マタイ 18
Freedom Bible (フリーダム・バイブル)Translation
Freedom Bible (フリーダム・バイブル)
Judson Burmese Bible (1840)
1その時、弟子たちがイエスのもとに来て尋ねた。「いったい、天の御国ではだれが一番偉いのですか。」
1ထို အခါ တပည့် တော်တို့သည် ချဉ်းကပ် ၍ ကောင်းကင် နိုင်ငံ တော်၌ အဘယ်သူ သည်သာ၍ကြီးမြတ် ပါအံ့နည်းဟု မေးလျှောက် ကြသော်၊
2イエスは一人の幼い子どもを呼び寄せ、彼らの真ん中に立たせ、
2သူငယ် တစ်ယောက်ကိုခေါ် တော်မူ၍ ၊ တပည့် တော်တို့အလယ် ၌ ထား ပြီးမှ ၊
3言われた。 「まことに、あなたがたに言う。心を改めて幼い子どものようにならなければ、決して天の御国に入ることはできない。
3ငါအမှန် ဆို သည်ကား၊ သင်တို့သည်ပြောင်းလဲ ၍ သူငယ် ကဲ့သို့ မ ဖြစ် လျှင် ကောင်းကင် နိုင်ငံ တော်သို့ မ ရောက် ရကြ။
4だから、この幼い子どものように自分を低くする者が、天の御国で一番偉いのである。
4ထို့ကြောင့် အကြင်သူ သည် ဤ သူငယ် ကဲ့သို့ မိမိ ကိုမိမိနှိမ့်ချ အံ့၊ ထိုသူ သည် ကောင်းကင် နိုင်ငံ တော်၌ သာ၍ ကြီးမြတ်လိမ့်မည်။
5また、私の名のゆえに、このような幼い子どもの一人を受け入れる者は、私を受け入れるのである。
5အကြင်သူ သည်ငါ့ မျက်နှာ ကိုထောက်၍ဤကဲ့သို့ သောသူငယ် တစ်စုံတစ်ယောက် ကို လက်ခံ ၏၊ ထိုသူသည် ငါ့ ကိုပင်လက်ခံ ၏။
6しかし、私を信じるこの小さい者たちの一人をつまずかせる者は、大きな石臼を首に掛けられ、深い海に沈められるほうがよい。
6ငါ့ ကိုယုံကြည် သော ဤ သူငယ် တစ်စုံတစ်ယောက် ကို အကြင်သူ သည်မှားယွင်း စေ၏၊ ထိုသူ သည် လည်ပင်း ၌ ကြိတ်ဆုံ ကျောက်ကိုဆွဲ ၍ နက်နဲ သောပင်လယ် ၌ နှစ်မြှုပ် ခြင်းကို ခံရလျှင်အနေသာ၍ကောင်း ၏။
7つまずきをもたらすもののゆえに、世は災いである。つまずきが起こることは避けられないが、つまずきをもたらすその人は災いである。
7မှားယွင်း စရာအကြောင်းများရှိသောကြောင့် လောကီသား တို့သည်အမင်္ဂလာ ရှိကြ၏။ မှားယွင်း စရာ အကြောင်း ရှိ ရမည်။ သို့သော်လည်း မှားယွင်း စရာအကြောင်းကို ဖြစ် စေသောသူ သည် အမင်္ဂလာ ရှိ၏။
8もし、あなたの手や足があなたをつまずかせるなら、それを切り落として捨てなさい。両手、両足がそろったまま永遠の火に投げ込まれるより、片手や片足を失っていのちに入るほうがよい。
8သင် ၏လက် ခြေ သည် သင့် ကို မှားယွင်း စေလျှင် လက် ခြေကိုဖြတ်ပစ် လော့။ လက် ခြေ အစုံ နှင့် ထာဝရ မီး ထဲသို့ ချ ခြင်းကို ခံရသည်ထက် အင်္ဂါ ချို့တဲ့၍ အသက် ရှင်ခြင်းသို့ ဝင်စား သော်သာ၍ ကောင်း၏။
9もし、あなたの目があなたをつまずかせるなら、それをえぐり出して捨てなさい。両目がそろったまま火の燃えるゲヘナ に投げ込まれるより、片目でいのちに入るほうがよい。
9သင် ၏မျက်စိ သည်လည်း သင့် ကိုမှားယွင်း စေလျှင် ၊ မျက်စိ ကိုထုတ်ပစ် လော့။ မျက်စိ နှစ် ဘက်စုံနှင့် ငရဲ မီး ထဲသို့ ချ ခြင်းကို ခံရ သည်ထက် မျက်စိ တစ်ဘက်နှင့် အသက် ရှင်ခြင်းသို့ ဝင်စား သော် သာ၍ ကောင်း၏။
10この小さい者たちの一人をも軽んじないように気をつけなさい。あなたがたに言う。彼らの御使いたちは、天におられる私の父の御顔をいつも見ているからである。
10သင် တို့သည် ဤ သူငယ် တစ်စုံတစ်ယောက် ကို မထီမဲ့မြင် မ ပြုမည်အကြောင်း သတိ ရှိကြလော့။ ငါဆို သည်ကား၊ သူ တို့၏ကောင်းကင်တမန် တို့သည် ကောင်းကင် ဘုံ၌ ရှိတော်မူသော ငါ့ အဘ ၏ မျက်နှာ တော်ကိုအစဉ်မပြတ် ဖူးမြင် ကြ၏။
11人の子は、失われた者を救うために来たのである。
11ထိုမှတပါးလူသားသည်ပျောက်သောသူတို့ကို ကယ်တင်အံ့သောငှာကြွလာသတည်း။
12あなたがたはどう思うか。ある人が百匹の羊を持っていて、そのうちの一匹が迷い出たなら、九十九匹を残して山へ行き、迷い出た一匹を捜さないだろうか。
12အဘယ်သို့ ထင် ကြသနည်း။ သိုး တရာ ရှိ သောသူ ၌ သိုး တစ် ကောင်သည်လမ်းလွဲ ၍ပျောက်လျှင် ၊ ထိုသူသည် ကိုးဆယ် ကိုးကောင်သောသိုးတို့ကို တောင် ပေါ်မှာ ထား ခဲ့ပြီးမှ၊ လမ်းလွဲ ၍ပျောက်သော သိုးတစ်ကောင်ကို သွား ၍ ရှာ တတ်သည် မ ဟုတ်လော။
13もしそれを見つけたなら、まことに、あなたがたに言う。その人は、迷わなかった九十九匹以上に、その一匹のことを喜ぶ。
13တွေ့ ပြီးလျှင် ၊ လမ်း မ လွဲမပျောက်သောသိုး ကိုးဆယ် ကိုးကောင်၌ ဝမ်းမြောက်ခြင်းရှိသည်ထက် ၊ ထိုသိုး တစ်ကောင်၌ သာ၍ ဝမ်းမြောက် ခြင်းရှိသည်ဟု ငါအမှန် ဆို ၏။
14このように、この小さい者たちの一人が滅びることは、天におられるあなたがたの父の御心ではない。
14ထိုနည်းတူ ကောင်းကင် ဘုံ၌ ရှိတော်မူသော သင် တို့အဘ သည် ဤ သူငယ် တစ် ယောက်ကိုမျှ ပျက်စီး စေခြင်းငှာ အလို တော်မ ရှိ ။
15もし、あなたの兄弟があなたに対して罪を犯したなら、行って、二人だけの間でその過ちを指摘しなさい。兄弟があなたの言うことを聞くなら、あなたは兄弟を取り戻したのである。
15ထို့ကြောင့်သင် ၏ညီအစ်ကို သည် သင့် ကိုပြစ်မှား လျှင် ၊ သူ့ ဆီသို့သွား ၍ နှစ်ယောက်တည်းချင်း သူ၏ အပြစ်ကိုပြ ၍ ဆုံးမလော့။ သူသည် သင် ၏စကားကိုနားထောင် လျှင် ညီအစ်ကို ကိုရ ပြီ။
16しかし、聞かなければ、ほかに一人か二人を連れて行きなさい。それは、『二人または三人の証人の証言によって、すべての事実が確かめられる』ためである。
16သို့မဟုတ် သင်၏စကားကိုနား မ ထောင်လျှင် ။ လူနှစ် ဦးသုံး ဦးသက်သေခံ ၍စကား ရှိသမျှ တို့ကို တည် စေခြင်းငှာကိုယ် နှင့်အတူ လူတစ်ဦး နှစ် ဦးကိုခေါ် ဦးလော့။
17それでも彼らの言うことを聞かなければ、教会に知らせなさい。教会の言うことも聞かなければ、その人を異邦人や徴税人と同じように扱いなさい。
17ထိုသူ တို့၏စကားကို နားမထောင် လျှင် အသင်းတော် အား ကြားပြော လော့။ အသင်းတော် ၏စကားကို နားမထောင် လျှင် ၊ သာသနာပ လူကဲ့သို့၎င်း ၊ အခွန်ခံ ကဲ့သို့ ၎င်း ထိုသူကိုမှတ် လော့။
18まことに、あなたがたに言う。あなたがたが地上で縛るものは何でも、天ですでに縛られており、あなたがたが地上で解くものは何でも、天ですでに解かれている。
18ငါအမှန် ဆို သည်ကား၊ မြေကြီး ပေါ်မှာ သင်တို့ချည်နှောင် သမျှ သည် ကောင်းကင် ဘုံ၌ ချည်နှောင် လျက် ရှိ လိမ့်မည်။ မြေကြီး ပေါ်မှာ ဖြည်လွှတ် သမျှ သည် ကောင်းကင် ဘုံ၌ ဖြည်လွှတ် လျက်ရှိ လိမ့်မည်။
19また、まことに、あなたがたに言う。あなたがたのうち二人が、願い求めるどんなことについても地上で心を合わせるなら、天におられる私の父がそれをかなえてくださる。
19တစ်ဖန် ငါဆို သည်ကား၊ မြေကြီး ပေါ်မှာ သင် တို့တွင် နှစ် ယောက်တို့သည် သဘော ချင်းတူ၍ ဆုတောင်း လျှင် ၊ တောင်းသမျှ သောဆု တို့ကို ကောင်းကင် ဘုံ၌ ရှိတော်မူသောငါ ၏ခမည်းတော် သည် ပေး တော်မူလတံ့။
20二人または三人が私の名によって集まるところには、私もその真ん中にいるからである。」
20အကြောင်းမူကား ၊ အကြင်အရပ် ၌ လူနှစ် ဦးသုံး ဦးတို့သည် ငါ ၏နာမ ကိုထောက်၍စည်းဝေး ကြ၏၊ ထို အရပ်၌ သူ တို့အလယ် မှာ ငါရှိ သည် ဟု မိန့်တော်မူ၏။
21そのときペテロがイエスのもとに来て尋ねた。「主よ、兄弟が私に対して罪を犯したら、何度赦せばよいのでしょうか。七回までですか。」
21ထိုအခါ ပေတရု သည်ချဉ်းကပ် ၍၊ သခင် ၊ ညီအစ်ကို သည် အကျွန်ုပ် ကိုပြစ်မှား ၍ အကျွန်ုပ် သည် သူ ၏ အပြစ်ကို ဘယ်နှစ်ကြိမ် လွှတ် ရပါအံ့နည်း။ ခုနှစ် ကြိမ်မြောက် အောင်လွှတ်ရပါအံ့လောဟု မေးလျှောက် သော်၊ ယေရှု က၊ ခုနှစ် ကြိမ်မြောက် အောင်လွှတ်ရမည် ငါမ ဆို ။
22イエスは彼に言われた。 「七回までとは言わない。七十倍の七回までである。
22အကြိမ် ခုနှစ်ဆယ်ခုနှစ်လီ မြောက် အောင်လွှတ်ရမည် ငါဆို၏။
23だから、天の御国は、家来たちと勘定を清算しようとした、ある王にたとえられる。
23ထို့ကြောင့် ကောင်းကင် နိုင်ငံ တော်သည်၊ မိမိ ကျွန် များတို့ကိုစာရင်း ယူ ခြင်းငှာအလိုရှိ သောမင်းကြီး တစ်ဦးနှင့်တူ ၏။
24清算を始めると、一万タラントの借金がある者が王のもとに連れて来られた。
24စာရင်းယူ စဉ်တွင်၊ ငွေ အခွက်တသိန်း ကြွေးတင် သောသူတစ် ယောက်ကို ရှေ့တော်သို့ဆောင်ခဲ့ ကြ၏။
25しかし、その者には返済することができなかったので、主人は彼自身と妻と子どもたち、また全財産を売って、返済するよう命じた。
25ထိုသူသည်ကြွေးဆပ် ရန်မ ရှိ သောကြောင့် ၊ ကိုယ်မှစ၍သား မယား ဥစ္စာ ရှိ သမျှ တို့ကိုရောင်း ၍ ကြွေး ကို ဆပ်စေဟု သူ၏သခင် စီရင် ၏။
26そこで家来はひれ伏し、主人にひざまずいて言った。『どうか私を待ってください。すべてお返しします。』
26ထို ကျွန် သည်ညွတ်ပြပ် ဝပ်တွား လျက်၊သခင် ၊ ကျွန်တော် ကိုသည်းခံ တော်မူပါ။ ကြွေးရှိသမျှ ကို ဆပ် ပါမည်ဟုလျှောက် လျှင်၊
27その家来の主人は深くあわれみ、彼を解放し、借金を免じてやった。
27သူ ၏သခင် သည် သနား ခြင်းရှိသဖြင့် ကြွေး ရှိသမျှကိုလွှတ် ၍ချမ်းသာ ပေးလေ၏။
28ところが、その家来は出て行き、自分に百デナリの借金がある仲間の家来に出会った。 彼はその仲間を捕まえて首を絞め、『借りたものを返せ』と言った。
28ထို ကျွန် သည်ထွက်သွား ရာတွင် မိမိ ငွေဒေနာရိ တစ်ရာ ကြွေးတင် သော ကျွန်ချင်း တစ် ယောက်ကိုတွေ့ လျှင်၊ လည်ပင်း ကိုကိုင် ညှစ်၍ ငါ့ငွေကိုဆပ်ပေး လော့ဟုဆို ၏။
29そこで仲間の家来は彼の足元にひれ伏し、『どうか待ってくれ。必ず返すから』と懇願した。
29ထိုကျွန်ချင်း သည် ကြွေးရှင်၏ခြေရင်း၌ပြပ်ဝပ် လျက် ကျွန်တော် ကိုသည်းခံ တော်မူပါ။ ကြွေး ရှိသမျှကို ဆပ် ပါမည်ဟု တောင်းပန် သော်လည်း ၊
30しかし、彼は承知せず、その仲間を連れて行き、借金を返すまで牢獄に入れた。
30ငွေရှင် သည် နား မ ထောင်ဘဲသွား ၍ ကြွေး ကိုမ ဆပ်မှီတိုင်အောင်သူ့ ကိုထောင် ထဲမှာ လှောင် ထား၏။
31仲間の家来たちは、起こったことを見て非常に悲しみ、主人のところへ行って、事の一部始終を知らせた。
31ထိုအမှုအရာ ကို အခြားသောကျွန်ချင်း တို့သည် မြင် လျှင် အလွန် နာကြည်း သောစိတ်နှင့်သွား ၍ ၊ ပြု လေ သမျှ တို့ကို မိမိ တို့သခင် ၌ ကြားလျှောက် ကြ၏။
32そこで主人は彼を呼び寄せて言った。『悪い家来だ。おまえが懇願したので、私はあの借金をすべて免じてやった。
32ထိုအခါ သခင် သည်ထိုကျွန် ကိုခေါ် ၍၊ ဟယ် ဆိုးညစ် သောကျွန် ၊ သင်သည်ငါ့ ကိုတောင်းပန် သောကြောင့် သင် ၌တင်သမျှ သောကြွေး ကို ငါရှင်းလင်း စေ၏။
33私がおまえをあわれんだように、おまえも仲間の家来をあわれむべきではなかったか。』
33ငါ သည်သင့် ကိုသနား သကဲ့သို့ သင် သည်လည်း ကျွန်ချင်း ကို မ သနား အပ် သလောဟု ဆို လျက်၊
34主人は怒って、借金をすべて返すまで、彼を責めさいなむ者たちに引き渡した。
34အမျက်ထွက် ၍ ကြွေး ရှိသမျှ ကို မ ဆပ် မှီတိုင်အောင်အာဏာသား တို့လက်ကိုအပ် လေ၏။
35あなたがたも、それぞれ心から兄弟の過ちを赦さないなら、天におられる私の父も同じようになさる。」
35သင်တို့သည်လည်း ညီအစ်ကို အချင်းချင်း တို့ကို စိတ် နှလုံးပါလျက်အပြစ် မ လွှတ်လျှင် ၊ ကောင်းကင် ဘုံ၌ ရှိတော်မူသော ငါ ၏အဘ သည် ထိုနည်းတူ သင် တို့ကိုစီရင် တော်မူလတံ့ ဟု မိန့် တော်မူ၏။
Tip: use the ← and → keys to turn chapters.