マタイ 28
Freedom Bible (フリーダム・バイブル)Translation
Freedom Bible (フリーダム・バイブル)
Judson Burmese Bible (1840)
1さて、安息日が終わり、週の初めの日の夜明けごろ、マグダラのマリアともう一人のマリアが墓を見に来た。
1ဥပုသ်နေ့ လွန် ခုနစ် ရက်တွင် ပဌမ နေ့ရက်မိုဃ်းလင်း အံ့ဆဲဆဲအချိန်၌၊ မာဂဒလ မာရိ နှင့် အခြား သော မာရိ သည် သင်္ချိုင်း တော်ကို အကြည့်အရှု သွား ကြ၏။
2見よ、大きな地震が起こった。主の使いが天から降りて来て、墓の入り口から石を転がし、その上に座ったからである。
2ထိုအခါ မြေကြီး သည် ပြင်းစွာ လှုပ်လေ၏။ အကြောင်းမူကား ၊ ထာဝရ ဘုရား၏ ကောင်းကင်တမန် သည် ကောင်းကင် ဘုံမှ ဆင်းလာ ၍၊ တွင်းဝ၌ပိတ်သောကျောက် ကို လှိမ့်လှန် ပြီးလျှင် ၊ ထိုကျောက် ပေါ်မှာ ထိုင် နေ၏။
3その姿は稲妻のようで、衣は雪のように白かった。
3သူ ၏မျက်နှာ သည် လျှပ်စစ် ကဲ့သို့ ထင် ၏။ အဝတ် သည်လည်း မိုဃ်းပွင့် ကဲ့သို့ ဖြူ ၏။
4番兵たちは御使いを恐れて震え上がり、死人のようになった。
4လူစောင့် တို့သည် ကောင်းကင် တမန်ကို ကြောက်ရွံ့ သဖြင့် တုန်လှုပ် ၍ သေ မတတ်ဖြစ် ကြ၏။
5御使いは女たちに言った。「恐れてはならない。あなたがたが十字架につけられたイエスを捜していることは分かっている。
5ကောင်းကင် တမန်ကလည်း ၊ ကြောက်ရွံ့ ခြင်းမ ရှိကြနှင့်။ လက်ဝါးကပ်တိုင် မှာသတ်သောယေရှု ကို သင် တို့ရှာ ကြသည်ကို ငါသိ ၏။
6イエスはここにはおられない。言われたとおり、よみがえられたからである。来て、主が横たわっておられた場所を見なさい。
6ဤ အရပ်၌မ ရှိ ။ မိန့် တော်မူသည်အတိုင်း ထမြောက် တော်မူပြီ။ လာ ကြ၊ သခင်လျောင်း တော်မူရာ အရပ် ကို ကြည့် ကြလော့။
7そして急いで行き、弟子たちに、『イエスは死者の中からよみがえられた。見よ、あなたがたより先にガリラヤへ行かれる。そこでお会いできる』と告げなさい。見よ、私はあなたがたに伝えた。」
7အလျင်အမြန် ပြန်သွား ၍ သေ ခြင်းမှ ထမြောက် တော်မူကြောင်းကို တပည့် တော်တို့အားပြော ကြလော့။ သင် တို့ ရှေ့ ဂါလိလဲ ပြည်သို့ ကြွတော်မူမည်။ ထို ပြည်၌ သင်တို့သည်ကိုယ်တော် ကို တွေ့မြင် ရကြလိမ့်မည်။ ငါပြော ပြီဟုထိုမိန်းမ တို့အား ကောင်းကင်တမန်ဆို ၏။
8女たちは恐れと大きな喜びを抱き、急いで墓を離れ、弟子たちに知らせるために走って行った。
8ထိုမိန်းမတို့သည်လည်း ကြောက်ရွံ့ သဖြင့် ၎င်း၊ အလွန် ဝမ်းမြောက် သဖြင့်၎င်း၊ သင်္ချိုင်း တော်မှ အလျင်အမြန် သွား ၍ တပည့် တော်တို့အား ထိုသိတင်းစကားကို ကြားပြော ခြင်းငှာပြေး ကြ၏။
9弟子たちに知らせに行く途中、見よ、イエスが彼女たちに出会い、 「喜びなさい」 と言われた。 彼女たちは近寄ってイエスの足を抱き、礼拝した。
9လမ်းမှာသွားကြစဉ် ယေရှု သည် ကြိုဆို တော်မူ၍ ၊ သင်တို့အား မင်္ဂလာ ဖြစ်စေသတည်း ဟု မိန့် တော်မူ၏။ ထို မိန်းမတို့သည် ချဉ်းကပ် ၍ ခြေ တော်ကိုဘက်ယမ်း လျက် ပြပ်ဝပ် ကိုးကွယ်ကြ၏။
10そのとき、イエスは彼女たちに言われた。 「恐れてはならない。行って、私の兄弟たち に、ガリラヤへ行くよう伝えなさい。そこで彼らは私に会う。」
10ယေရှု ကလည်း ကြောက်ရွံ့ ခြင်းမ ရှိကြနှင့်။ သွား ကြလော့။ ငါ့ ညီ တို့သည် ဂါလိလဲ ပြည်သို့ သွား စေခြင်းငှာဤသိတင်းစကားကို ကြားပြော ကြလော့။ ထို ပြည်၌ သူတို့သည် ငါ့ ကိုတွေ့မြင် ရကြလိမ့်မည် ဟု မိန့် တော်မူ၏။
11女たちが行く途中、見よ、番兵の何人かが町に入り、起こったことをすべて祭司長たちに報告した。
11ထိုမိန်းမ တို့သည် သွား ကြစဉ်အခါလူစောင့် အချို့ တို့သည် မြို့ ထဲသို့ ဝင် ၍ ဖြစ် လေသမျှသောအခြင်းအရာ တို့ကို ယဇ်ပုရောဟိတ် အကြီးတို့အား ပြန်ကြား ကြ၏။
12祭司長たちは長老たちと集まって相談し、兵士たちに多額の銀貨を与えて、
12ယဇ်ပုရောဟိတ်အကြီးတို့နှင့် လူအကြီးအကဲ တို့သည် စုဝေး ၍ တိုင်ပင် ပြီးမှ စစ်သူရဲ တို့အား ငွေ အများ ကို ပေး ၍၊
13言った。「『夜中に弟子たちが来て、われわれが眠っている間に彼を盗んで行った』と言え。
13ညဉ့် အခါငါ တို့အိပ်ပျော် စဉ်တွင် ထိုသူ ၏ တပည့် တို့သည်လာ၍ အလောင်းကို ခိုး သွား ကြသည်ဟု သင်တို့ပြော ကြလော့။
14もしこのことが総督の耳に入っても、われわれが説得し、おまえたちが心配しなくてよいようにしよう。」
14ထို အကြောင်းကို မြို့ဝန်မင်း ကြား ပြန်လျှင် ၊ ငါ တို့သည် သူ့ ကိုဖျောင်းဖျ ၍ သင် တို့၌ အမှု မရှိစေခြင်းငှာပြု မည်ဟု၊
15そこで兵士たちは銀貨を受け取り、教えられたとおりにした。この話はユダヤ人の間に広まり、今日まで伝わっている。
15သွန်သင် သည်နှင့်အညီ စစ်သူရဲ တို့သည် ငွေ ကိုယူ ၍ ပြု ကြ၏။ ထို စကား ကို ယခု တိုင်အောင် ယုဒ လူတို့ သည် အနှံ့အပြား ပြောဆိုကြ၏။
16さて、十一人の弟子たちはガリラヤへ行き、イエスが指定された山に登った。
16တစ်ကျိပ် တစ်ပါးသော တပည့် တော်တို့သည် ဂါလိလဲ ပြည်သို့ သွား ၍ ယေရှု မှာထား တော်မူသော တောင် ပေါ်သို့ တက်ကြလျှင်၊ ကိုယ်တော် ကိုတွေ့မြင် ၍ ပြပ်ဝပ် ကိုးကွယ်ကြ၏။
17そしてイエスを見ると礼拝した。しかし、疑う者もいた。
17အချို့ တို့သည် ယုံမှား ခြင်းရှိကြ၏။
18イエスは近づいて来て、彼らに言われた。 「天と地におけるすべての権威が、私に与えられている。
18ယေရှု သည် အနီးအပါးသို့ ချဉ်း တော်မူပြီးလျှင် ၊ ကောင်းကင် ဘုံ၌ ၎င်း ၊ မြေကြီး ပေါ်၌ ၎င်း၊ စီရင်ပိုင် သော အခွင့် တန်ခိုးရှိသမျှ တို့ကို ငါ ခံရ ပြီ။
19行って 、すべての国民を弟子とし、父と子と聖霊の名によって彼らにバプテスマを授けなさい。
19သင်တို့သွား ၍ လူမျိုး တကာ တို့ကို ငါ့တပည့် ဖြစ်စေလျက်၊ ခမည်းတော် ၊ သား တော်၊ သန့်ရှင်း သော ဝိညာဉ် တော်၏နာမ ၌ ဗတ္တိဇံ ကို ပေးကြလော့။
20また、私があなたがたに命じたすべてのことを守るように教えなさい。見よ、私は世の終わりまで、いつもあなたがたと共にいる。」 アーメン。
20ငါသည် သင် တို့အား ပေးသမျှ သော ပညတ် တော်တို့ကို စောင့်ရှောက် စေခြင်းငှာဆုံးမ ဩဝါဒပေးကြ လော့။ ငါ သည်လည်း ကပ် ကမ္ဘာကုန် သည်တိုင်အောင် သင် တို့နှင့်အတူ အစဉ်မပြတ် ရှိ သည် ဟု တပည့် တော်တို့ အား မိန့် တော်မူ၏။
Tip: use the ← and → keys to turn chapters.