マタイ 4
Freedom Bible (フリーダム・バイブル)Translation
Freedom Bible (フリーダム・バイブル)
Judson Burmese Bible (1840)
1それからイエスは、悪魔から誘惑を受けるため、聖霊に導かれて荒野へ上って行かれた。
1ထိုအခါ မာရ်နတ် ၏စုံစမ်း သွေးဆောင်ခြင်းကို ခံစေမည်အကြောင်း၊ ဝိညာဉ် တော်သည် ယေရှု ကို တော သို့ ပို့ဆောင် တော်မူ၍၊
2四十日四十夜断食した後、イエスは空腹を覚えられた。
2ယေရှုသည် အရက် လေးဆယ်ပတ်လုံး အစာ အာဟာရကို မသုံးဆောင်ဘဲနေပြီးမှ မွတ်သိပ် ခြင်းသို့ ရောက်တော်မူ၏။
3すると誘惑する者が近づいて言った。「もしあなたが神の子なら、これらの石にパンになれと命じなさい。」
3ထိုအခါ စုံစမ်း သွေးဆောင်သောသူ သည် ချဉ်းကပ် ၍၊ ကိုယ်တော်သည် ဘုရားသခင် ၏သား တော်မှန် လျှင် ၊ ဤ ကျောက်ခဲ တို့ကို မုန့် ဖြစ် စေခြင်းငှာ အမိန့် ရှိတော်မူပါဟု လျှောက် လေ၏။
4しかしイエスは答えられた。 「『人はパンだけで生きるのではなく、神の口から出る一つ一つの言葉によって生きる』と書かれている。」
4ယေရှု ကလည်း ၊ လူ သည် မုန့် အားဖြင့် သာ အသက် ကိုမွေးရမည်မ ဟုတ်။ ဘုရားသခင် မိန့် တော်မူသမျှ အားဖြင့် အသက်ကိုမွေးရမည် ကျမ်းစာ လာသည် ဟု ပြန်ပြော တော်မူ၏။
5それから悪魔はイエスを聖なる都へ連れて行き、神殿の頂に立たせて、
5ထိုအခါ မာရ်နတ် သည် ယေရှု ကို သန့်ရှင်း သောမြို့ တော်သို့ ဆောင်သွား ၍ ဗိမာန် တော်၏အထွဋ် ၌ တင် ထားပြီးလျှင် ၊
6言った。「もしあなたが神の子なら、下へ身を投げなさい。こう書かれている。 『神はあなたのために御使いたちに命じられる。』また、 『彼らはその手であなたを支える。 あなたの足が石に打ちつけられないように。』」
6ကျမ်းစာလာ သည်ကား၊ ကောင်းကင်တမန် တို့အား သင့် အဘို့ မှာထား တော်မူသည်ဖြစ်၍၊ သင် ၏ခြေ ကို ကျောက် နှင့် မ ထိ မခိုက်စေခြင်းငှာ သူတို့သည် သင့် ကို လက် နှင့် မစ ချီပင့်ကြလိမ့်မည်ဟုလာ၏။ ထိုကြောင့် ဘုရားသခင် ၏သား တော်မှန် လျှင် ကိုယ် ကိုအောက် သို့ချ လိုက်တော်မူပါဟု လျှောက် လေ၏။
7イエスは悪魔に答えられた。 「また、『あなたの神である主を試してはならない』と書かれている。」
7ယေရှု ကလည်း သင် ၏ဘုရားသခင် ထာဝရ ဘုရားကို သင်သည်အစုံအစမ်း မ ပြုရဟု ကျမ်းစာ လာပြန် သည် ဟု မိန့် တော်မူ၏။
8再び悪魔はイエスを非常に高い山へ連れて行き、この世のすべての王国とその栄華を見せた。
8တစ်ဖန် မာရ်နတ် သည် ယေရှု ကို အလွန် မြင့် လှစွာသော တောင် ပေါ်သို့ ဆောင်သွား ၍၊ ဤလောက ၌ ရှိသမျှ သောတိုင်းနိုင်ငံ တို့ကို၎င်း ၊ ထိုတိုင်းနိုင်ငံတို့၏ ဘုန်း စည်းစိမ်ကို၎င်း ပြညွှန် ၍ ၊
9そして言った。「もしひれ伏して私を拝むなら、これらすべてをあなたに与えよう。」
9ကိုယ်တော်သည် ငါ့ ကို ညွတ်ပြပ် ကိုးကွယ် လျှင် ယခု ပြလေသမျှ တို့ကို ငါပေး မည်ဟုဆို လေ၏။
10するとイエスは言われた。 「私の後ろに退け、 サタン!『あなたの神である主を拝み、主だけに仕えよ』と書かれている。」
10ယေရှု ကလည်း အချင်း စာတန် ၊ ငါ့ နောက်သို့ဆုတ်လော့။ သင် ၏ဘုရားသခင် ထာဝရ ဘုရားကို ကိုးကွယ် ရမည်။ ထိုဘုရားသခင် ကိုသာ ဝတ်ပြု ရမည်ကျမ်းစာ လာသည် ဟုမိန့် တော်မူ၏။
11すると悪魔はイエスを離れた。見よ、御使いたちが来て、イエスに仕えた。
11ထိုအခါ မာရ်နတ် သည် အထံ တော်မှထွက်သွား ၍ ကောင်းကင်တမန် တို့သည် ချဉ်းကပ် လျက် လုပ်ကျွေး ကြ၏။
12さて、イエスはヨハネが捕らえられたと聞くと、ガリラヤへ退かれた。
12ယောဟန် သည် ထောင် ထဲသို့ရောက်ကြောင်း ကို ယေရှုသည်ကြား လျှင်၊ ဂါလိလဲ ပြည်သို့ ကြွ တော်မူ၍၊
13そしてナザレを離れ、ゼブルンとナフタリの地域にある、湖畔のカペナウムに来て住まわれた。
13နာဇရက် မြို့ကို စွန့်သွား လျက် ၊ ဇာဗုလုန် ခရိုင် ၊ နဿလိ ခရိုင်စပ်ကြား တွင် အိုင် နှင့်နီးစပ်သော ကပေရနောင် မြို့သို့ ရောက် ၍ နေ တော်မူ၏။
14これは、預言者イザヤを通して次のように語られたことが成就するためであった。
14ဤအကြောင်းအရာကား၊ ပရောဖက် ဟေရှာယ ၏ နှုတ်ထွက် ပြည့်စုံ မည်အကြောင်း တည်း။
15「ゼブルンの地、ナフタリの地、 海の方、ヨルダンの向こう、 異邦人のガリラヤ。
15နှုတ်ထွက်အချက်ဟူမူကား၊ ဇာဗုလုန် ခရိုင် နှင့် နဿလိ ခရိုင် တည်းဟူသောအိုင် နားရှောက်သောလမ်း ၊ ယော်ဒန် မြစ်တစ်ဘက် ၊ တစ်ပါး အမျိုးသားနေရာဂါလိလဲ ပြည်၊
16暗闇に座っていた民は、大いなる光を見た。 死の地と死の影に座っていた人々に、 光が昇った。」
16မှောင်မိုက် ထဲမှာ ရှိ နေသောလူ များတို့သည် ကြီးစွာ သောအလင်း ကို မြင် ရ၍၊ သေမင်း ၏နိုင်ငံ အရိပ် တွင်ရှိ နေသော သူ တို့၌ အလင်း ပေါ်ထွန်း လျက်ရှိ၏ဟု ဟောထားသတည်း။
17その時からイエスは宣べ伝え始め、 「悔い改めなさい。天の御国が近づいたからだ」 と言われた。
17ထိုအခါ မှစ၍ ယေရှု က၊ နောင်တရ ကြလော့။ ကောင်းကင် နိုင်ငံ တော်သည် တည်လုနီး ပြီဟူသောတရား ကို ဟောစ ပြုတော်မူ၏။
18ガリラヤ湖のほとりを歩いておられたとき、彼は 二人の兄弟、ペテロと呼ばれるシモンと、その兄弟アンデレが、湖に網を投げているのをご覧になった。彼らは漁師だった。
18ဂါလိလဲ အိုင် နား မှာ ကြွ တော်မူစဉ်၊ ပေတရု ဟူ၍ခေါ်ဝေါ် သော ရှိမုန် နှင့် အန္ဒြေ ၊ ညီအစ်ကို နှစ် ယောက်တို့သည် တံငါ ဖြစ် ၍၊ အိုင် တွင် ပိုက်ကွန် ဖြန့်ချ သည်ကို မြင် တော်မူလျှင်၊
19イエスは彼らに言われた。 「私について来なさい。あなたがたを、人をとる漁師にしよう。」
19ထိုသူ တို့အား ငါ့ နောက် သို့လိုက် ကြလော့။ သင် တို့သည် လူ ကိုမျှားသောတံငါ ဖြစ်စေခြင်းငှာ ငါပြု မည် ဟု အမိန့် တော်ရှိလေသော် ၊
20彼らはすぐに網を置いて、イエスに従った。
20ထိုသူတို့သည် ချက်ခြင်း ပိုက်ကွန် ကိုစွန့်ပစ် ၍ နောက် တော်သို့ လိုက်ကြ၏။
21そこから進んで行くと、イエスは別の二人の兄弟、ゼベダイの子ヤコブとその兄弟ヨハネをご覧になった。彼らは父ゼベダイと一緒に舟にいて、網を繕っていた。イエスは彼らを呼ばれた。
21ထိုမှ လွန် လျှင် အခြား သောညီအစ်ကို နှစ် ယောက်၊ ဇေဗေဒဲ ၏သား ယာကုပ် နှင့် ယောဟန် တို့သည် သူ တို့အဘ နှင့်အတူ လှေ ပေါ် မှာ ပိုက်ကွန် ပြင် နေသည်ကို မြင်၍ ခေါ် တော်မူ၏။
22彼らはすぐに舟と父を残して、イエスに従った。
22ထိုသူ တို့သည်လည်း ချက်ခြင်း အဘ နှင့် လှေ ကို စွန့်ပစ် ၍ နောက်တော်သို့လိုက် ကြ၏။
23イエスはガリラヤ全土を巡り、諸会堂で教え、御国の福音を宣べ伝え、民のあらゆる病気とあらゆる患いを癒された。
23ယေရှု သည် တရားစရပ် တို့၌ ဆုံးမ ဩဝါဒပေးလျက် ၊ နိုင်ငံ တော်နှင့်ယှဉ်သောဧဝံဂေလိ တရားကိုဟော လျက်၊ လူ တို့တွင် အနာ ရောဂါအမျိုးမျိုး တို့ကို ငြိမ်း စေလျက် ၊ ဂါလိလဲ ပြည်တစ်ပြည်လုံး ကို ဒေသစာရီ လှည့်လည် တော်မူ၏။
24イエスの評判はシリア全土に広まった。人々は、さまざまな病気や苦しみに悩む病人、悪霊につかれた人、てんかんを患う人、体の麻痺した人を、すべてイエスのもとに連れて来た。イエスは彼らを癒された。
24သိတင်း တော်သည်လည်း ရှုရိ ပြည်၌ အနှံ့အပြား ကျော်စော သည်ဖြစ်၍ နတ်ဝင် သောသူ ဝက်ရူးစွဲ သောသူ၊ လက်ခြေသေ သောသူမှစသောအထူးထူးအပြားပြား သော အနာ ရောဂါစွဲ၍ မကျန်းမမာ သောသူ ရှိသမျှ တို့ကို အထံ တော်သို့ဆောင်ခဲ့ ကြ၍ ၊ သူ တို့၏အနာရောဂါကို ငြိမ်း စေတော်မူ၏။
25ガリラヤ、デカポリス、エルサレム、ユダヤ、ヨルダンの向こう側から来た大勢の群衆が、イエスに従った。
25ဂါလိလဲ ပြည်၊ ဒေကပေါလိ ပြည်၊ ယေရုရှလင် မြို့မှစသော ယုဒ ပြည်၊ ယော်ဒန် မြစ်တစ်ဘက် မှ လာသော လူ များ အပေါင်းတို့သည် နောက်တော်သို့လိုက် ကြ၏။
Tip: use the ← and → keys to turn chapters.