、あなたは私に五タラントを預けてくださいました。見よ、私はそれに加えて、さらに五タラントをもうけました。』
20အခွက် ငါးဆယ် ကို ခံ သောသူ သည်ချဉ်းကပ် ၍ အခြား သောအခွက် ငါးဆယ် ကိုဆက် လျက်၊ သခင် ၊ ကိုယ်တော်သည် အကျွန်ုပ် ၌ အခွက် ငါးဆယ်ကို အပ်ပေး တော်မူ၏။ အခြား သောအခွက် ငါးဆယ် ကို အကျွန်ုပ်အမြတ်ရ ပါပြီဟု လျှောက် လေ၏။
21主人は彼に言った。『よくやった。良い忠実な僕よ。あなたはわずかなものに忠実だったから、多くのものを任せよう。主人の喜びに加わりなさい。』
21အရှင် ကလည်း၊ သာဓု ၊ သစ္စာရှိ သော ငယ်သား ကောင်း ။ သင်သည် အမှုငယ် ၌သစ္စာစောင့် လေပြီ။ များစွာ သော အမှုအခွင့်ကို သင် ၌ငါအပ်ပေး မည်။ သင် ၏သခင် နှင့်အတူစည်းစိမ် ကိုဝင်စား လော့ဟု မိန့် တော်မူ၏။
22二タラントを受け取った者も来て言った。『ご主人様、あなたは私に二タラントを預けてくださいました。見よ、私はそれに加えて、さらに二タラントをもうけました。』
22အခွက် နှစ်ဆယ် ကို ခံသောသူ သည်လည်း ချဉ်းကပ် ၍ သခင် ၊ ကိုယ်တော်သည် အကျွန်ုပ် ၌ အခွက် နှစ်ဆယ် ကို အပ်ပေး တော်မူ၏။ အခြား သောအခွက် နှစ်ဆယ် ကို အကျွန်ုပ်အမြတ်ရ ပါပြီဟု လျှောက် လေသော်၊
23主人は彼に言った。『よくやった。良い忠実な僕よ。あなたはわずかなものに忠実だったから、多くのものを任せよう。主人の喜びに加わりなさい。』
23အရှင် က၊ သာဓု သစ္စာရှိ သောငယ်သား ကောင်း ၊ သင်သည် အမှုငယ် ၌ သစ္စာစောင့် လေပြီ။ များစွာ သော အမှုအခွင့်ကို သင် ၌ ငါအပ်ပေး မည်။ သင် ၏ သခင် နှင့်အတူစည်းစိမ် ကိုဝင်စား လော့ဟု မိန့် တော်မူ၏။
24一タラントを受け取った者も来て言った。『ご主人様、私は、あなたが蒔かなかった所から刈り取り、散らさなかった所から集める厳しい方だと知っていました。
24အခွက် တစ်ဆယ် ကို ခံ သောသူ သည်လည်း ချဉ်းကပ် ၍ သခင် ၊ ကိုယ်တော် သည် ခဲယဉ်း သောသူ ဖြစ် သည်နှင့် ကိုယ်မ စိုက် မပျိုးသောအရပ် ၌ရိတ် ၍၊ ကိုယ်မ ဖြန့် မကြဲသောအရပ် ၌ စုသိမ်း တတ်သည်ကို အကျွန်ုပ်သိ ၍ ၊
25それで怖くなり、行ってあなたの一タラントを地中に隠しておきました。見よ、これがあなたのものです。』
25ကြောက် သောကြောင့် ၊ အခြားသို့သွား ၍ ကိုယ်တော် ၏ ငွေ အခွက်တဆယ်ကို မြေ ၌ ဝှက်ထား ပါပြီ။ ယခုကိုယ်တော် ၏ ဥစ္စာ ရှိ ပါသည်ဟု လျှောက် ၏။
26しかし、主人は彼に答えた。『悪い怠け者の僕よ。私が蒔かなかった所から刈り取り、散らさなかった所から集めると知っていたのだな。
26အရှင် ကလည်း ၊ ဆိုးညစ် ပျင်းရိ သောငယ်သား ၊ ငါသည် ကိုယ်မ စိုက် မပျိုးသောအရပ် ၌ ရိတ် ၍၊ ကိုယ် မ ဖြန့် မကြဲသောအရပ် ၌ စုသိမ်း သည်ကို သင်သိ သည်မှန်လျှင်၊
27それなら、私の金を銀行に預けておくべきだった。そうすれば、帰って来たとき、利息と共に自分のものを受け取れただろう。
27ငါ့ ငွေ ကို ပွဲစား လက်သို့ အပ် ရမည်။ ထိုသို့ အပ်လျှင် ငါ ပြန်လာ သောအခါ ငွေရင်း နှင့် အတိုး ကိုရ နိုင်၏။
28だから、その一タラントを彼から取り上げて、十タラント持っている者に与えなさい。
28ထို့ကြောင့် အခွက် တဆယ်ကို ထိုသူ ၏ လက်မှ နှုတ် ကြ။ အခွက် တရာ ရှိ သောသူ ကို ပေး ကြ။
29持っている者にはだれでもさらに与えられ、豊かになる。しかし、持っていない者は、持っているものまで取り上げられる。
29အကြောင်းမူကား ၊ အကြင်သူသည်ရ တတ်၏။ ထိုသူ၌ ကြွယ်ဝ ပြည့်စုံစေခြင်းငှာပေး ဦးမည်။ အကြင်သူ သည် ဆင်းရဲ ၏။ ထိုသူ ၌ ရှိသမျှ ကိုပင် နှုတ် လိမ့်မည်။
30この役に立たない僕を外の闇に投げ出しなさい。そこで泣き叫び、歯ぎしりすることになる。』
30အသုံး မရသော ထိုငယ်သား ကိုငိုကြွေး ခြင်း၊ အံသွား ခဲကြိတ် ခြင်းရှိရာ ၊ ပြင် အရပ်မှောင်မိုက် ထဲသို့ နှင်ထုတ် ချလိုက်ကြဟု စီရင် တော်မူ၏။
31人の子が栄光のうちに来て、聖なる御使いたちもみな彼と共に来るとき、人の子は栄光の御座に着く。
31လူ သား သည် မိမိ ဘုန်း အာနုဘော်ကို ဆောင် လျက်၊ သန့်ရှင်းသော ကောင်းကင် တမန်များ အခြံအရံ တို့နှင့်တကွ ကြွလာ တော်မူသောအခါ ဘုန်း ရှိသော ပလ္လင် တော်ပေါ်မှာ ထိုင် ၍ ၊
32すべての国民がその前に集められる。人の子は、羊飼いが羊とやぎを分けるように、人々を二つの群れに分ける。
32ရှေ့ တော်၌ လူမျိုး အပေါင်း တို့ကို စုဝေး စေသဖြင့် ၊ သိုးထိန်း သည် သိုး နှင့်ဆိတ် တို့ကို အသီးအခြား ခွဲ ၍ ၊
33羊を右に、やぎを左に置く。
33သိုး တို့ကို လက်ျာ တော်ဘက် ၊ ဆိတ် တို့ကို လက်ဝဲ တော်ဘက် ၌ ထား တော်မူလတံ့။
34そのとき、王は右にいる者たちに言う。『私の父に祝福された者たちよ、来なさい。世界の基が据えられた時から、あなたがたのために用意されていた御国を受け継ぎなさい。
34ထိုအခါ လက်ျာ တော်ဘက် ၌ရှိသော သူ တို့အား မင်းကြီး က၊ ငါ့ ခမည်းတော် ထံ ကောင်းကြီး မင်္ဂလာကိုခံသောသူ တို့၊ ကမ္ဘာ ဦး ကပင် သင်တို့ အဘို့ ပြင်ဆင် သောနိုင်ငံ ကို လာ ၍ အမွေခံ ကြလော့။
35あなたがたは、私が空腹だったときに食べ物を与え、喉が渇いていたときに飲ませ、旅人だったときに迎え入れ、
35အကြောင်းမူကား ၊ ငါ သည် မွတ်သိပ် သောအခါ သင်တို့သည် ကျွေး ကြ၏။ ငါ သည် ရေငတ် သောအခါ သင်တို့သည် သောက် ဘို့ပေးကြ၏။ ငါ သည် ဧည့်သည် ဖြစ် သောအခါ သင်တို့သည်ဧည့်သည် ဝတ်ကို ပြုကြ၏။
36裸だったときに衣服を着せ、病気だったときに見舞い、牢にいたときに訪ねてくれたからである。』
36ငါ သည် အဝတ် အချည်းစည်းရှိသောအခါ သင်တို့သည် အဝတ် နှင့်ဖုံးလွှမ်းကြ၏။ ငါသည် အနာ ရောဂါ စွဲသောအခါ သင်တို့သည်ကြည့်ရှု ပြုစုကြ၏။ ငါသည် ထောင် ထဲမှာ နေ ရသောအခါ သင်တို့သည် ငါ့ ထံသို့ လာ ကြ၏ဟု မိန့် တော်မူလျှင်၊
37すると義人たちは王に答える。『主よ、いつ私たちは、あなたが空腹なのを見て食べ物を差し上げ、喉が渇いているのを見て飲み物を差し上げたでしょうか。
37ဖြောင့်မတ် သောသူ တို့က၊ သခင် ၊ ကိုယ်တော် သည် မွတ်သိပ် တော်မူသည်ကို အဘယ် အခါ၌ အကျွန်ုပ်တို့သည်မြင် ၍ ကိုယ်တော်ကို လုပ်ကျွေး ပါသနည်း။ ရေငတ် တော်မူသည်ကို အဘယ်အခါ၌ အကျွန်ုပ်တို့သည် မြင်၍ ကိုယ်တော်ကို သောက် ဘို့ပေးပါသနည်း။
38いつ、あなたが旅人なのを見て迎え入れ、裸なのを見て衣服を着せたでしょうか。
38ဧည့်သည် ဖြစ်တော်မူသည်ကို အဘယ် အခါ၌ အကျွန်ုပ်တို့သည်မြင် ၍ ဧည့်သည်ဝတ်ကို ကိုယ်တော် အား ပြု ပါသနည်း။ အဝတ် အချည်းစည်းရှိတော်မူသည်ကို အဘယ်အခါ၌ အကျွန်ုပ်တို့သည်မြင်၍ ကိုယ်တော်ကို အဝတ် နှင့်ဖုံးလွှမ်းပါသနည်း။
39いつ、あなたが病気であったり、牢にいたりするのを見て、お訪ねしたでしょうか。』
39အနာ စွဲတော်မူသည်ကို၎င်း၊ ထောင် ထဲမှာ နေတော်မူသည်ကို၎င်း၊ အဘယ် အခါ၌ အကျွန်ုပ်တို့သည် မြင် ၍ အထံ တော်သို့ ရောက် ပါသနည်းဟု ပြန် ၍လျှောက်ကြသော် ၊
40王は彼らに答える。『まことに、あなたがたに言う。あなたがたが、私の兄弟 であるこの最も小さい者たちの一人にしたことは、私にしたのである。』
40မင်းကြီး က၊ ငါအမှန် ဆို သည်ကား၊ သင်တို့သည် ဤ သူတည်းဟူသောငါ့ ညီ တို့တွင် အငယ်ဆုံး သော သူ တစ်ယောက်အား ပြု ကြသမျှ တို့ကို ငါ့ အား ပြု ကြပြီဟု ပြန်၍မိန့် တော်မူလတံ့။
41それから王は左にいる者たちにも言う。『呪われた者たちよ、私から離れ去り、悪魔とその使いたちのために用意された永遠の火に入りなさい。
41ထိုအခါ လက်ဝဲ တော်ဘက် ၌ရှိသောသူ တို့အား မင်းကြီးက၊ ကျိန် ခြင်းကို ခံရသောသူ တို့၊ မာရ်နတ် နှင့် သူ ၏တမန် တို့အဘို့ ပြင်ဆင် သောထာဝရ မီး ထဲသို့ ငါ့ ထံမှ ခွာသွား ကြလော့။
42あなたがたは、私が空腹だったときに食べ物を与えず、喉が渇いていたときに飲ませず、
42အကြောင်းမူကား ၊ ငါသည် မွတ်သိပ် သောအခါ သင်တို့သည်မ ကျွေး ၊ ငါသည် ရေငတ် သောအခါ သင် တို့သည် သောက် ဘို့မ ပေး။
43旅人だったときに迎え入れず、裸だったときに衣服を着せず、病気のときや牢にいたときに見舞ってくれなかったからである。』
43ငါ သည် ဧည့်သည် ဖြစ် သောအခါ သင်တို့သည် ဧည့်သည် ဝတ်ကိုမ ပြု။ ငါ သည် အဝတ် အချည်းစည်းရှိ သောအခါ သင်တို့သည် အဝတ် နှင့်မ ဖုံးမလွှမ်း။ ငါ သည် အနာ ရောဂါစွဲသောအခါ ၌၎င်း ၊ ထောင် ထဲမှာ နေရ သောအခါ၌၎င်း၊ သင်တို့သည် မ ကြည့်ရှု မပြုစုဟု မိန့် တော်မူလျှင်၊
44すると彼らも答える。『主よ、いつ私たちは、あなたが空腹であるのを、喉が渇いているのを、旅人であるのを、裸であるのを、病気であるのを、また牢にいるのを見て、お世話をしなかったでしょうか。』
44ထိုသူ တို့က၊ သခင် ၊ ကိုယ်တော် သည် မွတ်သိပ် တော်မူခြင်း၊ ရေငတ် တော်မူခြင်း၊ ဧည့်သည် ဖြစ်တော်မူခြင်း၊ အဝတ် အချည်းစည်းရှိတော်မူခြင်း၊ အနာ စွဲတော်မူခြင်း၊ ထောင် ထဲမှာ နေတော်မူခြင်းတို့ကို အကျွန်ုပ်တို့ သည် အဘယ် အခါ၌မြင် ၍ ကိုယ်တော် ကို မ ပြုစု မလုပ်ကျွေးဘဲ နေပါသနည်းဟု ပြန်၍လျှောက် ကြသော်၊
45そのとき、王は彼らに答える。『まことに、あなたがたに言う。あなたがたが、この最も小さい者たちの一人にしなかったことは、私にしなかったのである。』
45မင်းကြီးက၊ ငါအမှန် ဆို သည်ကား၊ သင်တို့သည် ဤ သူ တို့တွင် အငယ်ဆုံး သောသူ တစ်ယောက်အား မ ပြု သမျှ တို့ကို ငါ့ အား မ ပြု ကြပြီဟုပြန်၍မိန့် တော်မူလတံ့။
46この者たちは永遠の刑罰に入り、義人たちは永遠のいのちに入る。」
46ထိုသူ တို့သည် ထာဝရ အပြစ် ဒဏ်ခံရာသို့ ၎င်း ၊ ဖြောင့်မတ် သောသူ တို့မူကား ၊ ထာဝရ အသက် ရှင်ရာ သို့ ၎င်း သွား ရကြလတံ့ ဟု မိန့် တော်မူ၏။
Tip: use the ← and → keys to turn chapters.