マタイ 27
Freedom Bible (フリーダム・バイブル)Translation
Freedom Bible (フリーダム・バイブル)
Judson Burmese Bible (1840)
1朝になると、祭司長たちと民の長老たちはみな、イエスを死刑にしようと相談した。
1နံနက် အချိန်ရောက် လျှင် ၊ ယဇ်ပုရောဟိတ် အကြီးတို့နှင့် လူ တို့တွင် အကြီးအကဲ ဖြစ်သောသူ အပေါင်း တို့သည် ယေရှု ကို သတ် အံ့သောငှာ တိုင်ပင် ၍၊
2そしてイエスを縛って連れ出し、総督ポンテオ・ピラトに引き渡した。
2ကိုယ်တော် ကို ချည်နှောင် ပြီးလျှင် မြို့ဝန်မင်း ပုန္တိ ပိလတ်ထံသို့ဆောင်သွား ၍ အပ် လိုက်ကြ၏။
3そのとき、イエスを裏切ったユダは、イエスが有罪とされたのを見て後悔し、銀貨三十枚を祭司長たちと長老たちに返して、
3ထိုအခါ ကိုယ်တော် ကိုအပ်နှံ သော ယုဒ ရှကာရုတ်သည် ကိုယ်တော်၌ သေ ပြစ်ကို စီရင်ကြသည်ကို သိမြင် လျှင်၊ နောင်တရ ၍ ငွေ သုံးဆယ် ကိုယဇ်ပုရောဟိတ် အကြီး၊ လူ အကြီးအကဲတို့၌ ပြန်ပေး ၍၊
4言った。「私は罪のない人を引き渡し、その血を流させて、罪を犯しました。」 しかし彼らは言った。「私たちの知ったことか。自分で責任を負え。」
4အကျွန်ုပ်ပြစ်မှား ပါပြီ။ အပြစ် မရှိသောသူ၏ အသွေး ကိုအပ် မိပါပြီဟု ဆို ၏။ ထိုသူ တို့ကလည်း ငါ တို့နှင့် အဘယ်သို့ ဆိုင်သနည်း။ ကိုယ် အမှုကို ကိုယ်ကြည့် လော့ဟု ဆို ကြသော်၊
5ユダは銀貨を聖所に投げ込んで立ち去り、首をつって死んだ。
5သူသည် ထိုငွေ ကိုဗိမာန် တော်၌ ပစ်ချ ခဲ့၍ အခြားသို့သွား ပြီးလျှင် လည်ကြိုးတပ် ၍ သေလေ၏။
6祭司長たちは銀貨を拾い上げて言った。「これは血の代価だから、神殿の金庫に入れることは律法で許されていない。」
6ယဇ်ပုရောဟိတ် အကြီးတို့သည် ထိုငွေ ကိုယူ ၍ အသွေး ၏အဘိုး ဖြစ် ၏။ ဘဏ္ဍာ တော်၌ မ သွင်း အပ် ဟု ပြောဆို ၊
7彼らは相談し、その銀貨で、旅人を葬るために陶器師の畑を買った。
7တိုင်ပင် ပြီးမှ ၊ အိုးထိန်း သမား၏ မြေ အကွက်ကို တစ်ပါး အမျိုးသားတို့၏သင်္ချိုင်း ဖြစ်စေဘို့ ရာ ထိုငွေ နှင့် ဝယ် ကြ၏။
8そのため、その畑は今日まで「血の畑」と呼ばれている。
8ထိုအကြောင်းကို အစွဲပြု၍ ယခု တိုင်အောင် ထို မြေ အကွက်ကို သွေး မြေ ဟု ခေါ်တွင် ကြ၏။
9こうして、預言者エレミヤ を通して語られたことが成就した。 「彼らは銀貨三十枚を取った。 それは、値をつけられた者の代価、 イスラエルの子らの何人かが値をつけた者の代価である。
9ပရောဖက် ယေရမိ ဟော သည်ကား၊ ဣသရေလ လူတို့သည် အဘိုး ပြတ်သောသူ ၏ ကိုယ်ဘိုး ငွေ သုံးဆယ် ကို သူတို့သည် ယူ ၍ ထာဝရ ဘုရားသည် ငါ့ ကို မှာထား တော်မူသည်အတိုင်း ၊
10彼らは、主が私に命じられたとおり、 それを陶器師の畑の代価として与えた。」
10အိုးထိန်း သမား၏မြေ အကွက်ကို ဝယ် ကြ၏ဟူသောစကား သည်ထိုအခါ ပြည့်စုံ ခြင်းသို့ ရောက်လေ၏။
11さて、イエスは総督の前に立たれた。総督はイエスに尋ねた。「あなたはユダヤ人の王なのか。」 イエスは彼に言われた。 「あなたがそう言っている。」
11ယေရှု သည် မြို့ဝန်မင်း ရှေ့ သို့ရောက် တော်မူသည်ရှိသော် မြို့ဝန်မင်း က၊ သင် သည် ယုဒ ရှင်ဘုရင် မှန် သလောဟု မေး လျှင် ၊ ယေရှု က၊ မင်းကြီး မေး သည်အတိုင်း မှန်သည်ဟု မိန့် တော်မူ၏။
12しかし、祭司長たちや長老たちから訴えられても、イエスは何も答えられなかった。
12ယဇ်ပုရောဟိတ် အကြီးတို့နှင့် လူအကြီးအကဲ တို့သည် အပြစ်တင် ကြသော် တစ်ခွန်းကိုမျှ ပြန် တော်မမူ၊
13そこでピラトはイエスに言った。「彼らがあなたに対して、どれほど多くのことを証言しているか、聞こえないのか。」
13ပိလတ် မင်းကလည်း၊ သင့် တစ်ဘက်၌ အဘယ်မျှလောက် သက်သေခံ ကြသည်ကို သင်မ ကြား သလောဟု ပြောဆို သော်လည်း၊
14しかし、イエスは一言も答えられなかった。そのため、総督は非常に驚いた。
14စကား တစ် ခွန်းကိုမျှ ပြန် တော်မ မူသည်ကို မြို့ဝန်မင်း သည် အလွန် အံ့ဩ လေ၏။
15さて、祭りのたびに、総督は群衆が望む囚人を一人、釈放する習慣があった。
15ထိုပွဲ ၌ မြို့ဝန်မင်း သည် အကျဉ်း ထားသောသူတို့တွင် ၊ လူ များတို့ အလိုရှိ သောသူ တစ် ယောက်ယောက် ကို လွှတ် မြဲထုံးစံ ရှိ၏။
16そのころ、バラバという名の囚人がいて、よく知られていた。
16ထိုအခါ အကျဉ်း ထားသောသူတို့တွင် ဗာရဗ္ဗ အမည် ရှိသော ကျော်စော သောသူတစ်ယောက်ရှိ ၏။
17そこで、人々が集まったとき、ピラトは彼らに言った。「だれを釈放してほしいのか。バラバか、それともキリストと呼ばれるイエスか。」
17လူ များ စည်းဝေး ကြသည်ရှိသော်၊ ပိလတ် မင်းက၊ သင် တို့သည် အဘယ်သူ ကို လွှတ် စေချင် သနည်း။ ဗာရဗ္ဗ ကိုလွှတ်စေချင်သလော။ ခရစ် ဟုခေါ်ဝေါ် သော ယေရှု ကို လွှတ်စေချင်သလောဟု လူ များတို့အား မေး လေ၏။
18ピラトは、人々が妬みのためにイエスを引き渡したことを知っていたからである。
18အဘယ်ကြောင့် ဤသို့မေးသနည်းဟူမူကား၊ ထိုသူတို့သည် မနာလို သောစိတ်နှင့် ယေရှု ကို အပ်နှံ ကြောင်း ကို ပိလတ်မင်းသိ ၏။
19ピラトが裁きの座に着いていると、妻が人を遣わして言わせた。「あの義人にかかわらないでください。私は今日、夢の中であの人のためにたいへん苦しみました。」
19ထိုမှတစ်ပါးတရားပလ္လင် ပေါ်မှာ ထိုင် စဉ်တွင် ၊ မိမိ ခင်ပွန်း သည် လုလင်တစ်ယောက်ကို စေလွှတ် ၍၊ ထို ဖြောင့်မတ် သောသူ ကို အဘယ်သို့ မျှမပြုပါနှင့်။ ယနေ့ ပင် ကျွန်မသည် ထိုသူ ကြောင့် အိပ်မက် ၌ ပြင်းစွာ ခံရ ပါပြီဟု မှာ လိုက်၏။
20しかし、祭司長たちと長老たちは、バラバを釈放させ、イエスを殺すよう、群衆を説き伏せた。
20လူအစုအဝေးတို့သည် ဗာရဗ္ဗ ကိုတောင်း ၍ ယေရှု ကိုသတ် စေခြင်းငှာ ယဇ်ပုရောဟိတ် အကြီးတို့နှင့် လူ အကြီးအကဲ တို့သည် လူ များကို တိုက်တွန်း သွေးဆောင်ကြ၏။
21総督は彼らに尋ねた。「二人のうち、どちらを釈放してほしいのか。」 彼らは言った。「バラバを。」
21ထို့ကြောင့် မြို့ဝန်မင်း သည်၊ ဤသူနှစ် ယောက်တို့တွင် သင် တို့သည်အဘယ်သူ ကိုလွှတ် စေချင် သနည်း ဟု လူ များကို တစ်ဖန်မေး သောအခါ၊ ဗာရဗ္ဗ ကို လွှတ်စေချင်ပါသည်ဟု လျှောက် ကြ၏။
22ピラトは彼らに言った。「では、キリストと呼ばれるイエスをどうすればよいのか。」 彼らはみな言った。「十字架につけろ。」
22ပိလတ် မင်းကလည်း၊ သို့ဖြစ်လျှင် ခရစ် ဟု ခေါ်ဝေါ် သော ယေရှု ကို အဘယ်သို့ ပြု ရမည်နည်းဟု မေး ပြန်သော်၊ ထိုသူအပေါင်း တို့က၊ သူသည် လက်ဝါးကပ်တိုင် မှာရိုက်ထားခြင်းကို ခံပါလေစေဟု ဆို ကြ၏။
23総督は言った。「なぜだ。この人がどんな悪いことをしたというのか。」 しかし彼らは、ますます激しく、「十字架につけろ」と叫んだ。
23မြို့ဝန်မင်း ကလည်း အဘယ်ကြောင့် နည်း။ အဘယ် အပြစ် ကို ပြု ဘိသနည်းဟုမေး လျှင် ၊ ထိုသူ သည် လက်ဝါးကပ်တိုင် မှာရိုက်ထားခြင်းကို ခံပါလေစေဟု လူများတို့သည် သာ၍ ဟစ် ကြ၏။
24ピラトは、何をしても無駄で、かえって騒動が起こり始めたのを見て、水を取り、群衆の前で手を洗って言った。「私はこの義人の血について責任はない。おまえたちが始末せよ。」
24ပိလတ် မင်းသည် မိမိမ နိုင် ၊ လူများသာ၍ ရုန်းရင်းခတ် မျှ ပြု ကြသည်ကိုမြင် လျှင် ၊ ရေ ကိုယူ ၍ လူ များ ရှေ့ တွင် မိမိ လက် ကိုဆေး လျက်၊ ဤ ဖြောင့်မတ်သော သူ၏ အသွေး နှင့်ငါသည် ကင်းရှင်း ၏။ ဤအမှုကို သင် တို့ ကြည့် ကြလော့ဟု ဆို ၏။
25民はみな答えた。「その人の血の責任は、われわれとわれわれの子どもたちが負う。」
25ထိုလူ အပေါင်း တို့က သူ ၏အသွေး သည် ငါ တို့၏ ခေါင်းပေါ်၌ ၎င်း သား မြေးတို့၏ခေါင်းပေါ်၌ ၎င်းတည်ရှိပါစေဟု ပြန်ပြော ကြ၏။
26そこでピラトはバラバを彼らに釈放した。一方、イエスをむち打ち、十字架につけるために引き渡した。
26ပိလတ်မင်းသည်လည်း ဗာရဗ္ဗ ကို လူ များတို့အား လွှတ် လေ၏။ ယေရှု ကိုကား ရိုက် ပြီးလျှင်လက်ဝါးကပ်တိုင် မှာသတ်စေခြင်းငှာ အပ် လိုက်လေ၏။
27それから、総督の兵士たちはイエスを総督官邸に連れて行き、部隊全員をイエスの周りに集めた。
27ထိုအခါ မြို့ဝန်မင်း ၏ စစ်သူရဲ တို့သည် ယေရှု ကို အိမ်တော်ဦး သို့ ဆောင်သွား ၍ စစ်သူရဲ တတပ်လုံးကို အထံ တော်၌ စုရုံး စေပြီးမှ၊
28そしてイエスの衣を脱がせ、緋色の衣を着せた。
28အဝတ်တော်ကို ချွတ် ၍ နီ သောဝတ်လုံ ကို ခြုံ စေကြ၏။
29また、いばらで冠を編んで頭に載せ、右手に葦の棒を持たせた。そしてイエスの前にひざまずき、「ユダヤ人の王、万歳」と言って、あざけった。
29ဆူးပင် နှင့် ရက် သောဦးရစ် ကို ခေါင်း တော်၌ တင် ကြ၏။ ကျူ တစ်လုံးကိုလည်း လက်ျာ လက်တော်နှင့် ကိုင် စေပြီးလျှင် ရှေ့ တော်မှာဒူးထောက် လျက်ယုဒ ရှင်ဘုရင် ၊ ကိုယ်တော်သည် မင်္ဂလာ ရှိစေသတည်းဟူ၍ကိုယ်တော် ကို ပြက်ယယ်ပြု ကြ၏။
30またイエスにつばを吐き、葦の棒を取って頭を何度もたたいた。
30ကိုယ်တော် ကို တံတွေး နှင့်ထွေးကြ၏။ ကျူလုံး ကိုယူ ၍ ခေါင်း တော်ကို ရိုက် ကြ၏။
31こうしてイエスをあざけった後、緋色の衣を脱がせ、元の衣を着せた。そして十字架につけるために連れ出した。
31ထိုသို့ ကိုယ်တော် ကို ပြက်ယယ်ပြု သည်နောက် ၊ မင်းဝတ်လုံ ကို ချွတ် ၍ အဝတ် တော်ကို ဝတ် ပြန်စေပြီးလျှင် လက်ဝါးကပ်တိုင် မှာရိုက်ထားခြင်းငှာ ထုတ်သွား ကြ၏။
32彼らが出て行くと、シモンという名のキレネ人を見つけたので、イエスの十字架を運ばせるため、無理やり同行させた。
32သွား ကြစဉ်တွင် ရှိမုန် အမည် ရှိသောကုရေနေ ပြည်သားတစ်ယောက်ကိုတွေ့ လျှင်၊ အနိုင်ပြု ၍ လက်ဝါးကပ်တိုင် တော်ကို ထမ်း စေကြ၏။
33彼らはゴルゴタ、すなわち「どくろの場所」と呼ばれる所に来た。
33ဦးခေါင်းခွံ အရပ် ဟု ဆိုလို သောဂေါလဂေါသ အမည် တွင်သောအရပ် သို့ ရောက် ကြသော် ၊
34そして、胆汁を混ぜた酸いぶどう酒 を飲ませようとした。 しかしイエスは味わってみて、飲もうとはされなかった。
34ဆေးခါး နှင့် ရော သောပုံးရည် ကို ကိုယ်တော် အား သောက် စိမ့်သောငှာပေး လျှင်၊ မြည်းစမ်း တော်မူ၍ မ သောက် ချင် ဘဲ နေလေ၏။
35彼らはイエスを十字架につけると、くじを引いてその衣を分けた。
35ကိုယ်တော် ကို လက်ဝါးကပ်တိုင် မှာရိုက်ထားပြီးလျှင် အဝတ် တော်တို့ကို စာရေးတံ ချ ၍ ဝေဖန် ကြ၏။
36そして、そこに座ってイエスを見張っていた。
36ထို အရပ်၌လည်း ထိုင် လျက် စောင့် နေကြ၏။
37また、イエスの頭の上に、「これはユダヤ人の王イエス」と書かれた罪状書きを掲げた。
37အပြစ် ဖေါ်ပြသော ကမ္ဗည်းလိပ်စာချက်ဟူမူကား၊ ဤသူ သည် ယုဒ ရှင်ဘုရင် ယေရှု ပေတည်း ဟု ရေး ၍ ခေါင်း တော်ပေါ်မှာ တပ် သတည်း။
38そのとき、二人の強盗がイエスと共に十字架につけられた。一人は右に、もう一人は左にいた。
38ထိုအခါ ကိုယ်တော် နှင့်တကွ ဓားပြ နှစ် ယောက်တို့ကို လက်ျာ တော်ဘက်၌ တစ် ယောက်၊ လက်ဝဲ တော် ဘက်၌ တစ် ယောက်၊ လက်ဝါးကပ်တိုင် မှာရိုက်ထားကြ၏။
39通りかかった人々は頭を振りながら、イエスを冒涜して、
39လမ်းမှာ သွားလာ သောသူ တို့ကလည်း ၊ ဗိမာန် တော်ကို ဖြိုဖျက် ၍ သုံး ရက် အတွင်း တွင် တည်ဆောက် ပြန်သောသူ ၊ ကိုယ်ကိုကိုယ် ကယ်တင် လော့။
40言った。「神殿を壊して三日で建てる者よ、自分を救ってみろ。神の子なら、十字架から降りて来い。」
40ဘုရားသခင် ၏သား တော်မှန် လျှင် လက်ဝါးကပ်တိုင် မှ ဆင်း လော့ဟု မိမိ တို့ခေါင်း ကိုညှိတ် ၍ ကဲ့ရဲ့ သော စကားနှင့် ပြောဆို ကြ၏။
41同じように、祭司長たちも、律法学者たち、パリサイ人たち、 長老たちと共にイエスをあざけって言った。
41ထိုနည်းတူ ယဇ်ပုရောဟိတ် အကြီး၊ ကျမ်းပြု ဆရာ၊ လူ အကြီးအကဲတို့က၊ ဤသူသည် သူတစ်ပါး တို့ကို ကယ်တင် တတ်၏။
42「他人は救ったが、自分は救えない。イスラエルの王なら、今すぐ十字架から降りてみろ。そうすれば、われわれは彼を信じよう。
42ကိုယ် ကို မ ကယ်တင် နိုင် ပါတကား။ ဣသရေလ ရှင်ဘုရင် မှန် လျှင် လက်ဝါးကပ်တိုင် မှ ယခု ဆင်း ပါလေစေ။ ဆင်းလျှင် ငါတို့ယုံကြည် မည်။
43彼は神に信頼している。神が彼を喜んでおられるなら、今、救い出してもらえばよい。『私は神の子だ』と言っていたのだから。」
43ဘုရားသခင် ကိုကိုးစား ပြီ။ ငါ သည် ဘုရားသခင် ၏သား ဖြစ်၏ဟုဆို ပြီ။ သို့ဖြစ်၍ဘုရားသခင်သည် သူ ၌ အလို တော်ရှိလျှင် ယခုပင် ကယ်တင် တော်မူပါလေစေဟု ပြက်ယယ်ပြု ၍ ပြောဆို ကြ၏။
44イエスと共に十字架につけられた強盗たちも、同じようにイエスをののしった。
44ထိုနည်းတူ ကိုယ်တော် နှင့်တကွ လက်ဝါးကပ်တိုင် မှာရိုက်ထားသောဓားပြ တို့သည်လည်း ကဲ့ရဲ့ အပြစ်တင်ကြ၏။
45さて、第六時 から第九時 まで、全地が暗くなった。
45မွန်းတည့် အချိန် မှစ၍ သုံးချက်တီး အချိန် တိုင်အောင် မြေ တပြင်လုံး ၌ မှောင်မိုက် အတိဖြစ် လေ၏။
46第九時ごろ、イエスは大声で叫んで言われた。 「エリ、エリ、リマ サバクタニ。」 これは、 「わが神、わが神、なぜ私をお見捨てになったのですか」 という意味である。
46သုံးချက်တီး အချိန် ၌ ယေရှု က၊ ဧလိ ၊ ဧလိ ၊ လာမာ ရှာဗခသာနိ ဟု ကြီး သောအသံ နှင့် ကြွေးကြော် တော်မူ၏။ အနက် ကား၊ အကျွန်ုပ် ဘုရား ၊ အကျွန်ုပ် ဘုရား ၊ အဘယ်ကြောင့် အကျွန်ုပ် ကို စွန့်ပစ် တော်မူသနည်း ဟု ဆိုလို သတည်း။
47そこに立っていた人々の何人かは、これを聞いて言った。「この人はエリヤを呼んでいる。」
47ထို အရပ်၌ ရပ် နေသောသူ အချို့ တို့သည် ကြား လျှင်၊ သူသည် ဧလိယ ကိုခေါ်သည် ဟု ဆို ကြ၏။
48するとすぐ、そのうちの一人が走って行き、海綿を取って酢を含ませ、葦の棒につけて、イエスに飲ませた。
48လူတစ် ယောက်သည် ချက်ခြင်း ပြေး ၍ ရေမှို တထွေးကို ပုံးရည် နှင့် ပြည့် စေပြီးလျှင် ၊ ကျူလုံး ဖျား၌ တပ် ၍ ကိုယ်တော် အား သောက်စိမ့်သောငှာပေး လေ၏။
49ほかの者たちは言った。「待て。エリヤが彼を救いに来るかどうか、見てみよう。」
49ကြွင်း သောသူ တို့က၊ ရှိ စေတော့။ ဧလိယ သည် သူ့ ကိုကယ်တင် ခြင်းငှာလာ မည်မလာမည်ကို ကြည့် ကြ ကုန်အံ့ဟု ဆို ကြ၏။
50しかし、イエスは再び大声で叫び、霊を明け渡された。
50ယေရှု သည် ကြီး သောအသံ နှင့်တစ်ဖန် ကြွေးကြော် ပြီးလျှင် အသက် တော်ကို လွှတ် တော်မူ၏။
51見よ、神殿の垂れ幕が上から下まで真っ二つに裂けた。地が揺れ、岩が裂けた。
51ထိုအခါ ဗိမာန် တော်၏ ကုလားကာ သည် အထက် စွန်းမှ အောက် စွန်းတိုင်အောင် စုတ်ကွဲ လေ၏။ မြေကြီး လှုပ် လေ၏။ ကျောက် များတို့သည် ကွဲပြား ကြ၏။
52墓が開き、眠りについていた多くの聖徒たちの体が生き返った。
52သင်္ချိုင်း တွင်းတို့သည် ပွင့် လစ်သဖြင့် ကျိန်းစက် လျက်ရှိသော သန့်ရှင်း သူတို့၏ အလောင်း များစွာ တို့ သည် ထ ကြ၍ ၊
53彼らはイエスの復活の後、墓から出て聖なる都に入り、多くの人々に現れた。
53ကိုယ်တော် ထမြောက် တော်မူသည်နောက် ၊ ထိုသူတို့သည် သင်္ချိုင်း တွင်းမှ ထွက် ၍ သန့်ရှင်း သောမြို့ ထဲသို့ ဝင် ပြီးလျှင် ၊ လူများစွာ တို့အား ထင်ရှား ကြ၏။
54百人隊長と、一緒にイエスを見張っていた者たちは、地震と起こった出来事を見て、非常に恐れ、「本当にこの方は神の子だった」と言った。
54ယေရှု ကိုစောင့် သော တပ်မှူး မှစ၍ စစ်သူရဲ များတို့သည် မြေကြီး လှုပ်ခြင်းစသည်တို့ကိုမြင် လျှင် အလွန် ထိတ်လန့် ၍ ၊ စင်စစ် ဤသူ သည် ဘုရားသခင် ၏သား တော်မှန် ပေ၏ဟု ဆို ကြ၏။
55また、そこには大勢の女たちがいて、遠くから見ていた。彼女たちはガリラヤからイエスについて来て、仕えていたのである。
55ဂါလိလဲ ပြည်က ယေရှု နောက် တော်၌ အလုပ်အကျွေး လိုက်လာသော မိန်းမ အများ တို့သည်လည်း ထို အရပ်၌ အဝေး က ကြည့်ရှု ၍ နေ ကြ၏။
56その中には、マグダラのマリア、ヤコブとヨセの母マリア、そしてゼベダイの息子たちの母がいた。
56ထိုမိန်းမ တို့တွင် မာဂဒလ မာရိ ၊ ယာကုပ် နှင့် ယောသေ တို့၏ အမိ ဖြစ်သောမာရိ နှင့် ဇေဗေဒဲ ၏ သား တို့၏ အမိ ပါ ကြသတည်း။
57夕方になると、アリマタヤ出身のヨセフという金持ちが来た。彼自身もイエスの弟子であった。
57ည အချိန်ရောက် မှ အရိမသဲ မြို့သားယောသပ် အမည် ရှိသောသူဌေး သည် ယေရှု ၏တပည့် တော် ဖြစ် သည်နှင့် ၊
58この人はピラトのところへ行き、イエスの遺体を渡してほしいと願った。そこでピラトは、遺体を渡すよう命じた。
58ပိလတ် မင်းထံသို့ဝင် ၍ ယေရှု ၏အလောင်း တော်ကို တောင်း လေ၏။ ပိလတ် မင်းသည် အလောင်း တော်ကို ပေး စေခြင်းငှာအမိန့် တော်ရှိသော် ၊
59ヨセフは遺体を受け取り、きれいな亜麻布で包み、
59ယောသပ် သည် အလောင်း တော်ကိုယူ ၍ ဖြူစင် သောပိတ်ချော နှင့် ပတ်ရစ် ပြီးလျှင် ၊
60岩を掘って造った自分の新しい墓に納めた。そして墓の入り口に大きな石を転がして置き、立ち去った。
60ကျောက် ၌ ထွင်း သောမိမိ သင်္ချိုင်း တွင်းသစ် ထဲမှာ ထား လေ၏။ ကြီးစွာ သော ကျောက် ကိုလည်း တွင်း ဝ ၌ လှိမ့် ထားပြီးမှ သွား ၏။
61マグダラのマリアともう一人のマリアは、そこにいて墓の向かいに座っていた。
61မာဂဒလ မာရိ နှင့် အခြား သောမာရိ သည် ထို အရပ်၌ သင်္ချိုင်း တော်ရှေ့ မှာ ထိုင် လျက်နေရစ်ကြ၏။
62翌日、すなわち準備の日の次の日、祭司長たちとパリサイ人たちはピラトのもとに集まり、
62အဘိတ်နေ့ လွန် ၍ နက်ဖြန် နေ့ရောက် လျှင် ၊ ယဇ်ပုရောဟိတ် အကြီးနှင့် ဖာရိရှဲ တို့သည် ပိလတ် မင်းထံ၌ စုဝေး ၍၊
63言った。「閣下、あの男は人を惑わす者で、生きていたとき、『私は三日後によみがえる』と言っていたのを思い出しました。
63ထို လှည့်ဖြား သောသူ က၊ ငါသည် သုံး ရက် မြောက် သောနေ့၌ ထမြောက် မည်ဟု မ သေမှီ ပြော သည်ကို အကျွန်ုပ်တို့မှတ်မိ ပါပြီ။
64ですから、三日目まで墓を厳重に警備するよう命じてください。そうでないと、弟子たちが夜に来て彼を盗み出し、民に『彼は死者の中からよみがえった』と言うかもしれません。そうなれば、後の惑わしは初めよりもひどくなります。」
64ထိုကြောင့် သူ ၏တပည့် တို့သည် ညအခါလာ ၍ အလောင်း ကိုခိုးယူ ပြီးလျှင် ၊ သူသည် သေ ခြင်းမှ ထမြောက် တော်မူပြီဟု လူ အပေါင်းတို့အား ပြောဆို ကြသော်၊ ရှေ့ အမှား ထက် နောက် အမှားသာ၍ ကြီးမည်ဟု စိုးရိမ်စရာ အကြောင်းရှိ သည်ဖြစ်၍၊ သင်္ချိုင်း တွင်းကို သုံး ရက် မြောက် အောင်လုံခြုံစွာစောင့် စိမ့်သောငှာအမိန့် ရှိတော်မူပါဟု လျှောက် ကြလျှင်၊
65ピラトは彼らに言った。「おまえたちには番兵がいる。行って、できるかぎり厳重に警備せよ。」
65ပိလတ် မင်းက၊ သင်တို့၌ လူစောင့် တတပ်ရှိ ၏။ သွား ကြ၊ တတ်နိုင်သမျှအတိုင်း လုံခြုံစွာစောင့် စေကြ ဟု ဆို လေ၏။
66そこで彼らは行き、石に封印をして番兵を置き、墓を厳重にした。
66ထိုသူ တို့သည် သွား ၍ ကျောက် ကို တံဆိပ် ခတ်ပြီးလျှင်အစောင့် ထားလျက် သင်္ချိုင်း တွင်းတော်ကို လုံခြုံ စွာ ပြုကြ၏။
Tip: use the ← and → keys to turn chapters.