マタイ 16
Freedom Bible (フリーダム・バイブル)Translation
Freedom Bible (フリーダム・バイブル)
Judson Burmese Bible (1840)
1パリサイ人たちとサドカイ人たちが来て、イエスを試そうとし、天からのしるしを見せてほしいと求めた。
1ထိုအခါ ဖာရိရှဲ နှင့် ဇဒ္ဒုကဲ တို့သည် ကိုယ်တော် ကို စုံစမ်း နှောင့်ရှက်ခြင်းငှာချဉ်းကပ် ၍၊ မိုဃ်း ကောင်းကင်က ဖြစ်သော နိမိတ် လက္ခဏာကို ပြ တော်မူမည်အကြောင်း တောင်းပန် ကြ၏။
2しかし、イエスは彼らに答えられた。 「夕方になると、あなたがたは、『空が赤いから、晴れるだろう』と言う。
2ကိုယ်တော် ကလည်း ၊ သင်တို့သည် ညဦးယံ ၌ပြောဆို တတ်သည်ကား၊ ယခုမိုးတိမ် နီ သည်ဖြစ်၍ မိုး ကြည်လင်လိမ့်မည်ဟု ဆိုတတ်ကြ၏။
3また朝には、『空が赤く、どんよりしているから、今日は荒れ模様だろう』と言う。偽善者たちよ。あなたがたは空模様を見分けることができるのに、時代のしるしを見分けることができない。
3နံနက်ယံ ၌ကား၊ ယခုမိုး အုံ့ လျက်ရှိ၏။ နီမောင်း သောအဆင်းလည်းရှိ၏။ ယနေ့ မိုးသက် မုန်တိုင်းလာလိမ့်မည်ဟုဆိုတတ်ကြ၏။ လျှို့ဝှက်သောသူတို့၊ သင်တို့သည် မိုးကောင်းကင် ၏ မျက်နှာ ကိုပိုင်းခြား ၍သိ နိုင်ကြ၏။ကပ် ကာလ၏ နိမိတ် လက္ခဏာတို့ကို ပိုင်းခြား၍မ သိနိုင် ကြ။
4邪悪で不実な時代はしるしを求めるが、預言者ヨナのしるしのほかには、何のしるしも与えられない。」 イエスは彼らを残して立ち去られた。
4ဆိုးညစ် ၍ မျောက်မထား သောအမျိုး သည် နိမိတ် လက္ခဏာကိုတောင်း သည်မှာ၊ ပရောဖက်ယောန ၏ နိမိတ် လက္ခဏာမှတစ်ပါး အဘယ်လက္ခဏာ ကိုမျှ သူတို့အားမ ပြ ရာ ဟု မိန့် တော်မူပြီးလျှင်၊ ထိုသူ တို့ရှိရာမှထွက် ၍ ကြွ တော်မူ၏။
5弟子たちは向こう岸に着いたが、パンを持って来るのを忘れていた。
5တပည့် တော်တို့သည် ကမ်းတစ်ဘက် သို့ သွား ကြသောအခါ မုန့် ကိုယူ ခြင်းငှာမေ့လျော့ ကြ၏။
6イエスは彼らに言われた。 「パリサイ人とサドカイ人のパン種に注意し、用心しなさい。」
6ယေရှု ကလည်း ၊ ဖာရိရှဲ နှင့် ဇဒ္ဒုကဲ တို့၏ တဆေး ကိုသတိ နှင့် ကြဉ်ရှောင် ကြ ဟု မိန့် တော်မူ၏။
7弟子たちは、「私たちはパンを持って来なかった」と互いに論じ合った。
7တပည့် တော်တို့ကလည်း ၊ ငါတို့၌ မုန့် မ ပါ သောကြောင့် ဤစကားကိုမိန့်တော်မူသည်ဟု အချင်းချင်း ဆွေးနွေး ပြောဆို ကြ၏။
8イエスはそれに気づいて言われた。 「信仰の薄い者たちよ。なぜ、パンを持って来なかったことを論じ合っているのか。
8ယေရှု သည် သိ တော်မူလျှင် ၊ ယုံကြည် အားနည်းသောသူတို့၊ သင်တို့၌မုန့် မ ပါ သည်ကိုထောက်၍အဘယ်ကြောင့် အချင်းချင်း ဆွေးနွေး ပြောဆိုကြသနည်း။
9まだ分からないのか。五千人に五つのパンを分けたとき、幾つのかごいっぱいに拾い集めたか、覚えていないのか。
9မုန့် ငါး လုံးကို လူငါးထောင် စား၍ စားကြွင်းဘယ်နှစ် တောင်း ကောက်သိမ်း သည်ကို၎င်း၊မုန့် ခုနှစ် လုံးကိုလူလေးထောင် စား၍စားကြွင်းဘယ်နှစ် တောင်း ကောက်သိမ်း သည်ကို၎င်း၊
10また、四千人に七つのパンを分けたとき、幾つのかごいっぱいに拾い集めたか、覚えていないのか。
10သင်တို့သည် နှလုံး မ သွင်း မ အောက်မေ့ ဘဲနေကြသေးသလော။
11私がパンについて話したのではないことが、どうして分からないのか。パリサイ人とサドカイ人のパン種に用心しなさい。」
11ဖာရိရှဲ နှင့် ဇဒ္ဒုကဲ တို့၏ တဆေး ကိုကြဉ်ရှောင် ကြ ဟူသောစကားကို ငါပြောသည်တွင်၊ မုန့် ကိုအမှတ်ပြု၍ ငါမ ပြောသည် ကို သင်တို့သည် နား မ လည်ဘဲ အဘယ်သို့ နေကြသနည်း ဟု မိန့် တော်မူ၏။
12そのとき弟子たちは、イエスが用心するように言われたのはパンに入れるパン種のことではなく、パリサイ人とサドカイ人の教えのことだと理解した。
12ထိုအခါ တပည့်တော်တို့သည် မုန့် ၏ တဆေး ကို ကြဉ်ရှောင် ကြဟု မိန့် တော်မ မူ။ ဖာရိရှဲ နှင့် ဇဒ္ဒုကဲ တို့၏ ဩဝါဒ ကို ကြဉ်ရှောင်ကြဟု မိန့်တော်မူသည်ကို နားလည်ကြသတည်း။
13さて、イエスはカイサリア・ピリポ地方に来られたとき、弟子たちに尋ねられた。 「人々は、人の子である私をだれだと言っているか。」
13ယေရှု သည် ဖိလိပ္ပု ကဲသရိ မြို့၏ ကျေးလက် သို့ ကြွ တော်မူသောအခါ ၊ လူ များတို့သည် လူ သား ဖြစ် သော ငါ့ကို အဘယ်သူ ဖြစ်သည်ဆို ကြသနည်း ဟု တပည့် တော်တို့ကို မေးမြန်း တော်မူလျှင်၊
14弟子たちは答えた。「バプテスマのヨハネだと言う人もいれば、エリヤだと言う人もいます。また、エレミヤ、あるいは預言者の一人だと言う人もいます。」
14လူအချို့ က၊ ကိုယ်တော်သည် ဗတ္တိဇံ ဆရာယောဟန် ဖြစ်သည်ဟူ၍၎င်း၊ အချို့ က၊ ဧလိယ ဖြစ်သည် ဟူ၍၎င်း၊ အချို့ က၊ ယေရမိ မှစ၍ ပရောဖက် တပါးပါး ဖြစ်သည်ဟူ၍၎င်း ဆိုကြပါ၏ဟု လျှောက် ကြသော် ၊
15イエスは彼らに言われた。 「では、あなたがたは私をだれだと言うのか。」
15သင် တို့လည်း ငါ့ ကို အဘယ်သူ ဖြစ် သည် ဆို ကြသနည်း ဟု မေးမြန်း တော်မူလျှင်၊
16シモン・ペテロが答えた。「あなたはキリスト、生ける神の子です。」
16ရှိမုန် ပေတရု က၊ ကိုယ်တော် သည် ခရစ်တော် တည်းဟူသောအသက် ရှင်တော်မူသော ဘုရားသခင် ၏ သား တော်ဖြစ် တော်မူသည်ဟု လျှောက် လေ၏။
17イエスは彼に答えられた。 「バルヨナ・シモン、あなたは幸いである。このことをあなたに示したのは、肉と血ではなく、天におられる私の父だからである。
17ယေရှု ကလည်း ၊ ရှိမုန် ဗာယောန ၊ သင်သည်မင်္ဂလာ ရှိ ၏။ အကြောင်းမူကား ၊ အသွေး အသား သည် အကြောင်းအရာကို သင့် အားဖော်ပြ သည်မ ဟုတ်။ ကောင်းကင် ဘုံ၌ ရှိတော်မူသောငါ့ ခမည်းတော် သည် ဖော်ပြတော်မူသတည်း။
18私もあなたに言う。あなたはペテロである。 私はこの岩の上に 私の教会を建てる。ハデス の門も、それに打ち勝つことはない。
18ငါ ဆို သည်ကား၊ သင် သည် ပေတရု ဖြစ် ၏။ ဤ ကျောက် ပေါ်မှာ ငါ့ အသင်း ကို ငါတည်ဆောက် မည်။ ထိုအသင်း ကို မရဏာ နိုင်ငံ၏တံခါး တို့သည် မ နိုင် ရာ။
19私はあなたに天の御国の鍵を与える。あなたが地上で縛るものは何でも、天ですでに縛られており、あなたが地上で解くものは何でも、天ですでに解かれている。」
19ကောင်းကင် နိုင်ငံ တော်၏ သော့ တို့ကိုလည်း သင့် အားငါပေး မည်။ သင်သည်မြေကြီး ပေါ်မှာ ချည်နှောင် သမျှ သည် ကောင်းကင် ဘုံ၌ ချည်နှောင် လျက်ရှိ လိမ့်မည်။ မြေကြီး ပေါ်မှာ ဖြည်လွှတ် သမျှ သည် ကောင်းကင် ဘုံ၌ ဖြည်လွှတ် လျက်ရှိ လိမ့်မည် ဟု မိန့် တော်မူပြီးလျှင် ၊
20それからイエスは、ご自分がキリストであることをだれにも言わないよう、弟子たちに命じられた。
20ကိုယ်တော် သည် ခရစ်တော် ဖြစ် ကြောင်း ကို အဘယ်သူ အားမျှမပြော စိမ့်သောငှာတပည့် တော်တို့ကို ပညတ် တော်မူ၏။
21その時から、イエスはご自分がエルサレムへ行き、長老たち、祭司長たち、律法学者たちから多くの苦しみを受け、殺され、三日目によみがえらなければならないことを、弟子たちに示し始められた。
21ထိုမှတပါးကိုယ်တော် သည် ယေရုရှလင် မြို့သို့ သွား ရ မည်။ လူ အကြီးအကဲ၊ ယဇ်ပုရောဟိတ် အကြီး၊ ကျမ်းပြု ဆရာတို့လက်၌ များစွာ ခံရ မည်။ အသေ သတ်ခြင်းကိုလည်း ခံရမည်။ သုံး ရက်မြောက်သောနေ့ ၌ ထမြောက် လိမ့်မည်ဟူသောအကြောင်း များကို ထိုအခါ မှ စ ၍တပည့် တော်တို့အား ပြ တော်မူ၏။
22するとペテロはイエスを脇へお連れし、いさめ始めた。「主よ、どうかそんなことがありませんように。そんなことがあなたに起こるはずはありません。」
22ထိုအခါ ပေတရု သည် ကိုယ်တော်ကို မိမိ နှင့်အတူခေါ် ၍ ၊ သခင် ၊ ကိုယ်တော် ၌ ဤသို့မဖြစ်ပါစေနှင့်။ ဤ အမှုသည် ကိုယ်တော် ၌ မ ရောက် ရာဟု အပြစ်တင် သောစကားကို လျှောက် သော်၊
23しかし、イエスは振り向いてペテロに言われた。 「サタンよ、私の後ろに退け。あなたは私をつまずかせる者だ。神のことを思わず、人のことを思っているからである。」
23ကိုယ်တော် သည် မျက်နှာတော်ကိုလှည့် ၍ အချင်းရန်သူ ၊ ငါ့ နောက် သို့ဆုတ် လော့။ သင်သည် ငါ တိုက်မိ ၍ လဲစရာအကြောင်းဖြစ် ၏။ သင်သည် ဘုရားသခင် ၏အရာ ကို စိတ်မ စွဲလမ်း ၊ လူ တို့၏အရာ ကိုသာ စွဲလမ်း သည် ဟု မိန့် တော်မူ၏။
24それからイエスは弟子たちに言われた。 「だれでも私について来たいと思うなら、自分を捨て、自分の十字架を負って、私に従いなさい。
24ထိုအခါ ယေရှု က၊ ငါ ၌ဆည်းကပ် လို သောသူ ဖြစ် လျှင်ကိုယ်ကိုကိုယ် ငြင်းပယ် ရမည်။ ကိုယ် လက်ဝါးကပ်တိုင် ကိုထမ်း ၍ ငါ့ နောက်သို့လိုက် ရမည်။
25自分のいのちを救おうとする者はそれを失い、私のために自分のいのちを失う者はそれを見いだすからである。
25အကြင်သူ သည် မိမိ အသက် ကို ကယ်ဆယ် ခြင်းငှာအလိုရှိ ၏။ ထိုသူသည် အသက် ရှုံး လိမ့်မည်။ အကြင်သူ သည် ငါ့ ကြောင့် အသက် ရှုံး ၏၊ ထိုသူသည်အသက် ကို တွေ့ လိမ့်မည်။
26たとえ全世界を手に入れても、自分のいのちを失うなら、何の益があるだろうか。また、人は自分のいのちと引き換えに何を差し出せるだろうか。
26လူ သည် ဤစကြဝဠာ ကို အကြွင်းမဲ့ အစိုးရ ၍ မိမိ အသက် ဝိညာဉ်ရှုံး လျှင် အဘယ် ကျေးဇူး ရှိသနည်း။ မိမိ အသက် ဝိညာဉ်ကို အဘယ် ဥစ္စာနှင့်ရွေး နိုင်သနည်း။
27人の子は、御使いたちと共に父の栄光のうちに来る。そのとき、一人ひとりにその行いに応じて報いる。
27လူ သား သည် မိမိ အဘ ခမည်းတော်၏ ဘုန်း အာနုဘော်ကိုဆောင်လျက်၊ ကောင်းကင် တမန် အခြံအရံတို့နှင့် ကြွလာ တော်မူလတံ့။ ထိုအခါ သူ အသီးသီး ကျင့်သောအကျင့် နှင့် အလျောက် အကျိုးအပြစ်ကို ဆပ်ပေး တော်မူလတံ့။
28まことに、あなたがたに言う。ここに立っている者の中には、人の子が御国のうちに来るのを見るまでは、決して死を味わわない者がいる。」
28ငါအမှန် ဆို သည်ကား၊ လူ သား သည် နိုင်ငံ တော်တည်လျက်ကြွလာ တော်မူသည်ကို၊ ဤ အရပ်၌ရှိ သော သူ အချို့ တို့သည် မ မြင် မှီသေ ခြင်းသို့မ ရောက် ရကြဟု တပည့် တော်တို့အား မိန့် တော်မူ၏။
Tip: use the ← and → keys to turn chapters.